နောက်တစ်ခါ ါါါါါါါါါါါါါါါါါါါါ လာပြန်ပြီဟေ့

ကထူးဆန္းMay 10, 20131min50966

ကိုထွန်းဝင်းလတ်ရဲ့

အလှုခံဖလားကြီးပိုက်ကာပြန်လာတယ်

ကို ဝိုင်းဝန်းဖြည့်ဆီးပေးဖို့ တိုတိုနဲ့ လိုရင်းဘဲ ရေးတော့မယ် နော် ။
ရွာအလှုတွေမှာ အမြဲတန်းအပင်ပန်းခံ ခေါင်းခံ လုပ်ပေးနေကျ လေးပေါက် တို့ ကိုအမတ်မင်းတို့ ကို နောက်ကနေ ကျွန်တော် ကနှမ်းဖြူးတဲ့ အနေနဲ့ အလှုငွေ ကောက်ခံ ရရှိမှု့တွေကို update ဒီပိုစ်မှာ လုပ်ပေးသွားပါ့မယ် ။

ရွာထဲ မရောက်လို့ ဘာမှန်း မသိဖြစ်လိုက်သူတွေ အတွက်ကတော့ ဒါ လေး အရင်ဖတ်ကြည့် ပါနော်..

https://myanmargazette.net/175605/  {{ အလှုခံဖလားကြီးပိုက်ကာပြန်လာတယ် ။}} ကိုထွန်းဝင်းလတ် ရဲ့ ပိုစ်ပါ ။

အကျဉ်းပြောရရင်တော့ ကိုထွန်းဝင်းလတ်တို့ နားက ရွာလေးများမှ မှုလတန်းကျောင်းသားလေးများ အတွက် တစ်ဦးလျင် စာအုပ်တစ်ဒါဇင်၊ ခဲတံ တစ်ဒါဇင် ၊ခဲဖျက် ပေတံ တို့ အကြမ်းဖျင်းလူ လေးရာ ခန့် ပေးလှုရန်နှင့် တစ်ကွ အားကစားပစ္စည်း အချိုူ့ ၊ ဆရာ ဆရာမ တွေ အတွက် မြေဖြူ ဘောပင် စသည်တို့ လှုဒါန်းမှာ ဖြစ်ပါသည် ။

အလှုခံ နောက်ဆုံးရက်ကို ၂၀-၅-၂၀၁၃ သတ်မှတ်ထားပါတယ် ။

ဆက်သွယ်လှုဒါန်း နိုင်တဲ့ နေရာကတော့ ..

ကိုပေါက် (မန္တလေး)(ဖုန်း ဝ၉-၆၈၀၅၃၉၆) 09-6805396

ကိုအမတ်မင်း(ရန်ကုန်) (ဖုန်း ဝ၉-၅၀၈၁၉၆၉) 09-5081969

မရွှေအိ (Shwe Ei) ရန်ကုန် ဖုန်း..၀၉ ၇၃၁ ၈၉၂၆၁ ( 09 731 89 261 )

ဘဏ်အကောင့်မှ ငွေလွှဲချင်သူများသို့


မအိကြည်ပြာစိုး
၈/မကန (နိုင်) ၁၆ဝ ၃၁၂
ကမ္ဘောဇဘဏ် (ရွှေဂုံတိုင်)
ရန်ကုန်

အလှူကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းလိုပါက ကိုထွန်းဝင်းလတ်(မော်လူး) (၀၉-၄၄၄၀၃၂၉၉၀) ဖြစ်ပါကြောင်းးးးးးး

ဒါကတော့ အလှုခံ ရရှိမှု့ စာရင်းပါ ။



၁၀-၅- ၂၀၁၃ ။
ည ရး၂၅ နာရီ စုစုပေါင်း ၁၀၁၀၀ဝ ကျပ် (တစ်သိန်း တစ်ထောင် )

၁။ မဂျူးဂျူးမ … ၁၅၀၀ဝ ကျပ် ( တစ်သောင်းခွဲ)
၂။ မခို်င်ဇာမှ … ၄၃၀၀ဝကျပ် (လေးသောင်း သုံးထောင်ကျပ် ) (ခလေး အယောက်၂ဝ အတွက်)
၃။ ဦးကျောက်ခဲနှင့် မနှင်း … ၄၃၀၀ဝကျပ် (လေးသောင်း သုံးထောင်ကျပ် ) (ခလေး အယောက်၂ဝ အတွက်)

၁၁-၅-၂၀၁၃ နေ့လည် ၃း၃ဝ နာရီ စုစုပေါင်း ရရှိငွေ ၃၁၀၀ဝ ကျပ် ( သုံးသောင်း တစ်ထောင်)

၄။ ကိုပေ …. ၂၁၀၀ဝ ကျပ် (ကျပ် နှစ်သောင်း တစ်ထောင်)
၅။ ကိုရွာစားကျော် … ၁၀၀၀ဝ ကျပ် (ကျပ် တစ်သောင်းတိတိ)

၁၃.၅.၂၀၁၃ .. ့ .. စုစုပေါင်းရရှိငွေ ၂၅၀၅ဝ ကျပ် ( နှစ်သောင်း ငါးထောင်နှင့် ငါးဆယ်ကျပ်တိတိ)

