ရပ်ကွက်မှသည် နိုင်ငံဆီသို.

ကျွန်တော် ရွှေတိုက်စိုး စဉ်းစားနေတယ်…. ကျွန်တော်တို.နိုင်ငံ ဒီလောက် တိုးတက် ခေတ်မှီအောင်ကြိုးစားနေပါလျှက် ထင်သလောက်ဘာလို. မတိုးတက်တာလဲ… ဒါ….

စနစ်ကြောင့်လား..

လူကြောင့်လား….ကျွန်တော်ထင်တာတော့ လူကြောင့် စနစ်ပျက် စနစ်ပျက်တော့ လူလိုက်ပျက် အဲဒါနဲ. မုန်.လုံးစက္ကူကပ်နေတာထင်တယ်ဗျာ…

အခုလဲကြည့်…. မီးမပျက်အောင် ကြိုးစားပေးနေကြတယ်… မီးမှန်တယ် ဒါပေမယ့် မီးအားမပြည့်… မပြည့်တော့ မီးအားမြှင့်စက်တွေနဲ. ဆွဲ.. ပိုက်ဆံတတ်နိုင်တဲ့သူက တတ်နိုင်သလောက် ဆွဲကြ လုပ်ငန်းတွေလုပ်ကြ ပိုက်ဆံမရှိမတတ်နိုင်တဲ့သူက မီးအားမြှင့်စက်မဝယ်နိုင် တော့ မီးပြည့်လာမယ့် အချိန်ထိ ထိုင်စောင့် ရေတင်.. ကဲ ဘယ်မှာလဲ Balance ဒီကိစ္စလေးတောင် မညီတော့ဘူး….

အဲလို မီးအား မပြည့်တော့ ရေမတင်ရ ရေမတင်တော့ရေမရှိ ရေမရှိတော့ မရှိတဲ့သူတွေက ဘယ်သူ.အပြစ်မြင်မယ်ထင်သလဲ…. ဟိုလူတွေပေါ့… ပြည်သူတွေကို စိတ်မချမ်းသာအောင်မထားဘူး..ပေါ့.. ကဲ အမှုကကြီးသွားပြီ သူတို.ကြိုးစားပေးနေတာ ဘယ်သူမှ မမြင်တော့ဘူး… အဲဒါ အဲဒါ..

အဲဒီတော့ ကျုပ်တို.ရွာက အမေရိကား(အမေရိကန်မဟုတ်) မှာနေတဲ့ အဆင့်တန်းမြင့်လူသားကြီး ပြောပြောနေတဲ့ စနစ်ကြောင့် စနစ်ကြောင့်ဆိုတာကြီးကို မခံ ချင်လွန်းလို. ကိုယ့်စိတ်ကူးနဲ.ကိုယ် စနစ်ပြင်မယ်….

အဲဒီတော့ ဘာအရင်စပြင်ရမလဲ……………………….. ရပ်ကွက်ရုံး… အဲဒီကစပြင်မယ်..

ရပ်ကွက်လူကြီး ရပ်ကွက် ထောက်ခံစာလက်မှတ်ထိုးရုံနဲ. အလုပ်ပြီးနေတာ… အဲဒီကစပြင်မယ်.. ရပ်ကွက်ရုံးက လူကြီး၊စာရေး၊ဥက္ကဋ္ဌ အားလုံးက ဒီရပ်ကွက်ထဲမှာ ပဲနေ ဒီရပ်ကွက်ထဲမှာပဲ စီးပွားရှာ ဒီရပ်ကွက် အတွက် အလုပ်လုပ်ပေးနေသူတွေပေါ့.. အဲလူတွေက ဒီရပ်ကွက် မှာဘာဖြစ်နေတယ် ဘာလိုအပ်လဲ သူတို.သိရမှာပေါ့.. ညနေ ၈နာရီမှ ရပ်ကွက်ရုံးဖွင့်တာတော့ မပြောလိုပါဘူး… ဥက္ကဋ္ဌ လဲ ဝမ်းရေးအတွက် စီးပွားရှာရတာပဲလေ.. အားတဲ့အချိန်လေး ရုံးဖွင့်ရရှာတာ… ဒါပေမယ့် မနက်ပိုင်း ရပ်ကွက်ထဲ လမ်းလျှောက်လို. ရေမြောင်းပိတ်နေတယ်… ရေတွေလျှံထွက်ပြီး ရပ်ကွက်ထဲမှာ ရေတွေလျှံနေတယ်ဆို မသိချင်ယောင်ဆောင်ပြီး လမ်းလျှောက်သွားမယ့် အစား… ညနေရုံးဖွင့်ချိန်မှာ ဆယ်အိမ်မှူးရာအိမ်မှူးတွေ ခေါ် ဘာလို.အဲလိုဖြစ်တာလဲ အမှိုက်ပိတ်ရင် စည်ပင်ကိုအကြောင်းကြား… ၊ ပိုက်ပေါက်ရင် ရေနှင့်သန်.ရှင်းရေးကို အကြောင်းကြား… အဲလိုလုပ်လိုက်ရင် ရပ်ကွက်မှာလဲ အဆင်ပြေ ရုံးကိုလဲ ရပ်ကွက်နေပြည်သူများ အမြင်ကြည်… အဲလိုပဲ စည်ပင်ကလဲ အကြောင်းကြားရင် ကြားတဲ့နေရာကို တကယ်လုပ်နိုင်တဲ့သူလွတ် ရပ်ကွက်ရုံးနဲ. ပူးပေါင်း မြောင်းဆယ်… ရပ်ကွက်ထဲက အိမ်တိုင်းကလဲ လိုအပ်တာ ကူညီ ကဲ အဆင်မပြေလား…

