ပညာရွှေအိုး

 

 

 

 

 

 

မြန်မာစကားပုံလေးတွေဟာ အတော်သဘာဝ ကျတာပါဗျာ..။

အခုလဲ ဒီလဆန်းပိုင်းမှာ ကျောင်းသားမိဘတွေ ယောက်ယက်ခတ်နေတာကိုကြည့်ပြီး စကားပုံလေးတစ်ခု ခေါင်းထဲရောက်လာမိတယ်။

“ပညာရွှေအိုး  လူမခိုး”…တဲ့….

ကြည့်….  ခိုင်းနှိုင်းပုံကလေး သင်း.. လိုက်တာများ…

ပညာကို  ရွှေအိုးနဲ့ ကို နှိုင်းပစ်လိုက်တာ…။

ဟုတ်ပါ့… မြန်မာပြည်မှာတော့ ပညာဆိုတာတကယ့်ကို ရွှေ နဲ့တူတာပါ…။

အရမ်းဈေးကြီးပြီး အမြဲတမ်း ဈေးတက်နေတာကိုး။

အဲ… အဲ… ကျုပ်ပြောတဲ့ပညာ ဆိုတာက  ဒီကနေ့ ကျောင်းသားမိဘတွေ အမြဲခေါင်းခဲနေရတဲ့ ကျောင်းပညာရေးကိုပြောတာပါ။

အခုလို သင်္ကြန်အပြီး မေလကလေး ဆန်းပြီဆိုတာနဲ့ ကျောင်းသားမိဘတွေခမျာ

ကျောင်းအပ်ဖို့၊ ကျူရှင်အပ်ဖို့၊ ဂိုက်ရှာဖို့ ၊ ကျောင်းကားစုံစမ်းဖို့ …  ဆိုပြီး ရှုတ်ရှက်ကိုခတ်နေတာ။

ပါလေရာတို့ခေတ်နဲ့များ … ကွာချင်တိုင်း  ကွာပါ့ …။

ပါလေရာတို့ တုန်းကတော့ ကိုယ့်ကလေးငါးနှစ်အကျော်ကျောင်းအပ်ရာသီမှာ လမ်းကြုံတဲ့တစ်ယောက်ယောက်နဲ့ထည့်ပေးလိုက်ပြီး လူကြုံနဲ့ကျောင်းအပ်တာပါ။ မုန့်ဟင်းခါးတစ်ပွဲ ငါးမူးခေတ်မှာ ကျောင်းအပ်ရင် ငါးကျပ်လောက်ကုန်တာဆိုတော့ မုန့်ဟင်းခါး ဆယ်ပွဲဖိုးလောက် ကုန်တယ်ပေါ့။ ဒီခေတ်နဲ့တွက်ရင်  သုံးထောင်ဖိုးလောက်ရှိမှာပေါ့ဗျာ..။

ပြီးတော့ စာအုပ်ဖိုးကတစ်စုံ ငါးကျပ်၊ ကျောက်သင်ပုံးက နှစ်ဖက်ချောကောင်းကောင်းဆို သုံးမတ် ၊ ကျောက်တံက နှစ်ချောင်းကိုမှ ငါးပြားပါ။ ရေးလို့ကောင်းတဲ့ ပွပွတုတ်တုတ်ကြီးတွေက တစ်ချောင်းဆယ်ပြားမို့ တော်ရုံမိဘက ဝယ်မပေးပါဘူး။ တစ်နှစ်လုံးကျောင်းစားရိတ်တွက်ရင် သူငယ်တန်းကလေးအဖို့ ဒီခေတ်ငွေတန်ဖိုးနဲ့ တစ်သောင်းကို မကုန်တတ်ပါဘူး…။

အဲဒီတုန်းက ပညာရေးက ဈေးပေါလို့လားတော့မသိ-

ပါလေရာဆို စာအတော်ညံ့သဗျ

သူငယ်တန်းနှစ်ဝက်ကျိုးမှ နာရီကြည့်တတ်တယ်။ တစ်တန်းတက်မှ တိုင်းရင်းမေ၊ယုဝတီဂျာနယ်တွေကို စာလုံးပေါင်းဖတ်တတ်တယ်။ နှစ်တန်းမှာမှ စန္ဒာမဂ္ဂင်းကို ဖတ်တာ။ လေးတန်းကျမှ ကြူမွှေးဝတ္ထုတွေကို ဖတ်တတ်တယ်။ ငါးတန်းလောက်မှ ဆရာတော်မင်းဘူးဩဘာသရေးတဲ့ ဇတ်ကြီးဆယ်ဘွဲ့ကိုဖတ်တတ်တယ်။ ကိုးခန်းပျို့ကို ခွန်နှစ်တန်းလောက်မှနားလည်တယ်။ မြသန်းတင့်တို့သိန်းဖေမြင့်တို့ရေးတဲ့စာတွေကို ရှစ်တန်းကျမှ စ အရသာတွေ့တာ။ ကိုးတန်းရောက်မှ ဘာသာပြန်လုံးချင်းတွေ ဖတ်ဖြစ်တော့တာ..။ဆရာနန္ဒာသိန်းဇံရေးတဲ့ ဘဝအဓိပ္ပါယ်နဲ့ဘဝသစ္စာ လိုစာအုပ်မျိုးတွေကို ဆယ်တန်းကျမှ လက်က မချတမ်းဖတ်တာ။

ဟင်… ကျောင်းသားက ကျောင်းစာမဖတ်ပဲ ဘာတွေဖတ်နေသလဲလို့တော့ မမေးနဲ့နော…။

ကျုပ်တို့ကျောင်းသားဘဝတုန်းက ကျောင်းစာက ကျောင်းမှာတင်အပြီးလောက်နီးပါး ဖတ်ခဲ့တာ…။

ကျောင်းဆင်းတာနဲ့ ကျောင်းကိစ္စက ပြီးပြီ..။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တော့ … ပဲ..

ကျူရှင်လား…

အင်္ဂလိပ်စာ ညံ့တယ်ဆိုလို့ အဲဒိတစ်ဘာသာထဲကို ကိုးတန်းကျမှ တစ်လ ဆယ့်ငါးကျပ်နဲ့ ကျူရှင်လေး စ တက်ဖြစ်တာပါဗျာ..။

အဲဒါလဲ ဖြစ်ဖြစ်မြောက်မြောက်မဟုတ်ပါဘူး။ မတက်တရက် တက်တရက်နဲ့ – ကံကောင်းလို့ ဆယ်တန်းမှာ ဂုဏ်ထူးလေးပါတာ။

မိဘတွေက လဲ ကိုယ့်သားသမီး ပညာရေးများ ဘာကြောင့်ကျ စိုက်သလဲမမေးနဲ့… လှည့်ကို ကြည့်တာမဟုတ်ဘူး..။

အတန်းစဉ် ဆုလေးဘာလေးရရင်တောင် မအားလို့ ဆုပေးပွဲကို မလိုက်ပေးပါဘူး။ ကိုယ့်ဘာသာ တစ်ယောက်ထဲ သွားယူရတာပါ။

ဒါကြောင့် ပါလေရာတို့ခေတ်က ကျောင်းပညာက ပညာရွှေအိုးမဟုတ်ပါဘူး..

ဖြစ်ရင်းဖြစ်ရင်  ပညာကြေးအိုးပဲ  ဖြစ်မှာပါ…။

ဈေးပေါတယ်။ လွယ်တယ်။ ဖွယ်ဖွယ်ရာရာတော့မရှိ။ ဒါပေမယ့် အသားတွေ အများကြီးတော့ပါသပေါ့လေ..။ အသားနဲ့တူတဲ့ ကိုယ်ပိုင်အချိန်တွေ အများကြီးပါ။ စားလို့ကို မကုန်လောက်အောင်ပေါ့…။

ဒီကနေ့ခေတ်တော့ဖြင့် ကျောင်းသားကိုများ  အဲသလို ပစ်ထားဖို့ ယောင်လို့မှစိတ်မကူးပါလေနဲ့….

ဒုက္ခလှလှ ရောက်သွားပါမယ်…။

ကိုယ့်သားသမီး အသက်နှစ်နှစ်ကျော်ကတည်းက ဘယ်လိုကျောင်းမျိုးထားမယ်လို့ တစ်ခါထဲ တွက်ရတာပါ။

အဲသလိုတွက်နိုင်မှ ကိုယ်ထားမယ့်ကျောင်းနဲ့ အဆင်ပြေမယ့် မူကြိုကို လိုက်ရှာပြီးထားလို့ရမှာပါ။

အသက်သုံးနှစ်မပြည့်ခင်မှာ မူကြိုစပို့တော့ ကလေးက သေးတောင် ကိုယ့်ဘာသာမပေါက်တတ်သေးပါဘူး..။

အဲဒါကို ကိုယ့်ကလေး သူများတွေကြားထဲ အစစနောက်မကျနေအောင်ဆိုပြီး လိုအပ်တာတွေသင်ပေးဖို့ ဂိုက်ခေါ်မလား၊ ဝိုင်းခေါ်မလား.. အဲဒါငှားပြီး ထပ်သင်တဲ့သူက သင်ရပြန်ပါတယ်။

ဟုတ်ကဲ့ပါ… မူကြိုပထမနှစ်မှာကတည်းက ကလေးတော်တော်များများ ကျူရှင်ယူကြပါတယ်။

မူကြို ဒုတိယနှစ်ကတော့ အလွန်အရေးကြီးလှပါတယ်။  ဘာကြောင့်လဲ ဆိုတော့ နောက်လာမယ့် အစိုးရသူငယ်တန်းမှာသင်မယ့်စာတွေကို ဒီတစ်နှစ်အတွင်း ဒေါင်းဒေါင်းပြေး အလွတ်ရအောင် ဖိဖိစီးစီးသင်ရမှာမို့ပါ..။

မသင်ဖူးလား… ရပါတယ်.. ဒါပေသိ နောက်နှစ်သူငယ်တန်းစာကို ကျောင်းမှာစသင်ပေးလိမ့်မယ်လို့ လုံးဝ လုံးဝ မမျှော်လင့်ပါနဲ့..။

တစ်ချို့ကျောင်းတွေမှာဆို အခုမှ သူငယ်တန်းတက်တဲ့ကလေးကို ကျောင်းဆရာမက ဝှိုက်ဘုတ်ပေါ်မှာ ကျောင်းသင်ခန်းစာတွေ ရေးပေးပြီး ဒီအတိုင်းကူးရေးစေတာပါ။ အဲသလောက် ရက်စက်ပါတယ်။ ကျောင်းတိုင်း၊ ဆရာတိုင်းကိုတော့ မဆိုလိုပေမယ့် အဲဒါမျိုးတွေ အများကြီးမှ အများကြီးပါ။

ဒီတော့ သူတို့ပြုသမျှ နုရမယ့် ကိုယ့်သားသမီးကို အောက်မကျစေချင်ရင် နောက်မကျစေချင်ရင် – မိဘတွေအဖို့ ရွေးစရာလမ်းမရှိပါ။

သူငယ်တန်းစာကို သူငယ်တန်းမတက်ခင်၊ တစ်တန်းစာကို တစ်တန်းမတက်ခင်၊ လေးတန်းစာကို လေးတန်းမတက်ခင်၊ ရှစ်တန်းစာကိုရှစ်တန်းမတက်ခင်၊ ဆယ်တန်းစာကို ဆယ်တန်းမတက်ခင် –

ပြီးနိုင်သမျှပြီးအောင်၊ ကိုစ့် ကုန်အောင်၊ ကျူရှင်ပို့၊ ဂိုက်ခေါ်၊ စာကျက်ဝိုင်းသွင်းပြီး အတင်းသင်ရပါတော့တယ်…။

အဲလောက်သင်ထားတဲ့ကလေးကို ကျောင်းကျတော့ ဘာဆက်သင်သလဲ ဆိုတော့-

အဲဒါတွေကို ပဲ မဖြစ်ညစ်ကျယ် ထပ်သင်တာပေါ့…။

အော်…  တော်တော် ဝါယမစိုက်ပြီးသင်ရတဲ့ ကျောင်းသင်ခန်းစာတွေပါကလား…။

အဲဒါတွေသာ ဘဝမှာသုံးလို့သာရမယ်ဆိုရင် တော်တော်အဖိုးတန်မှာပဲ…

ခက်တာက အဲဒါတွေက ကျောင်းပြီးတာနဲ့ ချက်ချင်းအကုန်မေ့ပစ်ရမယ့်  အလွတ်ကျက် သင်ခန်းစာတွေ….။

အဲဒီ အသုံးမကျတဲ့ အလွတ်ကျက်စာတွေကိုပဲ မိဘတွေက ပိုက်ဆံအသားကုန်သုံးပြီး ကျောင်းသားကလဲ ကိုယ့်ဘဝရဲ့ အဖိုးအတန်ဆုံး ဆယ့်သုံးလေးနှစ်ကာလကို အလဟဿ ဖြုန်းတီးပစ်ပြီး အရသင် အရကျက် – ပြီးရင်အကုန်မေ့ပစ်ရပါတော့တယ်။

ဒါတောင် ဒီကလေး ကျောင်းသွားကျောင်းပြန်၊ ကျူရှင်သွားကျူရှင်ပြန် ကြိုပို့ ရတဲ့ဒုက္ခ၊ ကျောင်းကားစီးရတဲ့ဒုက္ခ ထည့်မပြောသေးဘူး။

ရန်ကုန်မှာသာဆို နာမည်ရှိတဲ့ကျောင်းထားပြီး နာမည်ရှိတဲ့ကျူရှင်လဲထားမယ်ဆိုရင် အဲဒီကလေးဟာ တစ်နေ့ကို ကျောင်းကားပေါ်မှာ သုံးနာရီနဲ့ ခြောက်နာရီကြား အကုန်ခံရတယ်။ အဲဒါ ကားစီးချိန်သက်သက်ပြောတာ၊ ကားစောင့်တဲ့အချိန်မပါသေးဘူး…။