၆။ ကောင်းကင်ပြာ.. ၁၅၀၅ဝကျပ် ( ကျပ် တစ်သောင်း ငါးထောင် နှင့် ငါးဆယ်ကျပ်တိတိ) (ကျောင်းသား ရ ဦး)
၇။ ကိုမျိုးသန့်……… ၁၀၀၀ဝ ကျပ် ( ကျပ် တစ်သောင်းတိတိ)

၁၄.၅.၂၀၁၃.. စုစုပေါင်းရရှိငွေ .. ၂၆၉၀၀ဝ ကျပ် ( ကျပ် နှစ်သိန်း ခြောက်သောင်း ကိုးထောင်ကျပ် )

၈။ ရွာသား kyawtheinmyint … ၅၀၀၀ဝ ကျပ် (ငါးသောင်းကျပ်တိတိ)
၉။ ဘေဘီလုလင် … ၁၀၇၅ဝ (တစ်သောင်း ခုနစ်ရာ့ ငါးဆယ်) (ကျောင်းသား (၅) ဦးစာ )
၁၀။ အမည်မသိရွာသားတဦး … ၁၀၇၅ဝ ကျပ် (တစ်သောင်း ခုနစ်ရာ့ ငါးဆယ်) (ကျောင်းသား (၅) ဦးစာ )

အန်တီပဒုမ္မာ ထံတွင် လက်ခံထားငွေ ..

၁၁။ Dr.လင်းထွဋ်နိုင်+Dr.နွယ်လင်းထက် (Chicago) (မင်္ဂလာဦးအလှူ)-45000 ကျပ် ( လေးသောင်း ငါးထောင်)
၁၂ ။မောင်ကျော်စိုးလင်း-10000 ကျပ် ( တစ်သောင်းကျပ်)
၁၃။ ပဒုမ္မာ -ကလေး ၁ဝ ယောက်တွက် 21000 ကျပ် ( နှစ်သောင်း တစ်ထောင်)
၁၄။ မမိုးမိုးအေး မှ ကလေး 3 ယောက်စာ 6500 ကျပ် ( ခြောက်ထောင့်ငါးရာ)

၁၅။ ကိုခင်ခ .. ၁၅၀၀ဝ ကျပ်(တစ်သောင်းငါးထောင်)
၁၆။ ကိုရဲစည် .. ၁၀၀၀၀ဝ ကျပ်(တစ်သိန်း)

15-5-2013 တွင်ရရှိငွေ .. ၁၈၁၅၀ဝ ကျပ် ( တစ်သိန်း ရှစ်သောင်း တစ်ထောင့် ငါးရာကျပ် )

၁ရ ။ ချစ်စ/ဆရာ .. ၅၀၀၀ဝ ကျပ် ( ငါးသောင်း)
၁၈ ။ ကိုကျော်ထိုက် . ၁၀၀၀၀ဝ ကျပ် (တစ်သိန်း )
၁၉ ။ မမ .. ၂၁၅၀ဝ ကျပ် (နှစ်သောင်း တစ်ထောင့် ငါးရာ) ( ကလေး၁ဝ ယောက်အတွက် )
၂ဝ ။ မဝေ .. ၁၀၀၀ဝ ကျပ် (တစ်သောင်း )

16-5-2013 ရရှိငွေ . ၅၀၀၀ဝ ကျပ် ( ငါးသောင်းကျပ် တိတိ)

၂၁ ။ Nature .. ၁၀၀၀ဝ ကျပ် (တစ်သောင်း)
၂၂ ။ အန်ကယ်ဂျီး .. ၁၀၀၀ဝ ကျပ် (တစ်သောင်း)
၂၃ ။ မကြည်ဆောင်း .. ၃၀၀၀ဝ ကျပ် (သုံးသောင်း)

18-5-2013 ရရှိငွေ .. ၁၅၀၀ဝ ကျပ် ( တစ်သောင်း ငါးထောင်ကျပ် တိတိ)

၂၄ ။ လုံမလေးမွန်မွန် .. ၅၀၀ဝ ကျပ် (ငါးထောင်)
၂၅ ။ မရွှေအိ .. ၁၀၀၀ဝ ကျပ် (တစ်သောင်း)


19-5-2013 ရရှိငွေ .. ၂၁၀၀ဝ ကျပ် (နှစ်သောင်း တစ်ထောင် တိတိ)

၂၆ ။ မနှင်းပွင့်ဖြူ -၃၀၀ဝ ကျပ် ( သုံးထောင်)
၂ရ ။ မသဲစုစံ- ၂၀၀ဝ ကျပ် ( နှစ်ထောင် )
၂၈ ။ မချောချော-၆၀၀ဝ ကျပ် ( ခြောက်ထောင် )
၂၉ ။ ဒေါက်တာ အောင်ကျော်မိုး-၁၀၀၀ဝ ကျပ် ( တစ်သောင်း)

20-5-2013 ရရှိငွေ ၁၇၆၅၅ဝ ကျပ် ( တစ်သိန်း ခုနှစ်သောင်း ခြောက်ထောင့် ငါးရာ့ငါးဆယ်)

၃ဝ ။ Etone+AKKO ၂၁၅၀ဝ ကျပ် ( နှစ်သောင်း တစ်ထောင့် ငါးရာ ) ( ခလေး ဆယ်ယောက်စာ)
၃၁ ။ ဦး ကြီးမိုက် ၁၅၀၀ဝ ကျပ် (တစ်သောင်း ငါးထောင် )
၃၂ ။ ဦးဦးပါလေရာ ၂၀၀၀ဝ ကျပ် ( နှစ်သောင်း)
၃၃ ။ ကြောင်ဝတုတ် ၁၀၀၀ဝ ကျပ် ( တစ်သောင်း)
၃၄ ။ ကိုဝေချမ်း (ဘန်ကောက်) ၃၀၀၀ဝ ကျပ် ( သုံးသောင်း )
၃၅ ။ ကို အမတ်မင်း ၁၅၀၅ဝ ကျပ် (တစ်သောင်း ငါးထောင် နှင့် ငါးဆယ် ) (ခလေး ခုနှစ်ယောက် စာ)
၃၆ ။ Green Rose ၁၀၀၀ဝ ကျပ် (တစ်သောင်း )
၃ရ ။ ဖရဲသီး ၅၀၀ဝ ကျပ် (ငါးထောင်)
၃၈ ။ ကိုဖိုးထောင် ၁၀၀၀ဝ ကျပ် ( တစ်သောင်း )
၃၉ ။ ကို နိုဇိုမိ ၁၀၀၀ဝ ကျပ် (တစ်သောင်း)
၄ဝ ။ အန်တီအိ ၃၀၀၀ဝ ကျပ် (သုံးသောင်း)

၂၂-၅-၂၀၁၃ ရရှိငွေ .. ၁၂၉၉၀ဝ ကျပ် ( တစ်သိန်း နှစ်သောင်းကိုးထောင့်ကိုးရာ)

၄၁။ ရွာသား တစ်ဦး မိသားစု .. ၁၂၉၉၀ဝ ကျပ် ( တစ်သိန်းနှစ်သောင်း ကိုးထောင့် ကိုးရာ)

စုစုပေါင်း ရရှိငွေ ..၁,၀၀၀,၀၀ဝ ကျပ် (ဆယ်သိန်း )

ကိုယ့်စိတ်ကြိုက် ခလေးဘယ်နှစ်ယောက်စာရယ်လဲ မဟုတ် လှုဒါန်းနိုင်ပါတယ် နော် .. မခိုင်ဇာ ။ဦးကျောက်နှင့် မနှင်းတို့လိုလဲ ခလေးဘယ်နှစ်ယောက်စာရယ်လို့လဲ လှုဒါန်းနိုင်ပါကြောင်း ။ကလေး များ အကျိုး မျှော်ကိုး၍ လေပွ အဲ ဟုတ်ပါဘူး ကြေညာလိုက်ကြောင်းပါခင်ဗျာ။

အမည် ။ ငွေ ပမာဏ နှင့် ဘာဘဲ မှားမှား မှားတာ တွေ့လျှင် အားမနာတန်း ပြန်ပြောနိုင်ပါသည် ။

အဲ ကျွန်တော်ရွေ့လျားနေလို့ အင်တာမဲ လက်လှမ်းမမီတဲ့ နေရာ ရောက်ရင်တော့တစ်နေ့လောက်တော့ နောက်ကျ နိုင်ကြောင်းကြိုတင် အသိပေးပါရစေခင်ဗျာ ။
လောလောဆယ်ရန်ကုန် စောင့်နတ် နှင်ထုတ်ထားလို့ ပါ။

ကထူးဆန်း

66 comments

  • ကထူးဆန်း

    May 10, 2013 at 8:36 pm

    သူကြီး sticky လေးလုပ်ပေးပါဦးခင်ဗျာ..

  • အလင်းဆက်

    May 10, 2013 at 9:05 pm

    ကောင်းပါလေ့ ကောင်းပါလေ့ ။
    ရွာ့ အလှူ ကိစ္စတွေ
    ဒီလို ..အဆက်မပြတ် ရှင်သန် နေတာလေးတွေ ့ရတော့..ဝမ်းသာမိပါတယ်ဗျာ ။

  • ဟေ့လူဂျီးးး
    အားမနာဒမ်း ပေါမယ် …
    ခီညား မွှားနေဒယ် …

    ကဂျီးက ထူးမှ မထူးဆန်း ဘဲနဲ့ ကထူးဆန်း … ဒဲ့ …။
    အိုက်ဒါ မွှားဒါဗျဲ …. :mrgreen:

    လဂါး … စဒါနော် …
    ဒီက ခင်လို့ စဒါဂို စိတ်ဆိုးရဝူး … ဟီးဟီး …
    ((ဆိုးလည်း ဆိုးပေါ့။ ဆော်မှ မဟုတ်တာ ချော့စရာလား)) :mrgreen:

    အကောင်းပြောပါမယ် …
    ကျုပ်လည်း တတ်နိုင်သလောက်လေးတော့
    ထည့်ဝင်လှူဒါန်းမယ်လို့ ….။

    • ကထူးဆန်း

      May 11, 2013 at 8:12 am

      ဟင်းဟင်း ..ထမင်းနဲ့စားပြီး အံဇာတုန်းကို အံချာတုန်း ရှစ်မျက်နှာဖြစ်အောင်လုပ်ပြစ်မယ်နော် ။။ အဲ တုန်းလဲ မွှား သွားပြန်ပြီ .. :hee:

