တစ်ကိုယ်ရေ ညများ၏ နောက်ကွယ်

ScottAugust 28, 20101min843

ချဲလ်ဆီး နောက်ခံလူ အက်ရှ်လေကိုးလ်၏ ဇနီးဟောင်း ဖြစ်သူ ချယ်ရီကိုးလ် တစ်ယောက် ၃ နှစ်ခွဲကာလကြာ ပေါင်းသင်း ဆက်ဆံခဲ့သည့် ခင်ပွန်းသည်နှင့် ကွာရှင်း ပြတ်စဲပြီးသည့် နောက်ပိုင်းတွင် ကြုံနေရသည့် တစ်ကိုယ်ရည်နေ့ညများကို ကြောက်ရွံ့နေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အင်တာဗျုး တစ်ခုတွင် ချယ်ရီကိုးလ်က “ကျွန်မအတွက်တော့ အခုလိုလူ့လောက အလယ်မှာ တစ်ဦးတည်း ရပ်တည်ရမယ် ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင် တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့သူ (အက်ရှ်လေကိုးလ်)နဲ့ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရ နေ့လေးတွေဟာ အကြာကြီး ဖြစ်ခဲ့လို့ပါ။ ကျွန်မဟာ အခုဆိုရင် ဘဝမှာ အသစ်တဖန် အထီးကျန်ရမယ့် နေ့မျိုးကို ထပ်ပြီး မဆုံချင်တော့ပါဘူး” ဟု ပြောဆိုခဲ့သည်။
ချယ်ရီကိုးလ် အနေဖြင့် ခင်ပွန်းသည် အက်ရှ်လေကိုးလ်၏ မလုပ်သင့်သည့် အပျော်အပါး အပြုအမူများကို လုံးဝ သည်းခံနိုင်စွမ်း မရှိ၍ ကွာရှင်းရန် ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းတွင် စိတ်သဘောထား နူးညံ့ပြီး မေတ္တာ တရားကို ရှေ့တန်းတင် တန်ဖိုး ထားတတ်သည့် မိန်းမသားတို့၏ အမူအကျင့်အတိုင်း နောင်တရကာ အက်ရှ်လေကိုးလ်ထံ ဖုန်းဆက်ပြီး ပြေလည်ရေး စကားဆိုခဲ့သော်လည်း နောက်ကျခဲ့ပြီဖြစ်သည်။
ခင်ပွန်းသည် အက်ရှ်လေကိုးလ်မှာ သူ့အား ကွာရှင်းတော့မည့် ဇနီးသည် ချယ်ရီကိုးလ်ကို အကြိမ်ကြိမ် တောင်းပန်စကား ဆိုခဲ့သော်လည်း အချည်းနှီးပင်ဖြစ်ခဲ့၍ အဆိုပါ ချဲလ်ဆီး ကစားသမားမှာ နောက်ဆုံးတွင် စိတ်နာခဲ့ပြီး သူတို့၏ လက်ထပ် လက်စွပ်ကိုပင် ချိုးဖျက်သည် အထိ အခြေအနေ ဆိုးရွား ခဲ့သည်။ ချယ်ရီကိုးလ် မှာလည်း ဗြိတိန်မြို့မှ နာမည်ကြီး ရှေ့နေများကို ခေါ်ယူကာ ခင်ပွန်သည်နှင့် ဒေါသ အလျောက် ကွာရှင်းခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်သဘောထား ပျော့ပြောင်းကာ အမြင်မှန်ရ၍ ခင်ပွန်းသည်ကို ပြန်လည် ငြိမ်းချမ်းရေး စကားဆိုခဲ့သော်လည်း လွန်လေခဲ့ပြီးသော စကား၊ မထားသင့်သည့် မာန များကြောင့် နောက်ဆုံးတွင် ချယ်ရီကိုးလ် တစ်ယောက် ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ခဲ့ရပြီ ဖြစ်သည်။ ၃ နှစ်ခွဲကြာ လက်တွဲ ခဲ့ကြသည့် သူတို့ နှစ်ဦး၏ ချစ်ခရီးလမ်းမှာ အနှောင့်အယှက် အတားအဆီး များကြောင့် ယိမ်းယိုင် နေစဉ်အတွင်း တစ်ဦးနှင့် တစ်ဦး ပြန်လည် ညှိနှိုင်းရမည့် အစား အလျော့မပေးလိုသည့် မာန တရားများကြောင့် နောက်ဆုံးတွင် အမုန်း၏ နိဂုံးများနှင့်သာ ရင်နှင့်စွာ အဆုံးသတ် ခဲ့ရပြီဖြစ်သည်။

3 comments

  • kopauk mandalay

    August 28, 2010 at 4:33 pm

    တစ်ယောက်မကောင်းတစ်ယောက်ပြောင်းလို့ ညအိပ်ဘို့အဖော်မရှိရင်မနေတတ်တဲ့သူတွေလေ၊
    ဘယ်သူနဲ့ဖြစ်ဖြစ်ရတယ် ဒီမျုးိတွေရိုးနေပြီလို့သာ ပြောချင်ပါတယ်

  • windtalker

    October 4, 2011 at 8:39 pm

    ချယ်ရီကိုးလ် လေးကို
    သနားကြင်နာ ကိုယ်ချင်းစာမိသဗျာ
    ကူညီခွင့် ရမယ် ဆိုရင်
    ၁၀၀% ကိုယ်ဖိရင်ဖိ ကူညီလိုက်ချင်တာနော်
    လမ်းကြုံ့ရင် ပြောပြပေးဦးနော်

  • naywoonni

    October 4, 2011 at 8:56 pm

    မောင်ပေ…… နင်များနေပြီနော် ရွာထဲလည်းနင့်ခြေရာချည့်ဖြစ်နေပြီ…။ ဘာတဲ့ ဆရာချစ်ဦးညို ဆိုသွားတဲ့ သီချင်းလိုဖြစ်နေဦးမယ်…။ ” အသံသာ မြည်ဖောက်တဲ့ သင်္ကြန်အမြောက်နဲ့…။ “ဆိုတာလို ……..ဟင်းဟင်းးးး

Leave a Reply