အခုတော့ ဟုတ်ပေါင် ရပ်ကွက်ရုံးကလဲ အကြောင်းမကြား အကြောင်းကြာပြန်တော့လဲ လာပါတယ်စည်ပင် အပြာဝတ် အယောက်နှစ်ဆယ်လောက် ……. ဟန်းဖုန်းတွေခါးချိတ်ပြီး မြောင်းဆယ်တဲ့လူက သုံးလေးယောက်… မြောင်းရှင်းလို.မှမကြာသေးဘူး.. လက်ဖက်ရည်သောက်နားသွားပြီ… ဓာတ်ပုံရိုက်လို. ပုံနှစ်ဆယ်ပြည့်ရင် မြောင်းဆည်တဲ့အလုပ်က ပြီးသွားပြီ…

အဲဒီတော့ ကျွန်တော်ပြောချင်တာ တကယ်အလုပ်လုပ်တဲ့သူလိုတယ်ပြောချင်တာ…

အဲလို ရပ်ကွက်၊မြို.နယ်၊စည်ပင် အဆင့်ဆင့် လုပ်ဆောင်သွားရင် ရေမြောင်းတွေပိတ် လမ်းတွေ ရေလျှံနေတဲ့ အဖြစ်က အဆင်ပြေသွားနိုင် ပါတယ်…

လျှပ်စစ်မီးဆိုလဲ အဲလိုပဲ… မီးပျက်တယ် မီးအားနဲတယ်.. အဲဒါဆိုရင် ရပ်ကွက် မြို.နယ် လျှပ်စစ် တွေ ပူပေါင်း ကြရင် မီးပြသနာ တွေ အဆင်ပြေသွားမှာပါ… အဲလိုကနေ ရပ်ကွက်တစ်ခုစီ အဆင်ပြေသွားရင်း မြို.နယ်အလိုက်.. မြို.နယ်အလိုက်ကနေ တိုင်းဒေသကြီးအလိုက် အလိုလို အဆင်ပြေသွားမှာပါ…

ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး

မြို.နယ် အုပ်ချုပ်ရေးမှူးရုံး

တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံး တွေ အဆင့်ဆင့်ဖွဲ.ထားတာ အဲဒါ တွေလုပ်ဖို.ထင်ပါတယ်ခင်ဗျ…အဲဒီရုံးတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တာဝန်ရှိပုဂိ္ဂုလ်များကလဲ ရပ်ကွက်နေပြည်သူတွေထဲက ပြည်သူတွေပါပဲ… သူတို.ရော လိုအပ်ချက်တွေ မရှိဘူးလား.. ကိုယ့်လိုအပ် ချက်က တစ်ရပ်ကွက်လုံးလိုအပ်ချက်ဖြစ်နိုင်တယ်ဆိုတာလေး..ထည့်ထားကြရင် အားလုံးအဆင်ပြေသွားမှာပါ..

အဲလိုမှမဟုတ်ပဲ ရပ်ကွက်နေပြည်သူတစ်ယောက်က လိုအပ်ချက်ကို ရပ်ကွက်ရုံးကို တင်ပြတယ် ရပ်ကွက်ရုံးက ဒါဒို.နဲ.မဆိုင်ဘူး မြို.နယ်နဲ.ဆိုင်တယ်.. ပြောလိုက်… မြို.နယ်ကလဲ ဒါ ဒို.နဲ.မဆိုင်ဘူး တိုင်းဒေသကြီးနဲ.ဆိုင်တယ်…. ကဲ့ ဘာမဟုတ်တဲ့ပြသနာအသေး အဖွဲလေးကို တိုင်းအထိတက်ရလောက်အောင် အမှုကြီးသွားရော…. အဲဒီတော့ တင်ပြချင်ရင်တောင် အလုပ်ရှုပ်ခံပြီး မတင်ပြပဲ.. ကိုယ့်ဟာကို အိမ်ရှေ.မြောင်းပိတ်နေရင် ကိုယ့်အိမ်ရှေ.လေး တင် မြောင်းဖော် သူများအိမ်ရှေ.ပိတ်ချင်ပိတ်… မီးဆိုလဲ ကိုယ့်အိမ်မှာ မီးအားနဲရင် မီးအားမြှင့်စက်နဲ. ဆွဲ.. သူများအိမ် ကျချင်သလောက်ကျ… မီးပျက်ရင် မီးစက်အိမ်ရှေ.ချ ဆူချင်သလောက်ဆူ ထွက်ချင်သလောက် ထွက် တဲ့မီးခိုး… ကိုယ့်အဆင်ပြေပြီးတာဘဲ တွေ ဖြစ်ကုန်ရော……….

အဲလို ရပ်ကွက်ကနေ ပျက်လာခဲ့တဲ့ စနစ်သေးသေးလေးတစ်ခုဟာ ရပ်ကွက်အလိုက်ပျက်ရာက စုလာတော့ မြို.နယ်အလိုက်ပျက်..

မြို.နယ်အလိုက်ပျက်ရာကနေ.. တိုင်းဒေသကြီးတစ်ခုလုံးပျက်.. တစ်တိုင်းလုံးပျက်ရာကနေ တစ်နိုင်ငံလုံးပျက်ကရောာာာာာာာာာာာာာာ..

အခုပြောနေတာ မီးနဲ.ရေ ပဲရှိသေးတယ်…

လမ်းစည်းကမ်းမှာ ယာဉ်မောင်းကြသူများ နဲ. ယာဉ်ထိန်းရဲ…

သန်.ရှင်းရေးမှာ ပြည်သူများနဲ. စည်ပင်

ဘတ်စ်ကားတွေမှာ ဒရိုင်ဘာ၊စပယ်ယာ နဲ. မထသ

လမ်းကူးတဲ့နေရာမှာလဲ.. ပြည်သူများနဲ. မျဉ်းကြား

ဘက်စ်ကားစောင့်တဲ့နေရာမှာလဲ စီးသူများနဲ. မှတ်တိုင်

လမ်းဘေးဈေးရောင်းတဲ့နေရာမှာလဲ စားသုံးသူများနဲ. ဈေးရောင်းသူ… အများကြီး အများကြီး အဲဒါတွေ အားလုံး သူနေရာနဲ.သူ Balance ညီညီ ကိုယ့်အလုပ်ကိုသိ ကိုယ့်အလုပ်ကိုလုပ်ကြရင်င်င်င်င်င်င်င်……….

