တွံတေးအလှူ….

Kaung Kin PyarMay 14, 20132min13519
ရွှေဆံတော်ဘုရားပါ..
ရွှေဆံတော်ဘုရားပါ..
ဘုရားပေါ်က ဆိုင်ခန်းလေးပါ..
ဘုရားပေါ်က ဆိုင်ခန်းလေးပါ..
ဗောင်းတော်ချုပ်ကွမ်းယာပါ..။ ကွမ်းမရှိတာနဲ့ ယာပေးမယ့်သူပဲ မရှိတာပါ..။ ရေးထားတာတော့ ရှယ်နော်...
ဗောင်းတော်ချုပ်ကွမ်းယာပါ..။ ကွမ်းမရှိတာနဲ့ ယာပေးမယ့်သူပဲ မရှိတာပါ..။ ရေးထားတာတော့ ရှယ်နော်…
ဗောင်းတော်ချုပ်ဘုရားပါ....
ဗောင်းတော်ချုပ်ဘုရားပါ….
မြင့်မြင့်သူ...
မြင့်မြင့်သူ…
တွံတေးကျောင်းမှ အနာဂတ်၏ လူကြီးမင်းလေးများ။
တွံတေးကျောင်းမှ အနာဂတ်၏ လူကြီးမင်းလေးများ။
ဘုန်းဘုန်း....
ဘုန်းဘုန်း….
အမျှ...အမျှ.....အမျှ....
အမျှ…အမျှ…..အမျှ….

မနေ့က (13.5.2013)မှာ ရွာသားတွေလဲ သိတဲ့ တွံတေးကျောင်းကို ရောက်ခဲ့ပါတယ်…။ ကံကောင်းစွာပဲ ရွှေဆံတော်ဘုရားနဲ့ ဗောင်းတော်ချုပ် ဘုရားလဲ ဖူးခွင့်ရခဲ့တယ်…။ ရွာသားတွေအတွက် ဘုရားပုံတွေနဲ့ ကျောင်းကခလေးတွေပုံတင်လိုက်ပါတယ်..။ ကောင်းကင်ပြာရုံးက ကထိန်ကို အဲ့ဒီကျောင်းမှာ သွားခင်းခဲ့တော့ ခလေးတွေကို မြင်ပြီး Caddy တွေက စိတ်မကောင်းတာနဲ့ သူတို့ရတဲ့လစာလေးတွေ စုပြီး သပ်သပ်ဖယ်ထားတာ ဆယ့်သုံးသိန်းကျော်လောက်ရခဲ့ပါတယ်..။  ထပ်ပြီးအလှူငွေထည့်တာနဲ့ဆိုတော့ ဆယ့်ခုနှစ်သိန်းကျော်လောက် လှူနိုင်ခဲ့ပါတယ်..။ ရွာသူားတွေ သာဓုခေါ်ရအောင် ပြန်မျှပါတယ်ရှင်…။

 

 

19 comments

  • kaung kin pyar

    May 14, 2013 at 11:37 am

    ပုံတွေ တင်ရင်း တင်ရင်း…၊ ကိုးနတ်ရှင်၏ စောင့်ရှောက်မှုကို ဆုတောင်းရင်း…မဝေ၏ နံရိုးကြံမဆိုင်ပုံများအား မျက်လုံးထဲက ကြိုးစားဖျောက်သော်လဲ တွေ့တွေ့နေရပါသောကြောင့် ယခု ကောင်းကင်ပြာ Dinning Room သို့ ပြေးပြီ ဖြစ်ပါဂျောင်း….။

  • Myo Thant

    May 14, 2013 at 12:09 pm

    ကျနော်တို့ရုံးကလည်း အဲဒီမှာ ၃ ခါလှူခဲ့ဘူးပါတယ် ၊

    ဂဇက်မှာတောင် ပို့စ် တစ်ခု တင်ခဲ့ပါသေးတယ် ၊

    တွံတေးကအပြန် ရေခဲစိမ်ထန်းရည်ကလည်း ဂွတ်ပါကြောင်း 🙂

    အန်းနီးဝေး သာဓုပါဗျာ

  • Ma Ei

    May 14, 2013 at 12:11 pm

    ကလေးများကိုမေတ္တာထားစောင့်ရှောက်ပေးနေသော
    ဘုန်းဘုန်းကြီး ကျန်းကျန်းမာမာရှိနေတာဖူးတွေ့ရလို့
    ဝမ်းသာမိပါတယ်…

  • kyeemite

    May 14, 2013 at 1:41 pm

    အလှူဒါနအတွက် ဝမ်းသာပီတိဖြစ်မိပါတယ် ကောင်းကင်ပြာရေ…
    သာဓု….သာဓု….သာဓု….ပါ။

  • ခင်ခ

    May 14, 2013 at 1:56 pm

    ကောင်းကင်ပြာရေ ကောင်းသောလုပ်ဆောင်မှုလေးဖြစ်လို့ ပိတိဖြစ်ပါတယ်ဗျ။

  • kaung kin pyar

    May 14, 2013 at 2:46 pm

    အူးမျိုးရေ….
    အူးမျိုးရဲ့ အလှူအတွက်လဲ ကောင်းကင်ပြာ သာဓုခေါ်ပါတယ်….။
    တစ်ခုသိချင်ပါတယ်..။ မှန်မှန်ဖြေပါ..။ ဘုန်းကြီးကျောင်းနဲ့ ရေခဲစိမ်ထန်းရည် ဘယ်ဟာကို ပိုလွမ်းပါကြောင်း…။ 😀

    မအိရေ….
    ဘုန်းဘုန်းကျန်းမာပါတယ်…။
    ‘ကျန်းမာပါရဲ့လား ဘုန်းဘုန်းဘုရား’လို့ လျှောက်တော့…
    ‘အိမ်း….ကျန်းမာပါတယ်…။ အသက်ကြီးလာတာ တစ်ခုပဲ’ ဟု ပြန်မိန့်ပါကြောင်း။

    • Myo Thant

      May 14, 2013 at 2:58 pm

      ဘုန်းကြီးကို လွမ်းလို့ဖြစ်မလားကွယ် ၊
      ကလေးတွေကို စာနာတယ်
      ထန်းရည်ကိုတော့ လွမ်းမိ၏ ၊
      လှိုင်သာယာလောက်ဆို ခဏ ခဏ သွားမိမှာ ၊ ဟီး ဟီး 🙂

  • kaung kin pyar

    May 14, 2013 at 2:48 pm

    ကိုကြီးမိုက်နဲ့ ကိုခင်ခရေ….
    ကောင်းကင်ပြာတို့ အလှူအတွက် ပီတိဖြစ်၊ သာဓုခေါ်ပေးလို့ ကျေးဇူးတင်ပါတယ်…။
    ရွာက အမြဲလှူနေတာတွေအတွက်လဲ ကောင်းကင်ပြာက ပီတိဖြစ်ပါကြောင်းနှင့် နောက်လာမည့်အလှူများအားလဲ မျှော်လင့်နေပါတယ်လို့…..။

  • jujuma

    May 14, 2013 at 3:55 pm

    ဟုတ် သာဓု..သာဓု ..သာဓု ပါ နော် ….

  • အရီးခင်လတ်

    May 14, 2013 at 7:20 pm

    သာဓု၊ သာဓု၊ သာဓု ပါ ကောင်းကင်ပြာရေ။
    ကုသိုလ်မျှပေးလို့ ကျေးဇူးနော်။

  • padonmar

    May 14, 2013 at 10:14 pm

    သာဓုပါ ကောင်းကင်ပြာရေ။
    စာလည်းသင်ပေးဖူးတယ်ဆိုတော့ ပိုသံယောဇဉ်ရှိမှာပေါ့နော်.

  • P chogyi

    May 15, 2013 at 6:49 am

    သာဓု………သာဓု……..သာဓု

  • MaMa

    May 15, 2013 at 9:59 am

    တစ်ယောက်တစ်လက် တတတ်တအားဆိုသလို လိုအပ်နေသူတွေကို ဝိုင်းကူနိုင်တဲ့ ကောင်းကင်ပြာကို ချီးကျူးပါတယ်။
    အလှူကိုလည်း သာဓုခေါ်ပါတယ်။
    အလှူဖြစ်မြောက်အောင် ကြိုးစားကြတဲ့ အလှူ့ရှင်တွေလည်း အလှူရဲ့ အကျိုးကြောင့် ကောင်းကျိုးလိုရာဆန္ဒများနဲ့ ပြည့်စုံကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။ :hee:

  • kaung kin pyar

    May 15, 2013 at 10:07 am

    ကျေးဇူးပါ မမရေ…။ များများ လှူနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်…။ သံသရာ မဆုံးခင် ဘဝဆက်တိုင်း ကိုယ်ကချည်း ပေးရသောလက် ဖြစ်ရပါစေ….။ ရွာသူားတွေအားလုံးလဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့….။

  • ဦးကြောင်ကြီး

    May 15, 2013 at 10:28 am

    ကောင်းကင်ပြာ
    ဒေါင်းရှင်လာ
    ဖောင်းစဉ်မှာ
    ဆောင်းသင်ပါ
    ညောင်းလျင်ငါ
    ထောင်းကြင်နာ
    ကောင်းရင်ခါ
    ပေါင်းချင်တာ.. :528:

  • kaung kin pyar

    May 15, 2013 at 2:54 pm

    ဦးကြောင်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ….။
    အပေါင်းဆိုရင်တော့ Oriental House ကောင်းတယ်လို့…..။

  • kyaw hteik

    May 19, 2013 at 4:04 am

    ယခုထက်ပိုမိုလှူတန် နိုင်စေရန်အတွက် ကိုယ်၏ ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံ၍
    စီးပွားပိုမိုတိုးတက်ပါစေ။

  • မမ လှလှ ထထ က
    မမ ကောင်းဂင်ဗျာ ရဲ့ အလှူဒါနကို
    သာဒု ခေါ်ဘာဂယ်ဗျို့ ….
    ပြီးတော့ ဘုရားဒွေလည်း ဖူးတွားဒယ်ဂျို့ ….
    ဒါ့ထက် ….
    ဟို ကွမ်းယာခုံလေးကတော့ မိုက်ဒလယ် …

Leave a Reply