ဆုံရပ်

ရပ်ကွက်ထဲမှာ ယမကာဆိုင်လေးတစ်ခု ရှိပါတယ် ၊

အဲဒီမှာ သူငယ်ချင်းတွေ ညနေ ညနေဆို ဆုံဖြစ်ကြတယ်ပေါ့ ၊

နေ့စဉ်ရယ်လို့တော့ အားလုံးဆုံတာ မဟုတ်ပေမယ့် အဲဒီဝိုင်းမှာ လူ မပြတ်ပါဘူး ၊

မနေ့က လာတဲ့သူက ဒီနေ့ မလာ ၊ မနေ့က မလာတဲ့သူက ဒီနေ့လာ စသဖြင့်ပါ ၊

ဒီဝိုင်းမှာ ကုမ္ပဏီ မန်နေဂျာ ပါတယ် ၊   ကုမ္ပဏီ ဝန်ထမ်း ပါတယ် ၊ ကုမ္ပဏီ ကားဒရိုင်ဘာ ပါတယ် ၊

ကားပွဲစားပါတယ် ၊ တက္ကစီမောင်းသူ ပါတယ် ၊ ပြန်မတက်နိူင်သေးတဲ့ သင်္ဘောသား ပါတယ် ၊

ကုန်စုံဆိုင် ပိုင်ရှင်ပါတယ် ၊ ဘွဲ့လက်မှတ်တစ်ခု ဆာတီဖကိတ်အထပ်လိုက်နဲ့ အလုပ်လိုက်လျှောက်နေဆဲလည်း ပါတယ် ၊

အဲဒီနေရာဟာ ပျော်စရာဝိုင်းလေးပါ ၊ ဘာကြောင့်လဲ ?

လူပေါင်းစုံဆီက ယနေ့အတွေ့အကြုံဆိုတာတွေဟာ ရယ်မောစရာ ဒေါသဖြစ်စရာတွေပါသလို မသိရသေးတဲ့ ဗဟုသုတတွေကိုလည်း ပေးစွမ်းလို့ပါပဲ ၊

ဘီကျွဲ လို့ ခေါ်တဲ့ ( ဘီအီးကို ကျွဲရိုင်းနဲ့ စပ်ထားတာပါ ) ယမကာကို ကိုယ့်လစ်မစ်နဲ့ကိုယ် သောက်ရင်း ပြောဆိုရယ်မောနေရတာ ပျော်စရာပါ ၊

အရက်ဆိုတာ မကောင်းဘူးလို့ ဆိုကြပါတယ် ၊ ဒါပေမယ့် အရက်က သစ္စာရှိပါတယ် ၊ တစ်ပိုင်းသောက်ရင် တစ်ပိုင်းဘိုးမူးမယ် ၊

တစ်လုံးသောက်ရင် တစ်လုံးနဲ့တန်အောင် မူးပါလိမ့်မယ် ၊ သောက်ကောင်းကောင်းနဲ့ မနိူင်ရင်ကာ သောက်ပြီး ဖြစ်ချင်တာ ဖြစ်တာ အရက်ကြောင့် မဟုတ်ပါ ၊

ကိုယ့်စိတ် ကိုယ်မနိူင်တဲ့ ကိုယ်ကိုတိုင်ရဲ့ အပြစ်ပါ ၊

တချို့က အရက်သောက်နေသူတွေကို နှာခေါင်းရှုံ့ ချင်ကြပြီး ရပ်ကွက်ဓမ္မာရုံမှာ ဟန်ပါပါထိုင်နေသူတွေကိုတော့ သူတော်ကောင်းတွေလို့ ဆိုကြပါသေးတယ် ၊

ဓမ္မာရုံမှာ ထိုင်နေတာနဲ့ပဲ လေးစားရမယ်ဆိုတာမျိုးကိုတော့ လက်မခံပါဘူး ၊ အကျိုးလိုလို့ ညောင်ရေလောင်းနေတဲ့သူတွေက ဒီခေတ်မှာ ခပ်များများလေ ၊

ထားပါတော့ ၊ စကားတောင် ဘယ်ရောက်ကုန်ပြီမသိ ၊

ပြောရင်း ဆိုရင်း ရုံးဆင်းချိန်တောင် ရောက်ပြီပဲ ၊

လှည်းတန်းဈေး ဝင်ပြီးသကာလ မရောက်တာကြာပြီဖြစ်တဲ့ ဆုံရပ်ကို ခဏဝင်ခိုဦးမှပါ ၊

 

Photo1324

9 comments

  • ဦး ကျောက်ခဲ

    May 11, 2013 at 1:34 pm

    ဟီ ဟိ ကိုမျိုးသန့်ရဲ့ ပို့စ်ကိုဖတ်ပြီး…
    အတိတ်ကို နှမြောတသ လွမ်းဆွတ်သွားပါတယ်…
    ဟမ်း… ဆိတ်ပဲနဲ့ ခရမ်းချဉ်သီးသုပ်ကို “ဘီပက်”ကလေးနဲ့ ဆိုရင်တော့…
    :kwi:

  • နေဝန်းနီ

    May 11, 2013 at 8:15 pm

    အလိုက်ဖက်ဆုံးက BEDC နဲ့ နှမ်းဖတ်ချဉ် ဗျ….။ လွမ်းလိုက်တာ ………။ အရက်ဆီတွေ ပေါ်လာတော့ အရက်စပ်တာတွေ မသတီတော့လို့ အရက်ခွက်မြင်တိုင်း ပျို့လာလို့ ရမ်တို့ ဝီစကီတို့ပြောင်းသောက်တယ်….။ နောက် ငှက်ဖျားဆေးကုရင်းနဲ့ သူ့အလိုလိုသောက်ချင်စိတ်ကိုမရှိလို့ သောက်မရတော့ဘူး …..။ အရက်ပြတ်သွားတာ ကြာပြီ ….။ ကျိုးကျား တော့သောက်ဖြစ်တယ် ခုတော့ တစ်နှစ်ခွဲလောက်ရှိပြီ လုံးဆို လုံးဝ မသောက်ဖြစ်တော့ဘူး …..။ သောက်ဖော် သောက်ဖက် အဟောင်းတွေနဲ့မတွေ့ရတာလည်းပါ….။ ကပေပြောတဲ့ အာရကေ မပေါတာလည်းပါပေါ့ ….။ ဒါပေမဲ့ ကိုမျိုးရဲ့ ဝိုင်းကိုမြင်တော့ လွမ်းတယ်လေ့ လွမ်းတယ်………..။

  • မောင် ပေ

    May 11, 2013 at 8:23 pm

    ဦးဦးသန် ့ရေ
    ကျုပ် ဘီအီးလောကမှာ ကျင်လည်တုန်းကတော့ ၊ ဆိတ်အသည်းကြော် ရယ် ၊ ရုံးပတီသီးပြုတ်ကျော်ရယ် ၊ အာပူလျှာပူ ဟင်းရည်လေးရယ်နဲ ့တယ်နိပ်ခဲ့တာကလား ။
    ဒါပေသည့် ၊ ဘီအီး ဆိုတာက ပိုက်ဆံ ဘယ်လောက်ပဲနဲနဲသောက်လို ့ရနိုင်တာဆိုတော့ ၊ ကြာတော့ စွဲတာမို ့ ၊ မနည်းဖြတ်ခဲ့ရပါ၏
    ဦးဦးသန် ့ စားပွဲဝိုင်းလေးမြင်တော့ လွမ်းရပါဘိ
    ( စကားချပ် မန်းတလေး ရှိ ဘီယာဆိုင်များတွင် ဟင်းရည်တစ်ခွက် အလကား ပေး၏ )

  • လင်းဇော် ထက်

    May 12, 2013 at 9:11 pm

    ဂလု ဂလု သတိရသွားလို့ပြေးပီဗျိူးးးးးးးးးးးး :har:

  • ဟန်ဆောင်မှုကင်းတဲ့ အရက်ဖြူ ဝိုင်းမှာ
    ဟန်ဆောင်မှုကင်းတဲ့ လူတွေ အရက်အတူတူသောက်ကြတယ်..
    ဒါပေမယ့် ဘာလို. ဟန်ဆောင်မှုကင်းပြီး ဖြူနေတဲ့အရက်ကို ကျွဲရိုင်းနဲ. အရောင်ဆိုးလိုက်ကြတာလဲဗျာ……

    • Myo Thant

      May 13, 2013 at 9:30 am

      အရောင်ဆိုးတယ်ဆိုတာ ပိုပြီး အဝင်ကောင်းစေဖို့ပါ ၊

  • kyeemite

    May 13, 2013 at 4:27 pm

    ကျုပ်ကတော့ ဘီအီးခေတ်က
    ဆဲဗင်းအပ်နဲ့ ရောသောက်တာပိုသဘောကျတယ်…ဂလု..ဂလု

  • ရွှေ ကြည်

    May 13, 2013 at 8:09 pm

    ကိုမျိုးသန့်ရေ ဓမ္မာရုံမှာထိုင်နေတိုင်း လူကြီးလူကောင်းမမှတ်သလို အရက်ဆိုင်ထိုင်နေတိုင်းလဲ အထင်မသေးတတ်ပါဘူး ဒါပေမယ့် အဲလိုနှိုင်းယှဉ်ပြီး အရွဲ့တိုက်သလိုမျိုး လုပ်နေတာဆိုရင်တော့ အားမပေးပါဘူးရှင့်။ ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ် လစ်မစ်သိတယ်ဆိုပေမယ့် အမြဲမသောက်ရင်၊ လုံးဝမသောက်ရင်တော့အကောင်းဆုံးပေါ့ရှင်အရက်ကသစ္စာရှိပေမယ့်
    အရက်အတူတွဲသောက်တဲ့သူတွေကရောအမြဲသစ္စာရှိနိုင်ပါ့မလား လူအမျိုးမျိုးစိတ်အထွေထွေရှင့်၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်းလည်းပြောလို့ရပါတယ် :mrgreen:

    • Myo Thant

      May 14, 2013 at 9:21 am

      ကျနော် အရွဲ့မတိုက်တတ်ပါ ၊ ဒါပေမယ့် ရပ်ကွက်ထဲမှာ မြင်ရတာလေးကိုပဲ ရေးမိတာပါဗျာ ၊
      လူတစ်ယောက်အကြောင်းကို လဘက်ရည်ဆိုင်မှာထက် အရက်ဆိုင်မှာက ပိုသိစေပါတယ် ၊
      ဒီလိုပြောလို့ လူ့အကြောင်းသိဖို့ အရက်သောက်မှဖြစ်မှာလားလို့ ပြန်မေးနိူင်ပါတယ် ၊
      ကျနော့်စိတ်ထဲပေါ်တာလေး ရေးမိလို့ မှားတယ် လွန်တယ်ဆိုရင်လည်း ကျနော် လက်ခံပါတယ် ၊
      ဟန်ဆောင်မုသား မပါတဲ့ ဝိုင်းကလေးလို့ တင်စားတာပါခင်ဗျာ ၊

Leave a Reply