  • ချစ်စ/ဆရာ

    May 10, 2013 at 11:53 pm

    အံ့ရော အံ့ရော
    အများသူငှာ လှူနေတန်းနေကြတာဗျာ
    ပြောရရင် ရေခြားမြေခြား နေတဲ့သူတွေ ဦးကျောက်တို့လို များ လှူလိုက်တာ
    ဆယ်ယောက်တဲ့ဗျို့ ဒါတောင်အိမ်ထောင်မကျသေးလို့
    ဆုတောင်းပါတယ်ဗျာ
    ဦးကျောက်များ အိမ်ထောင်ကျလို့ကတော့ ဆယ်မွှာပူး ဆယ်ခါမွေးပြီး ဂင်းနစ်ဆုကြီးဆွတ်ခူးပါစေဗျာ
    လှူခြင်နေမလှူခြင်နေပါ
    နဲနဲ ဘာကျယ်တယ်ပြောရမလဲမသိဘူးဗျာ
    လိင်တူချစ်သူကြီး အစ်ကိုကြီး မိုက်ကယ်ဂျော်နီအောင်ပု ကတော့ ဘာအသံမှာကို မကြားဘူးဗျား
    နယ်စပ်ချောင်းဘေး မြောင်းဘေးနေတဲ့လူကြီး
    အလှူခံပါဗျို့ အလှူခံပါ

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 11, 2013 at 12:00 am

      ခွီးးးးးးးးးးးးးး 👿
      လှူမယ်ကွာ
      နတ်သမီးတစ်ဖက်ငါးရာမရရင် နင့်ဖင်ကိုပြဿနာရှာမယ် 👿
      ရန်ကုန်နံဘါတ်တွေဘဲမဟုတ်လါး 👿

      • ကထူးဆန်း

        May 11, 2013 at 8:14 am

        မြန်မာပြည် နံပါတ်တွေပါ .. :kwi:

  • ရွာစားကျော် မင်းနန္ဓာ

    May 11, 2013 at 8:23 am

    ရန်ကုန်လူကြုံနဲ့ အလှူငွေ တစ်သောင်း ထည့်လိုက်ပါသည်
    ရွှေအိနဲ့ လှည်းတန်းမှာတွေ့ဆုံကာ ပေးမည် ချိန်းထားပါ၏…

    • Shwe Ei

      May 11, 2013 at 3:27 pm

      ကိုရွာစားကျော် ရဲ့ အလှူငွေ တသောင်း လက်ခံရရှိပြီးကြောင်းဘာ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 11, 2013 at 10:05 am

    ဘဏ့်အကောင့်လေးများမစိဘူးလားကွယ်
    မစိရင်လည်း ဘယ်ဘဏ်နဲ့နီးသလဲပေါ့ လူအမည် မှတ်ပုံတင်နံပါတ် ဘာညာကွိကွပေါ့

    • ရာမည

      May 11, 2013 at 10:23 am

      ဟုတ်ပါတယ်
      ဘဏ်အကောင့်လေး ပေးထားစေချင်ပါတယ်
      နည်းများမဆိုပေါ့ ။
      ဖုန်းဆက်ပြီး ကိုယ်တိုင်ပေးဖို့ဝေးနေလို့ပါ ။
      ဘဏ်တစ်ခုခုကပို့နိုင်မယ့်နည်းလမ်းလေးဆောင်ရွက်စေချင်ပါတယ်။

  • Shwe Ei

    May 11, 2013 at 2:32 pm

    အလှူကိတ်စ အားတက်သရော လုပ်နေကြတဲ့ အထဲ Change
    ဖြစ်သွားတာလေး တခုလောက် ကြေညာပရဇီ။

    သများ ဖုန်းနံပတ် နက်ဖျင်ခါကစပြီး ပြောင်းဘာဘီလို့ :mrgreen:

    09 4211 52715 ကိုဆက်သွယ်ကြဖို့ အသိပေးပရစေခညာ။

    ဘဏ်အကောင့်ကတော့ ငွေမစုဖြစ်တာကြာဘီဖြစ်တဲ့ saving account ဘဲရှိပါတယ်။

    ငွေလွှဲချင်ရင်တော့ …

    မအိကြည်ပြာစိုး
    ၈/မကန (နိုင်) ၁၆ဝ ၃၁၂
    ကမ္ဘောဇဘဏ် (ရွှေဂုံတိုင်)
    ရန်ကုန်

    ကိုလွှဲပေးနိုင်ကြမယ်ဆိုရင် တော်တော်လေး အဆင်ပြေပါတယ်။

    ကိုထူးဆန်း ဘလိုစီစဉ်ချင်သလဲ အကြံပေးပါအုံး။

    ခင်တဲ့
    မရွှေအိ

    • မောင် ပေ

      May 11, 2013 at 7:27 pm

      အလှူငွေကတော့ ကိုပေါက် မန်းတလေး ဆီ ကို လှူလိုက်ပါပြီ
      အိကလေး အကောင့်ထဲ ကို ၁၅၀ဝ လှမ်းလွှဲပေးချင်တယ်
      တွေ ့တဲ့အခါ ၁၅၀ဝ ပြန်ပေးခဲ့မယ် ဆိုရင်ပေါ့လေ
      ဟီဟိ

  • ကထူးဆန်း

    May 11, 2013 at 3:01 pm

    မရှိပါဘူး မရွှေအိရေ ..ညကျ ကျွန်တော် မရွှေအိ ဖုန်းနံပါတ်ပြောင်းထားလိုက်ပါမယ် ။ ဘဏ်ကို ငွေလွှဲပို့သူများက တော့ ဒီပေါ်မှာ တက်ပြီး အသိပေးပေါ့နော် … စာရင်းပေါင်းတာတော့ မအိ သွားစစ်ထုတ်နိုင်တဲ့ အခါ ကျမှ ပေါင်းပါ့မယ် ။ မရွှေအိ အနေနဲ့ နေ့တိုင်းသွားစစ်ဖို့တော့ ခက်တော့ စစ်ပြီးသော နေ့မှသာ ဒီစာရင်း အဝင်ပြမည်ဖြစ်ပါကြောင်း ။

    • etone

      May 13, 2013 at 10:46 am

      ဘဏ့်ဖုန်းနံပါတ်ကို ဆက်ပြီး …. နေ့စဉ် ငွေဝင်မဝင် စစ်လို့ ရပါတယ် … ။
      လွှဲတဲ့လူရဲ့ … နာမည်နဲ့ … ဘယ်ကနေ လွှဲတယ်ဆိုတာပါ … အရင်က တနေ့ နှစ်ကြိမ် စစ်ခဲ့ဖူးတာကြောင့်ပါ ။

  • kotun winlatt

    May 12, 2013 at 9:15 am

    ကျေးဇူးးးတင်တယ်ဗျို့…..
    တက်တက်ကြွကြွရှိကြတာကို……….
    အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ……..။

  • padonmar

    May 12, 2013 at 5:45 pm

    Dr.လင်းထွဋ်နိုင်+Dr.နွယ်လင်းထက် (Chicago) (မင်္ဂလာဦးအလှူ)-45000
    မောင်ကျော်စိုးလင်း-10000
    ပဒုမ္မာ -ကလေး ၁ဝ ယောက်တွက် 21000
    လှူပါမည်။
    အမတ်မင်း၊မရွှေအိ ဆက်သွယ်ပေးပါ။

  • padonmar

    May 12, 2013 at 9:52 pm

    အလှူခံဖလားနဲ့မြို့ထဲ တစ်ပတ်လောက် လှည့်လိုက်ပါအုံးမယ်။ရရင်ထပ်ပြောပါမယ်။

  • သားငယ်

    May 12, 2013 at 10:02 pm

    သူကြီးရေ အလှုုငွေများများ ထည့်တဲ ့သူတွေကို သိရီသုဓမ္မ ဘွဲ ့တွေ ပေးမှာလား ဟင်

    • ခင်ခ

      May 13, 2013 at 9:55 am

      သူကြီးက ရွာကလုပ်တဲ့ အလှုတို့ တွေ့ဆုံပွဲတို့ ပါဝင်သူတွေ၊ တက်ရောက်သူတွေကိုတော့ ယခင်က ရာထူးတိုးပေးရေး စီမံချက်တွေလုပ်ခဲ့ဖူးတာတော့ ဖတ်ခဲ့တွေ့ခဲ့ဘူးပါကြောင်း သားငယ်ရေ။

      • မောင် ပေ

        May 16, 2013 at 7:21 pm

        သဂျီး ဆီ က ရာထူးတိုးရရင်
        လူပျို ဖြစ်ပါက သဂျီး သမီး အား ချိန်ရွေ ့ရပါသည် ။ သဂျီး အား အားမနာတမ်း ယောက်ခထီး ဟု ပြောင်ပြောင် ခေါ်နိုင်သည် ။
        ရာထူးတိုးခံ ရသူသည် အပျို ဖြစ်ပါက မောင်ပေ့ ထံ အမြန်ဆုံး ဆက်သွယ်ပါ ။

  • TNA

    May 12, 2013 at 11:03 pm

    ကွန်နက်ရှင်မှိုင်းမမှု့ကြောင့် ရွာထဲမရောင်ဖြစ်တာကြာလို့ အခုမှသိရကြောင်းရယ် နှင့် မှတ်သားထားလိုက် ပါ ကြောင်း။ ကျေးဇူးပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 13, 2013 at 12:46 am

    ဒီအချိန်ကတော့ ရွာသားတစ်ယောက် ကျောင်းသားတစ်ယောက် တာဝန်ယူရမယ်ဆိုတဲ့
    ဥပဒေဂျီးဂို ထုတ်ပျံသင့်တဲ့အချိန်ခါကောင်းဂျီးဘဲ
    ကုသိုလ်တွေ အါ့ကုသိုလ်တွေ အသာထား
    သဂျီးမင်းလည်း တစ်ယောက်တာဝန်ယူ
    သဂျီးမင်းဂဒေါ်လည်း တစ်ယောက်တာဝန်ယူ
    သဂျီးမင်းသမီးဒေါ်ကလေးလည်း တစ်ယောက်တာဝန်ယူ
    မန်ဘာတိုင်း မန်ဘာတိုင်း တစ်ယောက်တာဝန်ယူပြီး
    ရွာရဲ့ မောဒန်ဆန်းဆပ် ( သဂေါင်စာရင်း ) ကောက်နည်းအသစ်ကြီးကိုစမ်းကျိဘါလား
    ပြေးဘီ
    ဂိန် ဂိန် ဂိန်

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 13, 2013 at 12:47 am

      အချိန်တော့ နည်းနည်းလေး ဆွဲဆန့်ရမယ်ထင်ဒယ် :mrgreen:

  • amatmin

    May 13, 2013 at 10:03 am

    ကိုထူးဆန်းရေ.. စာရင်းလေးတို့ပါပေးလို့..။

    ၁၃.၅.၂၀၁၃ .. တနင်္ဂနွေနေ့ ..

