ဘယ်လိုလုပ်ရမလဲ

panpanMay 13, 20131min46850

ကျမအလုပ်လုပ်တဲ့ရုံးမှာ ဝန်ထမ်းအငယ်လေးတွေ တော်တော်များများက ရိုင်းကြပါတယ်။ နှုတ်ရေးအပြောရိုင်းတာပါ။
အကုန်လုံးကတော့မဟုတ်ပေမယ့် ၃၊ ၄၊ ၅ယောက်လောက်ရှိပါတယ်။ ဒီ၂၀၁၃မှ အသစ်ဝင်လာတဲ့ဝန်ထမ်းလေးတွေထဲမှာလည်း စုန်းပြူး၁ယောက်စ ၂ယောက်စပါပေမယ်လို့ အရင်တစ်သုတ် ကျမတို့နဲ့အတူဝင်တဲ့ဝန်ထမ်းတွေထဲက စုန်ပြူးလေးတွေလောက်တော့ မပြူးကြပါဘူး 😀 ။ တခါတလေ ကျမအရမ်းစိတ်ညစ်မိပါတယ်။ ဒီအငယ်လေးတွေ အပြောအဆိုဘာလို့မသိမ်မွေ့ကြတာလဲ။ သူတို့တွေ ကလေးမဟုတ်တော့ဘူး။ လုပ်ငန်းခွင်ဝင်နေကြပြီ။ ဒါဟာရုံး၊ အလုပ်ဌာနဖြစ်တယ်။ ရုံးကလူတွေဟာ အိမ်ကမိသားစုတွေမဟုတ်ဘူး။ အထက်ကလူရှိမယ်၊ လက်အောက်ကလူ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူတို့တွေကို အချင်းချင်းလေးစားမှုတော့ရှိရလိမ့်မယ်။ အိမ်မှာ မောင်နှမချင်းရန်ဖြစ်သလို ရုံးမှဖြစ်လို့မရဘူး။ အိမ်မှာ မိဘတောင်သည်းမခံဘူး၊ ဒါ့ကြောင့်ရုံးမှာလည်း ပြန်ပြောစရာရှိပြောမှာပဲဆိုတာလေးတွေ ရှိတယ်။ သိထားရမှာက ရုံးကလူတွေက သူစိမ်းတွေ၊ ကိုယ့်မိဘမဟုတ်ဘူးလေ။ ကျမတွေးကြည့်မိပါတယ်။ သူတို့မိဘတွေကိုတောင် မခံဘဲပြန်ပြောတယ်ပြုတယ် (ကျမလည်း ပြောမိပါတယ်) အဲ့ဒါကြောင့် ရုံးမှာလည်း သူများကိုပြောမယ်ဆိုမယ်ဆိုတာကတော့ သူတို့မိဘများက သေချာများမသင်ကြားလေးရော့သလားရယ်လို့။ :chee: အငယ်လေးတွေမှာ အလုပ်အတွေ့အကြုံမရှိကြပါဘူး။ အဲ့ဒါကြောင့် သူတို့ရုံးမှာ အပြောအဆိုနားမလည်တာလားလို့ တွေးမိပါတယ်။ ဒါဆိုရင် ခု၂၀၁၃မှအသစ်ထပ်ဝင်လာတဲ့ဝန်ထမ်းလေးတွေလည်း လုပ်ငန်းအတွေ့အကြုံမရှိပေမယ့်လို့ တော်တော်လေးပြောတတ်ဆိုတတ်တဲ့လူတွေကို တွေ့ရပါတယ်။ အရင်အဟောင်းလေးတွေလည်း အလုပ်လုပ်လာတာ ၁နှစ်ကျော်လာပါပြီ။ ၁နှစ်ဆိုတော့ တချို့ဟာတွေသိသင့်ပါပြီ။ ကျမမှာ အဲ့လိုမျိုးနဲ့စိတ်ညစ်တော့ သူများကိုရင်ဖွင့်မိပါတယ်။ ရတဲ့အကြံဉာဏ်ကတော့ ကိုယ်ကလီဒါပဲ၊ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ပြန်ပြီးလုပ်စရာရှိတာလုပ်ပေါ့တဲ့။ 😆 :mrgreen: ဒါနဲ့ ကျမတို့ရုံးမှာက ၆လတစ်ခါ ဝန်ထမ်းအရည်အချင်းကို အကဲဖြတ်ပါတယ်။ ဝန်ထမ်းရဲ့ တိုးတက်မှု၊ ကြိုးစားမှု၊ ပေါင်းသင်းဆက်ဆံရေး အစုံပါပဲ။ အဲ့ဒီအခါမှ မန်နေဂျာက လီဒါတွေကိုမေးရပါတယ်။ လီဒါတွေက ကိုယ့်လက်အောက်က မန်ဘာတွေရဲ့အခြေအနေကို အားလုံးအရှိအတိုင်းပြောရပါတယ်။ အဲ့ဒီမှာ ချစ်လို့၊ မုန်းလို့ဆိုတာတွေမရပါဘူး။ လီဒါတွေခေါင်းချင်းဆိုင်သင့်ဆိုင်ပြီးစဉ်းစားရတဲ့အခါ အငယ်လေးတွေရဲ့ရလာဒ်ကို တော်ရုံမထိခိုက်စေချင်လို့ လျှော့လို့ရရင်တော့ လျှော့ကြပါတယ်။ ဒီရလာဒ်ဟာ နောက်၆လအတွက် သူတို့လစာကို အဆုံးအဖြတ်ပေးမှာပါ။ အရင့်အရင်က လုပ်ငန်းခွင်မှာ မပြေပြစ်တဲ့လူတွေကို အဲ့ကျရင်တော့ လျှော့ပေါ့မနေဘဲ အရှိအတိုင်းလုပ်လိုက်မယ်ဟဲ့လို့ တေးထားပေမယ့် တကယ်တမ်းကျ မလုပ်ရက်ပါဘူး။ ကျမလည်း ဝန်းထမ်းတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ချင်းစာပါတယ်။ ဒီတော့ ဒီပြဿနာကို ဘယ်လိုလုပ်ရမလဲဆိုတာ တွေးရတော့မှာပါ။ တခုခုခိုင်းရင် မပြေမလည်ဖြစ်ချင်တာလေးတွေလည်း တခါတလေတွေ့နေရပါတယ်။ အဓိကကတော့ သူတို့အပြောအဆိုလေးတွေ သိမ်မွေ့စေချင်တာပါပဲ။ ကျမဘာလုပ်ရမလဲလို့အဖြေမထွက်ခဲ့ပါဘူး။ 🙄 သူတို့ရိုင်းလို့ ကိုယ်ကပြန်ရိုင်းလိုက်မယ်ဆိုပြီး ပြန်ရိုင်းလိုက်တာ စစ်မှန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ သူတို့လည်း မယဉ်ကျေးသွားသလို ကိုယ်လည်းရိုင်းသွားတာသာအဖတ်တင်ပါတယ်။ Win-Lose တောင်မဟုတ်တော့ဘဲ Lose-Loseဖြစ်သွားမှာပါ။ ဒီမှာပဲ ကျမတစ်ခုသွားတွေ့တယ်။ လှည်းတန်းက ရွှေမျက်ဝန်းဆိုတဲ့အလှပြင်ဆိုင်။ ဝန်ထမ်းတွေယဉ်ကျေးလိုက်တာ။ သူတို့ချင်းပြောတာဆိုတာလည်း သိမ်မွေ့လိုက်တာ။ ကျမ ဝန်ထမ်းတွေရော ဆိုင်ရှင်ကိုပါလေးစားသွားတယ်။ သူတို့ဒီလိုယဉ်ယဉ်ကျေးကျေးပြောနေတာ စိတ်ထဲပါချင်မှပါမှာပေါ့လို့ပြောစရာရှိပါတယ်။ ပါတာမပါတာတစ်ပိုင်းပေ့ါ။ ဘေးကလူလည်း စိတ်ချမ်းသာသလို သူတို့လည်း ဒေါသမနည်းပေဘူးလား။ တစ်ယောက်ကဒေါသထွက်နေတာကို နောက်တစ်ယောက်က မချေမငံပြောရင် ပိုလို့ဒေါသထွက်ပြီပေ့ါ။ ကောင်းကောင်းမွန်မွန်ပြောရင် ထွက်ရမယ့်ဒေါသ ဘယ်လိုထွက်မလဲလေ။ ဒီနည်းလမ်းကျမသုံးကြည့်မယ်လို့စဉ်းစားမိတယ်။ ဖြစ်ပါ့မလား။ သည်းခံနိုင်ပ့ါမလား။ ကျမစကားပြောရင် မဆဲတတ်၊ သောက် ထည့်ပြီးမပြောတတ်ပေမယ့်လို့ ယဉ်ယဉ်ကျေးကျေးလည်း မပြောတတ်ပါ။ အဖြေကတော့ အငယ်လေးတွေရဲ့အပြောအဆိုကို ကိုယ့်အနေနဲ့ သိမ်မွေ့အောင်မလုပ်နိုင်ရင် ကိုယ့်ဖက်က ပိုယဉ်ကျေးဖို့ပဲရှိတော့တယ်လို့ ကျမထင်ပါတယ်။ ကျမရဲ့ အထင်သက်သက်ပါ။ 😀 😀 😀 :harr:

50 comments

  • ဟက်မငေးး တလဲ တလဲ .. :mrgreen:
    ဘိုလုပ်ရမဲ ဆိုဒါဒေါ့ သိဒတ်ဝူးးး
    ဒါမယ့် .. ကိုယ့်အတွက်ပဲ အကျံပေးရရင်ဒေါ့
    ဝိတ်မ၊ ဒိုက်ထိုး အက်ပီတန် ဝိတ်ဂိမ်း ညားညား စားပေး …
    ဒါဆို ရိုင်းရဲဒေါ့ဘဲ … ကျောက်လာလိမ့်မယ် … :mrgreen:

    • panpan

      May 14, 2013 at 9:09 am

      အဟိ..
      အူးအံချာနဲ့ညီမတော်တယ်ဆိုဒေါ့ကာ အနော်လည်း အူးအံချာလိုပဲပေ့ါ
      ဝိတ်ဂိမ်းလည်း မကယ်နိုင်ဘူး…. 🙁

  • မောင် ပေ

    May 13, 2013 at 11:45 am

    အိတ်ချ်အာ နဲ ့ တိုင်ပင်ပြီး
    စကားပြောရိုင်းရင်
    အချိုးမပြေရင်
    ဒဏ်ငွေ ရိုက်ပစ်အေ

    • panpan

      May 13, 2013 at 4:51 pm

      ရုံးမှာ အိတ်အာလည်းမချိ၊ စာရင်းကိုင်လည်းမချိ၊ ရုံးပိုင်းဝန်းထမ်းလည်းမချိ၊ အက်ဒမင်လည်းမချိ
      အို…. အပျော့ထည်ရေးဒဲ့လူတွေပဲချိဒယ်
      စိတ်နာတယ် အင့်အင့် :byae:

  • TNA

    May 13, 2013 at 12:33 pm

    အခုခေတ်ကလေးတွေရိုင်းလာကြတာတော့အမှန်ပါပဲ။ အသိတယောက်ရုံးမှာဆို အဲဒီကလေး ဗော်လန်တီ ယာပါ။ ဝန်ထမ်းတောင်မဖြစ်သေးပါဘူး။ သူက အခုမှရှိလှ နှစ်ဆယ်တောင်မပြည့်တတ်သေးပါဘူး။ သူက Department Head ဖြစ်တဲ့ Director ကို ခံပြောပါတယ်။ ကျန်တဲ့အောက်ကလူတွေက ခေါ်ဆုံးမတော့ ကျွန်တော်က ကျွန်တော့ကိုရင့်တယ်ထင်လို့လို့ပြောပါတယ်။ အဲလိုကိုရိုင်းပါတယ်။ အသက်ဆိုရင်လဲ သားအဖ လောက်တောင်မကကွာပါတယ်။ အဲဒါကိုရင့်တယ်ထင်လို့ မခံဘူးဆိုပြီး ပြန်ကိုရင့်ရင့်သီးသီးပြော တာ။ အောက်ဆုံးနဲ့အထက်ဆုံးဂါရဝတရားရှိရမယ်ဆိုတာ သူ့မိဘတွေမဆုံးမဘူးလားမသိပါဘူး။

    • panpan

      May 14, 2013 at 9:07 am

      ကိုယ့်ကိုလာကြောလို့မရဘူး
      ကြောတယ်ထင်ရင် မန်နေဂျာမက မန်နေဂျာဘိုးအေဖြစ်ဖြစ် ပြန်တုတ်ရင်တုတ်ရမှာပဲဆိုတာ အနော်တို့ရုံးမှာရှိတယ်
      အလုပ်မှာ လိုအပ်လို့ပြောမယ်ဆိုရင်တောင် ပေါ်တင်ပြောပါဆိုတဲ့လူနဲ့ ၂ယောက်ချင်းအေးဆေးခေါ်ပြောပေ့ါ ဆိုတဲ့လူနဲ့
      ပေါ်တင်ပြောရင်ပြောလို့ မကြိုက်ချင်၊ ပြန်အော်တဲ့လူနဲ့
      ခေါ်ပြောရင်လည်း သီးခြားကြီးသူ့မှခေါ်ပြောရကောင်းလားဆိုပြီး…
      အားလုံးကို ခြုံပြောရင်လည်း အဲ့ဒါ ငါ့ကိုစောင်းပြောနေတာဆိုပြီး… :byae:

  • P chogyi

    May 13, 2013 at 2:38 pm

    လှည်းတန်းက ရွှေမျက်ဝန်းဆိုတဲ့အလှပြင်ဆိုင်ကို ခေါ်သွားလိုက်လေ
    အနည်းဆုံးပိုက်ပိုက်တော့ ကုန်သွားမှာပေါ့။

    • panpan

      May 14, 2013 at 8:57 am

      ကုန်မယ့်ပိုက်ပိုက် အူးပီးချိုဂျီးပေးမား 😆

  • MaMa

    May 13, 2013 at 4:41 pm

    ပန်ပန်ပြောတဲ့ နည်းစနစ်လေးက Win-Win မဖြစ်ရင်တောင်…
    Lose-Lose အခြေအနေကနေ…….
    Win-Lose အခြေအနေလောက်တော့ ဖြစ်သွားမှာမို့ အကျိုးယုတ်စရာ မရှိပါဘူး။ :hee:

    လီဒါတစ်ယောက်အနေနဲ့ ကိုယ့်အောက်က လူတွေကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝှိုက်တဲ့နည်းနဲ့ အခြားသူတစ်ယောက် (သူမသိတဲ့နယ်ပယ်က၊ ဥပမာ- ကိုယ့်တူ တူမ၊ သူငယ်ချင်း၊ ရပ်ကွက်ထဲကလူ) ကို ဥပမာပေးပြီး ဘယ်လို ပြောမယ့်အစား ဘယ်လိုပြောလိုက်ရင် နားထောင်ကောင်းပြီး အကျိုးရှိမယ်လို့ ပြောကြည့်ပါလား။

    ကိုယ်တိုင်တော့ ပထမဦးဆုံးနည်းဗျူဟာအနေနဲ့ သွယ်ဝှိုက်ပြီး ပြောကြည့်တယ်။
    မရရင် ဒုတိယအနေနဲ့ မင်းဒီလိုပြောတာ တစ်ဖက်လူ မခံနိုင်ဘူး၊ ရိုင်းရာကျတယ်လို့ တိုက်ရိုက်ပြောတယ်။
    တတိယကတော့ အဲလိုနောက်မပြောနဲ့ဆိုပြီး ခပ်ထန်ထန်ပြောတယ်။
    နောက်ဆုံး သည်းမခံနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ လက်လွှတ်လိုက်တယ်။

    • panpan

      May 14, 2013 at 9:02 am

      အန်တီမမတို့ကတော့ အတွေ့အကြုံရင့်ကျက်တဲ့လူတွေဆိုတော့ ဘယ်လမ်းကိုဘယ်လိုသွားရမလဲသိမှာပဲ…
      အနော်တော့ လုပ်ခဲ့သမျှပြန်ကြည့်ရင် တလွဲချည်းပဲ :byae:

  • kai

    May 13, 2013 at 4:47 pm

    ထိုက်သင့်တဲ့..အပြန်အလှန်လေးစားမှုဆိုတာကို.. နားမလည်ဖြစ်နေကြတယ်လို့ထင်မိတယ်…
    တခြားဝေးဝေးမကြည့်နဲ့..
    ဒီရွာထဲပဲကြည့်… :kwi:

    • MaMa

      May 13, 2013 at 5:09 pm

      တခြားဝေးဝေးမကြည့်နဲ့..
      ဒီရွာထဲပဲကြည့်… :kwi:

      အင်းးးးးးးးး
      ဘယ်သူ့ကို စောင်းပြောသလဲ မဆိုနိုင်။
      ကိုယ့်ကိုယ်ကိုလည်း နောက်ကျောမလုံ :kwi:

      • TNA

        May 13, 2013 at 5:32 pm

        တဂျီးအများကြီးကိုမကျေနပ်နေပုံပဲ။ အင်း ကိုယ်တွေများကောပဲလား။ မှားဒါချိရင်တောင်းဗန်ဘာဒယ်………………………………..

      • kai

        May 14, 2013 at 3:35 pm

        အီဂျစ်-ကိုင်ရိုမြို့လည်မှာ.. မိုဟာမက်လို့အော်လိုက်ရင်.. အားလုံးလှည့်ကြည့်သတဲ့..
        (ဟုတ်မဟုတ်တော့ မသိ) အဲဒီမြိုသားအားလုံးလိုလို.. အဲဒီနာမယ်ပါအောင်ပေးထားတာတဲ့လေ…

        ဆိုတော့…
        အခုလည်း.. အားလုံးများလှည့်ကြည့်ကြသလား.. လို့.. :harr:

        • panpan

          May 14, 2013 at 4:22 pm

          အမငီးးး
          အနော်ပါဝူးလို့ပြောတာတောင် အနော်ပါလို့ အိုးမလုံအုံပွင့်သလိုဖြစ်နေပါပေ့ါလား :byae:

    • panpan

      May 14, 2013 at 8:53 am

      အနော်ပါဝူးးနော် သဂျီး 🙄

    • Good™

      May 14, 2013 at 10:53 am

      ဟုတ်ပ သဂျီးရယ် သဂျီး ကို ရွာထဲ က လူတွေ မလေးမစား နောက်ကြတယ်။

      • jujuma

        May 14, 2013 at 12:26 pm

        ဒါကတော့ကွယ် ..ရွာကြီးရင် ဟိုလိုလဲပါမယ် ဒီလိုလဲပါမယ်ဆိုသလိုပေါ့ ..
        တပြေးညီ တစိတ်တည်း ကောင်းတာချည်ဖြစ်နေရင် ပျင်းချာကြီးးးးးးး :kwi:

  • မင်းမင်း

    May 13, 2013 at 4:53 pm

    ဒါကထိပ်ဆုံးကအုပ်ချုပ်သူကအဓိကကျတယ်ထင်ပါတယ်။စည်းကမ်းထိန်းချုပ်မူ့ကိုအဆင့်ဆင့်မျှဝေမပေးဘူးထင်ပါတယ်။ဒါကြောင့် သူမှလွဲ၍မည်သူ့ကိုမှမလေးစား မကြောက်ခြင်းဖြစ်နိုင်ပါတယ်။ဖြုတ်ပိုင်ခွင့်ကသူ့ဆီမှာရှိနေတာကိုး။

    • panpan

      May 14, 2013 at 9:00 am

      အဟဲ… ပြောရမယ်ဆို သထေးကပဲ အဓိကခင်ဗျ :mrgreen:

  • S@i S@i Fin K@i

    May 14, 2013 at 6:59 am

    all we need is just “Internal Champions”

  • panpan

    May 14, 2013 at 9:20 am

    ဂူးဂဲလ်မှာရိုက်ထည့်ကြည့်တော့ ထိပ်ဆုံးမှာ ဒါကြီးထွက်လာတယ်
    Sales – the importance of internal champions | CustomerThink
    http://www.customerthink.com/…/sales_the_importance_of_internal_champion…‎
    Sep 28, 2012 – Steve goes on to provide a particularly effective definition of an internal champion (Guide in his labeling). Internal champions “are confidants …

    :baye: :byae:
    ဘာတွေမှန်းလဲတိဝူးး
    သများဉာဏ်နဲ့လိုက်နိုင်တာလေးပြောဘာ ယောက္ခမဂျီးရယ်… 🙁
    ဝီကီမှာလည်းတွေ့ဝူးး
    ရှာသာရှာတာ အင်းဂလိပ်ကအရမ်းတော်တော့ အင်းဂလိပ်စာမြင်ရင်ကြောက်လို့ မဖတ်လော့ဘူးးးးး :harr:

        • panpan

          May 14, 2013 at 4:32 pm

          ကျေးကျေးပါယောက္ခမဂျီးရယ် :mrgreen:
          အနော်ဂုပဲ ဒေါင်းလုပ်ချလိုက်ပါပီ

  • ဦး ကျောက်ခဲ

    May 14, 2013 at 9:27 am

    ပြောရရင်တော့ မိပန်ရေ…
    ဦးကျောက်တို့နိုင်ငံမှာ လူငယ်တွေက “ရဲရင့်ခြင်းနဲ့ ရိုင်းစိုင်းခြင်း”ကို သဘောပေါက်လွဲနေသလားလို့…
    ရွှေပြည်ကြီးမှာ လမ်းသွားရင်း လူငယ်တွေပြောနေတာ ကြားရတာများ ကြက်သီးထမိပါရဲ့…
    ဒီလိုလုပ်ပါ… ရုံးထဲမှာ ရိုင်းစိုင်းတဲ့စကားလုံးမသုံးရလို့ စာထုတ်လိုက်လေ…
    ဦးကျောက်အလုပ်မှာတော့ အဲဒါကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်…
    မတားလို့မရ… သိတဲ့အတိုင်း ကိုရွှေစီလုပ်များက ဆဲလို့ရမယ်ဆို… ဟီ ဟိ
    :harr:

    • panpan

      May 14, 2013 at 9:39 am

      စာကလည်းကပ်တာ တခန်းလုံးစာရွက်တွေဖြစ်တော့မှာပဲ 😆
      လေးကျောက်ရေ ရေအိမ်ထဲမှာကအစ စာရွက်တွေချည်းဖြစ်နေတော့တာကိုးး
      တံခါးအပြင်မှာရော… အခန်းထဲရော

  • Myo Thant

    May 14, 2013 at 10:03 am

    ကျနော်တို့ ရုံးမှာလည်း မန်နေဂျာတွေဟာ လတိုင်း လက်အောက်ဝန်ထမ်းတွေ အလုပ်ကောင်းကောင်း လုပ် မလုပ် အမ်ဒီ ( ပိုင်ရှင် ) ဆီ ရီပို့တင်ရပါတယ် ၊
    ( မလုပ် ) လို့ မှတ်ချက်အပေးခံရတဲ့ ဝန်ထမ်းဟာ သူ့ လစာရဲ့ ၂၅ % လောက်ကို မရတော့ပါဘူး ၊ ဘယ်မန်နေဂျာကမှ ကိုယ့်လူကို အဲသလို မဖြစ်စေချင်လို့
    ချော့တစ်မျိုး ခြောက်တစ်သွယ် လုပ်ကြရပါတယ် ၊ ဒီကြားထဲကမှ မန်နေဂျာရဲ့ စာနာစိတ်စေတနာကို နားမလည်ပဲ ဒီမန်နေဂျာ သဘောကောင်းတာပဲ လုပ်မှာ
    မဟုတ်ပါဘူးဆိုပြီး ပေါ့ပေါ့လျော့လျော့ ဆက်လုပ်ခဲ့ရင်တော့ အမှန်အတိုင်း ရီပို့ တက်ရတော့တာပဲ ၊ အဲလိုမဟုတ်ရင် ကိုယ်ပါ အလိုတူအလိုပါ ၂၅ % အဖြတ်ခံရမှာလေ ၊
    မ တစ်ထောင်သားတွေကြားမှာ ဆက်ဆံရတာ ခက်ပေမယ့် အတွေ့အကြုံက လမ်းပြသွားပါလိမ့်မယ် ။

    • panpan

      May 14, 2013 at 4:21 pm

      ၂၅%ဆိုတော့ အရမ်းများနေတယ်နော် 🙄
      လစာမှ ၁၀%ထိခိုက်ရင်တောင်သိသာတာ ၂၅%ဆိုတော့….
      ဒဏ်ပေးတာပြင်းထန်လိုက်တာ… 🙁

  • Shwe Ei

    May 14, 2013 at 10:14 am

    ခြုံပြောရရင် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတယ်လို့မြင်တယ် ခေးရေ။

    လက်အောက်ငယ်သားဝန်ထမ်းတွေအနေနဲ့ကလဲ အထက်လူကြီးတွေကို လုပ်ပိုင်ခွင့်နဲ့
    တွဲကြည့်တတ် တွဲမြင်တတ်တဲ့ အကျင့်ဆိုးတွေကလဲ ဖျောက်ရခက်တယ်။

    အုပ်ချုပ်ခွင့်အာဏာလေး နဲနဲရတာနဲ့ ပါဝါပြတတ်တဲ့ ရာထူးရှိလူတန်းစားတွေကလဲ တခါတလေ
    လေးစားချင်စရာမကောင်းလောက်အောင် စိတ်ဓါတ်ညံ့ဖျင်းကြတယ်။

    ခေါင်းဆောင်က စံပြဖြစ်နေမှ နောက်လိုက်က ပုံစံကျမှာပေါ့။ သူကောင်းစေချင်လို့ ကို့ဘက်က အမုန်းခံပြောတာမှ နားမဝင်ရင် လုပ်စရာ ရှိတာ ပြတ်ပြတ်သားသား လုပ်ပေါ့။

    ပရော်ဖက်ရှင်နယ်မှာ အားနာတတ်တာ အလုပ်မဖြစ်ဖူးလို့ ထင်ပါတယ်။

    ခင်တဲ့
    မရွှေအိ

    • panpan

      May 14, 2013 at 1:36 pm

      မမချွေအိ
      စိတ်ဓါတ်တွေပြင်းထန်လှပါဘိ…ဟင်
      xxxxxxxx
      အနော်က ရှေ့မှာတော့အားနာတတ်တယ်
      ကွယ်ရာတော့ အားမနာလည်းဖြစ်တယ် 😆

  • GaviaGirl

    May 14, 2013 at 1:50 pm

    hee.. ရုံးမှာ ကိုယ်က အငယ်ဖြစ်နေတော့ နည်းနည်း ဘက်လိုက်ကြည့်မလားလို့… :mrgreen:

    တစ်ချို့ လူကြီးတွေကလည်း တော်တော်လေး ဆိုးပါတယ်… ငါ လူကြီး.. ငါ senior ဆိုပြိး အငယ်တွေဆီက ဖြေရှင်းချက်ကို လက်မခံပေးပါဘူး.. ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတာလည်း များပါတယ်… ဒီတော့ မခံနိုင်တဲ့ အငယ်က ပြန်ပြောတော့ ရိုင်းတယ်ဖြစ်ရော… ရှေးရိုးစွဲနေတဲ့ အယူအဆနဲ့… အငယ်ဆိုတာ ငါ့လောက် မတတ်ဘူး… ငါက ပိုပြီး ရပိုင်ခွင့်ရှိသင့်တယ်ဆိုတဲ့ လူကြိးတွေလည်း တွေ့ရတတ်ပါတယ်…

    ဆိုတော့ ဘယ်သူပျက်ပျက် ကိုယ်မပျက်ပါနဲ့ မမပန်ရေ… ကိုယ့်ဘက်က ခေါင်းဆောင်ကောင်းပီသရင် သူ့တရားသူ စီရင်ပါလိမ့်မယ်လို့… 🙂

    • panpan

      May 14, 2013 at 3:25 pm

      တခါတလေ ကိုယ်တိုင်ကလည်းကလေးဆန်တတ်တယ် :mrgreen:
      အဲ့လိုစီနီယာဆိုရင်တော့ ကိုင်ပေါက်ပစ်လိုက် (ကိုယ့်ထက်အကောင်သေးရင်ပြောပါတယ်) 😆

      တကယ်ကတော့ အချင်းချင်းတစ်နေရာတည်းမှာအလုပ်လုပ်နေကြလို့ လုပ်ဖော်ကိုင်ဖက်တွေလို့သဘောထားရင်ဖြစ်ပါတယ်
      တစ်ဦးကိုတစ်ဦး လေးစားမှုတွေအပြန်အလှန်ထားရင် အဆင်ပြေနိုင်ပါတယ်
      စီနီယာတစ်ယောက်ဟာ ဂျူနီယာထက်အစစ မတော်နိုင်ပါဘူး
      ဂျူနီယာဆီကအကူအညီအထောက်အပံ့ကို ရယူရပါတယ်
      ဂျူနီယာအနေနဲ့ကလည်း စီနီယာဆီကသင်ယူရရှိတာတွေရှိပါတယ်
      အပြန်အလှန် ညီညွတ်နေမယ်ဆိုရင်တော့ ဝန်ထမ်းလည်းအဆင်ပြေ ကုမ္ပဏီလည်းတိုးတက်ပေ့ါ

    • jujuma

      May 14, 2013 at 3:35 pm

      မှန်ပါတယ် ညီ်မရယ် ..ခေါင်းဆောင်ကောင်းပီသရင် ငယ်သားတွေကို အုပ်ချုပ်ရတာ မခက်ခဲပါဘူးး…
      ကိုယ်ကလဲ ခေါင်းဆောင်မပီသ … ငယ်သားတွေကိုလည်း မညှာတာဘူးဆိုရင်တော့ ဒီအဖွဲ့အစည်းဟာ တိုးတတ်လာမှာ မဟုတ်ပါဘူးးး….
      အခု မပန်ပန် ပြောသလို ငယ်သားတွေ ရိုင်းတယ်ဆိုရင် ခေါင်းဆောင်က အုပ်ချုပ်မှုညံ့ ဖျင်းတယ် လို့ ယူဆချင်ပါတယ် …. ကိုယ်လဲ လီဒါ တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်လက်အောက်ငယ်သားတွေရဲ့ စိတ်ဓါတ်နဲ့ လုပ်ရည်ကိုင်ရည်ကို အသေးစိတ် သိထားရမယ် …. အမှားရှိရင်ပြောရမှာပေါ့ .. ပြောလို့မှ မရရင် ဒဏ်ပေးရမယ် .. အဲလိုမှ မရရင် အထက်ကို တင်ပြပြီး ထုတ်သင့်ရင် ထုတ်ပြစ်ရမှာလေ… မဂျူးတို့ အလုပ်မှာတော့ ဒီလိုပဲ ကျင့်သုံးတယ် …

  • နေဝန်းနီ

    May 14, 2013 at 1:50 pm

    ပန်ပန်ရေ……… ရိုးရိုးတန်းတန်းပြောမရရင် နားအုံသာ ပိတ်ရိုက်ပစ်လိုက် ……။ နောက်ကလေးတွေက ဒီအမကြီး စိတ်ကြီးတယ်ဟ ဆိုပြီး ငြိမ်ဝပ်ပိပြားသွားလိမ့်မယ် မယုံရင် တစ်ယောက်လောက် လုပ်ကြည့် လိုက် :harr:

    • panpan

      May 14, 2013 at 3:15 pm

      မြတ်ချွာဖျာ့….ညစာမစား…. :O

  • sorrow weaver

    May 14, 2013 at 2:49 pm

    “” ဒါနဲ့ ကျမတို့ရုံးမှာက ၆လတစ်ခါ ဝန်ထမ်းအရည်အချင်းကို အကဲဖြတ်ပါတယ်။ ဝန်ထမ်းရဲ့ တိုးတက်မှု၊ ကြိုးစားမှု၊ ပေါင်းသင်းဆက်ဆံရေး အစုံပါပဲ။ “”မပန်ရေ….အဲ့တာလေးကို Key Performance Indicators or KPI တိုင်းတယ်လို့ထင်ပါတယ်…Management level တစ်ခုကနေ ဝန်ထမ်းကို appraisal လုပ်တာမျိုးထင်ပါတယ်..အဲ့ဒီအထဲမှာ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံလေး တစ်ကြောင်းလောက်ထပ်ထည့်ကြည့်ပါလားခင်ဗျာ…ပြီးတော့ KPI တိုင်းမည့်စံလေးတွေကို ဝန်ထမ်းတွေကို HR ကတဆင့် ဒါမှမဟုတ် HOD ကနေ အသိပေးထားရင် အနည်းနဲ့အများတော့ ပြင်သွားမယ်ထင်မိပါတယ် ..ဝန်ထမ်းအငယ်တွေလဲ ကြိုသိပြီး ပြင်ဆင်ချိန်ရမယ်ထင်ပါရဲ့…..ဒါမျိုးအကြောင်းအရာလေးတွေဆို ….ကိုဂီ့ရဲ့အကြံပေးမှတ်ချက်လေးတွေဖတ်ရကောင်းပါရဲ့လို့ မျှော်လင့်မိပါရဲ့ဗျာ….

    • panpan

      May 14, 2013 at 3:18 pm

      ဟုတ်ကဲ့
      ကျေးဇူးတင်ပါတယ်ရှင့်
      အဓိကကတော့ ဝန်ထမ်းတွေကိုသေချာအသိပေးရှင်းပြထားတာ အကောင်းဆုံးထင်မိကြောင်းပါ။ 🙂

  • sorrow weaver

    May 14, 2013 at 3:06 pm

    ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေးအသိုက်အဝန်း (AEC) ဖြစ်လာတော့မယ်…ဒေသတွင်းက Well train လူငယ်တွေ.. skilled labor တွေ အလုံးအရင်းနဲ့ စိမ့်ဝင်လာခဲ့ရင် …ဒီလိုအချိုးမျိုးတွေနဲ့ ..ကျွတ်ဆတ်ဆတ်မြန်မာလူငယ်တွေ…နေရာရပါ့မလား….မကြောက်တတ်တဲ့အတိုင်းပဲ 🙁

    • panpan

      May 14, 2013 at 3:57 pm

      အရေးကြီးတာကတော့ လူကြီးဆန်ဖို့ပါပဲ (ကိုယ်တိုင်လည်း ပြင်ရဦးမယ်)
      လူကြီးဆန်လာမယ်၊ စိတ်ထားတတ်လာမယ်ဆိုရင်တော့ သူ့ဟာသူ ဖြစ်လာမယ်ထင်ပါတယ်

  • အရီးခင်လတ်

    May 14, 2013 at 3:40 pm

    အားဟား။
    ဒီမှာလဲ ဆင်တူရိုးမှား ပါလား။
    ဒီတော့ ဟိုဘက်က အချက်ယူပြီး ရွှီးရရင်တော့ နောက် generation ညံ့ရင် အသုံးမကျရင် ရှေ့ generation ကြောင့်။

    ရွာထဲ က case တွေ ကို တဲ့တဲ့ ပြောရရင်တော့ သူကြီး (မူလလက်ဟောင်း) ကြောင့် တော့ ဟုတ်မယ် မထင်တော့ဘူး။
    ဘာလို့ လဲ ဆိုတော့ သူက ၅ဝကျော် နေသူကိုး။
    ဒီတော့ သူရဲ့ နောက် generation က အရီး က တာဝန်ယူလိုက်ပါတယ် ကွယ်။
    😆
    :kwi:

    • S@i S@i Fin K@i

      May 14, 2013 at 3:45 pm

      ဟုတ်တယ်ဗျ.. ပန်ပန် .. ခီညားတို့ စီနယာတေ ညံ့လို့ ဖစ်တာ …
      သခင်မျိုးဟေ့ ဒိုဘာမန် အာဝူး.. ဝုတ်ဝုတ်..