ကလေးတစ်ယောက်အတွက် ကျောင်းစာလောက်ကို အဲသလောက်အချိန်ပေးသင်ရမှတော့ အဲဒီကလေးမှာ အားကစား၊ စာဖတ်၊ ဘာသာရေး၊ အနုပညာ စတဲ့ တခြားထွေထွေရာရာ ဝါသနာပါတာတွေ လုပ်ဖို့ လိုက်စားဖို့ အချိန်မကျန်တော့သလောက်ပါပဲ။

နဲနဲပါးပါး ကျန်ရှိသမျှအချိန်လေးတွေမှာတော့ တီဗွီ ဗွီဒီယိုကြည့်တာနဲ့ ဂိမ်းကစားတာက နေရာယူသွားတော့တာ။

အခု ၂၀၁၂ က စပြီး တက်ဘလက်တွေ စမတ်ဖုန်းတွေ ဖေါချင်းသောချင်းဖြစ်လာတော့ ပိုတောင်ဆိုးသေးတော့တာပေါ့…။

ဒါကြောင့်လဲ ဆယ်တန်းအောင်ပြီးစ လူငယ်တစ်ယောက်ကို သူဘာဝါသနာပါသလဲ လို့ မေးကြည့်…..။ ဘာပြောရမှန်း မသိပဲဖြစ်နေတာတွေ့ရဖို့များတယ်။ သူ့မှာ လောကအကြောင်း ဘဝအကြောင်း ဘာဆိုဘာမှ မြည်းကိုမမြည်းစမ်းရသေးဘူး။ ဘာမှကိုမသိသေးဘူး။  လူတစ်ယောက်ရဲ့ အသိဉာဏ်ကို ညံ့ဖျင်းတဲ့ပညာရေးက ဖျက်ဆီးလိုက်တဲ့နမူနာပဲ….။

အဲသလောက် ညံ့ဖျင်းပြီး အန္တရယ်ပေးတဲ့ ဒုက္ခပေးတဲ့ ပညာရေးကို အလွယ်ရတယ် အလကားရတယ်ဆို ထားတော့…

ချမ်းသာသူတချို့မှအပ ကျောင်းသားမိဘတိုင်းဟာ သူတို့တတ်နိုင်သမျှပိုက်ဆံကို ကလေးပညာရေးအတွက် အကုန်နီးပါးသုံးကြရတာ..။

နယ်မှာဆိုလဲ ထောင်ဂဏန်းတတ်နိုင်သူက ထောင်ဂဏန်းကျူရှင်၊ သောင်းဂဏန်းတတ်နိုင်သူက သောင်းဂဏန်းကျူရှင်တွေ ဝိုင်းတွေ ဂိုက်တွေ…..

မြို့ကြီးတွေမှာတော့ သောင်းဂဏန်းဆိုတာ ခပ်ရှားရှားဖြစ်နေပါပြီ…

ကလေးတစ်ယောက်ရဲ့ ကျူရှင်+ကျောင်း+လမ်း စားရိတ်ဟာ သိန်းဂဏန်းပါ….

ရန်ကုန်မှာဆို တစ်လရှစ်သိန်းကိုးသိန်းဝင်ငွေရှိတဲ့ မိသားစုမှာ ကျောင်းသားနှစ်ယောက်ပါရင် ၊ကျောင်းစားရိတ်အပြင် စားဖို့တောင်အနိုင်နိုင်ပါ။ စုဖို့ ဆောင်းဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး…

ပြီးတော့ ရိုးရိုးလူတန်းစားထဲမှာလဲ တစ်လရှစ်သိန်းကိုးသိန်း(ဒေါလာတစ်ထောင်)ဝင်ငွေရှိသူက သိပ်မများပါဘူး..။

အဲသလို မစုနိုင်မဆောင်းနိုင်တာရဲ့ အကျိုးဆက်က ကိုယ့်ကလေးဆယ်တန်းအောင်ပြီးတဲ့အခါ သူ့အတွက်တစ်ကယ်ပိုက်ဆံသုံးရတော့မယ့်အချိန်ကျတော့ လက်ထဲ ဖြူကာပြာကာ ကျနေပါပြီ ။

ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မတတ်နိုင် မပံ့ပိုးနိုင်တော့ပါဘူး..။

အဲဒီတော့ အရင်းမစိုက်လှေထိုးလိုက်-

မလေးရှားသာ သွားပေတော့……..

(ဒါတောင် အခုဆို မလေးရှားကိုအကြွေးရတဲ့အကျိုးဆောင် တော်တော်နည်းနေပြီ)

ဒါကြောင့် ပညာရွှေအိုးများ လူခိုးစရာမလိုတော့ပါဘူး။ မခိုးခင်ကတည်းက တက်တက်ပြောင်သွားတော့တာပါ…။

 

 

ဒုတိယပိုင်းကို ဆက်ရေးဖြစ်ဦးမယ်ထင်ပါတယ်။

မေတ္တာဖြင့်-

ဦးဦးပါလေရာ

41 comments

  • ကထူးဆန်း

    May 13, 2013 at 11:28 pm

    ဒုတိယပိုင်းကို ..မရေးလို့ ကတော့ ဂျီတိုက်နေမယ်နော် ..
    ကိုယ်ပိုင်ကျောင်းထားသူတွေလဲ ပလက်တီနံ အိုးဖြစ်နေပြီ ..လခ ၃၅% တက်ပြစ်လိုက်လို့

    • Mလုလင်

      May 13, 2013 at 11:37 pm

      အဲ့ဒါ . .အိမ် ငှားခ တွေ ဈေးတက်လာလို့ပါတဲ့ ဗျားးးးးးးး ‘:harr:’

      • Moe Z

        May 14, 2013 at 9:43 am

        ဟုတ်ကဲ့ ကိုလုလင်ပြောတဲ့အတိုင်းပါပဲ :mrgreen:
        စောင့်ဖတ်နေပါတယ် ဦးပါရေ..

  • weiwei

    May 14, 2013 at 8:50 am

    ဦးဦးပါလေရာခေတ်နဲ့ ကျွန်မတို့ခေတ်နဲ့ သိပ်မကွာပါဘူး … ဦးပါလေရာပြောခဲ့သလိုပဲ ကြေးအိုးခေတ်မှာ အရမ်းကို လွတ်လပ်ပျော်ရွှင်ခဲ့ရပါတယ် .. ပိုက်ဆံလဲ လုံးဝ မကုန်ခဲ့ပါဘူး … မိဘတွေလဲ ဒုက္ခမများခဲ့ပါဘူး ..
    ဒါပေမယ့် အခုခေတ်မှာတော့ ..
    ကလေးတွေကို ကိုယ်ချင်းစာစိတ်နဲ့ စာမကြည့်ချင်တာကို အတင်းဇွတ်မကြည့်ခိုင်းလို့ကတော့ စာမေးပွဲရလဒ် စုတ်ပြတ်သတ်သွားတော့တာပဲ … ကျောင်းလခအများကြီးကုန်ပြီး result မကောင်းရင် ပိုရှုံးမှာမို့လို့ လုပ်ချင်ချင် မလုပ်ချင်ချင် စာသင်ရတယ် .. ကျူရှင်ထားရတယ် .. မျက်ခြေမပြတ်စောင့်ကြည့်ရပါတယ်။
    အဲဒီတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ မပြောမချင်း ဘာမှ မလုပ်တတ်တဲ့ကလေးတွေဖြစ်လာတယ်။ အချိန်လဲမသိ တာဝန်လဲမသိပေါ့။ အမေလုပ်တဲ့သူက ထမင်းစားဖို့တောင် အော်ငေါက်ပြီး အတင်းကျွေးနေရမှာတော့ ဒီအမေလဲ ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး အားနိုင်ပါတော့မလဲ …

  • MaMa

    May 14, 2013 at 9:09 am

    ဈေးပေါတယ်။ လွယ်တယ်။ ဖွယ်ဖွယ်ရာရာတော့မရှိ။ ဒါပေမယ့် အသားတွေ အများကြီးတော့ပါသပေါ့လေ..။

    ကိုယ့်ခေတ်က ပညာကြေးအိုးခေတ်နဲ့ ကြုံလိုက်တာကို ဥပမာပေးထားတာ သဘောကျတယ်။ :hee:

    ဒါပေမယ့်လည်း ကထူးဆန်းပြောသလို…….
    ပလက်တီနမ်အိုးခေတ်ရောက်နေတော့လည်း ကိုယ့်နောက်မျိုးဆက်ကို ကြေးအိုးကျွေးလို့ မရပြန်ဘူး မဟုတ်လား။ :eee:

  • ဦး ကျောက်ခဲ

    May 14, 2013 at 9:12 am

    ဦးပါရေ… မောင်ကျောက်လည်း ကြေးအိုးခေတ်မှာ ကျောင်းသားဖြစ်ခဲ့တာပါ…
    ကျောင်းတက်ရမယ်ဆိုလည်းပျော်၊ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင်လည်း ဆော့ဖို့အချိန်ရသေးတယ်…
    ဒီဘက်ခေတ်မှာတော့… ကျောင်းတစ်ဖက် ကျူရှင်တစ်ဖက် ဂိုက်တစ်ဖက်နဲ့…
    အိမ်က တူမလေးတွေကို သနားမိပါရဲ့…
    ဒီကြားထဲ ကျောင်းကအလှုခံတာကလည်း အတော်ကြမ်းတယ်ခင်ဗျ…
    “သမီးဆရာမကိုပြောလိုက် ဒီလောက်အလှုခံနေတာ ဦးလေးကျောက်သာယူထားလိုက်ပါ”လို့ နောက်လိုက်မိတာ…
    ခလေးက တကယ်သွားပြောလို့ ကျောင်းလိုက်ပြီးတောင်းပန်လိုက်ရသေးတယ်… ဟီး ဟီး
    :harr:

    • ဆူး

      May 15, 2013 at 10:41 am

      ကျောင်းလိုက်ပြီး တောင်းပန်တာလား.. ချာမလေး တကယ်လှ မလှ သိရအောင် သွားရှိုးတာလား.. အဟတ် အဟတ်..

    • Foreign Resident

      May 16, 2013 at 8:18 am

      “သမီး ဆရာမကိုပြောလိုက် ဒီလောက် အလှုခံနေတာ ၊
      ဦးလေးကျောက် သာယူထားလိုက်ပါ” လို့ နောက်လိုက်မိတာ

      ဟီ ဟိ ။ ဦးကျောက် သည် ယခင် ကတည်းက ခေသူ မဟုတ် ။

  • kyeemite

    May 14, 2013 at 9:18 am

    ပညာရွှေအိုး က စားလို့မရဘူးဗျ..ဦးပါရ
    ပညာကြေးအိုး ကမှ စားလို့ရတာကလား… :harr:

    မှန်လိုက်လေ..ဦးပါရေ…
    မှန်တာတွေချည်းမို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး..

  • ခင်ခ

    May 14, 2013 at 9:45 am

    ဦးပါရေ အခုခေတ် ကျောင်း ကျုရှင် စာကျက်ဝိုင်း အဲလိုစုံစွာ ပြေးလွှားတက်ကာ စာသင်ကြရတာတွေ့ရတော့ ကျွန်တော်တို့သယ်တုန်းက သင်ကြားပေးတဲ့ ဆရာမတွေကို သတိရကာ ကျေးဇူးတင်မိတယ်ဗျ၊ ဆယ်တန်းထိ ဘာကျုရှင်မှ မယူရဘဲ ကျောင်းမှာသင်ပေးတာနဲ့တင် စာမေးပွဲကိုဖြေနိုင်ခဲ့လိုဘဲလေ။

  • kyeemite

    May 14, 2013 at 9:58 am

    ကျနော်တို့ဆို အဖေက စစ်သား…သူ့တစ်ယောက်ထဲလုပ်စာနဲ့
    ကလေးအားလုံးကျောင်းထားနိုင်ခဲ့တာ…
    ပြောင်းရွေ့ရတဲ့ ရောက်လေရာမြို့က အထက်တန်းကျောင်းမှာဆို
    အတန်းတိုင်းမှာ အိမ်က လူတစ်ယောက်စီရှိတယ်… :kwi:
    အဲဒါ ကြေးအိုးခေတ်မို့ ထားနိုင်ခဲ့တာပေါ့…

  • pazflor

    May 14, 2013 at 10:06 am

    တစ်မျိုးတော့ မထင်ပါနဲ့ ခင်ဗျ ဖွဘုတ်ကရလာလို့ ….သူပြောတော့လည်း ဟုတ်သလိုလိုဘဲ :kwi:
    (ဦးလေး)
    “ ငါတို ့ခေတ်က ပညာရေးကမှ အဆင့်မှီတာကွ။ ခုခေတ် မင်းတို ့လူငယ်တွေဘာတတ်လဲ။ ဘာအ
    ရည်အချင်းပြည့်လဲ ။ ဘာမှ မတတ်ဘူး။ ”

    (တူ)
    “ ဟုတ်လား ဒါဖြင့် ကျနော် အသက်နှစ်ဆယ့်ငါးနှစ်လုံးလုံး အရေအဖတ်မရတဲ့စာတွေချည်း
    သင်ခဲ့ရတာလား”

    (ဦးလေး)
    “ သိပ်မှန်တယ်။ ငါတို ့တုန်းက ဆိုရင်….ရန်ကုန်တက္ကသိုလ်က ..ဘယ်သို ့ဘယ်ပုံ ဘယ်ချမ်းသာ
    ကွ။ ကျင်္ကပူ က ဝန်ကြီးတောင် အားကျရတာကွ။ မန္တလေးတက္ကသိုလ်က ဖြင့် ဘယ်နည်း ဘယ်
    သို ့..စည်ပင်ဝပြောတာကွ။ ဘာညာတွေအများကြီး ရှိတယ်ကွတိုင်းပြည်မှာ။ ဟွန်း..။ တကယ့်
    ပညာရေးစနစ်ကွ။ မင်းတို ့တွေများဖွတ်ချီး ထွိန် ”

    (တူ)
    “ လန်းတယ်ဦးလေးရာ။ အဲဒီ တက္ကသို်လ်ကြီးတွေကို ဦးလေးတို ့ တွေဆောက်ခဲ့ကြတာပေါ့
    နော်။ အဲဒီလို ပညာရေးစနစ်ကြီးကို ဦးလေးတို ့.ခုခေတ် လူကြီးတွေ တည်ထောင်ခဲ့တာပေါ့နော်”

    (ဦးလေး)
    “ ဟ..ငါတို ့ဆောက်ခဲ့တည်ထောင်ခဲ့တာတော့ဟုတ်ဘူးပေါ့ဟ။ ငါတို ့ရှေ ့က ငါတို ့ဦးလေးတွေ
    ငါတို ့အဖေ တွေ အဘိုးတွေ ဆောက်ခဲ့ကြ တည်ထောင်ခဲ့ကြတာပေါ့ကွ။ ထပ်တရီ မင်းတို ့
    ခေတ် .မှာ ဆရာဝန် က အစ အာပလာဘဲ။ ဆေးကျောင်းတွေ ဆေးရုံတွေကလည်း…ကွိစိ ကွစ
    ကွ။ …ငါတို ့နဲ ့..များ.ကွာချက်…။မင်းတို ့ပညာရေးက ဟိုကောင်တွေဖျက်ဆီးတာခံလိုက်ရတာကိုး”

    (တူ)
    “ဒါဖြင့် ဦးလေးတို ့က ..ဦးလေးတို ့အဖေ တွေ လုပ်ပေးခဲ့တဲ့ တက္ကသိုလ် အကောင်းကြီးတွေ
    ပညာရေးစနစ်ကောင်းကြီးတွေမှာ..ပညာတွေစာတွေ တဝကြီး သင်ကြားလာတာပေါ့။
    အရမ်းအားကျတယ် ဦးလေးရာ။ ဒါဖြင့်ကျနော်တို ့ခေတ်ကို ကျတော့ဦးလေးတို ့က ဘာလို ့
    တက္ကသိုလ်အကောင်းစားတွေ ပညာရေးစနစ်အကောင်းစားတွေလုပ်မပေးနိုင်တာလဲလို ့။ ကျနော်
    တို ့က ကလေးဘဝနဲ ့တက္ကသိုလ်တက်ဆောက်လို ့မှမရဘဲဟာ။”

    (ဦးလေး)

    “ အို…ဒါ…ဒါတော့……ငါတို ့မှမတတ်နိုင်တာကွ။.. ဒါတွေဟာဟိုကောင်တွေရဲ ့လက်ချက်
    ပဲဥစ္စာ။. ငါတို ့ကသွားပြောတော့ရော။ ပစ်သတ်ခံရဦးမှာ။”

    (တူ)
    “ ဒါဖြင့် ဘာလို ့ဦးလေးတို ့က ကျနော်တို ့ကို ချည်းပဲ အပြစ်တင်နေရတာလဲဗျ။ ဦးလေးတို ့
    တောင် .ကျနော်တို ့လူမမယ်တွေရဲ ့ပညာရေးဖျက်ဆီးခံရတာ ကို လက်ပိုက်ရပ်ကြည့်
    နေခဲ့ကြပြီး.ခုမှ ဒီခေတ်လူငယ်တွေ စောက်ရေးမပါဘူးဘာညာ ပြောတာတရားရဲ ့လား။ ကျနော်
    တို ့က .အဲဒီ (အဆင့်မမီပါဘူး ဆိုတဲ့) ပညာရေးမှာမတက်လို ့ရော.ဘယ်သူကစာလာသင်ပေး
    မှာတုန်း။ .ဦးလေးတို ့အဖေတွေတုန်းက တာဝန်ကျေခဲ့သလို ဦးလေးတို ့ခေတ်ကျတော့
    ဦးလေးတို ု ့တာဝန်မဲ ့ခဲ ့ပြီးတော့မှ………ခုမှ ဒါတွေလာပြောလို ့အပိုပေါ့ဗျ။………….
    တကယ်တမ်းဆို ………အဲဒီပညာရေးဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ခေတ်တုန်းက
    ကျနော်တို ့က မွေးတောင်မွေးသေးတာမဟုတ်ဘူး။….ပညာရေးက စောက်သုံးမကျ
    ပါဘူး ပြောပြောနေတာဟာ……….စောက်သုံးမကျတဲ့ပညာရေး ဖြစ်အောင် အလုပ်ခံလိုက်တဲ့
    အဲဒီခေတ်က .လူတွေဦးလေးတို ့တွေ ကိုယ်တိုင် ကိုယ့်ကိုယ် ကို စောက်သုံးမကျဘူး
    ပြောတာနဲ ့အတူတူဖြစ်နေပြီဗျ.။ ”

    (ဦးလေး)

    ဟေ့ ..ဟေ့.ဒီမှာ…….မင်းတို ့ကောင်တွေ..လူကြီးလူကြီးမှန်းမသိ။ ….စာတွေလျျောက်
    ဖတ် လျှောက်ပြော..ငရဲ ငအုံ ကြီးတော့မှာ.မိုးကြိုးပစ်……ကာလနာတိုက်…..
    ..ဟွန်း.လူ..လူကြီးကို ဒီလိုပဲ…ပြော..ပြောရသလား..ခွီး………..ဟမလေး ခေါင်းတွေ
    မူးလိုက်ထှာ…..ဂစ် .ဂစ်..။……………………။
    credit to Kyaw Win Thant

    • မောင် ပေ

      May 14, 2013 at 7:00 pm

      Kyaw Win Thant ကို အရမ်း လေးစားသွားပြီ
      ပြန်ရှဲလာပေးတဲ့ ကိုပက်ဇ်ဖလိုး ကို လဲ လေးစား ခင်မင်သွားပါပြီ
      တစ်ခါလာလဲ
      ေxာက်ခေတ် ပညာရေး နဲ ့ ကြီးလာတဲ့ကောင်တွေ ဘာတတ်မှာလဲ
      ပြောပြောနေတာ ၊ နားတွေ ညီးလွန်းလှပြီ ။
      စားဝတ်နေရေး တာဝန်ယူပေးရလို ့ ပြောတယ်ဆိုလဲ ကောင်းသား
      ပလိန်း ပလိန်းတွေ ကစ်နေကြတာ ကြာပြီ

  • အလင်း ဆက်

    May 14, 2013 at 11:43 am

    လူ မခိုး နို င် တဲ ပညာ ရွှေအိုးကြီး ရဖို့
    ပေးလိုက် ရတဲ့ အရင်းအနှီး က တော့
    ကြီးလိုုက် တာနော်

    ညီငယ်တစ်ယောက် တစ်နှစ် တစ်တန်း အတန်း ပိုကြီးလာလေ
    ကျောင်း စရိတ်ကို တွေးပြီး မျက်ခုံး တွေ လှုပ်တာများ
    ပြုတ်ကျမတတ်

    🙂

  • နေဝန်းနီ

    May 14, 2013 at 1:11 pm

    အဲဒါက စပြီးဖျက်ဆီးတာက
    ၁။ ပိုက်ဆံတတ်နိုင်တဲ့ ကျောင်းသားမိဘတွေက စပြီးဖျက်ဆီးလိုက်တာ ……။ ဘာကောင်တွေ ညာကောင်တွေဆိုတဲ့ဟာတွေလည်းပါတာပေါ့ ….။ နောက်နံပါတ်နှစ် က
    ၂။ ရလေလိုလေ ဆိုတဲ့ဆရာ ဆရာမတွေပါပဲ…..။ စားရကောင်းမှန်းသိသွားတော့ လူသားစားဖူးတဲ့ကျားလို လူသားပဲစားချင်တော့တာ …..။ ကျူရှင်ပြဖူးတဲ့ ဆရာမ ကျူရှင်မှမဖွင့်ရရင် သေမလို ဘာလိုလိုဖြစ်နေတာမျိုး…………။ နောက်တစ်ခုက
    ၃။ ပညာရေးနဲ့ လုပ်စားရင် အနေချောင်မှန်းသိလာတဲ့ အပြင်က စာသင်ဝိုင်းတွေ ဘော်ဒါတွေ ……..။
    နောက်နံပါတ်လေးက ….။ သေသေချာချာ စစ်ဆေးပြီးမှ ဖွင့်ခွင့် မပေးတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ သူတို့လည်း အရိုးလေးပဲဝါးရ ဝါးရဆိုပြီး ဖွင့်ထားတဲ့ ကျူရှင်တွေ ဘော်ဒါတွေကို သေချာမစီစစ်ဘူး…..။ ဒါနဲ့ပဲ ဗမာပြည်ရေစုန်မျောနေတာ နှစ်သုံးဆယ်လောက်ရှိပြီ

  • GaviaGirl

    May 14, 2013 at 1:35 pm

    အဖေပြောတဲ့ စကားတစ်ခွန်း သွားသတိရတယ်…
    ပညာရွှေအိုးမဟုတ်တော့ဘူးတဲ့… ရွှေအိုးရှိမှ ပညာရ ခေတ် ဖြစ်နေပြီတဲ့…

    ဟီး..စကားအတင်းစပ်ပြီး ပြောရရင် ကလေးယူနှုန်းနည်းလာတာလဲ..အဲ့ ပညာရွှေအိုးကြောင့်ပဲ….
    ဒီခေတ်က ကလေးတစ်ယောက်မွေးရင်း ကျွေးစရိတ်မွေးစရိတ်ထက် ပညာရေးစရိတ်က ပိုကြီးတယ်တဲ့…

    ကျောင်းမှာ သေချာမသင်၊ သင်ပြန်တော့ စာနဲ့ အချိန်နဲ့က မလောက်၊ အပြင်ချိန်မှာ ဘာမှလေ့လာချိန်မရအောင် စာတွေနဲ့ဖိထားခဲ့တဲ့..ပညာရေး….

    အိုဘယ့်..စနစ်… :harr:

  • အရီးခင်လတ်

    May 14, 2013 at 3:28 pm

    ကိုပါရေ

    ကျုပ်တို့ ခေတ်တုန်း ကတော့ ကျူရှင် မယူလဲ ကိုယ်ကြိုးစားရင် ကိုယ်ကြိုးစား သလို ဆရာတွေက ပံ့ပိုး ပေးနိုင် သေးတယ်။
    အချိန်မရွေး နားမလည်တဲ့ စာကို သွားမေးနိုင်တယ်။
    ဆရာတိုင်း စိတ်ရှည်ရှည် ရှင်းပေးတယ်။
    ကျုပ်တို့ တက္ကသိုလ်တုန်းက ကျူရှင် ယူတာကို ကျောင်းက ဆရာမ တွေ မျက်မုန်းကျိုးတဲ့ ခေတ်။
    အခု ခေတ်မှာတော့ ကျူရှင်မှ မယူရင် အတန်းပိုင်ဆရာမ က မျက်မုန်းကျိုးတဲ့ ခေတ်။

    အပေါ်က pazflor ဝင်မန့် ထားတာလေး အင်မတန် သဘောကျမိတယ်။
    မျိုးဆက် တစ်ဆက် အောင်မြင်ရေးအတွက် သူ့ရဲ့ ရှေ့မျိုးဆက် ကို အားကိုး ရတာ မဟုတ်လား။

    တိုက်တိုက်ဆိုင်ဆိုင် ဒီလ တိုင်းမဂ္ဂဇင်း မျက်နှာဖုံး မှာ “Millennials: The Me Me Me Generation” ဆိုပြီး အခုလူငယ်တွေ ကို ငပျင်းတွေ၊ အသုံးမကျသူတွေ၊ မိဘပိုက်ဆံ ကပ်စားထိုင်ဖြုန်းနေသူတွေ လို့ ပြောတာနဲ့ ပါတ်သက်ပြီး ဝေဖန်ရေးထားတာ။
    http://www.time.com/time/magazine/article/0,9171,2143001,00.html

    အဲဒီ ထဲမှာ အင်မတန် စိတ်ဝင်စားစရာ မျိုးဆက်ဇယား လေး ဆွဲထားတာ တွေ့တယ်။
    The Missionary Generation (born 1860–1882)
    The Lost Generation (born 1883–1990)
    The Greatest Generation (born 1991–1924)
    the Silent Generation (born 1925–1942)
    The baby boomer generation (born 1943–1960)
    Generation X (born 1961–1980)
    Generation Y, Millennial Generation(born 1981–2000)
    နောက်ပိုင်း ကတော့ Generation Z ပေါ့။

    သွားတွေ့တာက ကျုပ်တို့ ရဲ့ ဟီးရိုး ဒေါ်အောင်ဆန်းစုကြည်ရော၊ တက်ကနီကယ် နဲ့ ဆိုင်တဲ့ ဟီးရိုးတွေ (ဂိတ် & ဂျော့စ်) ရော generation တစ်ခုထဲ ဗျား။
    သူတို့ က baby boomer တွေဘဲ။
    ဆိုရှယ် တီထွင်သူ Mark Zuckerberg ကတော့ Millennial Generation Y တဲ့။

    Generation X ထဲမတော့ ထူးခြားပြောင်မြောက်ပြီး ကမ္ဘာကို ကိုင်လှုပ်နိုင်သူ မရှိလေရော့ သလား။ 🙄
    အဲဒါနဲ့ ဘဲ ကျုပ်တို့မှာ မသုံး မကောင်း သုံး မကောင်း Facebook ကြီးနဲ့ ဘဲ နှစ်ပါးသွားရင်း
    နောက်တော့ လူတွေမှာ (စစ်တမ်း အရ အဓိက အာရှတိုက်ဘက်မှာ) တယ်လီဖုန်း နဲ့ မျက်စိ မလွတ်တန်း တွဲနေရ လေတော့ သလား ကွယ်တို့။

    ဒီတော့ နောက်မျိုးဆက် ညံ့ တာ ကိုယ့်ကြောင့် လို့ သာ တာဝန်ယူ လိုက်ပါတော့ မယ်။ 😆

    ဒါထက် ကျောင်းသုံးဖတ်စာတွေအကြောင်း ဒီမှာ သတိထားမိတာ တစ်ခု။
    ကျောင်းသုံးစာအုပ်တွေ မဝယ်ရဘဲ ကျောင်းက ပေးပါတယ်။
    တစ်နှစ်ပြီးချိန် ကျောင်းမှာပြန်ထား၊နောက် တစ်တန်း က လူတွေ က ဆက်သုံးပေါ့။
    ရိုရိုသေသေမကိုင် ရင်တော့ တန်ဖိုးကို လျှော်ပေါ့။

      • အရီးခင်လတ်

        May 14, 2013 at 7:06 pm

        အဲ့ မှားတွားဒယ်။ (စောဒီး လုံမ ရေ့) 😀
        ပြင်ဆင်ချက်
        The Missionary Generation (born 1860–1882)
        The Lost Generation (born 1883–1900)
        The Greatest Generation (born 1901–1924)
        the Silent Generation (born 1925–1942)
        The baby boomer generation (born 1943–1960)
        Generation X (born 1961–1980)
        Generation Y, Millennial Generation(born 1981–2000)

        ကြည့်ရတာ လုံမ က Generation Y, Millennial Generation(born 1981–2000) ဖြစ်မယ်ထင်ရဲ့။
        အခု သူတို့ ကိုပေါ့၊ စွပ်စွဲ နေတာ။
        မိဘပိုက်ဆံထိုင်ဖြုန်း ပြီး မိဘ အိမ်က မခွါတဲ့ ဟာလေးတွေတဲ့။
        အရီး လုံမ ကတော့ ဟုတ်မယ်မထင်ပါအေ။
        😛

        • နေဝန်းနီ

          May 14, 2013 at 8:36 pm

          အဲဒီ ထဲမှာ အင်မတန် စိတ်ဝင်စားစရာ မျိုးဆက်ဇယား လေး ဆွဲထားတာ တွေ့တယ်။
          The Missionary Generation (born 1860–1882)
          The Lost Generation (born 1883–1990)
          The Greatest Generation (born 1900–1924)
          the Silent Generation (born 1925–1942)
          The baby boomer generation (born 1943–1960)
          Generation X (born 1961–1980)
          Generation Y, Millennial Generation(born 1981–2000)
          နောက်ပိုင်း ကတော့ Generation Z ပေါ့။
          မှတ်ထားထားပါ့မယ် အရီးရေ့…..။ အနော်တို့က 1969 ဆိုတော့ Generation X ပေါ့
          နှစ်လေးဆယ်+ ဒီဘက်13 နှစ်ဆိုတော့ 53 နှစ်လောက်ပဲရှိဦးမှာ ဆိုတော့ကာ ကိုပေါက်တို့ သူကြီးတို့ ပါတော့ဘူး နဲ့တူရဲ့ ……။ 33 နဲ့ 53 ကြား ကမ္ဘာကျော်တဲ့သူ မရှိလေရော့သလား သေချာပြန်ကြည့်ဦးမယ်….။ အင်းရှိလောက်ဝူး းးးးး ……။ ကျနော်တို့ဟာ တစ်ဆင့်စီ ညံ့လာတာပါလား

        • kai

          May 15, 2013 at 12:20 am

          Barack Hussein Obama II
          Born – August 4, 1961 (age 51)
          Honolulu, Hawaii, U.S.

          http://generationx.yaia.com/xcelebrities.html

          မြန်မာပြည်ရဲ့ ၈၈ မျိုးဆက်တွေဟာ ဂျန်နရေးရှင်း အိပ်စ်တွေထဲကပါ..။
          ကမ္ဘာတန်းဝင်ပါတယ်..။

        • GaviaGirl

          May 15, 2013 at 12:45 pm

          ဟုတ်ပါ့..ချစ်တဲ့ အရီးရေ… ဒီလောက် အတင်းတိုးထွက်ချင်နေတဲ့သူတွေကို သူတို့မို့ စွပ်စွပ်စွဲစွဲ.. ဟင့်.. 🙁

  • kai

    May 14, 2013 at 4:10 pm

    ယူအက်စ်ရဲ့..အနာဂါတ်ကို အကြီးအကျယ်ခြိမ်းခြောက်နေတာတဲ့..
    ပညာရေးနဲ့.. ရွှေအိုးတွေရမယ်ဆိုပြီး.. မြှုပ်ထားလိုက်ကြတာ.. အကြွေးအိုးတွေဖြစ်နေပါပေါ့လား..
    ဘီလီယန် ၁၀၀ဝ ရှိနေပြီလေ…
    မြန်မာ့ တနှစ်ဂျီဒီပီ ဘီလီယန်၆ဝလောက်နဲ့.. နှိုင်းယှဉ်စေလိုတာပါ..

    Student loan debt hits record high, study shows – NBC News.com
    http://www.nbcnews.com/…/student-loan-debt-hits-record-high-study-shows-1…‎
    Oct 18, 2012 – Student loan debt hits record high, study shows. Scott Cohn … Indeed, the report cites recent U.S. Department of Education Data which show the federal student loan default rate at its highest level in 14 years. The New York …
    =
    Student loans outstanding will exceed $1 trillion this year – USA Today
    http://www.usatoday.com/money/perfi/college/story/…/student-loan-debt/…/1‎
    Oct 18, 2011 – Americans now owe more on student loans than on credit cards, reports the Federal Reserve Bank of New York, the U.S. Department of …

  • Mr. MarGa

    May 14, 2013 at 8:02 pm

    ဦးပါ ရေးမှပဲ
    ငယ်တုန်းက အကြောင်းလေးတွေ သွား သတိရသွားပြီ.
    ငယ်ငယ်က
    အတန်းစဉ် ကျူရှင် တက်ခဲ့ရတယ်(အတန်းပိုင် မဟုတ်)
    သို့သော် အားရပါးရ ကစားချိန် အပြည့်
    ရှားရှားပါးပါး
    တက္ကသိုလ် ရောက်တော့
    လုံးဝ ကျုရှင်မယူ
    ဆရာ/ဆရာမတွေလဲ ကျူရှင်မပြ
    အပြင်က သင်တန်းကျောင်းတွေကသာ ကျူရှင်ဆိုပြီး ပြကြတာဆိုတော့
    ရဲရဲကြီး ပြောပါတယ်
    ကျွန်တော် ကျူရှင်မယူဘဲ ကျောင်းတက်နေပါကြောင်း
    :kwi:

  • ဦးဦးပါလေရာ

    May 15, 2013 at 12:07 am

    ကွန်မင့်တစ်ခုချင်းစီ ပြန်ဆွေးနွေးတာထက်
    ကိုယ်ပါ ပြန်ဝင်ဆွေးနွေးတဲ့ပုံစံက ဒီပိုစ့်နဲ့ပိုလိုက်လို့……..

    ဆိုချင်တာက ဒီခေတ်လူငယ်တွေ ညံ့တယ်လို့ ဆိုတာတော့မဟုတ်ဘူးနော..
    ဒီခေတ်ကျောင်းပညာသင်ယူရတာ ပင်ပန်း ဆင်းရဲ ဒုက္ခများ အကုန်အကျများပြီး အကျိုးမရှိတာကိုသာ ပြောချင်တာပါပဲ..။

    ပညာရေးစံနစ်သက်သက်အနေနဲ့ကတော့ မြန်မာပြည်မှာ ဘယ်တုန်းကမှလဲ မကောင်းဘူးပါဘူး..။
    အဲဒီမကောင်းတဲ့စံနစ်ထဲကမှ ကျောင်းသားလူငယ်တွေအတွက် အခွင့်သာသေးတဲ့ အနေအထားနဲ့ အခွင့်မသာတော့တဲ့ အနေအထား အဖြစ် ကွဲပြားသွားပါတယ်။

    ဒါကြောင့် ပညာရေးစံနစ်ပြောင်းလဲပြုပြင်မယ်ဆိုရင် သင်ရိုးညွှန်းတမ်း၊ သင်ကြားပုံ၊ သင်ထောက်ကူပစ္စည်းအဆောက်အအုံ၊ တွေသာမက –
    တကယ်လက်တွေ့ဘဝမှာ ကျောင်းသားအများစုကြီးကိုဖိစီးနေတဲ့ အခြားအကြောင်းအရာတွေကိုပါ ထည့်သွင်းတွက်ချက်မှ ၊ တပြိုင်နက် ပြုပြင်မှ အလုပ်ဖြစ်နိုင်ပါတယ်။

    မခင်လတ်ပြောတဲ့ generation အဆင့်ဆင့်ခွဲပြထားတာဟာ
    တကယ်လဲ ယုတ္တိရှိပါတယ်။
    ၁၉၆ဝ ဟိုဖက်မွေးတဲ့သူတွေက စစ်ဘေးသင့်ပြီး အစစ ပြောင်းလဲသွားတဲ့ကမ္ဘာကြီးမှာ မွေးဖွားတာမို့ အခြေအနေက တောင်းဆိုတဲ့အတိုင်း ထိုးထွင်းတီထွင် နိုင်စွမ်း တည်ဆောက်လုပ်ကိုင်နိုင်စွမ်းမြင့်ကြတာ ဖြစ်နိုင်ပါတယ်။
    ၁၉၆ဝ ဒီဖက်မှ မွေးတဲ့သူတွေကတော့ အထိုင်ကျပြီးသာ ကမ္ဘာသစ်မှာ စံနစ်သစ် လူနေမှု့ပုံစံသစ်တွေကို လက်တင်ကလေး ရလိုက်တာမို့ သိပ်အစွမ်းမပြတော့ကြတာဖြစ်မှာပေါ့…။

  • ဝင့်ပြုံးမြင့်

    May 15, 2013 at 12:27 am

    ဘော်ဒါဆောင်တွေ သာဆိုးသေးတယ်။ ၁ဝတန်းကျောင်းသားတစ်ယောက်ကို သိန်း၄ဝ ပတ်ဝန်းကျင်လောက် ယူနေတာ။ တကယ်သင်တာလည်း မဟုတ်ဘူး။ ဟောက်စားတွေ။ ပြဌာန်းစာအုပ်ကိုသာ ပြင်လိုက်စမ်းပါလေ။ လုပ်စားပေါက် သိပ်ဟန်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ကလေးကို တတ်အောင် သင်ပေးရတော့မယ်။
    သချင်္ာမှာလည်း ပြဌာန်းစာအုပ် အတန်းကြီးအတွက် နည်းနည်းပြင်ဖို့လိုမယ်ထင်သေးတယ်။ သချင်္ာမှာ application ပိုင်း ပါသင့်သလောက် မပါဘူးဖြစ်နေတယ်။
    ပညာရေးမှာ ရင်းနှီးမြှုပ်နှံတာ ကောင်းပါတယ်။ ကျောင်းသားက တကယ်တတ်ရင် ဘယ်နိုင်ငံသွားသွား ကြောက်စိတ်ဘယ်ဝင်မလဲ။ သဂျီးပြောသလို အကြွေးအိုးတွေ ဖြစ်ကုန်တယ် ထားပါဦး။ မျှစ်ကြော်ပြုံးကတော့ ပညာရေးကိုပဲ ယုံကြည်မှုရှိတယ်။

  • ဦးဦးပါလေရာ

    May 15, 2013 at 12:28 am

    ပြီးတော့ ဒီမှာ ဆွေးနွေးလို့ သိပ်နားမလည်နိုင်လောက်တဲ့ အချက်တစ်ခုရှိပါသေးတယ်။

    အွန်လိုင်းမှာ စာရေး စာဖတ်လုပ်ကြသူအများစု အကုန်နီးပါးက ပညာရေး စီးပွားရေးမှာ ပျှမ်းမျှရဲ့ အထက်မှာ ရှိကြသူတွေပါ…။

    မြန်မာကျောင်းသားထုကြီးရဲ့ ရှစ်ဆယ်ရာနှုံးထက်မနည်းတဲ့ ဦးရေကတော့ ဆင်းရဲသား မိဘက မွေးဖွားပြီး လက်ရှိမှာလဲ ဆင်းရဲမွဲတေကြသူတွေပါ…။

    ကျူရှင်မယူရင် ၊ ပိုက်ဆံ အကုန်မခံရင် လူတန်းမစေ့လောက်တဲ့ ပညာရေးစံနစ်ကြီးထဲမှာ သူတို့တွေရဲ့ ပညာရေးကရော… ???????

    အရင်တုန်းက ဆင်းရဲလဲ ဘာမှ သိပ်မဖြစ်ပါဘူး..
    အပေါ်မှာ ကိုကြီးမိုက် ကွန်မင့်ရေးထားသလိုပဲ..
    လစာနည်းဝန်ထမ်းဘဝနဲ့ သားသမီးတပြုံကြီးကို စာတတ်အောင်ကျောင်းထားနိုင်ပါတယ်။

    ဒီလို ဆင်းရဲသားများတဲ့ နိုင်ငံမျိုးမှာ –
    ကလေးကို ကျောင်းသွားခိုင်းလိုက်ရုံနဲ့ အသင့်အတင့်ပညာရေးကို သင့်တင့်အောင်သင်ကြားနိုင်ခွင့် ရဖို့လိုပါတယ်…။

  • ဦးဦးပါလေရာ

    May 15, 2013 at 12:47 am

    အပေါ်မှာ ကိုနေဝန်းနီရဲ့ မှတ်ချက်ကလေးတွေကလဲ စိတ်ဝင်စားစရာ အင်မတန်ကောင်းပါတယ်။
    (လူတချို့အဖို့တော့ ဆဲချင်စရာလဲကောင်းပါတယ် 🙂 )

    ပညာရေးဆိုတာ လူအတွက် လူ့ဘဝအတွက် လူ့အဖွဲ့အစည်းအတွက် အင်မတန်အရေးကြီးတာမို့ မကောင်းလွန်းရင်တောင် မညံ့လွန်းဖို့နဲ့ အမှားတွေ မဖြစ်ဖို့ (အမှားတွေမသင်ဖို့) အရေးကြီးလှပါတယ်။
    ပညာရေးအတွက် အစိုးက ကျောင်းတွေကို သက်သက် အားကိုးရတုန်းက သင်တဲ့သူက ဆရာဖြစ်သင်တန်းဆင်းတွေမို့ (သီအိုရီအရတော့) အဆိပ်အတောက်ဖြစ်လောက်အောင် မမှားနိုင်ဘူးလို့ စိတ်ချနိုင်ပါတယ်။

    အခုခေတ်လို ဘယ်သူမဆို ဘယ်သူကမဆို ဘယ်သူ့ကိုမဆို စာသင်လို့ရတဲ့ ၊ ဘာအထောက်အထားမှမရှိပဲ ကျူရှင်တွေပေး ဂိုက်တွေလုပ်လို့ရတဲ့ခေတ်မှာတော့
    ဆေးမှား မယ့် အန္တရာယ်ကလဲ ရှိနေပါတယ်။

  • P chogyi

    May 15, 2013 at 6:45 am

    ကျောင်းဖွင့်ကာနီးလို့
    ဘာဖိုး……….
    ညာဖိုး………
    ဟိုကုန်……..
    ဒီကုန်တွေတွေးပြီး စိတ်ညစ်နေပါတယ်ဆို
    ဦးပါက လာဖွနေပြန်ပြီး ဟီး……အဟင့်…..ရွှတ်

  • ဦးကြောင်ကြီး

    May 15, 2013 at 9:52 am

    ကျောင်းတက်တယ်ဆိုတာ တက္ကသိုလ်ဝင်တန်း အဆင့်ကောင်းဖို့ ရည်ရွယ်တာမို့ တက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်ကို ပြန်စဉ်းစားရင် ကောင်းမလား..။ သင်ရိုးညွှန်းတမ်းကိုပဲ လူတွေ ဇောင်းပေး ဝေဖန်တာများနေလို့ပါ။ ပြောတော့လွယ်၏ လက်တွေ့လုပ်တော့ သိပ်ခက်ပါတယ်။ ရှေးခေတ်လို လူနည်းစု ဒိတ်ဒိတ်ကြဲတွေသာ အဆင့်မြင့်ပညာရေး သင်ခွင့်ရှိတာ မဟုတ်တော့လို့ အုတ်ရောရော ကျောက်ရောရော ဖြစ်တာ ရှောင်လွှဲမရနိုင် ထင်ပါသည်။ စာသင်ခန်းတွေမှာ ကျောင်းသားနဲ့ ဆရာ အချိုးအစား မမျှသ၍၊ ဆရာများကို ခေတ်မှီထိရောက်တဲ့ လေ့ကျင့်မွမ်းမံမှု စဉ်ဆက်မပြတ် မပြုနိုင်သ၍၊ သင်ကြားထောက်ကူပြု ပစ္စည်းများ အလုံအလောက် ထောက်ပံ့မပေးနိုင်သ၍၊ ကျောင်းစာအပြင် အခြားလှုပ်ရှားမှုများ ပြုစုပျိုးထောင်မှု မရှိသ၍ ဂျာအေးသူ့အမေရိုက် ဇာတ်လမ်း အဆုံးမသတ် ဖြစ်နေပါအုံးမည်။ အဲဒီအထဲမှာ အရေးကြီးဆုံးက ကျောင်းသား-ဆရာ ဦးရေ မျှတဖို့ဖြစ်ပါတယ်။ စာသင်ခန်းတခုမှာ ကျောင်းသား ၂၀-၃ဝထက်ပိုရင် ဆရာအတွက် ဘယ်လိုမှ ထိထိရောက်ရောက် ထိန်းကျောင်းကြပ်မတ်နိုင်စွမ်း မရှိပါဘူး။ ဒီကြားထဲ လစာကနဲ စားဝတ်နေရေး မပြည်လည်တဲ့အပြင် အစိုးရဘတ်ဂျတ် မလုံလောက်…. ကဲ.. ဦးပါလေရာပဲ ဆက်ပြောတော့ဗျာ…

    • Don Juan Ronald

      May 15, 2013 at 7:21 pm

      စစ် စား ရိတ် ကို လျှော့ ချ လိုက် ရင် ၊

      ဆရာ ကြောင်ကြီး ပြော တဲ့ ဟာ တွေ အား လုံး အ ဆင် ပြေ သွား မှာ ပါ ။ ဟုတ် တယ် ဟုတ် ?

      • kai

        May 16, 2013 at 12:09 am

        မှန်လှပါ၏ဗျာ..
        တိုင်းပြည်ဘက်ဂျက်တဝက်လောက်ယူထားတဲ့.. လက်နက်ကိုင်တွေစရိပ်လျှော့ချနိုင်ရင်.. ပညာရေးအတွက် ဘက်ဂျက်ပိုလာမှာပါ..။

        အခုတော့.. ပညာရေးဘက်ဂျက်ထိုက်တန်စွာမချပေးပဲ.. ဘကပညာရေးနဲ့မျှောပေးထားလိုက်တယ်..။ ဘာသာရေး-ပညာရေးနဲ့.. မျှောထားလိုက်တော့.. “အမျိုးဘာသာသာသနာ”ဦးထိပ်ထားဆိုတဲ့ အစွန်းရောက်တွေပိုမွေးထုတ်ပေးလာတယ်..။

        အဲဒါတွေကနေ.. တခြားအမျိုးဘာသာသာသနာတွေနဲ့ပဋိပက္ခတွေဖြစ်တယ်..။
        ပဋိပက္ခဖြစ်တော့.. လုံခြုံရေးအကြောင်းပြချက်နဲ့.. တပ်ရဲအုပ်ချုပ်ရေးတွေအင်အားသုံးရတယ်..။

        လက်နက်ကိုင်တွေ.. အလုပ်ရတယ်ဆိုပေမယ့်…
        ပေးဆပ်ရတာနဲ့.. တန်သလားမေးရမှာပဲ..။ တပ်တတပ်.. မြို့တမြို့လုံခြုံရေးအတွက်.. အရပ်ဖက်ထဲ မောင်းသွင်းရင်.. ကုန်ကျစရိပ်နဲ့.. ကလေးကျောင်းဘယ်နှကျောင်းများဆောက်လို့ရသလည်း..မသိ..
        =

        “ဂျာအေး၊ …
        ဂျာအေးကို သူ့အမေရိုက်လို့ မှောင်မိုက်မှာငို
        ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလွဲ.
        တွဲလွဲရယ်နေပါအုံး
        မိုးတောင်ကချုန်း၊ မုန့်လုံး
        မုန့်လုံးကို စက္ကူကပ်လို့ ကြာကလပ်နဲ့ဆွမ်းတော်တင်
        ပလ္လင်ပေါ်ကမြောက်ကလေး ဆင်းတယ်လို့ပြေး
        ဂျာအေး..။
        ဂျာအေးကို သူ့အမေရိုက်လို့ ….။ ….…..။

  • သူကြီး

    May 15, 2013 at 12:36 pm

    ဒီလိုပြောဆိုဝေဖန်ထားမှုများကို ဖတ်ရတာ လွန်စွာမှ အရသာရှိ ဝမ်းမြောက်လှတယ်ဗျာ ကျုပ်ကတော့ ဘာမှ နားမလည်ပေမယ့် မကောင်းမှန်းကိုတော့ အသေချာသိတယ်။ ဝင်ရောက်ဆွေးနွေးကြသူများ နှင့် ပို့စ်ပိုင်ရှင်ကို ကျေးဇူးအထူးပင်တင်ရှိလှပါကြောင်းးးးးး

  • Don Juan Ronald

    May 15, 2013 at 7:32 pm

    ကို ပါ ရေ ~~~~

    ဆရာ ပါ ၊ သုံး ခဲ့ တဲ့ “ ကျောက်သင်ပုန်း ” ဆို တာ ၊

    ခု ခေတ် ခလေး တွေ ကစား နေ တဲ့ I pad လို ပုံစံ လေး နဲ့ ဟာ လား ? အင် ~~~

  • uncle gyi

    May 15, 2013 at 10:44 pm

    ကလေးတွေကငယ်စဉ်ကစလို့၁ဝတန်းအထိပုံစံနဲ့နေလာတဲ့အကျိုးက
    ၁ဝတန်းပြီးလို့တက္ကသိုလ်လည်းရောက်ရော
    ဇောင်းကလွှတ်လိုက်တဲ့မြင်းလိုပြေးလိုက်ကြတာ
    လိုရာမရောက်မ်ိဘတွေဖြစ်စေချင်တာမဖြစ်
    တကယ်သနားဖို့ကောင်းပါတယ်ဗျာ

  • padonmar

    May 15, 2013 at 11:22 pm

    ဦးပါပြောတာလည်းမှန်တာပဲ၊ကျမတို့ ဆရာတွေဆရာမတွေက ကျောင်းမှာ တတ်အောင်သင်ပေးတော့ ကျမတို့ အပြင်စာဖတ်ချိန်ဆော့ကစားချိန်တွေ အများကြီးရခဲ့တယ်။
    Generation X ကြီးရဲ့ ကြေးအိုးသောက်ခဲ့ချိန်ပေါ့။
    Pazflor ကူးလာသလို နောက်လူတွေတွက် ကျမတို့ခေတ်လူတွေ တာဝန်မကျေဘူးဆိုတာလည်းမှန်တာပဲ။
    ကျမ သူငယ်ချင်းဆရာမတွေ နဲ့ပြောဖြစ်တယ်။
    ဒို့တွေ ဒို့ ဆရာ/မတွေကို လေးစားသလို နင်တို့ကျောင်းသားတွေက နင်တို့ကိုလေးစားမှာ မဟုတ်ဘူးလို့.
    သူတို့ကိုယ်တိုင်က လစာရရုံ ဝတ်ကျေတန်းကျေ သင်ကြတဲ့ ဆရာမတွေဖြစ်နေတာကိုး။
    ……
    ကလေးအမေသူငယ်ချင်းတွေနဲ့လည်းပြောဖြစ်တယ်။
    နင်တို့ ကလေးကို အတန်းထဲ ပထမ၊ဒုတိယတွေရစေချင်တာနဲ့ မနားတမ်းကျူရှင်တွေတက် ကြက်တူရွေးတွေလုပ်၊အတန်းပိုင်ဆရာမကို လက်ဆောင်ပေး လုပ်လိုက်ကြတာ နင်တို့ကလေးတွေ ပိုးအိမ်ဖြဲပြီး အတင်းထုတ်ပေးခံရတဲ့ လိပ်ပြာတွေဖြစ်နေပြီလို့၊အတောင်တွေက ပျော့စိပြဲနဲ့ မပျံတတ်တော့ဘူး။

    အဲတော့
    ကျောင်းဆရာမလည်းမဟုတ်၊ကလေးအမေလည်းမဟုတ်တဲ့ ကျမတို့ အော်မေ့တွေ သမိုင်းတရားခံ မဟုတ်ပါကြောင်း။

  • တိုက်တိုက်ဆိုင်ဆိုင် မနှစ်က ရေးခဲ့တဲ့ ဆောင်းပါးလေးကို ဒီတစ်ပါတ်မြနန္ဒာက ပုံနှိပ်ပေးပါတယ်။
    ပညာ+ရွှေအိုး= စီးပွားတိုး ဆိုပြီးတော့ ။.
    အခုဒီကော်မင်းမှာဘဲပြန်ဖော်ပြပေးလိုက်ပါမယ်နော်.
    ကြော်ငြာဝင်တာတော့မဟုတ်ပါဘူး။

    “ ပညာ+ရွှေအိုး =စီးပွားတိုး”
    သင်္ကြန်ပြီးတဲ့ရက်နောက်ပိုင်းမှာတော့ အရောင်းအဝယ်တွေပါးကြပါတယ်။
    သင်္ကြန်မှာ မီးကုန်ယမ်းကုန်ကဲလိုက်ကြလို့ငွေကုန်လူပန်းလဲပါ ပါတယ်။
    နောက်သိပ်မကြာခင် ဇွန်လမှ ကျောင်းတွေဖွင့်တော့မှာဆိုတော့ ကျောင်းသားမိဘတွေ
    က ငွေကုန်အုံးမယ်ဆိုတော့ ကြိုပြီးစုကြဆောင်းကြပေါ့။
    ကျနော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်ရှည်ပြီးလို့ကျောင်းဖွင့်တော့မယ်
    ဆိုပျော်ပါတယ်။
    သူငယ်ချင်းတွေနဲ့ ဆုံကြ ဆော့ကြရတော့မှာကိုး။
    ဒါပေမယ့် မိဘတွေ မှာကျောင်းဖွင့်ချိန်ကုန်မယ့်ငွေအတွက် ရှာကြဖွေကြ
    ပူကြပန်ကြဆိုတာ ငယ်တုံးကတော့ ဘယ်သိခဲ့မလဲနော်။
    ဒီတော့လဲ ပညာရေးနဲ့ပါတ်သက်တာလေးကို ပြန်စဥ်းစားမိတော့ တိုးတက်လာတဲ့
    ဒီခေတ်ကြီးထဲက ကျောင်းသားတစ်ယောက်ပညာရဘို့အရေး မလွယ်တာကို
    တွေးမိတော့ရင်မောပါတယ်။