    ကောင်းကင်ပြာ.. ၁၅၀၅ဝ (ကျောင်းသား ရ ဦး)
    ကိုမျိုးသန့်……… ၁၀၀၀၀

    • ဟက်လူ မတ်ကြီး …
      ကျုပ်အတွက် အလှူငွေ သိန်း ၅၀ဝ လောက် …
      ခဏ စိုက်ထဲ့ထားပေးဘာ …
      လကုန် ထီပေါက်တဲ့အခါ ပြန်ပေးဘာ့မယ် … :mrgreen:

  • Shwe Ei

    May 13, 2013 at 12:38 pm

    ဟိ…အလှူခံတာဝန်ယူထားကာမှ အခုတမျိုး တော်ကျာတမျိုး ဖြစ်နေတဲ့
    အပြောင်းအလဲတွေအတွက် …အားနာပါတယ်လို့ဘဲ ပြောပရစေ။

    ဖုန်းကိတ်စ နဲနဲ ပြသနာတက်သွားလို့ ဝ၉ ၇၃၁ ၈၉၂၆၁ ကိုလဲ ဆက်သွယ်လို့ရတဲ့အကြောင်း
    ထပ်မံ အသိပေးတာဘာခညာ။ :gee:

    နောက်တခုက နိုင်ငံရပ်ခြားမှ ဆက်သွယ်လို သူများ အောက်ပါအီးမေးလိပ်စာသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သတင်းပို့ပါတယ်။

    e mail : eikyipyarsoe@gmail.com

    My Apology for Everything Inconveniences Caused.

    Regards,
    Shwe Ei

  • Char Too Lan

    May 13, 2013 at 1:43 pm

    ကျနော်ဝင်ရှုပ်မိလို့ စိတ်ရင်းနဲ့ကူညီပေးတဲ့ မရွှေအိတော်တော်အလုပ်ရှုပ်သွားတဲ့အတွက်
    ကျနော် တောင်းပန်ပါတယ် ခညာ…
    ကိုယ့်ကိုယ်ကိုလဲ ရှက်မိပါတယ် 🙁

    • TNA

      May 13, 2013 at 4:07 pm

      ပျောက်လှချည်လား ချာချာ။ ပျော်နေထင်ဘာ့စ်

  • kyeemite

    May 14, 2013 at 10:11 am

    ဒီတစ်ပါတ်ပိတ်ရက်မှာ..ကိုမတ်နဲ့ ရအောင်ချိတ်ပီးလှူပါ့မယ်..နော

  • amatmin

    May 14, 2013 at 12:55 pm

    ကိုထူးဆန်းရေ…

    ကနေ့.. ၁၄.၅.၂၀၁၃

    ရွာသား kyawtheinmyint … ၅၀၀၀ဝ (ငါးသောင်းကျပ်တိတိ)
    ဘေဘီလုလင် … ၁၀၇၅ဝ (ကျောင်းသား (၅) ဦးစာ )
    အမည်မသိရွာသားတဦး … ၁၀၇၅ဝ (ကျောင်းသား (၅) ဦးစာ )

  • ချစ်စ/ဆရာ

    May 14, 2013 at 3:33 pm

    ကျွန်တော်လည်း ငါးသောင်း ဗမာပိုက်ဆံ လွှဲထားပေးတယ်ခင်ဗျ
    လွှဲတဲ့သူက ဘယ်နာမည်နဲ့ လွှဲမလဲတော့မသိဘူးရယ်
    မအိကြည်ပြာစိုး
    ၈/မကန (နိုင်) ၁၆ဝ ၃၁၂
    ကမ္ဘောဇဘဏ် (ရွှေဂုံတိုင်)
    ရန်ကုန်
    09 4211 52715
    ဆိုပြီးလိပ်စာတော့ပေးလိုက်တာဘဲ

    • ဦး ကျောက်ခဲ

      May 14, 2013 at 3:43 pm

      သာဓု… သာဓု… သာဓုပါခီညာ…
      ယခုပြုရ ကုသိုလ်ဒါနကြောင့်…
      စား၍မကုန် လှု၍မခမ်း ပဒုမ္မာရွှေကြာပန်းလို ပွင့်လန်းနိုင်ပါစေ…
      :harr: အား ဟိ

