ကူညီပေးစေချင်

may julyMay 11, 20131min21213

ဖြစ်ပုံကတော့ဒီလိုပါ …

မဂျူးရဲ့ တူတော်မောင် စိန်မျောက်မျောက်ဒွေး ရဲ့  iPhone 5 (32 GB) Black လေးဟာ ဝေဇယန္တာလမ်းမပေါ်က ပုဂ္ဂလိကကျောင်းကို အသွားကားပေါ်ကအဆင်းမှာ ကျပျောက်ခဲ့ပါတယ် … သိသိခြင်းပဲ ချက်ချင်းပြန်ရှာတော့ မတွေ့တော့ပါဘူး … အဲဒါနဲ့ ဖုန်းကို ခေါ်ကြည့်တော့ လိုင်းဝင်နေတဲ့အသံကိုပဲ ကြားရပြီး ဖုန်းမကိုင်ပါဘူး …  နေ့ခင်းလောက်ကျတော့ ဖုန်းက စက်ပိတ်ထားတယ်ပြောပါတယ် … တောက်လျောက်ပါပဲ စက်ကို ပိတ်ထားပါတယ် ….  ည ၁၁နာ ရီလောက်ကျမှ ဖုန်းက လိုင်ဝင်ပြီး လူတစ်ယောက်ကိုင်ပါတယ် … တူလေးက ဖုန်းပြန်ပေးဖို့ပြောတော့ သူခိုးတာမဟုတ်ဘူး   ကောက်ရတာပဲ ပြန်ပေးစရာမလိုဘူးပြောပါတယ် .. ကလေးကတော့တော်တော်လေးစိတ်မကောင်းဖြစ်နေပါတယ် .. အဲဒါနဲ့ ဖုန်းဝယ်တဲ့ဆိုင်ကို ပြန်မေးတော့ ဒီဖုန်းကို ဝယ်တုန်းက password  ခံပေးထားတယ်ဆိုတော့ သူ password နဲ့ ပြန်ပိတ်ပေးမယ်ပြောပါတယ် .. တကယ်ရော အဲလိုပိတ်လို့ရပါသလား … ရတယ်ဆို ရင် ဖုန်းယူထားတဲ့သူက လုံးဝ သုံးလို့ မရတော့ဘူးလား … အဲလိုဆိုရင် နှစ်ဖက်စလုံး ထိခိုက်နိုင်ပါတယ် … ယူထားတဲ့သူကလည်းပြန်ပေးမှာမဟုတ်တော့ ပိုင်ရှင်အတွက်လည်း အသုံးမဝင်  ယူထားတဲ့သူလည်း အကျိုးမရှိတဲ့အတွက် ဒီနည်းကို သုံးလို့ အဆင်ပြေနိုင်ပါ့မလားဆို တာ အကြံလေးတောင်းခံပါရစေရှင် …

ခင်မင်လျှက် …

ဂျူးမ …

13 comments

  • jujuma

    May 11, 2013 at 3:14 pm

    အဲ ခေါင်းစဉ်ကျန်ခဲ့လို့ .. ကူညီပေးပါအုံးရှင် ..
    မဂျူးလုပ်တတ်ဘူးရယ် .. ခေါင်းစဉ်က ” ကူညီပေးစေချင် ” ပါ …

  • Myo Thant

    May 11, 2013 at 3:27 pm

    ဆရာမိုဘိုင်းလ်ရေ

    ဆရာတော့ ကူညီနိူင်မယ်ထင်ပါ့ ၊

    ကျနော့်စိတ်နဲ့ဆိုရင်တော့ ပိတ်လို့ရရင် ပိတ်ပစ်တယ် ၊

    သူများပစ္စည်း ရထားပြီး အဲသလိုမလုပ်သင့်ဘူးလေ ၊

    • jujuma

      May 11, 2013 at 3:42 pm

      လူတစ်ကိုယ်စိတ်တစ်မျိုးပေါ့လေ …
      ပိတ်လိုက်ရင်လဲ သူလဲ အကျိုးမရှိ ကိုယ်လဲ အကျိုးမရှိဆိုတော့ စဉ်းစားနေတာပါ …
      ကွန်မန့်လေးအတွက် ကျေးကျေးပါ ….

  • အဲ့ဒီ iPhone ထဲ ပါတွေ ထည့်ထားသေးလဲဗျ …
    ပျောက်ရင် ပြန်ရှာနိုင်တဲ့ ဟာတွေ ထည့်ထားသေးသလားလို့ မေးကြည့်တာပါ …။
    Find My iPhone, GadgetTrak စသည်ဖြင့်ပေါ့ …
    ဒါတွေ ထည့်ထားရင်တော့ အဆင်ပြေနိုင်လောက်တယ် … ((အထင်))

    ဒါမှ မဟုတ်လည်း ဆက်သွယ်ရေးမှာ သွားပြီး စုံစမ်းကြည့်ရင်ရော အဆင်ပြေနိုင်လောက်မလား မသိဘူး …
    ဖုန်း အဆက်အသွယ် ပြုထားတာကို ခြေရာခံပြီး ဘယ်လို ဘာညာပေါ့ … ((ရမ်းတုတ်ကျိဒါ))
    ဖုန်းလှမ်းပိတ်တယ် ဆိုတဲ့ ကိစ္စကတော့ ဖြစ်နိုင်ပါတယ် …
    နောက်ပိုင်း ဖုန်းတွေမှာ သူခိုးဖမ်းတဲ့ ကင်မရာတွေပါ ပါလာသေး … ((ကျားဖူးဒါ))