အခုပြောနေတဲ့ ယာဉ်မောင်းကြသူများ၊ ယာဉ်ထိန်းရဲများ၊ ဘက်စ်ကားစီးသူများ၊ ဈေးရောင်သူများ… အားလုံးအားလုံးဟာ ရပ်ကွက်နေပြည်သူများပါပဲ….. အဲဒီတော့ ရပ်ကွက်ကစ ပျက်လာခဲ့တဲ့ စိတ်ဓာတ် ရပ်ကွက်ကစတင်မွေးဖွားရှင်သန်လာတဲ့ တစ်ကိုယ်ကောင်း စိတ်ဓာတ်တွေ က သူတို.ဆိုင်ရာဆိုင်ရာ နေရာတွေမှာပါ ပါလာတော့……. သွားကရောာာာာာာာာာာာာာာာာာာာာာာာာာာာ..

ကျွန်တော်တို.ပြည်သူတွေကလဲ ဘာလိုလဲလို.မေးမှ အကုန်စုပြောတတ်ကြတယ်… မလုပ်ပေးနိုင်ရင် အပြစ်မြင်ကြတယ်.. တောင်းသင့်တာကို မတောင်းတတ်ကြဘူး.. မွေးကင်းစ ကလေးကို ဘာလိုလဲ ဘာလိုချင်လဲ မေးသလိုဖြစ်နေတာပေါ့ဗျာ..

အဲဒီတို. ကျွန်တော်တို.မွေးကင်းစပြည်သူတွေကို အရွယ်ရောက်အောင် ဘယ်လိုလုပ်ကြမလဲ………????????

 

အဲဒီလိုနဲ. ပျက်လာလိုက်တာ….. အခုတော့ စနစ်ကြောင့် စနစ်ကြောင့်နဲ. ပြောစရာကြီးကို ဖြစ်လို….

မှတ်ချက်။              ။အခုပြောနေတာတွေက အရမ်းနားလည်လို.ပြောနေတာမဟုတ်ပါကြောင်း……….ကျွန်တော်ရွှေတိုက်ရဲ. ကလေးအတွေးသာဖြစ်ပါကြောင်း။။။။။။။။။ အမှားပါတာရှိရင်ခွင့်လွှတ်စေချင်ပါကြောင်း။။။။။။။။ လိုအပ်သည်များလဲ မှာစားးး အဲအဲ မှာကြားနိုင်ပါကြောင်းးးးးးးးးးးး…

 

လေးစားစွာဖြင့်

အရွယ်မရောက်သေးသော

ခလေး ရွှေတိုက်စိုး

44 comments

  • ဘဲဥ

    May 15, 2013 at 11:57 am

    အိမ်း……….. ခွင့်လွှတ်ရတာပကွယ်
    ခေးဘဲချိတေးဒါဂို

  • ခင်ခ

    May 15, 2013 at 12:06 pm

    ခလေးလေး ရွှေတိုက်စိုးကို ပြန်ဆွေးနွေး ရေးတော့ကော ခလေးက ဘာသိမှာလဲနော်။
    ရေးတော့ဘူး လူကြီးတွေပြန်ရောက်တော့မှ တစ်ခေါက်ပြန်လာတော့မယ် ခလေးရေ။

    • ရွှေတိုက်စိုး

      May 15, 2013 at 12:40 pm

      ဟွန်.လူကြီးတွေများ တယ်မုန်းဖို.ကောင်းတာ… ခလေးတွေကို နေရာမပေးချင်ကြဘူး..
      ဒါကြောင့် အိုင်ဒီယာတွေ က မလန်းတာ…….. အဟိ..

  • မောင် ပေ

    May 15, 2013 at 12:10 pm

    အလုပ် ကို အလုပ် နဲ ့တူအောင် လုပ်ခိုင်းရမှာ က လဲ စနစ်ပြင်ရမယ့် အထဲ မှာ ပါမယ် ထင်ပါရဲ ့
    အဘယ်ကြောင့် ဆိုသော် ( မည်သူ ့ကိုမှ ခရက်ဒစ်မပေးနိုင်ပါ )
    ဥပမာ တစ်ခု ပြောရမယ်ဆိုရင်
    စာရွက်စာတမ်းစာရင်း မှတ်ပုံတင် လုပ်ပေးတဲ့ ရုံး
    အဲဒီမှာ အကြီးဆုံးက ဦးစီးမှူး ပေါ့
    အဲဒီရုံးကို ၊ နိုင်ငံသားတစ်ယောက် က စာရွက်စာတမ်း ပိုင်ဆိုင်မှု ဘာညာသာရကာ မှတ်ပုံတင်ဖို ့ နာမည် ပေါက်ဖို ့ လာတင်ပြီ ဆိုရင် ၊ ဦးစီးမှူး တာဝန် က မှန်လား မှားလား အောက်က သက်ဆိုင်ရာ ဝန်ထမ်းတွေကို အဆင့်ဆင့် စစ်ဆေးခိုင်းရမယ် ။ မှန်ပြီ ဆိုတာနဲ ့ ၊ သူ ့ဘက်က အတည်ပြု လက်မှတ်ထိုးပေးလိုက်ရင် ၊ အလုပ် ကိစ္စ တစ်ခု ဟာ ( သူရို ့ အခေါ်တော့ “အမှု” ပေါ့လေ ) မြန်မြန်ဆန်ဆန် ပြီးသွားမှာပေါ့ ။
    အဲဒီလို ဖြစ်ရမယ့် ဟာကို
    ဘယ်လို ဖြစ်သလဲ ဆိုတော့
    ရုံးခန်း ထိုင်ခုံကနေ မိုးအရွာ ကို ထိုင်စောင့်နေတယ်
    မိုးရွာပေးတော့လဲ ၊ သူ ကျေနပ်လောက်တဲ့ မိုးရေချိန် မရောက်ရင် ကျောက်ရုပ် ပဲ
    အဲ… သူ ကျေနပ်လောက်တဲ့ မိုးရေချိန် ရပြန်တော့လဲ ၊ အချိန်တွေ ပုပ်ရတာပေါ့ကလား ။
    စကားမငရုတ်
    အကြည်တော် ရဲ ့ခလောက်နီ ဘုတ်အုပ် က ဖတ်ရတာ ကောင်းတယ်ဗျ

