( ဒီပုံစံအတိုင်းဆို … နိုင်ငံတွင်းက .. ဆရာဝန်တွေ ..ဆေးကုဖို့ တွန့် ပြီး ….  ပြည်ပပဲရောက်ကုန်တော့မလား ၊ စီးပွားရေးပဲ ပြောင်းလုပ်တော့မလားမသိ …. ။

ရဲတွေဘက်တားဂတ်ထားပြီး ဆူအောင်လုပ်တုန်းက မအောင်မြင်လို့ .. ခုဆရာဝန်တွေဘက် … မြှားဦးလှည့်လာပြီ …. ဆရာဝန်တွေ ကပ်ဆိုက်တယ် .. ခေါင်းကျိမ်းပေတော့ပဲ ….  :P

အဟမ်း … အားနေလို့ လက်သရမ်းတယ်ပဲပြောပြော .. ၀ါသနာ ပါလို့ အာဝင်ချောင်တယ်ပဲပြောပြော … မိမိရဲ့ ထင်မြင်ချက်ကို နည်းနည်းပွားခွင့် ပြုပါ အရပ်ကတို့ရေ …. ။ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ ထောက်ပြရေးထားတာကြောင့် … တစုံတဦးအပေါ် ထိခိုက်နစ်နာမှု ဖြစ်လာခဲ့လျှင်လည်း … ဆောရီးပါလို့ … ကြိုတောင်းပန်ထားပါရစေ … )

အသက်ဆုံးရှုံးရတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ …. ဆေးရုံက နိုက်ဂျူတီ ကျတဲ့ ဆရာဝန်တွေရဲ့ ပေါ့လျှော့မှုရှိခဲ့တဲ့အပြင် ၊ လူနာဘက်ကလည်း အခြေခံ ကျန်းမာရေး ဗဟုသုတ အားနည်းခဲ့တယ်လို့ ဝေဖန်ချင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက ၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မခံယူခဲ့တာကြောင့်လည်း ဖြစ်ပါလိမ့်မယ် .. ဒါကလည်း အပေါ်မှာ ပြောခဲ့သလို ဗဟုသုတ အားနည်းခဲ့တာကိုး … ။

ကိုယ်ဝန်ဆောင်တစ်ယောက်က …ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အနည်းဆုံး တခေါက်လောက်တော့ မဖြစ်မနေ ၊ ကျန်းမာရေးပြသနာတစ်ခုမဟုတ် တစ်ခုကြောင့် … ဆေးပေးခန်းသွားရမယ့် .. အခြေနေတွေဖြစ်ခဲ့ဖူးမှာပါ … ။ ဒါကို နီးစပ်ရာ အပ်ပုန်း ၊ အရပ်လက်သည် ၊ ကွမ်းယာဆိုင်က ဆေးတွေသောက်ရင်း ….ကလေးတစ်ယောက်မွေးဖို့ … မိမိမှာ လုံလောက်တဲ့ ကျန်းမာရေးမျိုး ရှိရဲ့လား ၊ ကြိုတင်ပြင်ဆင်မှုတွေရှိရဲ့လားဆိုတာ … သတိမထားမိလိုက်ခင်ပဲ  …  နေ့စေ့ လစေ့ဖြစ်လာကြတယ် ….. ဗိုက်နာခါနီးမှ ဆေးရုံတက်တဲ့ အခါ … လိုအပ်တဲ့ ပြင်ဆင်မှုမျိုး မလုပ်ထားခဲ့တော့ .. မိမိကိုယ်တိုင်က ဘာရောဂါရှိမှန်း မသိပဲ ချက်ချင်း ကောက်ခါငင်ခါemergency ပြသနာတွေ ဖြစ်လာခဲ့တာပေါ့ … ။ မမွေးခင်ကတည်းက အနေထားမှန် မမှန် အပ်ထရာစောင်းရိုက်ကြည့်တာမျိုး ၊ မိခင်မှာ နှလုံးရောဂါ ရှိမရှိစစ်တာမျိုး ၊ သွေးရောဂါ နဲ့ အခြားသော ရောဂါတွေ ရှိမရှိ စစ်ထားတာမျိုး မရှိလို့ .. အခုလို ရုတ်တရက် အသက်ဆုံးပါးရတယ်လို့ လူဗြိန်းတွေး တွေးမိပါတယ် … ။

ဆေးရုံဆေးပေးခန်းတွေ သွားလျှင် စရိတ် စက မတတ်နိုင်လို့ …. မသွားပါဘူးလို့ ဆင်ခြင်မျိုးကြားရတတ်ပေမယ့် … အစိုးရဆေးရုံတွေက … ပြင်ပလူနာဌာနလိုမျိုးတွေမှာ စာအုပ်လုပ် ၊ ကိုယ်သောက်မယ့် ဆေးဝယ်ရတာကလွဲလျှင် .. ဘယ် ဆရာဝန် ၊ နက်စ်ကိုမှ တပြားမှ ပေးစရာမလိုပါဘူး ။ ဒေသန္တရ ကျန်းမာရေး ဌာနတွေလည်း ရှိပါသေးတယ် ။ အပ်ပုန်းတို့ အရပ်လက်သည်တို့ ဆီပေးရတဲ့ အဖိုးခထက်တောင် အများကြီး သက်သာနေပါသေးတယ် … ။ ကိုယ့်အလှည့်ကျဖို့ လူစောင့်ရတာက လွဲလျှင်ပေါ့လေ … ။

ဆေးရုံတွေမှာ .. ညဘက်ဆို ဂျူတီကျတဲ့ ကျန်းမာရေးဝန်ထမ်း၊ တာဝန်ခံဆရာဝန် ၊ သူနာပြုအရေတွက်က   နေ့ခင်းဂျူတီကျတဲ့ အရေတွက်ရဲ့ ထက်ဝက်မျှသာပဲ ရှိကြောင်းလည်း သိရပါတယ် … ။ လောလောလတ်လတ် နေကောင်းနေတဲ့ လူနာက အမောဖောက်နေတဲ့အချိန် …. သွားခေါ်လို့ မလာတာက … ညဉ့် ဦးယံအချိန် ဂျူတီဝင်ရတဲ့ သူတို့ရဲ့ ပေါ့လျှော့မှုလို့ ပြောလို့ ရပါတယ် ။

လူနာက .. ချက်ချင်း အမောဖောက်သွားတာကို ကြည့်ရခြင်းအားဖြင့် … နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါမျိုး … ဓါတ်ခံ ရှိတဲ့ လူလို့ ယူဆပါတယ် (ဆရာဝန်မဟုတ်လို့ … အသေးစိတ်နားမလည်ပါဘူး … ) ကိုယ့်ရောဂါ ကိုယ်မသိခဲ့တာကြောင့် … မီးဖွားချိန်အတွက် ပြင်ဆင်မှုဘာမှ မရှိခဲ့တာ … အထက်မှာ ပြောခဲ့သလို ကျန်းမာရေး ဗဟုသုတ အားနည်းတာရော ၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တကျ မရှိခဲ့ကြောင့်ရောပါပါတယ် … ။

 

ဒီဖြစ်စဉ်ကြောင့် မိခင်ရော ကလေးပါ အသက်ဆုံးရရှာတယ် … စိတ်မကောင်းစရာပါပဲ … ။

တာဝန်ကျသူတွေကလည်း ပေါ့လျော့ခဲ့သလို ၊ လူနာကလည်းကိုယ့်ရောဂါနဲ့ ပတ်သတ်လို့ ကြိုတင်သိပြီး ပြင်ဆင်ထားခဲ့ခြင်း မရှိတာကြောင့် … ထန်းသီးကြွေခိုက် ၊ ကျီးနင်းခိုက်အဖြစ်မျိုးကြုံရတာပါ ။ တချို့သော မီဒီယာတွေကနေ သတင်းအဖြစ်နဲ့မဟုတ်ပဲ … ၄င်းတို့ရဲ့ ထင်မြင်ချက်ကို ထည့်သွင်းစောင်းပေးရေးတဲ့အတွက် အစိုးရ ဆေးရုံတွေမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေ ၊ သူနာပြုတွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ နဲ့ …(ပြည်သူလူထု) လူနာတွေကြား အထင်မြင်လွဲမှားမှူတွေ ဖြစ်လာနိုင်ပြီး ၊ လူနာတွေကလည်း အစိုးရ ဆေးရုံတွေကို အားကိုးလိုစိတ်လျော့နည်းလာနိုင်သလို …. ဆရာဝန်တွေ ၊ သူနာပြုတွေကလည်း အစိုးရ ဆေးရုံတွေမှာ အလုပ်လုပ်ဖို့ကို လက်ရှောင်လာပါလိမ့်မယ် … ။

အဲ့လို အခြေနေရောက်တဲ့အခါ .. private ဆေးရုံကြီးတွေမှာလည်း တက်မကုနိုင် ၊ နိုင်ငံခြား ထိလည်းသွားမကုနိုင်တဲ့ ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက် …. နစ်နာရပါလိမ့်မယ် … ။

