“သို့ …… သူကြီး သိစေရန်´´

 

ပိုစ့်တွေရဲ့ ကွန်မန့်တွေမှာ အခုတလော အနုတ် ကလေးတွေဟာ သီတင်းကျွတ်မီးထွန်းပွဲ ဆီမီးထွန်းသလို အတွဲလိုက်ကို တွေ့နေရပါတယ်။

အဲဒီအနုတ်ပေးခံရတဲ့ အကြောင်းနဲ့ပက်သက်ပြီး သူကြီးကတော့ ပြန်မန့်ဘူးပါတယ် အနုတ်ပေးတဲ့ သူတို့ တွေက အချိန်ပေးပြီးဖတ်ကြ လုပ်ကြရတာပါတဲ့။

ဒါဆိုရင် ပိုစ့်ရေးတဲ့သူကရော အချိန်မပေးရလို့လားဗျာ။ ပိုစ့်ရေးသူတွေက အချိန်မပေးရဘဲ အုံ ဖွ မန်း ရတဲ့ ဆရာတွေမို့လား သူကြီးရေ။

ပိုစ့်တစ်ပုဒ်ရေးဖို့အတွက်လည်း စဉ်းစားရ တွေးရ ရေးရနဲ့ အခြားသတင်းကို ပြန်ရေးပေးတာတောင် ပြန်ရေးရ ပြီးရင် ကွန်နက်လေးကိုကြည့်ကာတင်ရနဲ့ ရေးသူမှာလည်း အချိန်ပေးရတာပါ။ ဒီလိုပါဘဲ မန့်ကြသူတွေလည်း ပိုစ့်ကိုဖတ်ရ မန့်ဖို့ရေးရ အချိန်ပေးရပါတယ်။ ဟိုတလောက သူကြီးပြောတာ ဖတ်ရပါတယ် ပိုစ့်တွေမှာ မန့်တဲ့သူ နည်းလို့ မန့်တဲ့ပွိုင့်ကို ၂၀ တိုးဆိုလား၊ ကိုယ်ကမန့်ပေမယ် ကိုယ်မန့်တာကို အနုတ်ပေးတော့ ဘာဘဲဖြစ်ဖြစ်လေ ထပ်ရေးချင်စိတ်တော့ လျော့တတ်သာဘဲလေ။ တစ်ခါတလေ ဘာကိုဆိုလိုပြီး အနုတ်ပေး တာလဲစဉ်းစားမရဘူး၊ အပေါ်ကပိုစ့်နဲ့ မန့်တာမကိုက်လို့လား ဖတ်ကြည့်တော့ ဒီလိုလဲဟုတ်ဘူး၊ တစ်ခါဆို ဘယ်လောက်ကြည့်ရဆိုးလဲဆိုရင် အလှုပိုစ့်တစ်ခုမှာ အဲလိုလှုလို့ ၀မ်းသာကြောင်းရေးတာတောင် အနုတ်ပြခံရ တယ်လေ။ အဲဒီလို အလှုပိုစ့်မှာ လှုတာဝမ်းသာတာကို အနုတ်ပြတဲ့သူဟာ အလာရှိပြီး မပြန်တတ်သူလားလို့ တောင်စိတ်ထဲထင်မိတယ်ဗျ။

ကဲ အဲဒီလို မြင်ပြီးသကာလ ထုံးစံအတိုင်း ခင်ခ တွေးမိရင်း ရေးမိချင်တာကတော့-

သား – ဖေကြီး ဘာလို့တည့်တည့်မသွားဘဲ ဒီလမ်းကျဉ်းလေးထဲ ချိုးဝင်ရတာလဲ ပြီးတော့ လမ်းကလည်း ကြမ်းသေးတယ်၊

အဖေ – သားကဘာသိလို့လဲ ရှေ့မှာ အနုတ်ဆိုင်းဘုတ်ကြီးထောင်ထားတယ်လေ။

သား – ဟာ ဖေကြီးကလည်း မျက်မှန်တော့ပါဝါထပ်စစ်ဖို့လိုပြီနော် အဲဒါ အနုတ်ဆိုင်းဘုတ်ဟုတ်ပါဘူး မ၀င်ရပါ။

အဖေ – သားကလည်း အဖေမျက်စိအဲလောက်မမှုန်ပါဘူး၊ မ၀င်ရ ဆိုင်းဘုတ်ဆိုတာ ဖေကြီးသိတာပေါ့၊ တမင် အနုတ်နဲ့တူလို့ ပြောတာပါ။

သား – လမ်းကောင်းကို ဆက်မ၀င်ရဘဲ အနုတ်ပြတော့ လမ်းဆိုးထဲကနေ လှည့်ပတ်သွားရတာမို့ ခရီးဖင့် တာပေါ့နော်။

ဖေကြီး – ဒါပေါ့သားရေ အချိန်ပိုပေးရတော့ သိသွားတဲ့သူတွေက ဒီလမ်းကလာရင် အနုတ်ပြခံရမယ်ဆိုပြီး ဒီလမ်းကိုမလာကြတော့ ဘူးလေ

သား – ဖေကြီးကတော့ ဘာလို့ဒီလမ်းကလာတာလဲ

ဖေကြီး – အခုလို အနုတ်ပြလိမ့်မယ်လို့ အစကထင်မထားလို့လေ။ ခုတော့ သိသွားပြီးမို့ နောက်တော့ အခြားဘက်ဘဲ သွားတော့မယ်ပေါ့။

သား – အဲလို ထင်မထားလို့လာပြီး သိသွားကြရင် ဒီလမ်းကိုလာတဲ့သူ နည်းသွားတော့ အရင်လို မစည်ကားတော့ဘူးပေါ့နော်

ဖေကြီး – အင်းပေါ့၊ သူကအနုတ်ပြတာကိုး ဘယ်တတ်နိုင်မလဲ သူတန်ရာ တန်ရာဘဲ ရမပေါ့လေ။

 

 

ဘာရယ်လို့မဟုတ်ပါဘူး တွေးမိတွေးရာ ရေးမိရေးရာလေးပါဗျ။ ကွန်မန့်များတွင် ၀မ်းမြောက်စွာ အနုတ်ပေး ခြင်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ခြင်းပါ။

 

ခင်မင်စွာဖြင့်- ခင်ခ။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..