ဖြစ်ပုံကတော့ဒီလိုပါ …

မဂျူးရဲ့ တူတော်မောင် စိန်မျောက်မျောက်ဒွေး ရဲ့  iPhone 5 (32 GB) Black လေးဟာ ဝေဇယန္တာလမ်းမပေါ်က ပုဂ္ဂလိကကျောင်းကို အသွားကားပေါ်ကအဆင်းမှာ ကျပျောက်ခဲ့ပါတယ် … သိသိခြင်းပဲ ချက်ချင်းပြန်ရှာတော့ မတွေ့တော့ပါဘူး … အဲဒါနဲ့ ဖုန်းကို ခေါ်ကြည့်တော့ လိုင်းဝင်နေတဲ့အသံကိုပဲ ကြားရပြီး ဖုန်းမကိုင်ပါဘူး …  နေ့ခင်းလောက်ကျတော့ ဖုန်းက စက်ပိတ်ထားတယ်ပြောပါတယ် … တောက်လျောက်ပါပဲ စက်ကို ပိတ်ထားပါတယ် ….  ည ၁၁နာ ရီလောက်ကျမှ ဖုန်းက လိုင်ဝင်ပြီး လူတစ်ယောက်ကိုင်ပါတယ် … တူလေးက ဖုန်းပြန်ပေးဖို့ပြောတော့ သူခိုးတာမဟုတ်ဘူး   ကောက်ရတာပဲ ပြန်ပေးစရာမလိုဘူးပြောပါတယ် .. ကလေးကတော့တော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ် .. အဲဒါနဲ့ ဖုန်းဝယ်တဲ့ဆိုင်ကို ပြန်မေးတော့ ဒီဖုန်းကို ၀ယ်တုန်းက password  ခံပေးထားတယ်ဆိုတော့ သူ password နဲ့ ပြန်ပိတ်ပေးမယ်ပြောပါတယ် .. တကယ်ရော အဲလိုပိတ်လို့ရပါသလား … ရတယ်ဆို ရင် ဖုန်းယူထားတဲ့သူက လုံးဝ သုံးလို့ မရတော့ဘူးလား … အဲလိုဆိုရင် နှစ်ဖက်စလုံး ထိခိုက်နိုင်ပါတယ် … ယူထားတဲ့သူကလည်းပြန်ပေးမှာမဟုတ်တော့ ပိုင်ရှင်အတွက်လည်း အသုံးမ၀င်  ယူထားတဲ့သူလည်း အကျိုးမရှိတဲ့အတွက် ဒီနည်းကို သုံးလို့ အဆင်ပြေနိုင်ပါ့မလားဆို တာ အကြံလေးတောင်းခံပါရစေရှင် …

ခင်မင်လျှက် …

ဂျူးမ …

About may july

may july has written 8 post in this Website..