ကဲ ဘယ်လိုလဲ ……………

ကာရံMay 10, 20131min1052

ရပ်တည်ခဲ့တဲ့နေရာ ခြေချစရာတောင်မရှိတော့ပြီပေါ့

တဖြေးဖြေးနဲ့ အငွေ့ပျံ မင်းတို့ပေးတဲ့ သင်ခန်းစာက

ငါတို့ရိုးရာပြက်လုခမန်း ကဲ မင်းပြောစမ်းပါဦး

စိမ်းလန်းသစ်ပင် မုန်တိုင်းရိုက်ခက်

အရိုးပြိုင်းပြိုင်း တုနှိုင်းရရင်

အငတ်မပြေတဲ့ မင်းတို့လောက

အသွေးအသားကိုမောဟအဖြစ်စားသုံး

အခုတော့ သဘာဝလေးလဲ အချိန်အခါမဟုတ်

ပြိုလုပျက်စီး ကဲသူငယ်ချင်းရေ ပြောစမ်းပါဦး

မင်းကမှားသလား ငါကနသလား

သူခိုးကိုမှ ဓါးရိုးကမ်းသွင် မဖန်ဆင်းနှင့်

ကိုယ့်မြေ ကိုယ့်ရေ တို့တစ်တွေဘဝ

ပန်းကောင်း အညွှန့် မကျိုးစေဖို့

အသိစိတ်ဓါတ် ကာကွယ်ပြုသည်

သဘာဝလေး ရေရှည်စေဖို့

ကဲ သူငယ်ချင်းရေ မင်းရော ဘယ်လိုလဲ လို့မေးစမ်းချင်ဘိ………….

                             ပိတောက်မိုး

2 comments

  • padauk moe

    May 10, 2013 at 6:26 pm

    ကဲ ခင်မင်ရပါသောသူငယ်ချင်းရေ ဘယ်လိုလဲလို့ မေးပါရစေနော် အမှားပါရင် တောင်းပန်ပါတယ် အပြုသဘောဆောင်ခြင်းမို့ အမှောင်ခွင်းမည့် အလင်းပမာ စာနာစိတ်ထားဖြင့် တင်ပြရင်း ဖတ်ရှုသွားတဲ့သူငယ်ချင်းအပေါင်း မင်္ဂလာပါလို့ အစဉ် ဦးညွှန့်ပါတယ်ဗျာ

  • နေဝန်းနီ

    May 12, 2013 at 9:46 pm

    ဘယ်လိုမှ မလဲပါဘူး padauk moe ရယ်….။ စကားလုံးလေးတွေ လှတယ် …။ ဒါပေမဲ့ အဓိပ္ပါယ် ကို တော်တော်စဉ်းစားယူနေရတယ်….။ ပြောချင်တာ ထင်းကနဲမဖြစ်ဘူး ….။ ဘယ်ဟာကိုပြောချင်တာလဲ ဝါးတားတားနဲ့ …….။

Leave a Reply