အစိုးရ ဆေးရုံတွေမှာ ပျက်ကွက်မှုတွေ ၊ လစ်ဟာမှုတွေ၊ တာဝန်မဲ့မှုတွေ၊ အဆင်မပြေမှုတွေ … လိုအပ်ချက်တွေ ရှိစမြဲပါ …. ။ ပြည်သူတွေဘက်က ပုဂ္ဂိုလ်ရေးရာ ခံစားချက်ကြောင့် မရေမရာ စာမျိုးရေးပြီး ဖွတယ်ဆိုတာထက် …  မြင်သမျှကို အကျိုးကြောင်းစီလျှော်အောင်  အသေးစိတ်ထောက်ပြဝေဖန်သင့်တယ်လို့လည်း ထင်ပါတယ် ။ ဖွံ့ ဖြိုးစဲနိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီစနစ်ဦးပိုင်းကာလမှာ … အဖက်ဖက်က ပြုပြင်ပြောင်းလဲစရာတွေ ရှိစမြဲပါ ။ အဲ့လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ့် အထဲ … မိမိတို့ရဲ့ ခေါက်ရိုးကျိုးနေတဲ့ … စိတ်ဓါတ်လေးတွေပါ ….. ပြင်ဖို့ လိုအပ်ပါတယ်ဆိုတာလေး … မမေ့လျှော့ဖို့ .. လက်တို့ ပါရစေလားနော် ။

#############

အောက်က စာကတော့ FB ထဲမှာ ဒီနေ့ ဖတ်ရတဲ့ ဓါတ်ပုံနဲ့ …ဆောင်းပါးပါပဲ … ပြန်ကူးတင်ပေးလိုက်ပါတယ် … ။ credit to : ခွန်ဒီးယမ်

#############

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ တွင်ပြည်သူဆေးရုံမှ ဆရာဝန်နှင့် တာဝန် ကျ ၀န်ထမ်းများတာဝန်မဲ့ မှုကြောင့် မိခင်ရော ကလေးပါသေဆုံး (ပေးစာ)

 

မေလ ၉ရက်၊ ၂၀၁၃ခုနှစ်

 

ရွှေတောင်မြို့  ပြည်သူဆေးရုံသို့  ကလေးမီးဖွားရန် ရွှေတောင်မြို့ သ ရက်တောရပ်ကွက် သရက်တောလမ်းနေ မောင်ဇေလင်းထက် ၏ ဇနီး (ဘ) ဦးမောင်မြင့် ၏ သမီး မယုဇာလှိုင် အသက် (၂၉) နှစ်သည် မီးဖွားရန် (၆.၅.၂၀၁၃)နေ့  နေ့ လည်းပိုင်းတွင် ဆေးရုံသို့ မွေးလူနာအဖြစ် တက်ရောက်ခဲ့ ပါသည်။

 

(၇.၅.၂၀၁၃) ညနေပိုင်းအထိ မွေးလူနာမှာလန်းလန်းဆန်းဆန်းရှိ နေပြီး ည(၉)နာရီတွင် မွေးလူနာမှာ အမောဖေါက်ခြင်းနှင့်  ကိုယ်ဝန်ဆောင် ၏ ဝေဒနာ ခံစားရပါသည်။

 

ယင်းအချိန်တွင် လူနာပိုင်ရှင်မှာဆေးရုံမှ သက်ဆိုင်ရာတာဝန်ကျ ဆရာဝန်းများထံ (၃)ကြိမ်သွားရောက်ပြောကြားခဲ့ ပါသည်။

 

ဆောင်ရွက်ပေးခြင်းမရှိသည့် အတွက် မီခင်ရောကလေးပါ ည(၉း၄၅) နာရီတွင် သေဆုံခဲ့ ပါသည်။

 

သို့ အတွက် အရေးကြီးချိန်ရောက်နေသော်လည်း တာဝန်ကျေပွန်စွာ လူသားပြီသစွားကျန်မာရောဆောက်ရှောက်မှုမပေးနိုင်သော ရွှေတောင်မြို့ နယ်ပြည်သူဆေးရုံမှ ဆရာဝန်နှင့်  ကျန်မာရေ၀န်ထမ်းများအား အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုအပ်ပါသည်။

 

ဒီနေ့(9.5.2013)ရက်နေ့နေ့လည်(2)နာရီမှာကွယ်လွန်သူမယုဇာလိုင်း၏နာရေးကိုရွှေတောင်မြို့ဆံတန်းလမ်း..မှာရှိတဲ့ကြိုးကြာသုသာန်သို့မြေမြုတ်သဂြိုလ်ခဲ့ပါတယ်။

 

ဝမ်းနည်းစွာဖြင့်ရွှေတောင်ပြည်သူ့ဆေးရုံကြီး၏လိုအပ်ချက်ကြောင့်အသက်

ပေးဆပ်ခဲ့ရသောမိခင်ရောကလေးပါကောင်းရာသုဂတိရောက်ပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်။

 

Posted From ပြည်သတင်းလူငယ်

 

credit : ခွန်ဒီးယမ်

credit : ခွန်ဒီးယမ်

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!