နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၃)

သူကေလးMay 14, 20131min1176

အင်း … ခုတလော … ကိုယ်တိုင်လဲ ရွာထဲသိပ်မဝင်ဖြစ် … ရွာထဲလည်း ပို့စ်တော့ အရင်ထက်နည်းသွားသလိုပဲ …

သူကလေးရဲ့အပိုင်းဆက်လေးကို မှတ်ကောမှတ်မိကြပါအုံးမလား …

ဒါပေမယ့်လည်း တစ်ယောက်ဖတ်ဖတ် ကိုယ်နှလုံးသားထဲက အနုပညာလို့ သတ်မှတ်ထားတဲ့ ခံစားမှုကို ဒီနေရာလေးမှာချပြချင်တယ် …

မကောင်းရင်လဲဝေဖန်ပြီး ဘာညာသာရကာ … ပြောလို့ရပါတယ်

 

———————————-

 

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၂)

 

 

———————————

အပိုင်း (၁၆)

သိပ်မကြာခင်မှာပဲ ဗိုလ်ကျွန်မဆီကိုရောက်လာခဲ့ပါသည်။ ကျွန်မကို လေးရက်လောက်အဆက်အသွယ်မလုပ်ပဲပျောက်နေသည့်ဗိုလ့်ကို ညဉ်းချင်ပေမယ့်လည်း

မနက်စောစောထ ထားရလို့လားမသိ၊ ဗိုက်က တဂွီဂွီနဲ့ ဆန္ဒပြနေပြီမို့ အခန်းထဲက မြန်မြန်ပဲထွက်လာလိုက်မိသည်။

ကျွန်မအိမ်တံခါးကိုသော့ခတ်ကာ အိမ်အပြင်ထွက်လာတော့ ဗိုလ်ကထုံးစံအတိုင်း ကားပေါ်ကဆင်းကာ တံခါးလာဖွင့်ပေးပါသည်။

ချစ်စရာကောင်းသော ဗိုလ့်ရဲ့ထိုအပြုအမူလေးမှာ ဘယ်ကောင်လေးနဲ့မှမတူပေ။ ထိုအပြုအမူလေးအား ကျွန်မ အလွန်ပင်နှစ်သက်ကြောင်း ဘယ်သူ့ကိုမှပြောမပြဖြစ်ခဲ့ပေ။

ကျွန်မကားပေါ်ရောက်တာနှင့် ဗိုလ်ကအထုပ်တစ်ထုပ်ကိုထိုးပေးပါသည်။ အဲဒါဘာတွေလဲလို့ ကျွန်မကမေးတော့ ဗိုလ်ကမချိုမချဉ်ပြုံးကာ

ဟန်နီ့ကို ပစ်ထားခဲ့တဲ့အတွက် လက်ဆောင်ဟု ခပ်တိုးတိုးပြောသည်။ ထိုသို့ ခပ်တိုးတိုးနှင့် မပွင့်တပွင့်ပြောတတ်သည့် ဗိုလ့်စတိုင်လ်လေးကိုလည်း ကျွန်မသဘောကျမိပြန်၏။

ဗိုလ် … ရှင်ဟာ မိန်းကလေးတွေအတွက် သိပ်ကိုဆွဲဆောင်အားကောင်းတဲ့ကောင်လေးဆိုတာ ကျွန်မ ငြင်းလို့မရတာအမှန်ပဲသိရဲ့လား။

ဗိုလ်ပေးတဲ့အထုပ်လေးကိုဖွင့်ကြည့်မိတော့ ချိတ်ထမီလေးတစ်ထည်။ အဖြူရောင်ပေါ်မှာ ရောင်စုံချိတ်ဆင်လေးတွေနှင့် အရမ်းကိုသဘောကျချင်စရာကောင်းပါသည်။

ရွေးတတ်လှချည်ရဲ့ဟု စိတ်ထဲကအမှတ် အဲ နောက်ထပ်ရှိသေးတယ်ဟ။

ရွှေနဂါးတံဆိပ် ကတ္တီပါ ဖိနပ်ရောင်စုံလေးများ။ ကျွန်မက ကတ္တီပါဖိနပ်စီးလေ့စီးထသိပ်စီးလေ့မရှိပါ။

ဒါပေမယ့်လည်း အိတ်လေးထဲမှာ ကတ္တီပါဖိနပ်ရောင်စုံလေးတွေက အရမ်းချစ်စရာကောင်းလွန်းနေသည်။

“ဘယ်လိုလဲ သဘောကျရဲ့လား” ဟု ဗိုလ်ကကားမောင်းနေရင်းကမေးလာသည်။

“အင်း ချစ်စရာလေးတွေ ဗိုလ်ကရွေးတတ်တယ်သိလား ဒါနဲ့ ဟန်နီလည်း ကတ္တီပါဖိနပ်သိပ်မစီးဘဲနဲ့ ဗိုလ်ကဘာစိတ်ကူးပေါက်ပီးအများကြီးဝယ်လာတာလဲ”

“ဟန်နီနဲ့ ကိုကြီးကို Moon မှာတွေ့တဲ့နေ့က ဟန်နီက ထမီလေးနဲ့ ကတ္တီပါဖိနပ်အပါးလေးစီးထားတယ်လေ …

အဲဒီတော့မှ ဗိုလ်ကဟန်နီ့ခြေထောက်လေးကိုမြင်ဖူးတာ ဟန်နီ့ခြေထောက်ဖောင်းဖောင်းလေးတွေက ကတ္တီပါဖိနပ်လေးနဲ့ အရမ်းလိုက်တယ်သိလား

အဲဒါနဲ့ နောက်ဆို အဲဒါလေးတွေများများဝတ်ခိုင်းမယ်ဆိုပြီး ဝယ်လာခဲ့တာ ဘယ့်နှယ် ခြေထောက်လှလှလေးတွေကို

all star ကြီးတွေစီးပြီး ဖုံးထားရတယ်လို့ ဟန်နီကမမိုက်ပါဘူးကွာ” ဟု ဗိုလ်ကပြောလာသည်။

တကယ်ပါပဲ … ကျွန်မ ကိုကိုနဲ့တွေ့ရင် သတိထားမိပါစေတော့လို့ မိန်းမဆန်ဆန်လေးဝတ်သွားတာကို ကိုကိုကနည်းနည်းလေးမှ သတိမထားမိဘဲ

ဗိုလ်က ခဏလေးတွေ့လိုက်ရတာကို သတိထားမိခဲ့တယ်တဲ့လား။ ကျွန်မကို နဖူးကနေ ခြေဖျားအထိ ဂရုတစိုက်ကြည့်နေတယ်တဲ့လား။

ဘယ်လိုသဘောလဲ ဗိုလ်ရယ်။ ရှင်ပြောတော့ ဟန်နီ့ကိုမချစ်ဖူးဆို။ ဗိုလ်ကဟန်နီ့ကို အဲလိုတွေဂရုစိုက်ပေးတော့ ဟန်နီလည်း ဗိုလ့်ကို သံယောဇဉ်မတွယ်ဘဲ

ဘယ်နေနိုင်မှာတဲ့လဲ ဗိုလ်ရယ်။ ဗိုလ့်လို ရည်းစားများတဲ့ကောင်လေးဆီက အကြင်နာတွေကို ဟန်နီမလိုချင်ပါဘူး။

ကြာရင် ကိုကို့ကိုမေ့ပြီး ဟန်နီ ဗိုလ့်အပေါ်မှာ သာယာမိမှာစိုးတယ်။ ဒီတိုင်းလေးပဲ ကောင်းပါတယ်နော်။

“ဟိတ်ဟန်နီ ဗိုလ်မေးနေတယ်လေ”

ကျွန်မတစ်ယောက်တည်း အတွေးတွေနှင့် အလုပ်များနေတာနဲ့ ဗိုလ်မေးလိုက်တာကို အမှန်ပင်မကြားလိုက်ပါ။

ဗိုလ့်ဆီကစိတ်မရှည်တဲ့အသံကိုကြားလိုက်တော့မှ လက်ရှိအချိန်ကို အသိပြန်ဝင်မိသည်။

“ဟင် ဘာမေးလိုက်တာလဲဗိုလ် ဟန်နီမကြားလိုက်လို့”

“ကြည့်စမ်း ကောင်မလေး စိတ်ထဲကကြိတ်ပြီး ကြည်နူးနေပြီထင်တယ် ဗိုလ်မေးတာတောင်မကြားတော့ဘူး”

“ဗိုလ် ကောင်စုတ်လေး မကြည်နူးပါဘူးနော် အမြဲတမ်းသူ့ဘက်သူယက်ဖို့ပဲ စဉ်းစားနေတယ် ကြက်ကလေး”

“လိပ်မဟုတ်ဖူးလား ဟန်နီရဲ့”

“ကြက်လည်း ကိုယ့်ဘက်ကိုယ်ယက်တာပဲဟာ တူတူပဲ ကဲပါ အပိုတွေပြောနေ …. ဘာမေးလိုက်တာလဲလို့ဆို”

“ဗိုလ်ပေးတဲ့ဖိနပ်လေးတွေစီးမှာလားလို့ မေးတာ”

“ဪ စီးမှာပေါ့ ဗိုလ်ရဲ့ အခုဟန်နီအလုပ်ရှာနေတာသိလား အလုပ်ရသွားရင် ရင်ဖုံးအကျီလေးတွေနဲ့ထမီတွေဘဲဝတ်ရမှာဆိုတော့

ကတ္တီပါလေးတွေပဲစီးမယ်လို့ စဉ်းစားထားတာ အဲဒါကြောင့် ဗိုလ်ပေးတာနဲ့ အတော်ပဲဆိုပြီးစဉ်းစားနေတာ”

“ဟ တယ်ဟုတ်ပါလား ငါ့ဟန်နီလေးက အလုပ်တွေဘာတွေလုပ်တော့မယ်ပေါ့လေ”

“အခုမှ ဒေါ်လေးကိုရှာခိုင်းထားတုန်းပဲရှိပါသေးတယ် လိမ်လိမ်မာမာနဲ့ တည်တည်ငြိမ်ငြိမ်လေးဖြစ်ချင်လို့လေ” ဟု ကျွန်မကပြောတော့ ဗိုလ်က

“ကိုကြီးကြောင့် ပြောင်းလဲချင်နေတယ်ဆိုတာ ဝန်ခံလိုက်ပါ ကလေးမရယ်” ဟု တပ်အပ်မေးလာသည်။

ကျွန်မလည်း ရှက်ပြုံးလေးပြုံးရင်း “သိရင်လည်းပြီးတာပဲ” ဟု ဖြေလိုက်မိသည်။

………………………………

Oreintal House  ရောက်တော့ မနက် ရနာရီထိုးနေပြီ။ နက်အစောကြီးဆိုပေမယ့်လည်း Oreintal House ကအမြဲတမ်းလိုလို လူများနေတတ်သည်။

ရန်ကုန်မြို့မှာ ဈေးလည်းသိပ်မကြီးပဲ Dim Sum အရသာကောင်းကောင်းရနိုင်သည့်နေရာဆိုလို့ Oriental House ပဲရှိသည်မဟုတ်လား။

ကားပါကင်နေရာဖို့တောင် ၅မိနစ်လောက်စောင့်လိုက်ရသေးသည်။ ကားပါကင်ထိုးပြီးတော့ ဗိုလ်က ကားပေါ်မှအရင်ဆင်းပါသည်။

ကျွန်မလည်း ဗိုလ်တံခါးလာဖွင့်ပေးမည်ဆိုတာသိတာမို့ ကားပေါ်မှာပဲ ဆက်ထိုင်ကာစောင့်နေလိုက်ပါသည်။

ဝတ္တရားမပျက်ပင် ဗိုလ်ကကျွန်မကို ကားတံခါးလာဖွင့်ပေးပါသည်။ ဗိုလ်တံခါးဖွင့်ပေးတော့မှ ကျွန်မလည်း ကားပေါ်မှ ခပ်ကြွားကြွားလေးဆင်းလိုက်မိသည်။

car lock ချပြီး ဗိုလ်နဲ့ကျွန်မ အတူတူတွဲလျှောက်လာရင်း ခုနေအချိန်များ သူ့ကောင်မလေးတစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲဟုသိချင်လာမိတာမို့

“ဗိုလ် အခုနေ ဗိုလ့်ကောင်မလေးတစ်ယောက်ယောက် ရောက်လာရင် ဘယ်လိုလုပ်မလဲဟင်” ဟု မျက်လုံးလေးဝင့်ရင်းမေးလိုက်မိသည်။

“ထွက်ပြေးမှာပေါ့ကွ” ဟု ဗိုလ်ကခပ်ရွတ်ရွတ်ပြန်ဖြေတော့ ကျွန်မလည်း စိတ်အချဉ်ပေါက်ကာ

“ရမလား ဗိုလ့်လက်မောင်းကို ဟန်နီ့ကဟော့ဒီလ်ို ချိတ်ထားပစ်လိုက်မှာ” ဟုပြောရင်း တကယ်ပင် ဗိုလ့်လက်မောင်းကို ဖမ်းချိတ်ပစ်လိုက်သည်။

“အဲဒီလိုဆိုတော့လည်း ဒီဇာတ်လမ်း ဒီမှာတင်ပြီးသည်ပေါ့လို့ တွေ့တဲ့ကောင်မလေးကိုပြောလိုက်မှာပေါ့ကွာ” ဟု ဗိုလ်ကအဖြေပေးပါသည်။

ကျွန်မလည်း လိုချင်တဲ့အဖြေကိုမရတာမို့ ဗိုလ့်ကိုတွန်းထုတ်ရင်း “အဲဒါတွေပေါ ဗိုလ့်ကိုကြည့်လို့ကိုမရဘူး ပေါ့ပျက်ပျက်နဲ့” ဟုပြောကာ ဆိုင်ထဲဝင်လာခဲ့ပါသည်။

ဗိုလ်ကဝင်ဝင်ချင်းပင် အခန်းရမရမေးပြီး အခန်းရတာမို့ အခန်းထဲမှာပဲ ဝင်ထိုင်ခဲ့ကြသည်။

“ကျွန်တော့်ကို ဝက်နံရိုးရယ်၊ ဆေးဘဲဥရယ်၊ နောက် ပုဇွန်ကော်ပြန့်ကြော်လေးချပေးပါ  .. ဟန်နီရော ဘာစားမလဲ”

“အင်း .. ဟန်နီက မန်ထိုတစ်ပွဲ၊ နောက် နိုင်လွန်ပုဇွန်၊ ဝက်သားပေါင်း၊ ပုဇွန်ရေညှိ အဲဒါလေးတွေချပေးပါ အမ အဲလောက်ဆိုရပြီ”

“ခဏလေးအကို ကော်ဖီနှစ်ခွက်ပါပေးပါ နို့ထည့်မယ်”

ဝိတ်တာလေးပြန်ထွက်သွားတာနဲ့ ကျွန်မကသိချင်စိတ်ကိုမထိန်းတော့ပဲ မေးလိုက်မိသည်။

“တကယ်ပဲ ကောင်မလေးတွေတွေ့မှာ ကြောက်သွားလို့လား နှစ်ယောက်တည်းလာတဲ့ဟာ အခန်းထဲမှာရွေးထိုင်ရတယ်လို့”

“ဗိုလ်တို့ကအေးဆေးပါဗျာ ဟန်နီ ဗိုလ်နဲ့မနက်စာစားနေတာကို မတော်တဆ ကိုကြီးတို့ ကိုကြီးသူငယ်ချင်းတို့တွေ့သွားမှာစိတ်ပူလို့ဗျ”

“အောင်မလေး ဟန်နီတို့ကအေးဆေးပါနော် သူ့ဘာသာကြောက်ရင်ကြော်ကတယ်မပြောဘူး သူများကိုလာလွှဲချနေတယ် ဗျဲ”

ဗိုလ်က ကျွန်မအပြောကို တဟားဟားအော်ရယ်ရင်း “မဟုတ်ပါဘူး ဟန်နီရယ် ဗိုလ်ကလူများတဲ့ဆိုင်တွေသိပ်မထိုင်ချင်ဘူးဟ

ပြီးတော့ ဟန်နီလည်း မြင်တဲ့အတိုင်းပဲ ဒီဆိုင်ကလူအရမ်းများတော့ အပြင်မှာတအားဆူနေတာ ဗိုလ်အာရုံနောက်လို့” ဟုပြောလေသည်။

ဟုတ်တော့လည်းဟုတ်ပါသည်။ အပြင်မှာ ဝိုင်းတိုင်းနေရာလွတ်မရှိလောက်အောင် လူကျနေတာမို့ စကားတောင် ကျယ်ကျယ်အော်ပြောမှကြားရသည်မဟုတ်လား။

“ဒါနဲ့ ကျုပ်ကိုချည်းဘဲမေးမနေနဲ့ ဟန်နီကောဘယ်လိုလဲ ကိုကြီးနဲ့အိုကေလား”

“သိပ်တော့လည်းမဆိုးပါဘူး ဒါပေမယ့် ရှင့်အကိုရေခဲတုံးကြီးက ခုချိန်ထိ အေးစက်နေတုန်း” ဟု နှုတ်ခမ်းလေးစူရင်း ဖောက်သည်ချမိတော့သည်။

“ဒီရေခဲတုံးတော့ အပူလေးပေးဖို့လိုနေပြီထင်တယ်”

ဗိုလ့်စကားကြောင့် ကျွန်မ မျက်လုံးလေးတွေ ဝိုင်းသွားရကာ … “ဟင် ဘယ်လိုအပူပေးရမတုန်း”

“ဒီလိုလေ အခုဟန်နီက ကိုကြီးမှကိုကြီး အရမ်းတွယ်တာနေတာကို ကိုကြီးလည်း ယောကျာ်းေ့လးပဲဆိုတော့ နည်းနည်းတော့သတိထားမိနေမှာပေါ့

အဲဒါကြောင့် ငါဖွင့်ပြောမယ့်အချိန်ကို သူစောင့်နေမှာပါလို့ ယုံကြည်ထားတာလည်းဖြစ်ချင်ဖြစ်မှာ အဲဒီတော့ ဟန်နီ့မှာ ကိုကြီးအပြင် တခြားလူတွေလည်းရှိနေတယ်

သူမှမပြောရင် သူများနောက်ပါသွားနိုင်တယ်လို့ထင်အောင် လုပ်လိုက်ရင် …. ဘယ်လိုလဲ အရည်ပျော်နိုင်တယ်မဟုတ်လား”

ဗိုလ်ပြောတဲ့စကားတွေကို မျက်လုံးလေးကလယ် ကလယ်နဲ့နားထောင်ရင်း ကျွန်မအကြီးအကျယ်ပျော်သွားမိသည်။

“ဟယ် တော်လိုက်တဲ့ကောင်လေး ကျန်းးးးး ဟန်နီဘာလို့ဒါကိုမစဉ်းစားမိပါလိမ့် ဒီအကြံလေးတော်တော်ကောင်းတယ်ဟ …

ဒါပေမယ့် ဗိုလ်ရဲ့ ကိုကိုက ဟန်နီ့ကိုရှုပ်တယ်ဆိုပြီး လုံးဝစိတ်မဝင်စားတော့ရင်ကော ဘယ်လိုလုပ်မလဲဟင်”

“ဒါကတော့ အခြေအနေကိုကြည့်ပြီး လှုပ်ရှားရမှာလေ အရာတိုင်းကို အတင်း ဇွတ် လုပ်လို့မရဘူး သေချာစီမံကိန်းချပြီးလုပ်မှ”

“ဟုတ်ကဲ့ပါ လေးစားပါတယ် ဆြာကြီးရယ် ဟန်နီဘယ်လိုဆက်လုပ်ရမလဲဆိုတာ ပြောပြအုံး”

“လောလောဆယ်တော့ ကောင်လေးတစ်ယောက်ပေါ့နော် ဟန်နီ့ကိုစိတ်ဝင်စားနေတဲ့ပုံမျိုး ဟန်နီ့ကိုသိပ်ဂရုစိုက်နေပါတယ်ဆိုတာမျိုး ကိုကြီးသိအောင်လုပ်ရမယ်”

“ခု ဟန်နီ့ကိုအဲလိုလိုက်နေတဲ့ကောင်လေးမှ မရှိတာဗိုလ်ရဲ့ .. ဘယ်လိုလုပ်ရမှာလဲ… အင်းးးးး သိပြီ ဗိုလ်ဆိုရင်ရော ဗိုလ်ကူညီမလားဟင်”

ကျွန်မကအဲလိုလည်းမေးလိုက်ရော ဗိုလ်ကမပြူးတဲ့မျက်လုံးကို ဇွတ်အတင်းပေါက်ထွက်တော့မတတ်ပြူးကာ

“အောင်မလေး မယ်မင်းကြီးမ ကျုပ်တို့ညီအကိုကိုပါ သွေးခွဲတော့မလို့လား မလုပ်ပါနဲ့ဗျာ” ဟု အသည်းအသန်တားတော့သည်။

“ဗိုလ်ကလဲ ဟန်နီ့ကိုမကူညီချင်ဘူးလားလို့” ဟု ကျွန်မလည်း ဗိုလ့်ကိုခပ်ချွဲချွဲလေးပြောလိုက်ရသည်။

ထိုအခိုက် ဝိတ်တာလေးက dim sum ပန်းကန်များကိုလာချပေးတာမို့ စကားခဏ ပြတ်သွားရသည်။

“ဗိုလ် ပြောလေ ကူညီမှာလားလို့”

“အောင်မလေး .. အမယ်မင်းရယ်တဲ့ … ကူညီရတော့မယ် ကူညီတာကတော့ရပါတယ် ဒါပေမယ့် ဗိုလ်နဲ့ဆိုရင် ကိုကြီးကယုံမှာမဟုတ်လောက်ဖူးနော်”

“ဘာလို့မယုံရမှာလဲဟ”

“ဗိုလ့်အကြောင်းနဲ့ ဗိုလ့်စိတ်ဓာတ်ကို ကိုကြီးကသိတယ်လေဟာ .. တခြားသူမရှိတော့ဘူးလား”

“ဟင့်အင်း မသိဘူး ဗိုလ်ပဲ ဗိုလ်ကူညီရမယ် ဒါဘဲ”

“အင်းပါ ဟုတ်ပါပြီ ကူညီမယ်ကွာ ဟုတ်ပြီလား”

“ဟေးးးး ဒါမှ ဟန်နီ့ရဲ့ဗိုလ်”

“ကဲကဲ ဒါဆိုလည်းစားတော့ Dim Sum ကအေးကုန်ရင်စားမကောင်းဘူး”

“စားချင်တော့ဘူး ပျော်လွန်းလို့ ဗိုက်ပြည့်သွားပြီ”

“ဖြစ်ရမယ် အရူးမလေး” ဟု ဗိုလ်ကကောင်းချီးပေးခြင်းကိုခံလိုက်ရသေး၏။

…………………………………..

အပြန်လမ်းမှာ ကိုကိုကျွန်မကိုဘယ်လိုသဘောထားသလဲလို့ ကိုကို့ကိုအစ်အောက်ကြည့်ပေးပါလို့ ဗိုလ့်ကိုအတင်းဇွတ်ပူဆာရသေးသည်။

ကိုကို့ဆီက အဖြူအမည်း နည်းနည်းပါးပါးသိပြီးတော့မှပဲ သဝန်တိုစေမည့်နည်းလမ်းကိုသုံးမည်ဟု ကျွန်မ စဉ်းစားလိုက်မိသည်။

ကိုကို့ဘက်ကဘာမှန်းမသိသေးပဲနဲ့ ဇွတ်အတင်းကြီး ကြိုးစားဖို့ရာ ကျွန်မ သတ္တိမရှိပြန်။

အဆင်ပြေချင်လို့ လုပ်လိုက်ကာမှ ပိုဆိုးသွားမှာလည်းစိုးရသေးသည်မဟုတ်လား။ ဗိုလ်ကတော့ ကလေးလိုအလိုလိုက်သည့် လူကြီးအလား ကျွန်မပြောသမျှ အင်းချည်းသာ ပြောနေတော့သည်။

ကိုကို့အချစ်ကိုရချင်စိတ်နဲ့ ကျွန်မက တက်တက်ကြွကြွပွားသမျှကို ဗိုလ်ကခပ်ပြုံးပြုံးနဲ့နားထောင်ပေးပါသည်။ ကျွန်မလည်း ဗိုလ့်ကိုအလိုလိုယုံကြည်မိကာ

ကိုကိုနဲ့ပက်သက်ပြီး ခံစားရသမျှကို ရင်ဖွင့်နေမိသည်။ ကျွန်မ စကားကောင်းနေစဉ်မှာပဲ မန္တလေးမှ သူ့ချစ်သူလေးဆီက ဖုန်းကဝင်လာပါသေးသည်။

ှုဗိုလ်မနက်တုန်းကရှင်းပြသည့်အတိုင်းပင်။ ဗိုလ့်ကောင်မလေးနှင့်စကားပြောပုံမှာ သိပ်မချိုသာလှပေ။ ခပ်တည်တည်လေသံနှင့်ပြောနေသော ဗိုလ့်ပုံကိုကြည့်ကာ ကျွန်မရယ်ချင်နေမိသည်။

ကျွန်မကိုဆို ဗိုလ်အဲလိုတစ်ခါမှမပြောဖူးပေ။ ထိုသို့တွေးလိုက်မိတော့ ဗိုလ့်ချစ်သူမဟုတ်ပဲ ဗိုလ့်ခြွင်းချက်လေးဖြစ်နေရခြင်းက ပျော်စရာကောင်းသည်ဟု ယူဆမိသည်။

ထိုအခိုက်တော့ ကျွန်မဟာ ဗိုလ့်ရဲ့ ထာဝရခြွင်းချက်ကလေးသာ ဇြစ်နေပါစေဟု ဆုတောင်းလိုက်မိသေးသည်။ ကျွန်မအရမ်းလောဘကြီးရာကျမနေလောက်ပါဘူးနော်။

6 comments

  • GaviaGirl

    May 14, 2013 at 5:02 pm

    အဲ့ဒါပဲ..အဲ့ဒါပဲ.. ဇာတ်လမ်းကစပြီ.. ရေခဲတုံးတွေကို မီးမမြိုက်လေနဲ့… သူ့ဘာသာသူ ပျော်ရင် 100 degree တောင်ကျော်တတ်တယ်… သူလိုချင်တဲ့ မီးဖြစ်ဖို့ပဲလိုတာ.. ဟီး.. :mrgreen:

  • Mr. MarGa

    May 14, 2013 at 6:20 pm

    ညတ်ချွာဖြား………..
    မိဟန်နီ
    နည်းနည်းတော့ လွန်သွားပြီကွယ်
    ဘယ်လိုတွေးလို့ ဘယ်လိုများ လုပ်လိုက်ပါလိမ့်
    တစ်နေရာရာမှာ လွဲရင် အကုန်လုံး နစ်နာစာတွေ ဖြစ်တော့မယ်
    ရင်လေးသကွယ်

    • သူကလေး

      May 15, 2013 at 9:10 am

      အဟင့် ခုတော့ ကမာဃပါ မိဟန်နီလေးကိုအပြစ်မြင်နေဘီပေါ့နော်
      ဝမ်းနည်းလိုက်တာ .. ဒီမှာလည်းအသည်းနဲ့ပဲလို့ …

  • သူကလေး

    May 14, 2013 at 6:37 pm

    အင်း .. ဟန်နီက မမမွန်လိုသူငယ်ချင်းမရှိဘူးရယ်
    အာ့ကြောင့် ကိုကို ဘာမီးလိုချင်လဲဆိုတာ မသိတာ 🙁

    • GaviaGirl

      May 15, 2013 at 1:57 pm

      ကျုပ်လည်း မတိပါဝူးအေ့… အဲ့နေ့က သာမီး ကျောင်းမတက်ဝူး.. 🙂

  • မောင် ပေ

    May 15, 2013 at 9:06 pm

    လောဘကြီးမကြီးတော့ မသိဘူး
    မန်ထို ရေးထားတာ ဖတ်ရလို ့
    မန်ထို နဲ ့ ဆီတို ့ဟူး သွားစားပြီဗျား

Leave a Reply