“ကျေးဇူးပြုကာ ကူညီပါ ………. ဟု´´

ခင္ခMay 14, 20131min1388

“ကျေးဇူးပြုကာ ကူညီပါ ………. ဟု´´

 

ပိုစ့်တွေဖတ်ပြီး မန့်ချက်ကြီးကို

အနုတ်မှသည် အပေါင်းတို့ချီ

ရေးသူတွက်အား ဖြစ်စေညားဖို့

ကူကာပြုပေး အခုမနှေးရင်

ပျော်ရွှင်လှပ ပို၍ကြွမို့

ရေးသူပီတိ ဖြစ်စေညှိကာ

အတွေးသစ်များ ထပ်ဆင့်ပွားပြီး

နောက်ထက်ပိုစ့်တွေ ကွန်မန့်တွေနဲ့

ဖတ်သူကျေနပ် အားရဖွယ်ရာ

တို့တွေရွာကို သာယာစေဖို့

ဝိုင်းကာကူလှည့် မနုတ်စေလျှက်

အပေါင်းတွေပေး မကျေနပ်သေး

မပေးဘဲနေ ရှိပါစေလို့

မြင်ရရှု့ရ အလွန်လှသမို့

ကျေးဇူးပြုကာ ကူညီပါဟု

တိုက်တွန်းနိုးဆော် အကျိုးမျှော်သည်

ဂဇက်ရွာလေး လှစေသတည်း။   ။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

 

8 comments

  • TNA

    May 14, 2013 at 5:43 pm

    လိုက်ပေါင်းပေးပါတယ် ကိုခင်ခရယ်။ ဒါပေမဲ့ကော်နက်ရှင်က မျက်နှာသာမပေးတော့ တခုနှစ်ခု အပြင်ပိုမ လုပ်နိုင်ဘူး။ အရင်တုန်းကတော့ အချိန်ယူလုပ်နိုင်ပေမဲ့ အခုတာဝန်တွေများလာတော့ ကွန်နက်ရှင်ကို အံတုဖို့ရာကမဖြစ်နိုင်တော့ဘူး။ အဲလိုအဲလို။ [:p]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Mr. MarGa

    May 14, 2013 at 6:30 pm

    တစ်ခုပြောမယ်
    အဲသလို အပေါင်း အနှုတ်ပေးဖို့ကလေ
    ပြေးနေတဲ့ အကောင် လိုက်ဖမ်းရသလိုပဲဗျ
    သူ့အပေါ်ကို pointer ချရသေးတယ်
    အပေါင်းလား အနှုတ်လား ရွေးရသေးတယ်
    အဲသလို ရွေးတုန်းမှာ ပျောက်ပျောက်သွားတာ အခါခါပဲ
    ဒါလောက် ခက်ခဲတာကို
    ရအောင် လုပ်နိုင်တာဆိုတော့
    ဘယ်လို ပြောရမလဲဗျာ

    • TNA

      May 15, 2013 at 6:13 pm

      ဟုတ်ပါ့ အခုပဲကြည့် အပေါင်းပေးမလို့ဟာ ပေါ်ကိုမလာလို့။

  • ခင်ခ

    May 14, 2013 at 8:58 pm

    TNA ရေ ကနဦးလာရောက်ကာ အားပေးမန့်လို့ ကျေးဇူးပါဗျို့။

    • weiwei

      May 15, 2013 at 11:32 am

      ကိုခင်ခမှာ အနှုတ်တစ်ခု တွေ့တာနဲ့ ပြန်ပေါင်းပေးလိုက်တာ အချိန် တစ်မိနစ် (ငွေ ၄ ကျပ်) ကုန်သွားပါကြောင်း … ဒါတောင် ကံကောင်းလို့နော် …

      • ခင်ခ

        May 15, 2013 at 11:56 am

        ကျေးဇူးပါ မဝေရေ၊ လုပ်မနေပါနဲ့ဗျာ အနုတ်မကလို့ မန့်ထားတာဘဲ ဖျက်ဖျက် ကြည့်သာနေ လိုက်ပါလေ။
        စိတ်ပျက်တာတွေများတော့လည်း ငုတ်တုတ်သာထိုင်နေရုံပေါ့ဗျာ။

  • kyeemite

    May 15, 2013 at 3:36 pm

    ကျေးဇူးပြုကာ
    အမေးတစ်ခုနှစ်ခုလာ
    အလေးကရုပြုရှာ
    အတွေးခလုခလုပါ။ 😉

Leave a Reply