ဂဏန်းနီကျွန်း

HtooJuly 30, 20102min777

ဂဏန်းနီကျွန်း

Christmas ကျွန်းပေါ်မှာ တည်ရှိပါတယ် ။

Christmas ကျွန်းရဲ့ မိုးသစ်တောထဲမှာပေါ့ ။

အနီရောင် ဂဏန်းတွေ….။

အနီရောင် ဂဏန်းတွေဟာ သစ်တောတွေဆီကနေ ပင်လယ်ဘက်ဆီကို ချီတက်လာကြပါတယ် ။ ပင်လယ်ထဲရောက်မှသာ သူတို့ဟာ မျိုးပွား ကြတာ ဖြစ်ပါတယ် ။

ဒီဂဏန်းနီတွေ ရွေ့ပြောင်းနေစဉ်မှာ လူတွေက ယဉ်တွေကို ဝင်ခွင့်မပေးပါဘူး ။

ဘာကြောင့်လည်းဆိုတော့ သူတို့ချီတက်တာဟာ သန်းနဲ့ချီပြီး ရှိကြလို့ပါပဲ ။ အုပ်စုတစ်ခါ ချီတက်စဉ်မှာ ဂဏန်းပေါင်း
၁၂ဝ မီလီယံလောက်ရှိပါတယ် ။

နှစ်စဉ် နှစ်တိုင်းမှာ သူတို့ဟာ လမ်းကြောင်းတစ်ကြောင်းကနေပဲ ချီတက်လေ့ရှိပါတယ် ။

ကျွန်းသူကျွန်းသားတွေဟာ သူတို့ရဲ့ ကျွန်းပေါ်မှာနေတဲ့ သက်တမ်းတလျှောက်မှာ ဂဏန်းနီတွေချီတက်တာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ် ။

အချိန်အများ စုမှာတော့ သူတို့ဟာ ဒီဂဏန်းနီတွေနဲ့ ရောထွေးနေရလေ့ရှိပါတယ် ။

ဒီဂဏန်းနီတွေဟာ လမ်းသန့်ရှင်းသမားတွေလည်း ဖြစ်ကြပါတယ် ။

သူတို့ ချီတက်တာ ၂ ပါတ်လောက်ကြာပြီးတဲ့အခါမှာ ပထမ ဂဏန်းနီတစ်သုတ်ဟာ ပင်လယ်ပြင်
်ကိုရောက်ရှိနေပြီ ဖြစ်ပါတယ် ။

ခရီးသည်အချို့ဟာ သူတို့ရဲ့ ခန္တာကိုယ်ကို သန့်စင်ဖို့နဲ့ ဆားဓါတ်တွေကို ဖယ်ရှားဖို့အတွက်
ပင်လယ်ထဲမှာ လာစိမ်လေ့ရှိပါတယ် ။

Christmas ကျွန်းလေးကို အပေါ်စီးကနေ မြင်ရပုံပါ ။

ဒီဂဏန်းတွေဟာ မထင်မှတ်တဲ့နေရာတွေကိုလည်း ရောက်ရှိလာပါသေးတယ် ။

ဂဏန်းနီအမတွေဟာ သူမမျိုးဆက်အတွက် ဥ ( သို့မဟုတ် ) ကျုံ့နိုင်ဆန့်နိုင်တဲ့ အိတ်လေးကို
ဥချပါတယ် ။

ဒီဥလေးဟာ ရေနဲ့ထိပြီးတာနဲ့ တပြိုင်နက် ပေါက်ဖွားလာပါတယ် ။

ဒီလိုကျွန်းမှာသာနေရလို့ကတော့ ဂဏန်းညှပ်တာနဲ့တင်သေလောက်တယ်ဗျို့။

မှတ်ချက်။   ။forward mailမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

7 comments

  • etone

    July 30, 2010 at 10:25 am

    အသည်းယားတယ် မြင်ရယုံနဲ့ တင် ။

  • intro

    July 30, 2010 at 11:05 am

    ဟုတ်ပ ထူးဆန်းတယ်နော်…. ရောက်ဖူးတယ် ရှိအောင် သွားလယ်ချင်တယ်… အိန္ဒိယ အမုဒ္ဒရာထဲမှာလား?

  • winne

    July 30, 2010 at 11:10 am

    ဒီလိုမျိုးလေး တင်ပေးလို့ မမြင်ဘူးတာတွေတော့ မြင်ရပါပြီ။ ကျေးဇူးပါ။ ဂဏန်းတွေကတော့ ဟိုပြောင်းဒီပြောင်းနဲ့ ဂဏန်းညှပ်လို့ နာသွားတဲ့ လူတွေ ရှိမရှိဆိုတာတော့ မပါဘူးနော် အားလုံးက အကျင့်များရနေလို့လားမသိဘူး။ ဘာမှ မဖြစ်ကြဘူးနဲ့ တူပါရဲ့

  • kopauk mandalay

    July 30, 2010 at 12:18 pm

    ဒီလိုဂဏန်းနီတော့မမြင်ဘူးဘူး၊
    တစ်ခါက ဖောင်ကြီးဘက်ကဝါးရုံပင်အောက်မှာ
    တီကောင်(လက်သန်းလုံးလောက်)တွေစုနေတာ
    ဘော့လုံးအကြီးတစ်လုံးစာလောက်မြင်လိုက်ရတာ
    တစ်နှစ်လောက် မုန့်တီ နန်းကြီးဆိုမစားရဲတော့ဘူး။
    ပိုက်ပိုက်အကုန်သက်သာသွားတယ်။

  • lilflame

    July 30, 2010 at 1:21 pm

    christmas ကျွန်းက ဩစတြေးလျ ပိုင်နက်ထဲမှာပါ တော်တော်တော့ဝေးပါတယ် ကိုကိုးကျွန်းလိုပေါ့

  • laaminnthar

    July 30, 2010 at 1:29 pm

    မမြင်ဖူးတာတွေ မြင်ရလို့ကျေးဇူးတင်ပါတယ်
    ဂဏန်းညှပ်ရင်တော့ ဟိဟိ

  • winne

    July 31, 2010 at 1:05 pm

    တီကောင် အလုံးကြီးက ဘာလုပ်တာလဲဟင် ကိုပေါက်.. သူတို့လည်း အိမ်ပြောင်းတာလား

Leave a Reply