    တစ်ခါက မိတ်ဆွေတစ်ယောက်အိမ်ကို ရောက်သွားတဲ့အချိန်မှာ
    သုံးတန်းကျောင်းသား မြေးလေးကို အဖိုးဖြစ်သူက ဆူနေတာနဲ့သွားဆုံပါတယ်။
    ကျူရှင်တွေမှန်သမျှလဲထားပေးရဲ့သားနဲ့ အတန်းထဲမှာ အဆင့်(2)ဘဲရလို့ မကြိုးစားဘူးဆိုပြီးဆူတာပါတဲ့။
    အဲလိုဆူနေတာကို ကြားမိတော့ ကိုယ်ကလဲ ဘုမသိဘမသိနဲ့ဝင်လျှာရှည်မိပါတယ်။
    “အဆင့်(2)ဆိုတာလဲ မဆိုးပါဘူး
    ဗျာကျွန်တော်တို့တုံး က “ဝမ်းတူ တင်း” ဝင်ရင်တောင်ကျေနပ်နေရတာမဟုတ်ဘူးလား”လို့
    လို့ဝင်ပြောရင်း”သူတို့အတန်းထဲကျောင်းသားက ဘယ်နှစ်ယောက်လဲ”လို့မေးတော့။
    “ခြောက်ဆယ့် သုံးယောက်”လို့ပြန်ဖြေတဲ့အခါ ဒါဆိုလဲကလေးကိုမဆူပါနဲ့တော့ဗျာ”လို့ကျွန်တော်ကပြောလဲပြောလိုက်ရော
    “ကိုပေါက်ရေ သူတို့အတန်းထဲမှာ ပထမရတဲ့သူက လူခြောက်ဆယ်ရှိတယ်”လို့ ခတ်ဆတ်ဆတ်လေး
    ဖြေသံကို ကြားမိလိုက်မှ “ဂဃနဏ”မသိဘဲ ဝင်ရှည်မိတဲ့ကိုယ့် ပါးစပ်ကိုဘဲ ပြန်ပိတ်ရိုက်ချင်စိတ်ပေါက်သွားပါတယ်။
    အခုခေတ်ကလေးများ တ စာထဲ စာနေကြရတာကိုလဲ အပြစ်မဆိုသာပါဘူး။
    မိဘဘိုးဘွားများကလဲ ကိုယ့်ကလေးရော ကိုယ်ပါမျက်နှာမငယ်ရအောင် ကလေးတွေကို ဇွတ်တွန်းပြီးကြိုးစားခိုင်းတာကိုး။
    ကလေးတွေကိုလဲ မိဘတွေက ကောင်းပေ့ဆိုတဲ့ကျုရှင်တွေထား မနားတမ်းတစ်ခုပြီးတစ်ခုတက်
    အချိန်နဲ့အမျှစာကျက်ခိုင်းပါတော့တယ်။
    ဒီတော့ အခုခေတ်ကလေးတွေရဲ့ဘဝမှာ မွေးလာလို့ နို့နံ့မစင်သေးဘူး ကျုရှင်ဆိုတာနဲ့တွေ့တော့တာပါဘဲ။
    (သတင်းတပုဒ်ဖတ်လိုက်ရတာ အမေ့ဗိုက်ထဲက ကလေးတောင်ကျုရှင်ပေးတော့မယ်ဆိုဘဲ)

    ပြီးခဲ့တဲ့တစ်ရက်ကတော့ လက်ဖက်ရည်ဆိုင်ထိုင်နေတုံး ကိုယ်နဲ့ကပ်ရက်စားပွဲက ထိုင်နေတဲ့မိန်းမနှစ်ယောက်ပြောနေတာ
    တွေကနားထဲကိုအလိုလိုရောက်လာပါတယ်။
    “အမကြီးသမီးရော ကျုရှင်အပ်ပြီးပြီလား? လို့တစ်ယောက်မေးတော့
    “မပြောချင်တော့ဘူး မငယ်ရေ အဲဒီကျူရှင်အပ်တဲ့ကိစ္စက မအောင်မြင်တဲ့အပြင် လင်မယားတောင်စကားတွေများရတယ်”
    လို့ အစချီပြီး ကိုးတန်းတက်မယ့် သမီးလေးကို အောင်ချက်ကောင်းတယ်လု့ိနာမယ်ကြီးတဲ့ ကျူရှင်ကိုသွားအပ်ဘို့လုပ်တဲ့
    အခါ ဒီအတိုင်းလက်မခံဘဲ ကလေးကို စာမေးပွဲဖြေခိုင်းပြီး အင်တာဗျုးပြီးမှ လက်ခံသင့် မခံသင့်စဉ်းစားမယ်လို့ပြောတဲ့
    အကြောင်း သူတို့မှာလဲ ဝန်ထမ်းတွေဖြစ်တော့ သမီးလေး (7)တန်းကျောင်းသူဘဝကတည်းက ကိုးတန်းရောက်ရင် ကျူရှင်ထားနိုင်ဘို့ ငွေစုခဲ့ရတဲ့အကြောင်း။
    ဒီလိုကြိုတင်လို့ စုတာတောင် ကြီးသထက်ကြီးလာတဲ့ကျူရှင်စရိတ် မပြည့် လို့ သူ့ညီမက လိုတာစိုက်ပေးတဲ့အကြောင်း။သမီးလေးကလဲ ဒီကျုရှင်မှ ဒီကျူရှင်ဖြစ်နေတဲ့အကြောင်း။
    ကျူရှင်က ချက်ခြင်း လက်မခံဘူးလဲပြောရော အိမ်က ယောက်ျားက သူတို့တောင်းသလောက်
    ပိုက်ဆံလဲပေးရသေး အောက်ကျနောက်ကျခံပြီး လဲအပ်ရသေးဆိုတာကိုလက်မခံနိုင်ဘူးဆိုပြီး
    အဲဒီကျုရှင်ကို မထားရဘူးပြောတော့ လင်မယားစကားတွေများရတဲ့အကြောင်းကိုစီကာပါတ်ကုံး
    ပြောပြနေတာကို နားမထောင်ဘဲကြားနေရပါတယ်။
    အခုမတ်လစာမေးပွဲဖြေပြီးတာမှ ရက်ပိုင်းဘဲရှိသေးတယ် ကျူရှင်တက်ဘို့လုံးပန်းနေကြရပါပြီ။
    အခုလိုကျုရှင်တွေအပ်တဲ့ကိစ္စတွေကိုမိဘတွေကိုယ်တိုင်က
    လုံးပန်းကြရတာမြင်တော့ ကိုယ့်နေထိုင်ကြီးပြင်းခဲ့ရတဲ့ခေတ်နဲ့ယှဉ်တွေးမိပြီး မိဘတွေရော ကလေးတွေအတွက်ပါရင်မောမိပါတယ်။

    ကျွန်တော်တို့ငယ်ငယ်ကတော့ နွေရာသီကျောင်းပိတ်ရက်ဆိုတာ ကျွန်တော်တို့ မီးကုန်ယမ်းကုန်
    ဆော့ရ ကမျဉ်းရအောင် အခွင့်ပေးလိုက်တဲ့ကာလပါ။
    အခုခေတ်ကလေးများလို ကျူရှင်တက်ဘို့မပြောနဲ့ မနက်မိုးလင်းကမိုးချုပ် ကလေးတွေစုလို့
    ကစားနည်းပေါင်းစုံကို စားချိန်နဲ့အိပ်ချိန်ကလွဲရင် တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်အောင် ပြောင်းလို့ကစားကြတာပါ။
    ဒါကြောင့်လဲ ကျွန်တော်တို့အဖွားက ကျွန်တော်ကိုကြည့်ပြီးပြောလေ့ရှိတာကတော့……………..
    “ ကျောင်းလဲပိတ်ရော ငပေါက်တို့လဲ ဘုတ်ပိတ်” ပါတဲ့။
    သူဆိုလိုတာက ကျောင်းပိတ်တာနဲ့ ကျောင်းစာဘုတ်အုပ်ကို လုံးဝကိုမဖွင့်တော့တာကို ဆိုလိုတာပါ။
    ဟုတ်ပါတယ် ကျျွန်တော်တို့ငယ်ဘဝက နွေရာသီကျောင်းပိတ်ပြီဆိုတာနဲ့ ကျောင်းပြန်ဖွင့်တဲ့
    ဇွန်လ မရောက်မချင်းကျောင်းစာအုပ်ကိုပြန်ဖွင့်တယ်ဆိုတာ မရှိသလောက်ပါဘဲ။
    ကျောင်းပိတ်ပြီဆိုတာနဲ့ရွယ်တူသူငယ်ချင်းတွေစုလို့ ကစားခဲ့ကြတာတွေကို ခုပြန်စဉ်းစားမိတာနဲ့တောင်
    လွမ်းသလိုလိုပါဘဲ။
    ကျွန်တော်တို့ ကျောင်းနေစဉ်ငယ်ဘဝတုံးကတော့ ကျောင်းသားတစ်ယောက်အဘို့
    ကျောင်းက ဆရာဆရာမ သင်တာနဲ့တင်လုံလောက်ပြည့်စုံပါတယ်။
    အများအားဖြင့်ကတော့ ကလေးတွေမှာစာမေးပွဲအောင်ရုံတင်မကဘူးစာလဲတကယ်တတ်ကြတယ်လို့
    ထင်ပါတယ်။
    ဘာလို့လဲဆိုတော့ အရင်ခေတ်က ကျောင်းသားဦးရေနဲ့ သင်ရတဲ့ဆရာဦးရေ မျှတတယ်။
    နောက်ပြီး ကျောင်းဆရာ ဆရာမ ဘဝကို ခံယူတဲ့သူတွေဆိုတာ တကယ်ကို ဝါသနာပါလို့
    စေတနာအပြည့် နဲ့ ဒီဘဝကို ခံယူခဲ့ကြတဲ့သူတွေဆိုတော့ သင်ကြားပေးရာမှာ စေတနာအပြည့်ပါတယ်။
    နောက်တစ်ချက်ကတော့ သင်ပေးသူကိုယ်တိုင်က လည်း ကလေးတွေကိုသင်ပေးရမယ့်ဘာသာရပ်
    ကို ကောင်းမွန်စွာနားလည်ပြီးသား တတ်ကျွမ်းပြီးသား သူတွေဖြစ်ကြပါတယ်။
    နောက်သူတို့ကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်သူတွေ ဖြစ်ကြပြန်တော့ ကလေးတွေရဲ့လေးစားစရာ
    စံပြုစရာ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့အတွက် သူတပည့်တွေကလည်း ဆရာ ဆိုတာနဲ့အလိုလိုလေးစားပြီးသားပါ။
    အဲ့တော့ ဆရာ ဆရာမတွေကလည်း ကျောင်းစာတင်မကဘူး တပည့်တွေကို လူမူ့ရေးနဲ့ပါတ်သက်တာတွေ
    ကို သွန်သင်ညွှန်ပြ ဆုံးမကြတာကိုလဲ တပည့်တွေက လိုလိုလားလားနာယူခဲ့ကြပါတယ်။
    ကျွန်တော်တို့လူပျိုပေါက်ကျောင်းသားဘဝက လက်ဖက်ရည်ဆိုင်ထိုင်ရင်ဆရာမြင်မှာကြောက်တယ်။
    ဆေးလိပ်သောက်နေတုန်းများဆရာ ဆရာမ ဖြတ်သွားတာမြင်ရင် သူတို့မမြင်အောင်ဆေးလိပ်ကိုအမြန်ဖွက်ရပါတယ်။
    အမှန်အတိုင်းပြောရရင်တော့ ချစ်ကြောက်ရိုသေပါ။
    ဆရာဆရာမ ကို ကျောင်းသားကလဲလေးစားပါတယ် သူတို့ကလည်းလေးစားလောက်အောင်နေပါတယ်။
    ဆရာ ဆရာမတွေကလည်းတပည့်တွေဆီက ဘာမျှော်လင့်ချက်မှမထားကြတာများပါတယ်။
    အတန်းထဲမှာစာမလိုက်နိုင်တဲ့ကောင်မှသာစာမေးပွဲနီးတဲ့အချိန်မှသာဆရာဆရာမတွေက
    “ဟိုကောင်ကျောင်းဆင်းရင်အိမ်လိုက်ခဲ့”ဆိုပြီး အိမ်မှာဆက်သင်ပေးတတ်ကြပါတယ်။
    အဲလိုသင်ပေးရတာ ဘာမှ မရတဲ့အပြင် သင်ပေးရတဲ့ဆရာ ဆရာမတွေကလာသင်တဲ့ကလေးဘိုက်ဆာနေမှာစိုးလို့ မုန့်တောင်ကြွေးလိုက်ပါသေးတယ်။
    ဒါရှေးရှေးတုန်းကပေါ့။

    ကျွန်တော့်အဘိုးက ကျောင်းအုပ်ကြီးဘဝကနေပင်စင်ယူလိုက်တဲ့အခါ အိမ်မှာကျုရှင်သဘောမျိုးဖွင့်ပါတယ်။
    ကျောင်းသားမိဘတွေက တောင်းပန်လို့ဖွင့်ရတာပါ။
    ကျွန်တော့်အဖိုးက သချင်္ာနဲ့အင်္ဂလိပ်စာပြပါတယ်။
    အတန်းထဲမှာစာမလိုက်နိုင်တဲ့ကလေးတွေကို သင်ပေးရတာပါ။
    အဲဒီခေတ်က စာတော်တဲ့သူက ကျုရှင်မတက်ပါဘူး။
    အဲဒါကျွန်တော်ကျောင်းနေစကပေါ့။

    ကျွန်တော်တို့ရှစ်တန်းလောက်အရောက် စံနစ်သစ်ပညာရေးဆိုပြီးတော့ သိပ္ပံနဲ့ဝိဇ္ဇာစခွဲပါတယ်။
    သိပ္ပံတွဲနဲ့ဆယ်တန်းအောင်ရင် ဆရာဝန်လိုင်းတို့ အင်္ဂျင်နီယာလိုင်းတို့ဆိုတဲ့လိုင်းကောင်းတွေတက်လို့ရသလို
    ဆယ်တန်းဆိုတဲ့ တက္ကသို်လ်ဝင်တန်းကိုအောင်ဘို့သိပ်မခက်ပါဘူး။
    ဒါပေမယ့် အရင်က မသင်ဘူးတဲ့ ဘိုင်အိုတို့ ဘော်တနီတို့ဆိုတဲ့(အကောင်ပလောင်ဗေဒတို့ သစ်ပင်ဗေဒ)တို့ဆိုတာတွေက ကိုးတန်းရောက်တာနဲ့စသင်ရပါတယ်။
    ဝိဇ္ဇာတွဲကနေအောင်ရင်တော့ အီကိုဆိုတဲ့စီးပွားရေးတို့ ဘီအီးဒီဆိုတဲ့ပညာရေးတက္ကသို်လ်တို့သာ
    အမြင့်ဆုံးလောက်အနေနဲ့တက်လို့ဘဲရသလို ဆယ်တန်းအောင်ဘို့လဲခက်ပါတယ်။
    အားလုံးက ကျက်စာတွေဖြစ်နေတာလဲပါ ပါတယ်။
    နောက်ရှစ်တန်းအောင်လို့ ဆယ်တန်းရောက်တဲ့အခါ ရတဲ့အမှတ်ကိုမူတည်လို့
    အသက်မွေးဝမ်းကျောင်းဆိုတဲ့ အင်စတီကျူ့ဆိုတာကြီးကို ဝင်ခွင့်သတ်မှတ်ပေးပါတော့
    ပထမ ဆေးတက္ကသိုလ် သူနောက်က စက်မှု့ အဲဒီနောက်က သွား …………………………..
    ဘီအီးဒီ၊အီကို၊သစ်တော၊စိုက်ပျိုးရေး၊ဘူမိ၊ဓါတု၊ရူပ အစသဖြင့်အစဉ်အတိုင်းခွဲသွားလိုက်တာ
    ဝိဇ္ဇာဘာသာရပ်များက အမှတ်အနည်းဆုံး၊နောက်ဘိတ်ဆုံးမှာရပ်တည်လို့ အမှတ်နည်းသူတွေ
    အတွက်ကဝိဇ္ဇာဘာသာရပ်ဖြစ်လို့သွားတော့ ပညာအဘိုးတန်တာ မတန်တာအပထား
    ဝိဇ္ဖာဘာသာရပ်ဆိုတာ စာညံ့သူ အမှတ်မကောင်းသူတွေအတွက်လို့ သတ်မှတ်တာခံရပါတော့တယ်။

