ကျွန်တော် ရွှေတိုက်စိုး စဉ်းစားနေတယ်…. ကျွန်တော်တို.နိုင်ငံ ဒီလောက် တိုးတက် ခေတ်မှီအောင်ကြိုးစားနေပါလျှက် ထင်သလောက်ဘာလို. မတိုးတက်တာလဲ… ဒါ….

စနစ်ကြောင့်လား..

လူကြောင့်လား….ကျွန်တော်ထင်တာတော့ လူကြောင့် စနစ်ပျက် စနစ်ပျက်တော့ လူလိုက်ပျက် အဲဒါနဲ. မုန်.လုံးစက္ကူကပ်နေတာထင်တယ်ဗျာ…

အခုလဲကြည့်…. မီးမပျက်အောင် ကြိုးစားပေးနေကြတယ်… မီးမှန်တယ် ဒါပေမယ့် မီးအားမပြည့်… မပြည့်တော့ မီးအားမြှင့်စက်တွေနဲ. ဆွဲ.. ပိုက်ဆံတတ်နိုင်တဲ့သူက တတ်နိုင်သလောက် ဆွဲကြ လုပ်ငန်းတွေလုပ်ကြ ပိုက်ဆံမရှိမတတ်နိုင်တဲ့သူက မီးအားမြှင့်စက်မ၀ယ်နိုင် တော့ မီးပြည့်လာမယ့် အချိန်ထိ ထိုင်စောင့် ရေတင်.. ကဲ ဘယ်မှာလဲ Balance ဒီကိစ္စလေးတောင် မညီတော့ဘူး….

အဲလို မီးအား မပြည့်တော့ ရေမတင်ရ ရေမတင်တော့ရေမရှိ ရေမရှိတော့ မရှိတဲ့သူတွေက ဘယ်သူ.အပြစ်မြင်မယ်ထင်သလဲ…. ဟိုလူတွေပေါ့… ပြည်သူတွေကို စိတ်မချမ်းသာအောင်မထားဘူး..ပေါ့.. ကဲ အမှုကကြီးသွားပြီ သူတို.ကြိုးစားပေးနေတာ ဘယ်သူမှ မမြင်တော့ဘူး… အဲဒါ အဲဒါ..

အဲဒီတော့ ကျုပ်တို.ရွာက အမေရိကား(အမေရိကန်မဟုတ်) မှာနေတဲ့ အဆင့်တန်းမြင့်လူသားကြီး ပြောပြောနေတဲ့ စနစ်ကြောင့် စနစ်ကြောင့်ဆိုတာကြီးကို မခံ ချင်လွန်းလို. ကိုယ့်စိတ်ကူးနဲ.ကိုယ် စနစ်ပြင်မယ်….

အဲဒီတော့ ဘာအရင်စပြင်ရမလဲ……………………….. ရပ်ကွက်ရုံး… အဲဒီကစပြင်မယ်..

ရပ်ကွက်လူကြီး ရပ်ကွက် ထောက်ခံစာလက်မှတ်ထိုးရုံနဲ. အလုပ်ပြီးနေတာ… အဲဒီကစပြင်မယ်.. ရပ်ကွက်ရုံးက လူကြီး၊စာရေး၊ဥက္ကဋ္ဌ အားလုံးက ဒီရပ်ကွက်ထဲမှာ ပဲနေ ဒီရပ်ကွက်ထဲမှာပဲ စီးပွားရှာ ဒီရပ်ကွက် အတွက် အလုပ်လုပ်ပေးနေသူတွေပေါ့.. အဲလူတွေက ဒီရပ်ကွက် မှာဘာဖြစ်နေတယ် ဘာလိုအပ်လဲ သူတို.သိရမှာပေါ့.. ညနေ ၈နာရီမှ ရပ်ကွက်ရုံးဖွင့်တာတော့ မပြောလိုပါဘူး… ဥက္ကဋ္ဌ လဲ ၀မ်းရေးအတွက် စီးပွားရှာရတာပဲလေ.. အားတဲ့အချိန်လေး ရုံးဖွင့်ရရှာတာ… ဒါပေမယ့် မနက်ပိုင်း ရပ်ကွက်ထဲ လမ်းလျှောက်လို. ရေမြောင်းပိတ်နေတယ်… ရေတွေလျှံထွက်ပြီး ရပ်ကွက်ထဲမှာ ရေတွေလျှံနေတယ်ဆို မသိချင်ယောင်ဆောင်ပြီး လမ်းလျှောက်သွားမယ့် အစား… ညနေရုံးဖွင့်ချိန်မှာ ဆယ်အိမ်မှူးရာအိမ်မှူးတွေ ခေါ် ဘာလို.အဲလိုဖြစ်တာလဲ အမှိုက်ပိတ်ရင် စည်ပင်ကိုအကြောင်းကြား… ၊ ပိုက်ပေါက်ရင် ရေနှင့်သန်.ရှင်းရေးကို အကြောင်းကြား… အဲလိုလုပ်လိုက်ရင် ရပ်ကွက်မှာလဲ အဆင်ပြေ ရုံးကိုလဲ ရပ်ကွက်နေပြည်သူများ အမြင်ကြည်… အဲလိုပဲ စည်ပင်ကလဲ အကြောင်းကြားရင် ကြားတဲ့နေရာကို တကယ်လုပ်နိုင်တဲ့သူလွတ် ရပ်ကွက်ရုံးနဲ. ပူးပေါင်း မြောင်းဆယ်… ရပ်ကွက်ထဲက အိမ်တိုင်းကလဲ လိုအပ်တာ ကူညီ ကဲ အဆင်မပြေလား…

အခုတော့ ဟုတ်ပေါင် ရပ်ကွက်ရုံးကလဲ အကြောင်းမကြား အကြောင်းကြာပြန်တော့လဲ လာပါတယ်စည်ပင် အပြာဝတ် အယောက်နှစ်ဆယ်လောက် ……. ဟန်းဖုန်းတွေခါးချိတ်ပြီး မြောင်းဆယ်တဲ့လူက သုံးလေးယောက်… မြောင်းရှင်းလို.မှမကြာသေးဘူး.. လက်ဖက်ရည်သောက်နားသွားပြီ… ဓာတ်ပုံရိုက်လို. ပုံနှစ်ဆယ်ပြည့်ရင် မြောင်းဆည်တဲ့အလုပ်က ပြီးသွားပြီ…

အဲဒီတော့ ကျွန်တော်ပြောချင်တာ တကယ်အလုပ်လုပ်တဲ့သူလိုတယ်ပြောချင်တာ…

အဲလို ရပ်ကွက်၊မြို.နယ်၊စည်ပင် အဆင့်ဆင့် လုပ်ဆောင်သွားရင် ရေမြောင်းတွေပိတ် လမ်းတွေ ရေလျှံနေတဲ့ အဖြစ်က အဆင်ပြေသွားနိုင် ပါတယ်…

လျှပ်စစ်မီးဆိုလဲ အဲလိုပဲ… မီးပျက်တယ် မီးအားနဲတယ်.. အဲဒါဆိုရင် ရပ်ကွက် မြို.နယ် လျှပ်စစ် တွေ ပူပေါင်း ကြရင် မီးပြသနာ တွေ အဆင်ပြေသွားမှာပါ… အဲလိုကနေ ရပ်ကွက်တစ်ခုစီ အဆင်ပြေသွားရင်း မြို.နယ်အလိုက်.. မြို.နယ်အလိုက်ကနေ တိုင်းဒေသကြီးအလိုက် အလိုလို အဆင်ပြေသွားမှာပါ…

ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး

မြို.နယ် အုပ်ချုပ်ရေးမှူးရုံး

တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံး တွေ အဆင့်ဆင့်ဖွဲ.ထားတာ အဲဒါ တွေလုပ်ဖို.ထင်ပါတယ်ခင်ဗျ…အဲဒီရုံးတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များကလဲ ရပ်ကွက်နေပြည်သူတွေထဲက ပြည်သူတွေပါပဲ… သူတို.ရော လိုအပ်ချက်တွေ မရှိဘူးလား.. ကိုယ့်လိုအပ် ချက်က တစ်ရပ်ကွက်လုံးလိုအပ်ချက်ဖြစ်နိုင်တယ်ဆိုတာလေး..ထည့်ထားကြရင် အားလုံးအဆင်ပြေသွားမှာပါ..

အဲလိုမှမဟုတ်ပဲ ရပ်ကွက်နေပြည်သူတစ်ယောက်က လိုအပ်ချက်ကို ရပ်ကွက်ရုံးကို တင်ပြတယ် ရပ်ကွက်ရုံးက ဒါဒို.နဲ.မဆိုင်ဘူး မြို.နယ်နဲ.ဆိုင်တယ်.. ပြောလိုက်… မြို.နယ်ကလဲ ဒါ ဒို.နဲ.မဆိုင်ဘူး တိုင်းဒေသကြီးနဲ.ဆိုင်တယ်…. ကဲ့ ဘာမဟုတ်တဲ့ပြသနာအသေး အဖွဲလေးကို တိုင်းအထိတက်ရလောက်အောင် အမှုကြီးသွားရော…. အဲဒီတော့ တင်ပြချင်ရင်တောင် အလုပ်ရှုပ်ခံပြီး မတင်ပြပဲ.. ကိုယ့်ဟာကို အိမ်ရှေ.မြောင်းပိတ်နေရင် ကိုယ့်အိမ်ရှေ.လေး တင် မြောင်းဖော် သူများအိမ်ရှေ.ပိတ်ချင်ပိတ်… မီးဆိုလဲ ကိုယ့်အိမ်မှာ မီးအားနဲရင် မီးအားမြှင့်စက်နဲ. ဆွဲ.. သူများအိမ် ကျချင်သလောက်ကျ… မီးပျက်ရင် မီးစက်အိမ်ရှေ.ချ ဆူချင်သလောက်ဆူ ထွက်ချင်သလောက် ထွက် တဲ့မီးခိုး… ကိုယ့်အဆင်ပြေပြီးတာဘဲ တွေ ဖြစ်ကုန်ရော……….

အဲလို ရပ်ကွက်ကနေ ပျက်လာခဲ့တဲ့ စနစ်သေးသေးလေးတစ်ခုဟာ ရပ်ကွက်အလိုက်ပျက်ရာက စုလာတော့ မြို.နယ်အလိုက်ပျက်..

မြို.နယ်အလိုက်ပျက်ရာကနေ.. တိုင်းဒေသကြီးတစ်ခုလုံးပျက်.. တစ်တိုင်းလုံးပျက်ရာကနေ တစ်နိုင်ငံလုံးပျက်ကရောာာာာာာာာာာာာာာ..

အခုပြောနေတာ မီးနဲ.ရေ ပဲရှိသေးတယ်…

လမ်းစည်းကမ်းမှာ ယာဉ်မောင်းကြသူများ နဲ. ယာဉ်ထိန်းရဲ…

သန်.ရှင်းရေးမှာ ပြည်သူများနဲ. စည်ပင်

ဘတ်စ်ကားတွေမှာ ဒရိုင်ဘာ၊စပယ်ယာ နဲ. မထသ

လမ်းကူးတဲ့နေရာမှာလဲ.. ပြည်သူများနဲ. မျဉ်းကြား

ဘက်စ်ကားစောင့်တဲ့နေရာမှာလဲ စီးသူများနဲ. မှတ်တိုင်

လမ်းဘေးဈေးရောင်းတဲ့နေရာမှာလဲ စားသုံးသူများနဲ. ဈေးရောင်းသူ… အများကြီး အများကြီး အဲဒါတွေ အားလုံး သူနေရာနဲ.သူ Balance ညီညီ ကိုယ့်အလုပ်ကိုသိ ကိုယ့်အလုပ်ကိုလုပ်ကြရင်င်င်င်င်င်င်င်……….

အခုပြောနေတဲ့ ယာဉ်မောင်းကြသူများ၊ ယာဉ်ထိန်းရဲများ၊ ဘက်စ်ကားစီးသူများ၊ ဈေးရောင်သူများ… အားလုံးအားလုံးဟာ ရပ်ကွက်နေပြည်သူများပါပဲ….. အဲဒီတော့ ရပ်ကွက်ကစ ပျက်လာခဲ့တဲ့ စိတ်ဓာတ် ရပ်ကွက်ကစတင်မွေးဖွားရှင်သန်လာတဲ့ တစ်ကိုယ်ကောင်း စိတ်ဓာတ်တွေ က သူတို.ဆိုင်ရာဆိုင်ရာ နေရာတွေမှာပါ ပါလာတော့……. သွားကရောာာာာာာာာာာာာာာာာာာာာာာာာာာာ..

ကျွန်တော်တို.ပြည်သူတွေကလဲ ဘာလိုလဲလို.မေးမှ အကုန်စုပြောတတ်ကြတယ်… မလုပ်ပေးနိုင်ရင် အပြစ်မြင်ကြတယ်.. တောင်းသင့်တာကို မတောင်းတတ်ကြဘူး.. မွေးကင်းစ ကလေးကို ဘာလိုလဲ ဘာလိုချင်လဲ မေးသလိုဖြစ်နေတာပေါ့ဗျာ..

အဲဒီတို. ကျွန်တော်တို.မွေးကင်းစပြည်သူတွေကို အရွယ်ရောက်အောင် ဘယ်လိုလုပ်ကြမလဲ………????????

 

အဲဒီလိုနဲ. ပျက်လာလိုက်တာ….. အခုတော့ စနစ်ကြောင့် စနစ်ကြောင့်နဲ. ပြောစရာကြီးကို ဖြစ်လို….

မှတ်ချက်။              ။အခုပြောနေတာတွေက အရမ်းနားလည်လို.ပြောနေတာမဟုတ်ပါကြောင်း……….ကျွန်တော်ရွှေတိုက်ရဲ. ကလေးအတွေးသာဖြစ်ပါကြောင်း။။။။။။။။။ အမှားပါတာရှိရင်ခွင့်လွှတ်စေချင်ပါကြောင်း။။။။။။။။ လိုအပ်သည်များလဲ မှာစားးး အဲအဲ မှာကြားနိုင်ပါကြောင်းးးးးးးးးးးး…

 

လေးစားစွာဖြင့်

အရွယ်မရောက်သေးသော

ခလေး ရွှေတိုက်စိုး

About ရွှေတိုက်စိုး

has written 79 post in this Website..