    • ရွှေတိုက်စိုး

      May 15, 2013 at 12:50 pm

      အဲဒါကြောင့် သူတို.ပြောတာပေါ့ မရလို.ပါလို.ဆို ရရင်လုပ်ပေးပါတယ်ဆို… ကိုပေ့နှယ့်.. မရလို.ပါဆို..

  • Mr. MarGa

    May 15, 2013 at 1:54 pm

    ဘာပဲပြောပြော
    ရပ်ကွက်ကနေပဲ သွားသွား
    မြို့နယ်ကနေပဲ သွားသွား
    အဓိက က လိုချင်တာ ရဖို့မလား
    ဆိုတော့
    ရပ်ကွက်ကနေသွားတာထက်
    တစ်ဦးချင်းစီက စ သွားကြရအောင်နော့

    • အဲဒီ တစ်ဦးချင်းစီကို ပျက်အစဉ် ပြင်မရဖြစ်နေတော့လဲ ခက်တာပေါ့ သဂျားမင်းရယ်…
      သဂျားမင်းတောင် မကယ်နိုင်တော့ဘူးးးးးးးးးးးးးးလားးးးးးးးးးးးးးးးး အရီးးးးးးးးးဟီးဟီး အရီးးးးးးဟီးဟီး

  • MaMa

    May 15, 2013 at 2:08 pm

    စနစ်ကြောင့် မဟုတ်
    စနစ်ကြောင့် မဟုတ်
    :kwi:

  • kyeemite

    May 15, 2013 at 2:18 pm

    ရုံးတွေမှာတော့ ရေးထားသားကွ“ငွေပေး ရန်မလိုပါ” တဲ့
    ငွေမပေးရင်တော့ ထကိုက်မဲ့သဘောရှိတယ် :harr:

    • အခုက ငွေပေးရန်မလိုတော့ဘူး… ခြင်းခေတ်ဖြစ်သွားပြီး ခြင်းခေတ်.. အစုံပါတယ်လေ…ဟေဟေဟေး

  • kai

    May 15, 2013 at 2:37 pm

    အဲဒီတော့ ကျုပ်တို.ရွာက အမေရိကန်မှာနေတဲ့ အဆင့်တန်းမြင့်လူသားကြီး ပြောပြောနေတဲ့ စနစ်ကြောင့် စနစ်ကြောင့်ဆိုတာကြီးကို မခံ ချင်လွန်းလို. ကိုယ့်စိတ်ကူးနဲ.ကိုယ် စနစ်ပြင်မယ်….

    ပထမ..
    အမေရိကန်ဆိုတာ.. နေလို့ရတဲ့ဒေသမဟုတ်.. လူနေလို့မရပါဘူးနော..
    အမေရိကားမှာပဲ.. လူနေလိုရပါတယ်..။ အင်္ဂလိပ်လို.. United States of America တဲ့..
    အဲ.. ယူအက်စ်မှာနေတဲ့သူတွေ နိုင်ငံသားဖြစ်ရင်. American လို့ခေါ်ပါတယ်…။ လူမျိုးဆိုတာထက်. အမေရိကားနေတဲ့.. လူတွေကို.. အမေရိကန်လို့.. ခေါ်လို့ရပါတယ်..

    ဒုတိယ..
    ကျုပ်ပြောလေ့ရှိတာက.. စနစ်ကြောင့်..မဟုတ်..ရယ်လို့ပါ..
    လူတွေကြောင့်ပါ..
    တိတိကျကျပြောရရင်.. လူတွေအပေါ်..လူတွေအတွေးအခေါ်အပေါ်.. လွှမ်းမိုးတဲ့.. ဘာသာရေးကြောင့်ပါ..

    သခင်မျိုးဟေ့..ဒို့ဘားမန်င်း… :kwi:

    • အမယ် သူကျောဒါယဲ ဟုတ်ဘဲနဲ. အဟိ…
      ခလေးပါလို.ဆို အမေရိကန်တို. အမေရိကားတို. သိပါဘူးလို.ဆို…
      သိသားပဲ အပြစ်မရှိ အပြစ်လာရှာနေတာ……..ဟိဟိ လူကြီး ရှက်လဲရှက်ဘူး….
      စနစ်ကြောင့်မဟုတ်ဘူးပြောတာ သူကြီးလား……..အဟိ တိပါဘူး.. တူညားကျောတာလားလို..

      လာပြန်ပြီ ဒီဘာသာရေး… သူကြီး အရင်တုန်းက ဘုန်းကြီးတူမ နဲ. ရင်နင့်စရာဇာတ်လမ်းတွေများရှိခဲ့လေရော့သလား…….. ဘာသာရေးချည်းစွတ်လွှဲချနေတော့တာပဲ..

    • pazflor

      May 16, 2013 at 9:25 am

      သဂျီးပြောတာရေးတေးတေးမြင်လာသလိုလိုတော့ ရှိတယ်ဗျ။
      မြန်မာအများစုဟာလေ အတော်နေနိုင် တယ်ဗျ။ ဥပမာ….အလုပ်ခွင်ထဲမှာ လုပ်နေရင်း အမြင့်ကပစ္စည်းတစ်ခုခု ပြုတ်ကျလို့ မာလကသွားတယ်ဆိုပါစို့။ ဒီကောင် ကံဆိုးတယ်ကွာ၊ ကရိန်းအောက်တည့်တည့် ရောက်နေလို့ ဆိုပြီး ကံဆိုး၊ကံကောင်းခွဲလိုက်ကြတယ်။ တကယ်ဆို ဖြစ်ရမှာ အဲ့လို အဖြစ်အပျက်မျိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလည်း….ဦးထုပ်ဆောင်းမယ်၊ ကရိန်းမောင်းတဲ့ area မှာ barrier သုံးမယ်၊ ကရိန်းရဲ ့ equipment တွေ မပျက်အောင် ဘယ်လို ထိန်းသိမ်းမှူ့လုပ်မယ် စသဖြင့်လုပ်ရမှာခင်ဗျ။
      ဘာသာရေးအယူအဆ လွမ်းမိုးမှူ့အရ မြန်မာအများစုဟာ ကံဆိုးကံကောင်းနားလည်မှူ ့လွဲပြီး တွေးခေါ်မှူ ့က အဲ့မှာ ရပ်သွားတယ်။ နောက် ဘာလည်း သေရင်ကိုယ်နောက်ပါမှာလည်း မဟုတ် အပိုတွေဘာပဲ ဆိုတာမျိုးလေးရှိသေးတယ်။
      ဘာသာရေးကို စော်ကားတာမဟုတ်ဘူးနော် ဖြစ်သွားတဲ့ Trend လေးတွေ စဉ်းစားကြည့်တာပါ။ ခွင့်လွတ်ကြပါကုန်….. :kwi:

      • ကိုရင်တို.တွေ.နေကျလူတွေက ကိုယ်အသုံးမကျတာကို ဘာသာရေးအယူအဆကို အလွဲသုံးစားလုပ် ကိုယ့်အပြစ်ကို ဖုံးနေကျလူတွေနဲ. တွေ.နေတယ်ထင်ပ…..
        အင်း ကိုရင် ပြောတာလဲ ဟုတ်တာပါပဲ…. ဘုရားဘာလို.ကန်တော့လဲ ဆိုတာ တော်ယုံလူ မေး ယောင်တောင်တောင် ဖြေလိမ့်မယ်….
        အဲလိုဆိုတော့လဲ အပြောခံရပြီပေါ့…….. ဒီဘာသာရေးလွှမ်းမိုးမှု

      • garuda

        May 21, 2013 at 9:31 pm

        koko pazflor ရေ..အဲဒါတွေက ဘာသာရေးနဲ့ မဆိုင်ဘူးထင်တယ်။ အင်္ဂလိပ်မှာလည်း unfortunately, unlucky တို့ I had a bad day စသည်ဖြင့် ပြောကြပါတယ်။ safety ဖြစ်အောင်ဝတ်တာမဝတ် တာကတော့ နိုင်ငံအခြေအနေကြောင့်ပါ။ ဘယ်အလုပ်ရှင် ဘယ်တာဝန်ရှိသူကမှာ မပံ့ပိုးပေးတော့ ဖြစ်လာရင် ကံဆိုးတယ်လို့ပဲ ပြောရတာပေါ့။သေရင် ကိုယ့်နောက်ပါမှာ မဟုတ်ဘူးကတော့
        ဩစတြေးလျမှာလည်း တွေးကြပါတယ်။ ဒါ..ဘာသာရေးအယူမဟုတ်ဘူးလေ။ မှန်တာပဲဟာ။ ဘာသာ မရှိတဲ့လူ သွားပြောလည်း လက်ခံမှာပဲ။ အဲဒီတော့ ဘာသာရေးတွေကို စော်ကားတာ မဟုတ်တော့ ခွင့်လွှတ်ကြမှာပါဗျာ။ အဲတွေးခေါ်မှုရပ်နေတယ်ဆိုတဲ့ အပိုင်းကိုတော့လက်ခံပါတယ်။ ဒါပေသိ ခင်ဗျားပြောခဲ့
        တဲ့ အကြောင်းအရာတွေကတော့ ဘာသာရေးနဲ့ မဆိုင်ဘူးလို့ထင်တယ်။ နောက်တစ်ခုက ဗုဒ္ဓဘာသာတစ်ခုထည်းကို ပဲကြည့်ပြီးတော့ ပြောရရင်တော့ ဒါဟာ ဘာသာထဲမှာ ဟောထားတာ
        အဲသလို သဘောမဟုတ်ပါဘူး။ ခင်ဗျားပြောတာတွေဟာ သာမန်အရပ်ထဲက ဗုဒ္ဓဘာသာဝင်လို့ခံယူထားသူတွေ လွဲမှားစွာပြောတဲ့ အပြောသက်သက်တွေပါ။

        • ဟုတ်တယ်ဗျို. ကို garuda ရေ…
          လွဲမှားနေတဲ့ အယူအဆ နဲ. ကိုးကွယ်မှုတွေပေါ့…
          အခုလို ဖြည့်စွက်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်….

          ကျွန်တော်တို. ယုံကြည်မှုနဲ. ကိုးကွယ်နေတဲ့ ဘာသာ ဟာ ဒုက္ခရောက်ရင် အားကိုးရာမဟုတ်ပါဘူးဗျာ…
          ဒုက္ခတွေနဲ. လွတ်ကင်းရာ အေးချမ်းစွာ ကျင့်ကြံတဲ့ ဘာသာပါ…

          အခုတော့ လူတွေ ပါးစပ်ဖျားမှာ လမ်းဆုံးနေတဲ့ ဘာသာပေါ့……..

    • garuda

      May 21, 2013 at 9:58 pm

      လူတွေကြောင့်ဆိုတော့ သဂျီးရယ်..လွှမ်းမိုးတဲ့..ဘာသာရေးကြောင့်ဆိုတော့ သဂျီးရယ် ဘာသာရေးတွေကရော စနစ်တွေပါပဲလို့ ပြောရင်လက်ခံမလား။ အတွေးအခေါ်လွတ်လပ်မှုဟာ…ဗုဒ္ဓဘာသာအစစ်အမှန်ရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။
      လွှမ်းမိုးခြင်း၊ ဘာသာပြန့်ပွားအောင် ပြုလုပ်နည်းများ လုံးဝထည့်သွင်းရေးထားခြင်းမရှိဘူးလို့ ဉာဏ်မှီသလောက်တော့ သိထားပါတယ်။ အဲ သဂျီးပြောခြင်ရင်တော့ အစိုးရရဲ့ ဘာသာရေးခုတုံးလုပ်ပြီး လူတွေကို စိတ်ဓာတ်တွေကို ပြောင်းလဲအောင်၊လွှမ်းမိုးအောင်လုပ်တယ် ဘာညာဆိုရင်တော့ လက်ခံနိုင်စရာရှိပါတယ်။ ဖြစ်နိုင်ပါတယ်လေ..ကျွန်တော်တို့မြန်မာတွေက ပညာမဲ့တော့ အရင်အစိုးရတုန်းက ဘုရားတွေတယ်ပြီး တန်ခိုးကြီးတယ် ဘာညာဆိုပြီး လူတွေအာရုံလွဲအောင် လုပ်ခဲ့ဘူးတာတွေ ရှိခဲ့တယ်ထင်ပါတယ်။
      ဒါပေမဲ့ သဂျီးက ဗုဒ္ဓဘာသာကို သေသေချာချာမသိပဲနဲ့ ဖဲ့နေတာတော့ မဟုတ်သေးဘူးထင်တယ်။(အကယ်ရွေ့သဂျီးကဗုဒ္ဓဘာသာကို ရည်ညွှန်းပြောတယ်ဆိုရင်ပါ)
      သဂျီးအထင်ကြီးတဲ့ အမေရိကန်ကလူတွေကတောင် ဗုဒ္ဓကို free thinker လို့သတ်မှတ်နေကြတာရှိနေလျှက်နဲ့တောင် သဂျီးက ဘာဖြစ်နေတုန်း။
      တကယ့် ဆရာတော်ကြီးတွေဆို လွှမ်းမိုးဖို့ မပြောနဲ့ လူတွေ့မခံလို့တောင် လူတွေက တန်ခိုးကြီးတယ်ဆိုပြီး နောက်ကလိုက်နေကြတယ်ဆိုတာကြားဘူးမှာပေါ့။ ဆရာတော်တွေ ခင်ဗျာသနားဖို့တောင်ကောင်းပါတယ်ဗျာ။ ဗုဒ္ဓဘာသာက လွှမ်းမိုးအောင်မလုပ်ပါဘူးဗျာ။
      အုပ်ချုပ်သူများက လူတွေကို စနစ်တကျ အတွေးအခေါ်နဲ့အောင် လုပ်ထားလို့ပါဗျာ။

      သခင်မျိုးဟေ့..ဒို့ဘားမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်းမန်င်း….
      (credit to Nicky သဂျီး)

      • kai

        May 21, 2013 at 11:19 pm

        ပိဋကတ်သုံးပုံကိုလက်ခံတာ.. ထေရဝါဒဗုဒ္ဓဘာသာဝင်တွေပါ..
        ဗုဒ္ဓဘာသာဝင်(ဦးရေ)အများစုရှိတဲ့.. မဟာယာနဗုဒ္ဓဘာသာကလက်မခံပါဘူး…

        ဆိုတော့..
        .. မေးရဦးမယ်..။
        ပိဋကတ်သုံးပုံ မှာမူလဘုရားဟောအစစ်လို့.. ယုံကြည်ရတာ.. ရာခိုင်နှုန်းဘယ်လောက်လို့ထင်ပါသလဲ… :kwi:
        ကိုယ်တိုင်အယူအဆကို (အစွဲမပါ) ပြောကြည့်ပါနော..။
        ==

        ပိဋကတ်သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓဝစန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တနည်းအားဖြင့် ဝိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။

        ဝိနည်းပိဋကတ် = ဝိနည်း (၅)ကျမ်း
        အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
        သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ် ၌ ထည့်သွင်းသည်။ (၃၇)ကျမ်း

        • garuda

          May 22, 2013 at 11:10 pm

          (ပိဋကတ်သုံးပုံကိုလက်ခံတာ.. ထေရဝါဒဗုဒ္ဓဘာသာဝင်တွေပါ..
          ဗုဒ္ဓဘာသာဝင်(ဦးရေ)အများစုရှိတဲ့.. မဟာယာနဗုဒ္ဓဘာသာကလက်မခံပါဘူး…
          ဆိုတော့.. )

          တိန်..သူတို့လက်မခံတာ ကျုပ်နဲ့ဘာဆိုင်လို့တုန်းဗျ။
          ဘယ့်နှယ်…ပြောတော့ အမေဂျစ်ကား မှာနေတယ်၊်
          လွပ်လပ်စွာကိုးကွယ်ခွင့်လည်းအကြောင်းလည်း ပြောချင်တယ်…..ဒါပေမယ့်
          အခုသဂျီး ပြောနေပုံက ပိဋကတ်သုံးပုံ လက်ခံတဲ့ မြန်မာပြည်က ဗုဒ္ဓဘာသာတွေကပဲ..လူများစု မဟာယနတွေကလက်မခံတာနဲ့ စွန့်လွှတ်ပေးရမဲ့
          ပုံပေါ်နေပြီ။ ဒါဆိုရင် သဂျီးလည်း လူအများစုတာကြိုက်ရင် သန်းပေါင်း၁၆၀ဝ ကျော်ကိုးကွယ်တယ်
          ဆိုတဲ့ ဘာသာဝင်လိုက်ပါလား ဟင်ဟင်။ ဗုဒ္ဓဘာသာဆိုတာ ကမာ္ဘပေါ်မှာ ကိုးကွယ်
          သူအနဲဆုံး ဘာသာလေ။ အဲဒီတော့ သဂျီးလဲလူအများစုကိုးကွယ်တဲ့ အခြားဘာသာကိုသာ ပြောင်းပြီးကိုးကွယ်လိုက်ပါကွယ်။ အဲဒီ သူကြီးအပါအဝင် မဟာယာနလူအများစုကိုပြောလိုက်
          ကျုပ်လည်း သူတို့ရဲ့ ပတ်တဂိ ၁/၂ပုံကို (ရှိခဲ့ရင်ပြောပါတယ်) လက်မခံပါဘူးလို့။
          ဘာဖြစ်လို့လည်းဆိုတော့ မဖတ်ဘူးသေးဘူးလေ။
          လက်တို့ပြီးတော့(..မေးရဦးမယ်..။ပိဋကတ်သုံးပုံ မှာမူလဘုရားဟောအစစ်လို့..
          ယုံကြည်ရတာ..ရာခိုင်နှုန်းဘယ်လောက်လို့ထင်ပါသလဲ… ကိုယ်တိုင်အယူအဆကို
          (အစွဲမပါ)ပြောကြည့်ပါနော..။==)

          ကိန်..ဒုက္ခ..လူကိုများ သူ့လို.. ပိဋကတ် အိုးကွဲများအောက်မေ့နေလားမသိ
          ကျုပ် ဘုန်းကြီးလည်းမဟုတ် ဓမ္မကထိက လည်းမဟုတ်ဘူးဗျ။
          သိချင်ရင် ဖွဘုတ်မှာ ဆန်နီနေမင်း ဆိုလား ဘုန်းဘုန်းတပါးရှိတယ်။
          သူက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ရင် အဖြေတွေပေးတတ်တယ် သူ့သွားမေးကြည့်။
          ဒါမှမဟုတ် ရှင်ဆန္ဒာဓိက ရဲ့ elder brother တော် က သဂျီးနဲ့ သယ်ရင်း မဟုတ်လား
          သူကတဆင့် အဲ့ ဆရာတော်ကိုလှမ်းမေးပေါ့။ ကျုပ်အဘိုး ကတော့ .. ပိဋကတ် ဘာသာပြန်မှာ
          လုပ်ဘူးတယ်။ ဒါပေသိ ခုတော့ သေပြီဆရာ..မေးလို့မရတော့ဘူး။ ဟဲဟဲ..ကျုပ်ကတော့ အဘိုးနဲ့ပြဒါးတလမ်းသံတလမ်းပဲ..ဘုရားရှစ်ခိုးစာတောင်မရ..ခိုးဖြစ်တာလည်း..တနှစ်မှတစ်
          ခေါက်လောက်ပါပဲ။ ဒါတောင် ဘုန်းကြီးကျောင်းတို့၊ ရွှေတိဂုံတို့ရောက်လို့ မလွှဲသာ
          လို့ရှိခိုးရတာပါ။ အဲဒီတော့ ဘာအစွဲမှ မရှိဘူး။ ကိုယ်မသိတဲ့ ပိဋကတ် သုံးပုံ ပြောကြည့်ရ
          အောင်..ထက်..သဂျီးကိုပဲ ပြန်မေးချင်တယ်။ သူကြီးကရော အဲဒီ.. ပိဋကတ်သုံးပုံကြီးကို ဘယ်လောက်များ အာဂုံဆောင်ထားလို့..လေ့လာကျင့်ကြံထားပြီး ဘယ်လို
          မယုံစရာတွေတွေ့လို့ မယုံရတာလဲ?? မဟာယနကရော ယုံရလောက် အောင်ဘာတွေ
          ရေးထားတာရှိလို့လဲ??ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားထားတာတွေကိုအသံသွင်းထားလို့လား? ယုံသင့်တယ်လို့ သဂျီးကတွေ့ထားတာရှိရင် ကျုပ်တို့ကို ပြောလေ။ယုံသင့်ရင်ယုံမှာပေါ့ဗျာ။
          တခြားဘာသာတွေကရော သူတို့ကိုးကွယ်ရာ ဘုရားတွေဟောကြားတယ်ဆိုတဲ့ ဟာတွေကို camcorder နဲ့ record လုပ်ထားလို့လားလားလား?? ထားပါတော့လေ..ဗုဒ္ဓက လူထဲကဖြစ်
          လာတဲ့ အနှိုင်းမဲ့လူသားမို့လို့။ ဒါပေမဲ့ ကျန်တဲ့ တန်ခိုးရှင်ကြီး များက တန်ခိုးဣဒ္ဓိပါဒ် ကြီးမားပါလျက်နဲ့ လူသားများအတွက် ဗွီဒီယိုဖိုင် လေးတစ်ခုတော့ ဟချလောင်းဆိုပြီး
          ထားခဲ့သင့်တာပေါ့။ ဒါမှ သဂျီးတို့လို မယုံတဲ့သူတွေကို ယုံအောင်ပြလို့ရမှာလေ။