    နောက်ဆုံး မရရင်တော့ လှမ်းပိတ်ထားလိုက်တော့ .. နားအေးရော …
    စိတ်ဓါတ် အောက်တန်းကျတဲ့ လူစားမျိုးအပေါ် စေတနာ မထားသင့်ဘူး ….
    စေတနာသည် လူတိုင်းနဲ့ မထိုက်တန်တဲ့ …
    ပျောက်တာ ကိုယ့်အပြစ် ဖြစ်ပေမယ့် ….
    ပိုင်ရှင်ကို တွေ့ပါရက်နဲ့ ပြန်မပေးတတ်တဲ့ ညစ်ပတ်တဲ့ လူမျိုးအပေါ် စေတနာ မထားသင့်ဘူး ဆိုတာလေး ……

  • ရွှေ ကြည်

    May 11, 2013 at 4:59 pm

    ဖြစ်ရလေ ဂျူးဂျူးရယ် ကလေးကတော့ နှမြောမှာပေါ့လေ မရွှေကြည်တော့ ဘာဆိုဘာမှမသိလို့ 😆

  • ရာမည

    May 11, 2013 at 6:41 pm

    ပိုက်ဆံပေးမယ်ပြောပြီး ချိန်းလိုက်
    တောင်းသလောက်ပေးမယ်ပြောပြီးညှိ
    ပြီးရင် ရဲစခန်းမှာ အကျိုးအကြောင်းပြောပြ
    ဖမ်းပြီး အမှုဖွင့်ဖို ့လုပ်
    ရဲ ကိုလည်း ညှိ
    အားလုံးစားရိတ်ပေါင်းရင် ….?????

  • ဦးကြောင်ကြီး

    May 11, 2013 at 7:33 pm

    ဂျူးမောင်တော်
    ဒူးထောင်ဆော်
    ဦးကြောင်အော်
    ဘူးမောင်ခေါ်
    ဖူးယောင်ညှော်
    ဆူးတောင်ပေါ်
    ရူးရှောင်နော်
    ပူးချောင်လျော်..

  • မောင် ပေ

    May 11, 2013 at 8:12 pm

    ဖုန်းမပျောက်သေးသူများ
    ပျောက်ခဲ့လျှင်
    နဲနဲပါးပါး လှုပ်ရှားလို ့ရအောင်
    ယခုကတဲက
    Moblie Care ဆိုသည့် ဆော့ဝဲလေး ကို 1 mobile market ကနေ ဒေါင်းယူထားဗျို ့
    ကဏ္ဍအစုံနဲ ့တော်တော်လေး အသုံးဝင်တဲ့ ဟာလေးပါ

  • jujuma

    May 14, 2013 at 12:21 pm

    ကွန်မန့်ပေးကြပါသော…
    တိုတိုအံ ၊ အစ်မ ရွှေကြည် ၊ ဦးရာမည၊ ဦးဦးပေ နှင့် ကိုလုလင်ပျို တို့အားကျေးဇူူးပါနော် …

    ဆိုးရွားလွန်းတဲ့ ကိုနက်ရှင်ကြီးကြောင့် စာပြန်နောက်ကြရတဲ့အတွက် ..
    တောင်းပန်ပါတယ်နော် …

    ခုတော့ ဖုန်းကို လိုင်းပိတ်ထားပြီး ပြန်လျောက်လိုက်ပါပီ…
    ဟန်းဆက်ကတော့ မပိတ်တော့ပါဘူး..ဘာလို့လဲဆို်တော့ သူလဲအကျိုးမရှိ ကိုယ်လဲ အကျိုးမရှိတဲ့ အတွက် လူတစ်ဦးကောင်းစားဖို့ကို ရှေးရှု လိုက်ပါပီ…

    • နေဝန်းနီ

      May 14, 2013 at 1:47 pm

      ဟန်းဆက်ကိုပိတ်လို့ရရင် ပိတ်ပစ်လိုက်ရမှာပေါ့ …..။ ဒါမှ ဘာမှအလကားမရဘူးဆိုတာ သူတို့သိသွားမှာ … သူမှ ထိုက်ထိုက်တန်တန် ပေးပြီးသုံးတာမှမဟုတ်တာ ……။ ဘာလို့ထည့်တွက်နေရမလဲ

      • jujuma

        May 14, 2013 at 3:00 pm

        ကွန်မန့်လေးကို နှစ်သက်မိလို့ပါ ..
        စိတ်ထဲမှာလည်း အဲဒီ့အတိုင်းကို စဉ်းစားထားတာ ..
        ဒါပေမယ့် ပစ္စည်းက သူခိုးထားတာလည်းမဟုတ်တော့ သူနဲ့ ထိုက်တန်လို့ ရသွားတာ ဖြစ်တဲ့ အတွက် အလှူတစ်ခု လုပ်တယ်လို့ပဲ သဘောထားပေးလိုက်တာပါ …

        • ခင်ခ

          May 14, 2013 at 3:30 pm

          သူခိုးတာမဟုတ်ပေမယ့် ပြန်တောင်းတော့ကော ပြန်မပေးဘူးလေ အဲဒါရော ထဲ့တွက်ရင် ဖုန်းကဒ်ကိုတော့ ပိတ်သင့်ပါတယ်။ အလှုလို့သဘောထားတယ်မို့လည်း စိတ်ပြတ်တဲ့သဘောပေါ့နော်။ အဲဒါလည်းကောင်း တာပါဘဲလေ စိတ်သက်သာရာပေါ့။

Leave a Reply