    • Shwe Ei

      May 15, 2013 at 11:42 am

      ဟတ်ကဲ့…ချစ်စ/ဆရာ ငွေလွှဲ ဂနေ့သွားထုတ်လာပါတယ်။

      ငါးသောင်းကျပ်တိတိ(၅၀,၀၀၀.ကျပ်) လက်ခံရရှိကြောင်းဘာ။

      ဖုန်းဆက်တုန်းက အလှူရှင်နံမယ်လေး သိပရဇီလို့ ပြောနေတုန်း

      ဖုန်းချသွားလို့ ဘဒူ့နံမယ်နဲ့ စာရင်းပြရရင်ကောင်းမတုန်းစင်းစားနေတာ…ဟိ

      လေးစားစွားဖြင့်
      ရွှေအိ

  • padonmar

    May 14, 2013 at 9:04 pm

    ဦးကျောက်
    သများနာမည် အလွဲသုံးစားမလုပ်နဲ့။

    ….
    မမိုးမိုးအေး မှ ကလေး 3 ယောက်စာ 6500 လှူထားပါတယ်။
    မရွှေအိကို ရက်နီးမှ ပေါင်းပေးပါမယ်။

  • ကထူးဆန်း

    May 14, 2013 at 9:18 pm

    ကွန် နှေးနေလို့ မနက်ဖြန် မနက်မှ update လုပ်ပေးပါ့မယ် ခင်ဗျာ

  • 14-5-2013
    ကိုခင်ခမှ ကျပ်တစ်သောင်းငါးထောင်
    မန်းလေးသို့ခေတ္တရောက်နေသူ ကိုရဲစည်မှ ကျပ်တစ်သိန်းတိတိ
    စုစုပေါင်း (21000+15000+100000= အဲလောက်သိမ်းထားပြိးပါပြီ)
    ဆက်လက်ဖော်ပြပါမည်.
    ကိုထွန်းဝင်းလတ်က စာအုပ်များကိုမန္တလေးတွင်ဝယ်မည်ပြောပါသည်။
    ထို့ကြောင့် ကောက်ခံရငွေများ မန်းလေးကျနော့်ထဲသို့လွှဲပေးရမည်ထင်ပါသည်။
    ကျနော်မှတ်ပုံတင်နံပါတ် ကိုထူးဆန်းထံတွင်ရှိပါသည်။
    ပစ္စည်းဝယ်ရန်တာဝန်ကို ကျနော်နှင့်မောင်ပေလုပ်ဆောင်ပါမည်.
    မော်လူးမြို့သို့ပို့ဆောင်ရန် ကို ကျနော်က တာဝန်ယူဆောင်ရွက်ပါမည်။
    ဆက်လက်တိုင်ပင်ကြစေလိုပါသည်။

  • weiwei

    May 14, 2013 at 10:15 pm

    အလှူငွေ တစ်သောင်း ထည့်ချင်ပါတယ် … ဘယ်သူ့ဆီကို ပေးရင်အဆင်ပြေမယ်ဆိုတာလေး သိချင်ပါတယ် ..

    • ကထူးဆန်း

      May 14, 2013 at 11:20 pm

      ကျေးဇူးပါ ဘပု အဲ အဲ ချစ်စ/ဆရာ ခင်ဗျားး
      ဟုတ်ကဲ့ လေးပေါက် ။နောက်ဆုံးရက်စုပြီးလျှင် လေးပေါက်ထံ သို့ လွှဲပေးပါမည် ။
      မဝေ ရေ ။ မရွှေအိ က မဝေနှင့် နီးမည်ထင်ပါသည် ။

  • padonmar

    May 15, 2013 at 6:27 am

    ဝေဝေတွက် ရွှေအိကို ကျမစိုက်ပေးလိုက်ပါမယ်။
    ပြီးမှ အတိုးအဖြစ် နံရိုးကြံမဆိုင်မြီးရှေ လာပို့ခိုင်းပါမယ်။

  • 15-5-2013 ရွာသား ကိုကျော်ထိုက်မှ ကျပ်တစ်သိန်းတိတိ လာရောက်လှူဒါန်းထားပါသည်။
    စုစုပေါင်း (21000+15000+100000+100000= အဲလောက်သိမ်းထားပြိးပါပြီ)

    အထူးမှတ်ချက်
    ကိုကျော်ထိုက်မှ ဒါဇင်+အတွက် အလှုငွေကျပ်တစ်သိန်းတိတိ လှူဒါန်းငွေကို
    လက်ခံပြီးသကာလ မန်းလေးရောက် ကိုရဲစည်နှင့်လူကြုံပါးလိုက်ပါကြောင်း။

  • MaMa

    May 15, 2013 at 3:47 pm

    ကလေး၁ဝယောက်အတွက် ၂၁၅၀ဝ လှူပါမည်။
    ပဒုမ္မာကို စိုက်ထားခိုင်းလိုက်ပါမည်။

  • ကထူးဆန်း

    May 15, 2013 at 8:08 pm

    လေးပေါက် ၊ အန်တီဝေ၊ အန်တီမမ နှင့် မအိ update လုပ်ပြီးပါပြီခင်ဗျာ

  • MaMa

    May 16, 2013 at 6:44 am

    ကိုထူးဆန်းရေ-
    Nature ကလည်း ၁၀၀၀ဝ လှူမည်ဟု ရေးခိုင်းပါသည်။
    ပဒုမ္မာနှင့် စုပြီးထည့်ပေးလိုက်ပါမည်။

