“ဘေးကင်းကြပါစေ´´

 

“ ဒိုင်း ´´

ကြားရအသံ ဘာသံလို့မေး

ကချင်မြေတနင်း စစ်ခင်းနေသေး

ထိုနေရာရှိ ရွာလူထုလည်း ဟိုပြေး ဒီပြေး

သြော် စစ်ဘေး။

 

“ ၀ုန်း ´´

ကြားရအသံ ဘာသံလို့မေး

နာဂစ်ရေလှိုင်း ပုတ်ခတ်သံလေး

ပြေးကြသူဌာ ဆူညံစွာနဲ့

သြော် ရေဘေး။

 

“ ရှီး ´´

ကြားရအသံ ဘာသံလို့မေး

တစ်နာ၈၀နှုန်း တိုက်တဲ့လေသံ

မုန်တိုင်းဟန်တဲ့

ပြိုလဲသစ်ပင် လွှင့်ပျံသွပ်မိုး

ပျက်စီးအဆောက်အအုံ ရွဲစိုကြရဲ့

သြော် လေဘေး။

 

“ ဟဲ ´´

ကြားရအသံ ဘာသံလို့မေး

ဝါယာရှော့ဆိုလား ပေါ့စတာလား

ဘာဘဲဖြစ်ဖြစ် အိုးအိမ်ပစ်လို့

ပြေးကြသူဌာ ငိုယိုကာနှင့်

သြော် မီးဘေး။

 

“ ဟင့် ´´

ကြားရအသံ ဘာသံလို့မေး

လမ်းမချဲ့မလို့ အိမ်ရှေ့ဥပဇာနောက်ဆုတ်ပေး၊

ဒီမှာအကွက် စီမံကိန်းတဲ့ ဖယ်ရှားပေးရေး လယ်မြေလေး၊

မြို့ရွာလှရေးတည်ဆောက်ပေးမလို့ သင်တို့ပြောင်းကြ အိမ်လေးများက၊

ဟိုက်ဝေးလမ်းဖော် မလွှတ်သနော် သိမ်းပါမနှေး နေရာပေး၊

ထိုထိုအခါ ပြည်သူများမှာ ကြိတ်ကာသာဆွေး

သြော် မင်းဘေး။

 

စစ် ရေ လေ မီး မင်း ကပ်ဆိုးကင်း

ပြည်သူများစွာ ပျော်ရွှင်စွာဖြင့်

ရောက်ကြပါစေ တူမျှဝေသည်

သာယာဝေစီ မြန်မာပြည်။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF