ထိန်းသိမ်းရမဲ့ အရာ

naywoon niMay 11, 20131min1347

ယဉ်ကျေးမှု ဆိုတာက
မထိန်းထားနိုင်ရင်
သိမ်းထားလိုက်ရမဲ့အရာ
အခုတော့ကွာ
မင်းတို့ဟာက
ထိန်းတာလည်းမရှိ
သိမ်းတာလည်းမရှိ
ဗရမ်းဗတာအသိနဲ့
လူကြည့်လို့မကောင်းအောင်ဖျက်ဆီးနေတာ
အရမ်းကာရောလွန်လာပြီနော်
ဟိုနေရာ ဒီနေရာ အရူးချိီးပန်း လျှောက်လုပ်နေတာက
အိမ်ဦးခန်းတောင် မကျန်တော့ဘူး…..။
ကိုယ့်လက်ထဲမှာ ကောင်းသထက်ကောင်းအောင်
ထိန်းမထားနိုင်ရင်တော့ ပြတိုက်ထဲမှာပဲ
သိမ်းထားလိုက်တာကောင်းမယ်ထင်တယ်……။

နေဝန်းနီ
• ထမင်းတစ်လုပ်စားဖို့ ယဉ်ကျေးမှု ဖျက်ဆီးနေသူများသို့
• 1970 လောက်က ယဉ်ကျေးမှုဆိုတာနဲ့ အခုယဉ်ကျေးမှုဆိုတာ တော်တော်လေး ပြောင်းလဲပျက်စီးသွားတာ နှမြောစရာကောင်းလွန်းလို့ ဒီကဗျာလေးရေးဖြစ်တာပါ…………။

7 comments

  • လုလင်ပျို

    May 11, 2013 at 9:41 pm

    • ထမင်းတစ်လုပ်စားဖို့ ယဉ်ကျေးမှု ဖျက်ဆီးနေသူများသို့

    ——————–
    အီ ကဗျာလေးနဲ့ ထပ်တူထပ်မျှ ခံစားပြီး…ထောက်ခံပါတယ်ဗျို ့…

  • GaviaGirl

    May 12, 2013 at 4:40 pm

    ပြောကြတာပဲ…. ခေတ်မီတာပါတဲ့… စိတ်ဓာတ်တွေ အောက်တန်းကျနေပြီးတော့ ခေတ်မီတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ယဉ်ကျေးမှုကို ဖျက်ဆီးနေကြတယ်….

  • ရွှေ ကြည်

    May 12, 2013 at 5:32 pm

    ခေတ်မှီတာနဲ့ ခေတ်ဆန်တာ မကွဲပြားကြတာတွေပေါ့ တခြားပညာရပ်တွေ ကြိုးစားအားထုတ်မှုတွေလေ့လာမှုတွေ ခတ်နဲ့အမှီရင်ဘောင်တန်းနိုင်မတန်းနိုင်တော့မသိ တချို့ပညာတွေတော့ သူများနိုင်ငံတွေနဲ့ရင်ဘောင်တန်းရုံတင်မကပဲ ကျော်ထွက်ကုန်တော့မယ် :harr:

  • ဦးကြောင်ကြီး

    May 13, 2013 at 10:06 am

    ထိန်းသိမ်းရမဲ့
    ဘိန်းစိမ်းချကွဲ့
    ကိန်းဟိန်းဇနဲ့
    ဖိန်းရှိန်းသခဲ့…

  • ဥဥနေ ရာ …
    ကိုယ့်လူမျိုးက ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရင်တော့ ဘာပြောကောင်းမလဲဗျာ …
    ခုဟာက ကိုယ့်နိုင်ငံ လာလည်တဲ့ သူများ လူမျိုးတွေက ကိုယ့်ယဉ်ကျေးမှု အတိုင်း ((စမ်းသပ်)) နေထိုင်ကြည့်ကြတာတောင် ကိုယ့်လူမျိုးတွေက ရိုးတယ် ဆိုပြီး လုပ်ချင်ကြသေးတယ် …
    သနပ်ခါးကို ဘယ်ညာလူး ဆံထုံးလေးပါ ထုံးထားရင်
    မိန်းကလေးတွေ အဖို့ ဘယ်လောက်များ ကျက်သရေရှိ ကြည့်ကောင်းလိမ့်မလဲနော် .. 🙄
    ((အထင်))

  • မောင် ပေ

    May 13, 2013 at 12:04 pm

    သိပ်မကြာခင်
    အင်တာနေရှင်နယ် စကူးတွေက ထွက်လာမယ့်
    မြန်မာ/ဗမာ ယဉ်ကျေးမှု လုံးဝ ခေါင်ပါး / နဲပါး တဲ့ မျိုးဆက်သစ် တွေ နဲ ့
    ဆက်ဆံရဦးမယ်

  • kyeemite

    May 13, 2013 at 4:12 pm

    ယဉ်ကျေးမှုဆိုတာ
    အစဉ်တွေးရှုမျှော်စရာ
    ရင်မအေး ဘုနော်ဗျာ
    ပြင်မနှေး ခုကိုပါ။

Leave a Reply