  • 16-5-2013
    အန်ကယ်ဂျီးမှ ကျပ်တစ်သောင်း လာရောက်လှူဒါန်းထားပါသည်။
    စုစုပေါင်း (21000+15000+100000+100000+ ကျပ်တစ်သောင်း= အဲလောက်သိမ်းထားပြိးပါပြီ)

    16-5-2013 နေ့လည်နှစ်နာရီ

  • သူကြီး

    May 16, 2013 at 6:54 pm

    ဒီပို့စ်ထဲကို ခုမှပဲ ဝင်ကြည့်ဖြစ်တယ်။ ဝမ်းသာတယ်ဗျို့ ယခုလို အလျှူဒါနပြုကြတာ။ မောင်မိုဘိုင်း တစ်ယောက်တော့ ရွာရဲ့အလျှူပွဲတွေတွေ့တိုင်း လျှူဒါန်းလိုစိတ် ရှိသော်ငြား ကပ်ဆိုဒ်နေပါသဖြင့် အများလျှူတန်းကြတာလေးတွေ ကိုပဲ သာဒုခေါ်ဝပ်းမြောက်သွားပါကြောင်းးးးးး
    (သာဒု ရေးတာကို ဖုန်းနဲ့ ဒအောက်ခြိုက် မရေးတတ်လို့ ဒ ဖြင့်ရေးခဲ့ခြင်း ဖြစ်ပါကြောင်းးးးး

  • Shwe Ei

    May 16, 2013 at 7:43 pm

    ဂနေ့ညနေ ( ၁၆.၅.၁၃) အမ မကြည်ဆောင်းထံမှ အလှူတော်ငွေ သုံးသောင်းကျပ် (30’000) လက်ခံရရှိပါတယ်ခညာ။

  • Shwe Ei

    May 18, 2013 at 7:55 pm

    ယနေ့ လုံမလေးမွန်မွန်မှ အလှူတော်ငွေ ငါးထောင်ကျပ် ပြီးတော့ အနော့်နံမယ်နဲ့ အလှူတော်ငွေ တသောင်းကျပ် ပါခည။

  • padonmar

    May 19, 2013 at 7:55 pm

    မနှင်းပွင့်ဖြူ -3000
    မသဲစုစံ- 2000
    မချောချော-6000
    ဒေါက်တာ အောင်ကျော်မိုး-10000
    ရထားပါတယ်။
    ရွှေအိကို ပေးပါမယ်။

  • parlayar 46

    May 19, 2013 at 10:40 pm

    မနက်ဖန် နောက်ဆုံးရက်ထင်တယ်..
    ကျုပ်မလဲ ကိစ္စတွေများနေတာနဲ့ အမတ်ကြီးကို သွားတွေ့လှူဖို့ကို အထမမြောက်သေးဘူး..။
    မနက်ဖန် အမတ်ကြီးဆီသွားဖို့ ကြိုးစားပါမယ်။
    အကယ်၍ မဆုံဖြစ်ခဲ့လျှင် ကျုပ်အတွက် ၂၀၀၀၀. စိုက်ထားပေးပါဗျို့….

    (အော်… အကြွေးများ၊ အင်တာနက်ထဲတောင်လာတင်ရတယ်လို့… 🙁 )

  • amatmin

    May 20, 2013 at 8:26 am

    ဇဂါးမစပ်ပါရယ်.
    အလှူငွေ ကောက်ခံပေးပါ့မယ် ဂတိပြုပီး.
    ခုတော့ ခရီးလွန်နေမိသမို့ ဖုန်းများဆက်မရခဲ့ရင်
    ခွင့်လွှတ်ပါတောင်းပန်ရင်း.
    မရွှေအိဆီဆက်သွယ်ပေး ကြပါလို့. ။

  • Ei Kyipyar

    May 20, 2013 at 10:16 am

    ဟုတ်ကဲ့..ယနေ့ လက်ခံရရှိငွေ အပ်ဒိတ်ထပ်လုပ်ပါမယ်။

    Etone+AKKO- ၂၁,၅၀ဝကျပ် (ခလေးဆယ်ယောက်စာ)
    အူးကျီးမိုက်- ၁၅,၀၀ဝကျပ်
    အူးအူးပါလေရာ-၂၀,၀၀ဝကျပ် (အနော် စိုက်ထားပေးဘာမယ်)
    ကဖက်ကပ်-၁၀,၀၀ဝကျပ်

  • Ei Kyipyar

    May 20, 2013 at 11:36 am

    ကိုဝေချမ်း (ဘန်ကောက်) မှ အလှူတော်ငွေ ၃၀,၀၀ဝကျပ် (ယနေ့ ငွေလွှဲသွားထုတ်ပီးဖြစ်ကြောင်း)
    ကိုမတ် (အမတ်မင်း) မှ ခလေး (၇)ယောက်စာ အလှူတော်ငွေ ၁၅,၀၅ဝကျပ် လှူဒါန်းပါသည်။

  • ကြည်ဆောင်း

    May 20, 2013 at 12:58 pm

    ပေါင်းကြည့်လိုက်တော့ 805,100/-(ကျပ် – ရှစ်သိန်းငါးထောင့်တစ်ရာ)ရနေပြီဘဲ…

Leave a Reply