    အဲလိုလဲစနစ်သစ်ပညာရေးကိုစပြောင်းရော မိဘတွေကစလှူပ်လာပါတော့တယ်။
    ၈တန်းအောင်လို့ လိုင်းခွဲရင် သိပ္ပံလိုင်းရအောင် ကလေးတွေကိုစမောင်းပါတော့တယ်။
    ကလေးတွေ ရှစ်တန်းရောက်တာနဲ့မိဘတွေရဲ့ပါးစပ်ဖျားမှာ ကလေးတွေ ရှစ်တန်းရောက်တာနဲ့ တသိပံ္ပထဲသိပ္ပံလို့
    သိပ္ပံရောဂါတွေတက်ကြ ပါတော့တယ်။
    အဲဒီကစလို့ ကျုရှင်ထားတယ်ဆိုတဲ့ ဘာသာစကားကလဲခေတ်စားလာပါတော့တယ်။
    အဲရှစ်တန်းအောင်လို့ ကိုးတန်းလဲရောက်ရော ကျူရှင်ဆက်တက်ရပါတော့တယ်။
    ဘာလို့လဲဆိုတော့ ဆယ်တန်းဖြေတဲ့အခါမှာ ကိုးတန်းစာပါထည့်မေးပါတယ်။
    နောက်ပြီးကိုးတန်းရောက်တာနဲ့အရင်က မသင်ခဲ့ရတဲ့ဘာသာရပ်တွေကိုစသင်ရတာကလဲ အခက်အခဲတစ်ခုလိုပါဘဲ။
    ဓါတုဗေဒ၊ရူပဗေဒ၊ဘိုင်အို၊အယ်လ်ဂျီဘရာ၊တြီဂိုစတဲ့နာမယ်အသစ်တွေပါလာပါတော့တယ်။
    အဲဒီတော့ မိဘများကလဲ ကိုယ့်ကလေးဆယ်တန်းအောင်ရင် အမှတ်ကောင်းဘို့အတွက်
    ကျောင်းကဆရာတွေသင်တာနဲ့တင်မလုံလောက်ဘူး အပြင်မှာနောက်ထပ်ဆရာတွေနဲ့
    ထပ်သင်မှရတော့မယ်ဆိုတဲ့အတွေးနဲ့ကျုရှင်ပြေးလို့အပ်ပါတော့တယ်။

    ဒါပေမယ့်ဟိုအရင်ခေတ်က ကျုရှင်မှာသင်တဲ့ဆရာဆိုတာ အစိုးရကျောင်းတွေမှာ အလုပ်မလုပ်တဲ့
    ပြင်ပက ဆရာတွေဘဲသင်ပေးတာပါ.။
    အစိုးရကျောင်းမှာ လက်ရှိသင်နေတဲ့ဆရာ ဆရာမက အပြင်မှာကျုရှင်ပြစားတယ်ဆိုတာ မရှိသလောက်
    ရှားပါတယ်။
    တစ်ချို့အပြင်မှာကျုရှင်လဲမတက်နိုင်တဲ့ကလေးတွေကို အခမဲ့ဖြစ်စေ သဒ္ဒါကြေးနဲ့ဖြစ်စေသင်ပေးတဲ့ဆရာ
    တွေတော့ အနည်းအကျဥ်းရှိပါတယ်။
    ဒါပေမယ့် အဲဒီတုန်းက ကျူရှင်ဆိုတာက အစိုးရကျောင်းရဲ့နောက်မှာဘဲရှိနေသလို အခုလောက်လဲမိဘတွေ
    သဲသဲမလှုပ်ခဲ့ကြတာကလဲအမှန်ပါဘဲ။
    ကျွန်တော် တို့ဆယ်တန်းရောက်တဲ့အချိန်မှာကျူရှင်ဆိုတာတွေက အရှိန်ရစပြုနေပါပြီ။
    ဘာသာစုံသင်တဲ့ကျုရှင်တွေရှိပေမယ့်နည်းပါးပါတယ်။
    ကျွန်တော်လို့ သိပ်ပိုက်ဆံမတတ်နိုင်သူများကတော့ ကျုရှင်တစ်ခုထဲမှာ
    ဘာသာစုံသင်ပေးတဲ့ဆီမှာတက်ကြပါတယ်။
    (လူတွေက အထင်သေးတတ်ကြလို့ပါ အဲဒီလိုကျုရှင်တွေမှာလဲတကယ်ကိုအသင်အပြကောင်းတဲ့ဆရာတွေအများကြီးရှိပါတယ်။)
    အများအားဖြင့်ကတော့ တစ်ဘာသာခြင်းစီကို သီးသန့်သင်တဲ့ဆီကိုအလုအယက်တက်ကြပါတယ်။
    မန်းလေးမှာအဲဒီတုန်းက မြန်မာစာဆိုရင် ဦးသိန်းနို်င်၊သချင်္ာဆိုရင်နန်းညွန့်၊ဇော်ဂျီဦးအေးမောင်၊အင်္ဂလိပ်စာဆိုရင် BM ဘားမား၊ဦးအောင်ကိုးရူပဆိုရင်ဦးဝင်းထိန်၊ဓါတုဦးစိန်လှိူင် ဆိုရင် ဘိုင်အိုဆိုရင်မေဂျာတင်ဝင်း ဦးစိုးတင့်တို့က နာမယ်ကြီးဆရာတွေပေါ့။
    ဘာသာစုံမှာနယ်မယ်ကြီးတာကတော့ ကျုံးဘေးက အားသစ်ကျုရှင်ပါဘဲ။
    ကျူရှင်ဆရာတင်နာမယ်ကြီးတယ်မထင်ပါနဲ့ဘယ်ကျောင်းက ဆရာကတော့ ဘယ်ဘာသာမှာအသင်အပြ
    ကောင်းတယ်ဆိုတဲ့ ပန်းသတင်းမွှေးမွှေးလေးတွေကိုလဲ လေညှင်းဆောင်သလိုဆောင်ခဲ့ကြပါတယ်။
    နောက်ပိုင်းမှာတော့ ပညာရေးပုံစံကပြောင်းလဲလို့သွားပါတယ်။
    အစိုးရကျောင်းမတက်ရင်လဲရတယ် ဘော်ဒါနေပြီး အပြင်ကနေဖြေရင်ရတယ်ဆိုတော့ ဘော်ဒါဆောင်တွေပေါ်လာပါတယ်။
    ဒါပေမယ့်စ စခြင်းကတော့ သိပ်မအောင်မြင်ခဲ့ပါဘူး။
    ကျွန်တော်တို့ ဆယ်တန်းနှစ်က ထောင်တဲ့ဘော်ဒါတစ်ခုက အဆန်းထွင်လို့ ကျောင်းသားတကယ်နှစ်သက်တဲ့
    ကြီုက်တဲ့ဆရာနဲ့ သင်ပေးမယ် ကျောင်းသားကိုရွေးချယ်ခွင့်ပေးမယ်ဆိုပြီးဖွင့်ပေးလိုက်တာ နှစ်တစ်ဝက်သာကျုးိသွားတယ် ဆရာရွေးလို့ မပြီးဘူး ဆိုတာကို ပုံပြင်လိုလို တကယ်လိုလိုနဲ့ကြားရဘူးပါတယ်။
    ဒီလိုနဲ့ကျွန်တော်လဲဆယ်တန်းအောင်ပြီးလို့ နှစ်အတော်ကြာမှာ ပညာရေးရဲ့ပုံစံတစ်ခုလုံး
    ပြောင်းလဲသွားတာကိုသိလိုက်ရပါတယ်။
    တူလေးတွေတူမလေးတွေ သူ့အတန်းပိုင်ဆရာမဆီမှာ ကျုရှင်တက်ရသတဲ့။
    နေ့ကျောင်းက ကျောင်းဆင်းရင် ဆရာမက သတ်မှတ်ပေးထားတဲ့ အိမ်မှာစုပြီးစာဆက်သင်ပါသတဲ့။
    အဲတော့ ဒါတရားဝင်လားဆိုတော့လဲမဟုတ်ပါဘူး ခွင့်ပြုထားတာမဟုတ်ပါဘူးတဲ့။
    ဒါနဲ့ အမကို မေးကြည့် မိပါတယ် “မထားရင်ကော……………..”ပေ့ါနော်။
    အမကတော့ ဘာမှပြန်မဖြေပါဘူး သူ့မျက်လုံးထဲမှာတော့ ကျွန်တော့်ကို “အ….ရန်ကော”လို့ပြောနေသလိုပါဘဲ။
    နောက်တော့ ပြောင်းလဲသွားတဲ့အခြေအနေတွေအောက်မှာ ဈေးကွက်စီးပွားရေးဆိုတဲ့အထဲကို ဒီပညာရေးလဲပါသွားပါတယ်။
    (ဟိုအရင်က ကျောင်းဆရာ ဆရာမ ဆိုတဲ့ဘဝက တကယ့်ကိုပင်ပန်းဆင်းရဲရှာကြပါတယ်။
    နိုင်ငံတော်က ပေးထားတဲ့လခ နဲ့ သိတတ်တယ်ဆိုတဲ့နည်းပါးလှစွာသော တပည့်များက ကန့်တော့တဲ့
    ပုဆိုးလေး ပိတ်စလေးကလွဲရင် ဘာမှ မရကြတာများပါတယ်။
    ဒီတော့လည်း တကယ်ကိုဝါသနာပါသူကလွဲရင် ဒီဘဝထဲကို ဘယ်သူမှဝင်မလာကြပါဘူး။
    နာသုံးနာနဲ့ ပြည့်စုံခဲ့တဲ့ခေတ်လို့ပြောရင်ရပါတယ်။)
    နောက်တစ်ချက်ကတော့ တိုးတက်လာတဲ့လူဦးရေနဲ့ ကျပ်တည်းကျဉ်းမြောင်းလာကြတဲ့စီးပွားရေးတွေ၊
    စားဝတ်နေရေးခက်ခဲ့တဲ့ဘဝတွေမှာဝါသနာနဲ့ ဝမ်းရေးကိုခွဲခြားမထားနိုင်ကြတော့ပါဘူး။
    ဟိုအရင်ကတော့ အိမ်မှာတစ်ယောက်ထဲလုပ် မိသားတစ်စုလုံးစားဆိုတာကနေ အိမ်ရှိလူကုန်အလုပ်လုပ်မှစားရတဲ့အခြေအနေတွေကြုံလာရတဲ့အခါမှာတော့ ရ ရာအလုပ်ကို ဝင်လုပ်
    ကြရပါတော့တယ်။
    အဲဒီလိုကြုံရာ ရရာ အလုပ်ကိုလုပ်ရခြင်းရဲ့အကျိုးဆက်ကတေ့ာ ဝါသနာမပါပေမယ့် ထမင်းစားရုံသက်သက်အတွက် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စိတ်ဝင်စားမူ့
    နည်းပါးသွားတော့တာပါ။
    အရင်က ဝါသနာပါလို့လုပ်တော့ ဒီအလုပ်ကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာ ကို အမြဲစိတ်ထဲမှာထည့်ထားတယ်။
    ဝမ်းရေးအရလုပ်တဲ့အခါ ကိုယ်တာဝန်ချိန်ပြီးရင် ပြီးပြီ။
    ကျန်တာမလာနဲ့တော့ဆိုတာမျုးိဖြစ်သွားကြပါတယ်။
    အဲတော့ လဲ အစိုးရကျောင်းက ဆရာ ဆရာမတွေက ကိုယ့်အတန်းထဲက ကလေးကိုခေါ်ပြီးကျုရှင်ပြ။
    ရမှန်းသိတော့ ကျုရှင်မထားနိုင်တဲ့ အခြေခံလူတန်းစားများများရှိတဲ့ရပ်ကွက်က ကျောင်းတို့ နယ်မှာရှိ
    တဲ့ကျောင်းတို့မှာ သွားအလုပ်လုပ်ချင်သူရှားပါးလို့ ကျုရှင်ထားနိုင်တဲ့ကလေးများရှိတဲ့ မြို့လယ်ကကျောင်း
    တွေမှာသာ ဆရာလုပ်ဘို့ စိတ်ဝင်စားကြပါတော့။
    မတော်လို့များ ခွင်မကောင်းတဲ့ကျောင်းများရောက်သွားလို့ကတော့ မြို့ကျောင်းကိုပြန်ရောက်အောင်နည်းမျုးိစုံ
    သုံးလို့ကြိုးပမ်းကြပါတော့တယ်။
    ဆရာ ဆရာမမျုားအားလုံးဒီအတိုင်းဘဲလို့ မဆိုုလိုပါဘူး။
    နာသုံးနာနဲ့ပြည့်စုံသော ဆရာ ဆရာမပေါင်းများစွာလဲ မြန်မာပြည်မှာရှိသေးတယ်ဆိုတာကတော့
    အသေအချာပါဘဲ။
    သို့သော်လည်းအရေအတွက်နည်းပါးသွားတာကတော့ အသေအချာပါဘဲ။

    နောက်ပိုင်းမှာတော့ ကျူရှင်ဆိုတာတင်မကဘဲ ဆိုင်းဘုတ်အမျုးိမျုးိတပ်ထားတဲ့
    ပညာရေးဝန်ဆောင်မူ့တွေပေါ်လာတော့တာပါဘဲ။
    အစကအချိန်ပိုင်းကျုရှင်ပေးတာကနေ တစ်နေကုန်အစိုးရကျောင်းနဲ့အပြိုင်စာသင်ကျောင်းတွေထောင်လာကြပါတယ်။
    အဲဒီအခါမှ သင်ပြပေးတဲ့ဆရာတွေကို တစ်ကျောင်းနဲ့တစ်ကျောင်း သူထက်ငါသာအောင် အပြိုင်ခေါ်ကြတဲ့အခါ
    အထက်တန်းကျောင်းက နာမယ်ရ ဆရာတွေတင်မကဘဲ တက္ကသိုလ်အသီးသီးက ဆရာများပါ ဆယ်တန်းဆိုတဲ့
    အထဲမှာ ပါဝင်ပါတ်သက်လာပါတော့တယ်။
    အဲလိုမျုးိလဲ ဖြစ်ရော ကျောင်းဆရာတွေဝင်ငွေကောင်းတဲ့ခေတ်ကိုရောက်သွားပါတယ်။
    (မှတ်မှတ်ရရ အဲဒီအချိန်က မန်းလေးမှာ ဟွန်ဒါရွှေရောင်ဆိုင်ကယ်တွေခေတ်စားတဲ့ခေတ်ပါဘဲ)
    ကျောင်းသားတွေကို လဲ သူ့ထက်ငါအလုအယက် ဈေးသည်များဈေးဝယ်ခေါ်သလို မက်လုံးတွေ
    ပေးလို့ အပြိုင်အဆိုင်ခေါ်ကြပါတယ်။
    ဒီလို ပညာသင်ကြားရေးတွေပေါ်လာတဲ့အတွက် ကောင်းလာတဲ့တစ်ချက်က တော့ မိဘက
    သေသေချာချာမကြည်ု့နိင်လု့ိပျက်ချင်ချင်ဖြစ်နေတဲ့ကလေးတစ်ချို့ကတော့ သင်တန်းက
    ဆရာ ဆရာမတွေက အနီးကပ်ကြည့်နိုင်တဲ့အတွက် ဘဝလေးတွေလှသွားတာပါဘဲ။
    အဲဒီအချိန်မှာနောက်ထပ်ခေတ်စားလာပြန်တာတစ်ခုကတော့ စာကျက်တာကို စောင့်ပေးတဲ့
    “ဂိုက်ဆရာ” ဆိုတဲ့လူတန်းစားတစ်ရပ်ပေါ်လာတာပါဘဲ။
    သူက စာသင်ပေးသူမဟုတ်ဘူး။
    စာဘယ်လိုကျက်ရမယ်ဆိုတာကိုနည်းလမ်းပြပေးရသူလို့ဆိုပါတယ်။
    နားမလည်ရင်တော့ရှင်းပြပေးမယ် တနည်းအားဖြင့်ပြောရရင်တော့ စာကျက်မကျက်အစောင့်ခိုင်းတာပါဘဲ။
    နောက်တော့လဲအ စုအဖွဲ့လေးလုပ်လို့ စာကျက်ဝိုင်းဆိုတာတွေထောင်လို့ကလေးတွေကို စာစုကျက်ခိုင်းပါတော့တယ်။

    ဒီကျောင်းတွေက အစကတော့ လာသမျှကျောင်းသားကို လက်ခံပါတယ်။
    နောက်ပိုင်းတော့ အောင်ချက်မကောင်းမှာစိုးတော့ နည်းနည်းလေးကန့်သတ်လို့လက်ခံလာပါတယ်။
    အခုနောက်ပိုင်းမိဘတွေ ကျောင်းသားတွေက အားကိုးမှန်းသိလာတဲ့အခါမှာတော့သူတို့က
    အထက်ကြေးရောက်သွားသလိုပါဘဲ။
    သူတို့ သင်တန်းနာမယ်ကောင်းရရေး အောင်ချက်ကောင်းရေးအတွက် တကယ်အောင်နိုင်တဲ့လူဆိုတာထက်
    တကယ်ကိုတော်တဲ့ ထူးချွန်ထက်မြက်တဲ့ကျောင်းသားမှသာ လက်ခံပါတော့တယ်။
    သင်တန်းကြေးကလဲ သိန်းဂဏန်းကနေ သိန်းဆယ်ဂဏန်းရောက်သွားပါတယ်။
    ဒါတောင်ကန့်သတ်ချက်အမျိုးမျိုးစည်းကမ်းအမျိုးမျိုးနဲ့မှလက်ခံပါတယ်။
    ဝင်ခွင့်စာပေးပွဲဖြေရမယ်။
    တစ်ဝက်တစ်ပျက်နဲ့မနေနိုင်လို့ ပြန်မထွက်ရင် သင်တန်းကြေးပြန်မပေးဘူးတို့ဆိုတာတွေပေါ့။
    ခက်တာက မိဘတော်တော်များများရဲ့စိတ်မှာ ကျောင်းသားတွေရဲ့စိတ်မှာအစိုးရကျောင်းတွေက
    ဘယ်လောက်ကောင်းအောင် ပျံနေအောင်သင်သင် ဒီလိုကျူရှင်မျုးိမှာ မထားရရင် လူရာမဝင်
    တော့ဘူးဆိုတဲ့လွဲမှားတဲ့အတွေးတွေဝင်ကုန်တဲ့အခါမှာ ရှေးက ထားခဲ့တဲ့ “ပညာရွှေအိုးလူမခိုး”
    ဆိုတဲ့စကားပုံကပြောင်းလဲသွားတော့တာပါဘဲ။

    အခုနောက်ပိုင်း တံခါးဖွင့်ဝါဒ ကျင့်သုံးလိုက်တော့ ဈေးကွက်ရှာနေတဲ့အနောက်နို်င်ငံကလူများ
    အဖို့ ဈေးကွက်ကြီးကြီး ရသွားပါတယ်။
    အားနည်းချို့တဲ့မူ့တွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့ပညာရေး လောကထဲကို အရှိန်အဟုန်
    ကြီးကြီးနဲ့လှိမ့်ဝင်လာကြတော့တာပေါ့။
    နိုင်ငံခြားသားတွေထောင်တဲ့ မြန်မာစာသင်ကျောင်းတွေ ရန်ကုန်လိုမန်းလေးလို့မြိုကြီးတွေ
    မှာအ လျိုလျိုနဲ့ထောင်ကြပါတော့တယ်။
    သူငယ်တန်းကနေစလို့ အထက်တန်းသာကမဘဲ အဆင့်မြင့်တက္ကသိုလ်ပညာရေးထိစီစဉ်
    ပေးနိုင်ကြပါတယ်။
    သူငယ်တန်းကစ ပြီး ဘိုလိုပြောနို်င်အောင်လေ့ကျင့်ပေးတာပါ။
    ငါးတန်းမှ အင်္ဂလိပ်စာ စသင်ရလို့ ထော့ကျို့းအင်္ဂလိပ်စာဘဲ တတ်တဲ့ မိဘတွေအဖို့
    အဲလိုကျောင်းမျိုးမှာ ထားတဲ့ ကိုယ့်ကလေးက ကျောင်းကနေအိမ်ပြန်လာတဲ့အခါ
    အေဖော် အယ်ပယ် ဘီဖော် ဘွိုင်းလို့များ ဆိုပြလိုက်ရင် မိဘတွေမှာကျေနပ်လို့။
    မနက်မိုးလင်းရင် ကျောင်းကား က အိမ်ရှေ့လာကြို။
    အကူဆရာမလေးက ကလေးတွေကို ကားပေါ်သေချာခေါ်တင်။
    ကလေးကလဲ ကျောင်းဝတ်စုံအပြာလေးနဲ့သပ်သပ်ရပ်ရပ်ဆိုပြန်တော့
    မိဘတွေစိတ်မှာငွေကုန်ရကျိုးနပ်တယ်လို့ ထင်မိပါတယ်။
    အဲဒါနဲ့ဘဲ ပိုက်ဆံတတ်နို်င်တဲ့ မိဘရော မတတ်နိုင်တဲ့မိဘတော်တော်များများက
    ဒီလို ကျောင်းတွေမှာကိုယ့်သားသမီးကိုထားနိုင်အောင်အပြိုင်အဆိုင်ကြိုးစားကြရပါတော့တယ်။
    ကလေးတစ်ယောက်ရဲ့ တစ်လ ပညာသင်စရိတ်က သိန်းဂဏန်း ရှိတယ်ဆိုတော့
    ပညာရဘို့အတွက် ရွှေအိုးနဲ့စက်ဝယ်မှ ရတယ်ဆိုတဲ့ အနေအထားမျုးိရောက်သွားပါတော့တယ်။
    လက်ရှိအခြေအနေမှာတော့ ပညာ= ရွှေအိုးဖြစ်သွားပါတယ်။
    “ကလေးလေးတွေပညာရရှိဘို့ကတော့ …………………..”လို့ ဆိုတဲ့ဆရာမြို့မငြိမ်းရဲ့သီချင်းစာသားမှာ
    အဓိကကျတဲ့ အာစရိယဆိုတဲ့ ဆရာကိုသာ ဆည်းကပ်ကိုးကွယ်ရုံနဲ့ရနိုင်ပေမယ့်အခုခေတ်မှာတော့
    အာစရိယ ဆိုတဲ့ဆရာရဘို့ ရွှေအိုးလိုအပ်လာပါပြီ။
    အာစရိယဆိုတဲ့ဆရာကလည်းကျောင်းထောင်စားသူရဲ့အလိုဆန္ဒအတိုင်း ကလေးလေးတွေကိုပညာဖြန့်ဝေတဲ့နေရာမှာ စေတနာ အနစ်နာ ဆိုတာကွယ်ပျောက်လို့
    အသပြာက ရှေ့တန်းရောက်လာသလိုပါဘဲ။
    ကျောင်းထောင်စားသူကလဲ ကလေးတွေကို ပညာဖြန့်ဝေဘို့ထက် သူထောင်တဲ့ကျောင်းနာမယ်ကောင်းရရေး
    ဝင်ငွေတိုးရေးက အဓိကဖြစ်လာပါတယ်။
    စစ်စစ်ပေါက်ပေါက်ပြောရရင်တော့” စီးပွားတိုး”ဘို့က အဓိကဖြစ်လာပါတယ်။
    ဒါကြောင့် ရှေးစကားပုံဟောင်းကိုပြောင်းရပါတော့မယ်။
    ပညာရွှေ့အိုးလူမခိုးကနေ ပညာ+ရွှေအိုး=စီးပွားတိုးလို့ပါ။
    ဒါဆိုရင်မမှားလောက်ဘူးထင်ပါရဲ့နော်?

    ကိုပေါက်(မန္တလေး)
    ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

  • ဦးဦးပါလေရာ

    May 16, 2013 at 11:22 am

    ဘာလို့လဲဆိုတော့ အရင်ခေတ်က ကျောင်းသားဦးရေနဲ့ သင်ရတဲ့ဆရာဦးရေ မျှတတယ်။
    နောက်ပြီး ကျောင်းဆရာ ဆရာမ ဘဝကို ခံယူတဲ့သူတွေဆိုတာ တကယ်ကို ဝါသနာပါလို့
    စေတနာအပြည့် နဲ့ ဒီဘဝကို ခံယူခဲ့ကြတဲ့သူတွေဆိုတော့ သင်ကြားပေးရာမှာ စေတနာအပြည့်ပါတယ်။
    နောက်တစ်ချက်ကတော့ သင်ပေးသူကိုယ်တိုင်က လည်း ကလေးတွေကိုသင်ပေးရမယ့်ဘာသာရပ်
    ကို ကောင်းမွန်စွာနားလည်ပြီးသား တတ်ကျွမ်းပြီးသား သူတွေဖြစ်ကြပါတယ်။
    နောက်သူတို့ကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်သူတွေ ဖြစ်ကြပြန်တော့ ကလေးတွေရဲ့လေးစားစရာ
    စံပြုစရာ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့အတွက် သူတပည့်တွေကလည်း ဆရာ ဆိုတာနဲ့အလိုလိုလေးစားပြီးသားပါ။
    အဲ့တော့ ဆရာ ဆရာမတွေကလည်း ကျောင်းစာတင်မကဘူး တပည့်တွေကို လူမူ့ရေးနဲ့ပါတ်သက်တာတွေ
    ကို သွန်သင်ညွှန်ပြ ဆုံးမကြတာကိုလဲ တပည့်တွေက လိုလိုလားလားနာယူခဲ့ကြပါတယ်။

    တကယ်တော့ နောက်အပိုင်းကို ဆက်တင်ရင် ဂဇက်သမိုင်းမှာ အဆဲအခံရဆုံးပိုစ့် ဖြစ်သွားနိုင်လို့
    မတင်တော့ဘူး လို့ နေတာပါ။
    ကိုပေါက် ဆောင်းပါးလေးဖတ်ရပြန်တော့ ဆက်တင်ချင်စိတ်ပြန်ပေါက်လာပြန်ရော….
    သတိ္တ မွေးလိုက်ပါဦးမယ်…
    :harr:

  • MaMa

    May 16, 2013 at 10:51 pm

    ကဲ- နိဗ္ဗာန်ဆော် လုပ်လိုက်အုံးမယ်။

    ဒီမှာ ကထူးဆန်းရေ။
    ဂျီတိုက်ဖို့ အချိန်တန်ပြီ ထင်တယ်။ :harr:

  • ဟက်မငေးး ငေးး
    ချင်ဒို့ဒုန်းက သူငယ်ဒန်း နှစ်ဝက်ကျိုးနဲ့ နာရီကျိဒတ်ဒယ် … ဟုတ်ဒလား …
    သများဒို့ဆိုရင်လေ …
    ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနဲ့ ကျောင်းဆင်း ကျောင်းတက် လုပ်ခဲ့ရဒါ …
    နာရီဆို စာသင်ကျောင်းမှာတောင် ချိဝူးးး
    မတောက်တခေါက် မြို့ကလေး ရောက်မှသာ
    နာရီ ကျိနည်း သင်ခဲ့ရဒါ …
    လွယ်မှတ်ရို့ …. :mrgreen:

Leave a Reply