      :kwi:

      • panpan

        May 14, 2013 at 4:15 pm

        အနော်တို့ညံတာက အနော့်စီနီယာ ယောက္ခမကြီးဂီတို့ကြောင့် 😆

    • sorrow weaver

      May 14, 2013 at 4:17 pm

      အရီး…တားတားက စိတ်ပူလို့ပြောတာကို လှောင်ရသလားဗျာ…အဟင့်ဟင့်…ကြေကွဲ 🙁

  • weiwei

    May 14, 2013 at 4:01 pm

    ဘယ်လိုအကြံများပေးကြမလဲလို့ စောင့်ဖတ်နေခဲ့တာ ..
    အဲဒီလို ဒုက္ခနဲ့ ကြုံနေရလို့လေ …
    အမကတော့ ဘယ်အကြံနဲ့မှ ကိုက်မယ့်အခြေအနေမဟုတ်ပါဘူး … အစိုးရအလုပ်ဖြစ်နေလို့ .. လက်အောက်ကလူတွေက ဘယ်သူ့ကိုမှ ကြောက်တာမဟုတ်ဘူးလေ … အလုပ်ပြုတ်မှာ ပူစရာမလိုကြလို့ ..

    • panpan

      May 14, 2013 at 4:30 pm

      တချို့အစိုးရဌာနတွေကျပြန်တော့လည်း အထက်အရာရှိနဲ့ညီနေရင် နေရာရတယ်တဲ့ 🙄

  • padonmar

    May 14, 2013 at 10:46 pm

    ပေးကလန်
    ဝင်းသိန်းဦးရဲ့ မင်္ဂလာရှိသောမန်နေဂျာ ဖတ်ကြည့်ပါလား။

    ဆုပေးဒဏ်ပေးလေး ကျင့်သုံးကြည့်စေချင်ပါတယ်။
    အသစ်ဝင်တဲ့ကလေးက အဟောင်းတွေထက် သိသိသာသား ယဉ်ကျေးတာလေးကို အများရှေ့မှာ ထုတ်ဖော်ဂုဏ်ပြုပြီး လက်ဆောင်လေး(တန်ဖိုးမကြီးလည်းရတယ်၊ဘောပင်လေး၊ဘီးကုပ်လေး၊ဆံညှပ်လေးကအစ ပေးလို့ရတယ်)
    လူသိအောင်ပေးကြည့်လိုက်ပါ။
    ..
    ဒဏ်ပေးတာကိုတော့ တပြိုင်တည်းမလုပ်ပါနဲ့အုံး။ဆုတွေ အချိန် တစ်ခုထိ မကြာမကြာပေးပြပြီးမှ မကြိုက်တာတွေ ကြိုတင်ပြောပြပြီး ဒါလုပ်ရင် ဒီဒဏ်ချမယ်ကြေငြာလိုက်ပါ။ တကယ်လည်း ဒဏ်ချပြပါ။

    • panpan

      May 15, 2013 at 8:16 am

      အရင်ဆုံးစည်းရုံးရေးဆင်းရမယ့်သဘောမှာရှိတာပေ့ါနော်
      ဆုပေးတာကတော့ဟုတ်ပါပြီအန်တီရယ်
      ဒဏ်ပေးတာက ပေးကလန်တို့က ဂျာကြီးကိုတိုင်တာပဲတတ်နိုင်တယ် 🙄

  • ဦးကြောင်ကြီး

    May 15, 2013 at 8:51 am

    သူရိုင်း ကိုယ်ရိုင်းထက် သူ့ထက် ကိုယ်က ပိုရိုင်းပြရမယ်.. ဒါဆို ကိုယ့်လက်အောက် ဝန်ထမ်း ရိုင်းတယ် မဖြစ်တော့လို့ ခေါင်းစားနေစရာလိုဘူး… ပြသနာ ဖြေရှင်းတယ်ဆိုတာ သမားရိုးကျ စဉ်းစားနည်းကနေ ဖောက်ထွက်မှ အဖြေမှန် ရကောင်းတယ်.. အဲလို အဲလို :kwi:

  • Guest -

    May 18, 2013 at 5:56 am

    အလုပ်စဝင်ကြတဲ့ မြန်မာပြည်က လူငယ် အတော်များများဟာ.. အကြောင်းအမျိုးမျိုးကြောင့် .. အလုပ်ပါးမဝ(တနည်း) အပိုးမကျိုးချင်ကြဘူး။ ကုမ္ပဏီရဲ့ အကြံပေးမဟုတ်ဘဲ အလကား အကြံပေးရရင်တော့….. ထိရောက်ပြီး အလုပ်အတွက် အကျိုးရှိတဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာသင်တန်း (ထရိန်နင်) မျိုးပေးသင့်တယ်။

Leave a Reply