ရပ်တည်ခဲ့တဲ့နေရာ ခြေချစရာတောင်မရှိတော့ပြီပေါ့

တဖြေးဖြေးနဲ့ အငွေ့ပျံ မင်းတို့ပေးတဲ့ သင်ခန်းစာက

ငါတို့ရိုးရာပြက်လုခမန်း ကဲ မင်းပြောစမ်းပါဦး

စိမ်းလန်းသစ်ပင် မုန်တိုင်းရိုက်ခက်

အရိုးပြိုင်းပြိုင်း တုနှိုင်းရရင်

အငတ်မပြေတဲ့ မင်းတို့လောက

အသွေးအသားကိုမောဟအဖြစ်စားသုံး

အခုတော့ သဘာဝလေးလဲ အချိန်အခါမဟုတ်

ပြိုလုပျက်စီး ကဲသူငယ်ချင်းရေ ပြောစမ်းပါဦး

မင်းကမှားသလား ငါကနသလား

သူခိုးကိုမှ ဓါးရိုးကမ်းသွင် မဖန်ဆင်းနှင့်

ကိုယ့်မြေ ကိုယ့်ရေ တို့တစ်တွေဘဝ

ပန်းကောင်း အညွှန့် မကျိုးစေဖို့

အသိစိတ်ဓါတ် ကာကွယ်ပြုသည်

သဘာဝလေး ရေရှည်စေဖို့

ကဲ သူငယ်ချင်းရေ မင်းရော ဘယ်လိုလဲ လို့မေးစမ်းချင်ဘိ………….

                             ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF