“စိတ်မကောင်းမိပါရဲ့ ………..´´

ခင္ခMay 11, 20131min30119

123

“စိတ်မကောင်းမိပါရဲ့ ………..´´

 

ဖေ့ဘုတ်မှတွေ့တာပါ။ သတင်းလေးဖတ်ပြီးစိတ်မကောင်းမိဘူးဗျ၊ ငါတို့ဆီက အလှုတွေမှာ မန်းဘက်က ဘုရားပွဲတွေမှာတော့ သနားစာနာတဲ့သူတွေက ကျွေးမွေးစွန့်ကြဲကြပြီး ခုလိုတော့ လှောင်အိမ်ထဲ ထဲ့ပြီး မထားသေးဘူးဆိုတော့ တော်သေးတယ်ဆိုမလားဘဲ။

ဖတ်လိုက်ရတဲ့ သတင်းလေးက —–

“တရုတ်ပွဲတော်တစ်ခုအတွက် သူတောင်းစားတို့ကို လှောင်အိမ်သွင်းထားရ

တရုတ်ပြည်တောင်ပိုင်း Jiangxi ပြည်နယ်၊ Nanchang မြို ့မှာ ကျင်းပတဲ့ ရိုးရာ ယဉ်ကျေးမှု ပွဲတော်တစ်ခုမှာ ဖြစ်ပါတယ်။

အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကြလိုပေါ့။ ပွဲတစ်ခုရှိလာပြီဆိုရင် ယင်းပွဲ ပတ်လည်မှာ သူတောင်းစားနဲ့ အိမ်ခြေရာမဲ့များ လာရောက် တောင်းစား ပါတယ်။ ယခုလည်း နန်းချန်းမြို ့ငယ်လေးမှာ ပွဲကျင်းပတော့ နှစ်စဉ်တိုင်း သူတောင်းစား အများအပြား လာရောက်ကြပါတယ်။ ယင်းကဲ့သို့ လာရောက် မှု အတွက် ယခုနှစ်မှာ အထူးခြားဆုံး လုပ်ဆောင်ချက် က လောင်အိမ်သွင်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ စိတ်အနှောက်အယှက်မဖြစ်စေရန်နဲ့ မလိုအပ်တဲ့ လုံခြုံရေး ပြဿနာများ ဖြစ်မလာဖို့အတွက် အိုးအိမ်မဲ့နဲ့ သူတောင်းစား တို့ကို လမ်းနဘေးက လှောင်အိမ်တန်းများမှာ ထည့်သွင်းထားလိုက် ပါတယ်။ သူတို့ တောင်းစားဖို့အတွက်လည်း ခွက်ကို အပြင်သို့ ပုံမှာ တွေ့ရတဲ့အတိုင်း ထုတ်ထားကြပါတယ်။ .

ခရီးသွားများအတွက် ရည်ရွယ်ပြီး ဖန်တီးပေးလို်ကတာ ဖြစ်ပေမယ့် ကြည့်ရဆိုးဆဲ့ အရာတစ်ခုလည်း ဖြစ်လာပါတယ်။ လူချင်းအတူတူ အိမ်မရှိလို့ လှောင်အိမ်အသွင်းခံရသလားလို့တောင် မေးခွန်း ထုတ် လာကြပြီး ဒေသခံ အာဏာပိုင်များကို complaint တက်လာကြ ပါတယ်။

သို့ပေမယ့် ယနေ့တိုင်အထိ ပွဲတော်ရောက်ရင် သူတောင်းစား ဖြစ်ကြောင်း သက်သေအထောက်အထား ပြပြီး လှောင်အိမ်ထဲ ဝင်နိုင်ပါတယ်။ စားသောက်ရန်လည်း ထောပ်ပံ့ပြီး၊ နေရန်၊ အိပ်ရန်ကို အဆင်ပြေသလို စီစဉ် ပေးကြောင်း သိရပါတယ်။ ´´(–Ref;amizaisa ရိုးရာလေး)။

 

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

 

19 comments

  • ဦး ကျောက်ခဲ

    May 11, 2013 at 2:53 pm

    အင်း… ကျွန်တော်လည်းဖတ်ပြီးပြီ ဆရာခ…
    လှောင်အိမ်မသွင်းပဲ နေရာသတ်သတ်မှတ်မှတ်ပေးလိုက်ရင် ရုပ်မဆိုးဘူးထင်ပါ့…
    ဒါပေမည့် ဘယ်လိုပြောရမလဲ…

    စားသောက်ရန်လည်း ထောက်ပံ့ပြီး၊ နေရန်၊ အိပ်ရန်ကို အဆင်ပြေသလို စီစဉ် ပေးကြောင်း သိရပါတယ်။

    ဆိုတော့… တော်ပါသေးရဲ့လို့ဆိုရမလိုပဲ…

    • ခင်ခ

      May 11, 2013 at 3:09 pm

      ကိုကျောက်ရေ ဟုတ်ပ စားသောက်စရိတ်ငြိမ်း ထောက်ပံချက်ကကောင်းနေပြီး တစ်ခုခု အတားအစီး လေးလောက်နဲ့ နေရာသတ်မှတ်ပေးလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ခုတော့ဖြင့်…… လို့ ကျွန်တော်လည်း ကိုကျောက်လိုဘဲတွေးမိတာနဲ့ ……………။

  • အရီးခင်လတ်

    May 11, 2013 at 3:07 pm

    ကိုခရေ
    လှောင်အိမ်ထဲ မဝင်ချင်ရင် တောင်းမစားနဲ့ လို့ ပြောရမလား။
    မြန်မာပြည်မှာလဲ အဲလို တောင်းသူတွေကို (မည်သည့်နည်းနဲ့မဆို) အဲလို လှောင်အိမ်ထဲ ထည့်ပြမယ် လို့ ဥပဒေ ထုတ်လိုက်ရင် လှောင်အိမ်ထဲ ဆန့်မှာမဟုတ်။

    • ခင်ခ

      May 11, 2013 at 3:13 pm

      အရီးရေ ဒါတော့ဒါပေါ့ဗျာ။ ဒီလို တရုတ်ပြည်မှာလုပ်တာ လူသားချင်းစာနာမှု့ဆိုတဲ့ အဖွဲ့တွေက ဘာတွေပြောအုံးမလဲ နားစွင့်နေမိတယ် အရီးရေ။ မြန်မာပြည်မှာလုပ်ရင်တော့ သူတို့က ထိပ်ဆုံးကအော် တတ်လို့လေ။

  • kai

    May 11, 2013 at 3:52 pm

    ခြံစည်းရိုးလည်းဖြစ်နိုင်တာပဲလေ..။
    နယူးယောက်မှာသာ အဲလိုတောင်းလို့ကတော့.. ခွက်တွေယူပြေးတာခံရမယ်.. :kwi:

    • nature

      May 11, 2013 at 9:03 pm

      (နယူးယောက်မှာသာ အဲလိုတောင်းလို့ကတော့.. ခွက်တွေယူပြေးတာခံရမယ်….)
      နယူးယောက်ဆိုတာ ကမာ္ဘ့ထိပ်တန်းမြို့တော်ကြီးလို့ သိထားတာ။ ❓

  • ရွှေ ကြည်

    May 11, 2013 at 3:55 pm

    ဖြစ်ရလေနော် အစိုးရအနေနဲ့လည်း ဖြေရှင်းနည်းမျိုးစုံနဲ့ဖြေရှင်းနေကြတော့
    ကောင်းတယ် ပြောရမလား ဆိုးတယ်ပြောရမလား ဪ လူ့ဘဝရလာ ဒုက္ခတွေပါလားနော်။

  • ဦးကြောင်ကြီး

    May 11, 2013 at 8:19 pm

    လှည့်ပတ်ခြင်း
    တည့်မတ်ရင်း
    နှဲ့သွက်တင်း
    ချဲ့လျက်ဗျင်း
    ဘယ့်မျက်စဉ်း
    ကြွယ့်သက်ပြင်း
    ဧည့်တပ်မင်း
    ဟဲ့ဆက်ငြင်း…

  • P chogyi

    May 11, 2013 at 9:01 pm

    အင်း…………………………….ဒုက္ခ၊ ဒုက္ခ

  • MaMa

    May 11, 2013 at 9:20 pm

    ကြည့်ရတာ စိတ်မကောင်းစရာပါပဲ။
    လူဆိုတဲ့ ဂုဏ်သတ္တိ ပျောက်ဆုံးနေသလို ခံစားရတယ်။ :eee:
    သူတောင်းစားဖြစ်ကြောင်း ဘယ်လိုများ သက်သေပြကြသလဲ မသိဘူး။
    လှောင်အိမ်ထဲဝင်ပြီး နေခိုင်းပေမယ့် နေထိုင်စားသောက်ဖို့ ထောက်ပံ့တယ်ဆိုတာလေးကတော့ တော်သေးတယ်ပြောရမယ်။
    ဒါပေမယ့် ထောက်ပံ့မှုက ပွဲတော်ရက်အတွင်းမှာပဲထင်တယ်နော်။ :buu:

  • လုလင်ပျို

    May 11, 2013 at 9:52 pm

    အင်းးစိတ်မကောင်းစရာပဲ..နော် ။
    ရန်ကုန်က တောင်းစားသူတွေကတော့..
    လွတ်လပ်ပါပေါ့ ။
    ဘတ်စ်ကားကျပ်ကျပ်ပေါ်မှာ..
    စာရွက်တွေ လိုက်ကမ်းပြီး.တောင်းလိုတောင်းးးးးး
    ကားဂိတ်တွေမှာ… လမ်းစရိတ်ပပြတ်သွားလို ့..ဆိုပြီး..တောင်းလိုတောင်းးးးး
    ခွက်မပါတဲ ့ တောင်းနည်းတွေနဲ ့…
    အဆင့်တွေတောင် မြင့်..လို ့…။
    :kwi:

  • uncle gyi

    May 11, 2013 at 11:00 pm

    နေရာသတ်မှတ်ပြိီးတောင်းခု်ိင်းလို့အဆင်မပြေလောက်ဖူးနော်ကိုခ
    သူတောင်းစားဆိုတာငွေပေးသူနောက်ပြုံလိုက်ကြတာထုံးစံလေ
    ဟိုဘက်မှာဝေနေတာဒီဘက်မှာဘယ်ထိုင်နေလိမ့်မတုန်း

  • ဆူး

    May 12, 2013 at 12:40 pm

    စားသောက်ရန်လည်း ထောပ်ပံ့ပြီး၊ နေရန်၊ အိပ်ရန်ကို အဆင်ပြေသလို စီစဉ် ပေးကြောင်း သိရပါတယ်။

    အဲ့လို ဆိုတော့.. မတောင်းပဲ အေးဆေး နေရင်တော့ အဆင်ပြေတယ်။ ခြိုးခြံချွေတာ သုံးရင် လောက်နိုင်တဲ့ ပမာဏပေးတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

    အခွင့်အရေးယူမိရင်တော့ သတ်မှတ်တဲ့ စည်းကမ်းတော့ လိုက်နာရမှာ ထုံးစံပဲမို့.. ဘယ်လိုမှ မနေပါဘူး။
    အစိုးရနဲ့ သူတောင်းစား အပေးအယူမျှတဲ့ သဘော ဖြစ်ပါလိမ့်မယ်။

    ဒီမှာသာ အဲ့လို လုပ်ပေးလို့ကတော့ သူတောင်းစား စာရင်းတွေတွေ နည်းမှာ မဟုတ်ဘူး ထွက်လာလိမ့်မယ်။

  • ဦးဦးပါလေရာ

    May 12, 2013 at 3:55 pm

    စိတ်ဝင်စားမိတာက-
    သူတောင်းစားဖြစ်ကြောင်းအထောက်အထား ဘယ်လိုပြကြပါလိမ့်….. ???
    တရုတ်မှာ သူတောင်းစားမှတ်ပုံတင်သို့မဟုတ်ထောက်ခံစာများရှိနေသလားမသိ
    :kwi:

  • kyeemite

    May 13, 2013 at 1:31 pm

    ပြောရတော်တော်ခက်တယ်ဗျ…အဲလိုလုပ်မထားပြန်တော့
    ပွဲတော်မှာအနှောင့်အယှက်ဖြစ်မှာဆိုတော့…
    ဒီမှာတောင် လဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ တောင်းရန်းသူတွေကြောင့်
    တော်တော်အနှောင့်အယှက်ဖြစ်နေတာ… 🙄

  • ခင်ခ

    May 13, 2013 at 3:01 pm

    အဲတော့ အနုတ် အနုတ် တွေ ဆုပေးထားကြပါလား ကောင်းတယ်ကွယ်။

  • etone

    May 13, 2013 at 8:37 pm

    အန်ကယ်ရေ… မြင်ရတာတော့ စိတ်မကောင်းပေမယ့်…ဒီအခြေနေမှာ …. အခုလို ထားတာက လျှောက်တောင်းတာထက် .. နည်းနည်းပိုအဆင်ပြေမလားရယ်လို့ …. တွေးမိပါတယ် … ။ လိုက်တောင်းလျှင်တောင်မှ နပ်မှန်ချင်မှ မှန်ပါလိမ့်မယ် … လှောင်အိမ်ထဲ နေရပေမယ့် … အစာရှာစားဖို့ မလိုတာက ကောင်းကွက်တစ်ခု လို့မြင်မိလို့ပါ … နေစရာမဲ့ …ခိုကိုးရာမဲ့ … အခြေနေထက် တသီးတသန့် နားခိုစရာနေရာရတာ … အကျယ်ချုပ်ပုံစံပေမယ့် …. အသက်ရှုချောင်တယ်လို့ ထင်ပါတယ် …

Leave a Reply