          နောက်တစ်ခုက ကျုပ်က ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင် လို့တော့ ပြောရမှာရှက်တယ်။ ဘာလို့လည်းဆိုတော့ အခြေခံ ၅ပါးသီလတောင် မလုံပဲကိုး။ ဒါပေမဲ့ ယုံကြည်တယ်။ တရားစာတွေဖတ်လို့ယုံတယ်လို့ မဆိုလိုပေမဲ့ ဆရာကြီးဦးဘခင်၊ ဆရာကြီးဂိုအင်ကာတို့မှာ
          တရားထိုင်ဘူးတယ်။ ဘာတရားမှတော့မရဘူး။ ဒါပေမဲ့ လူပြိန်းနားလည်အောင် ရှင်းပြချက်များနဲ့ တရားပတ်အတွင်း လေ့ကျင့်မှုကြောင့် ကြုံတွေ့လာရတာတွေ အရ ယုံကြည်မှုက ပိုမိုခိုင်မြဲသွားတာ ပါပဲ။ ပြန်ပြောပြလို့မရဘူး။ ကျုပ်တို့လို နလဗိန်တုံး မပြောနဲ့ တရားကို တကယ်တွေ့ပါတယ် ဆိုတဲ့ လူတိုင်းတောင် အဲသလိုမပြောပြနိုင်ဘူး။ သူကြီးသိချင်ရင် ယုံချင်ရင် ကိုယ့်ဘာသာ တရားသွားထိုင်ကြည့်ပြီး အဲဒီက ဆရာတွေနဲ့ဆွေးနွေးကြည့်ပေါ့ဗျာ။ ဗမာပြည်မှာဆိုရင် ဆရာတော်ဦးဇောတိက ဆရာဦးဆန်းလွင် တို့ဆိုတာတွေဟာ ဘာသာခြားကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းလာတာက
          ဘယ်သူမှ မတိုက်တွန်းဘူးမဆွယ်ဘူး။ သူတို့ကိုယ်တိုင် ဘာသာအားလုံးကို ဖတ်ရှုလေ့လာ
          ကျင့်ကြံပြီးမှ ယုံတာ။ ဘယ်ဗုဒ္ဓဘာသာဝင် ကမှသူတို့ကို ငွေကြေး ဆေးဝါး လုံခြုံမှုပေးပြီး
          သော်လည်းကောင်း။ခြိမ်းခြောက်ခြင်းဖြင့်သော်လည်းကောင်း ဘာသာပြောင်းခိုင်းထား
          တာမဟုတ်ပါ။
          သေသေချာချာပြောမယ် နော်၊ ထိုပုဂ္ဂိုလ်များသည်..
          ဘာသာပြောင်းပြီးမှ အဲဒီဘာသာနဲ့ဆိုင်တဲ့ ကျမ်းစာအုပ် များကို လေ့လာဖတ်ရှု
          အာဂုံဆောင်ခြင်း မဟုတ်။ အရင် ထဲထဲဝင်ဝင် ဖတ်ရှုလေ့လာကျင့်ကြံ ယုံကြည်ပြီးမှသာ လျှင်၊ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် ချစ်ခင်ကြင်နာချက်တို့မပါပဲနှင့် မိမိအယူအဆဖြင့်သာ ဘာသာပြောင်းခြင်း ဖြစ်ပါတယ်။

          အဲဒီတော့ သဂျီးကိုပြောချင်တာကတော့ဖြင့် လိုက်ကပ်ဖဲ့ မကောင်းပြော ဖင်ပိတ်ငြင်းနေမဲ့ အစား ဘယ်ဘာသာမဆို၊ စိတ်ဝင်စားရင် လေ့လာကျင့်ကြံကြည့်ပေါ့ဗျာ။ အဲ..ဒါပေမဲ့ ကျွန်တော့် အထင်အမြင် သက်သက်ကတော့ သဂျီးအနေနဲ့ ပိဋကတ်သုံးပုံ ကိုလေ့လာရင်တော့ အဆင်မပြေလောက်ဘူး။ အဲဒါက ပုဂ္ဂိုလ်ထူးတွေ မှသာဖြစ်နိုင်တာလို့ထင်
          ပါတယ်။ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးကတော့ မြန်မာပြည်ပြန်၊ တရားစခန်းဝင်ပြီး စာတွေ့ လက်တွေ့ သေသေချာချာ လေ့လာရင် နားလည်လာမှာပါ။ စာချည်းပဲ ဖတ်လို့လည်း ဉာဏ်မမှီ
          ရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါမယ်။ လက်တွေ့လုပ်ဖို့က အရေးကြီးပါတယ်။
          မိုးကုတ်၊ချမ်းမြေ့၊ဖားအောက်၊ပဏ္ဍိတရာမ၊ဆရာကြီးဦးဘခင်၊ဆရာကြီးဦးဂိုအင်ကာ၊အင်္ဂလန်မှာ
          ဆိုရင် ဆရာမကြီးဒေါ်မြသွင် စသည် စသည်ဖြင့်တရားစခန်းများရှိကြပါတယ်။ အဲဒီတော့..သံသယနဲ့ သာပြောနေမယ်ဆိုရင်တော့ ဘယ်ကျမ်းကမှယုံစရာ မရှိပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓကပြောတယ်တဲ့
          သူများပြောတိုင်းမယုံနဲ့တဲ့ ကိုယ်တိုင်လေ့လာ အားထုတ်ပြီး ယုံသင့်မှယုံပါ
          တဲ့။
          ကျုပ်ထင်တယ် ဗုဒ္ဓဘာသာကျမ်းသည်သာလျှင် ရှေးရှေးကတည်းက လူတိုင်း လွပ်လပ်စွာ လေ့လာခွင့်ရှိတာ။ အရင်တုန်းကဆို ဘာသာတစ်ချို့ဟာ သူတို့ဘာသာဝင်မဟုတ်ရင် ကျမ်းစာကို လေ့လာခွင့်မရှိဘူးဆိုပဲ။
          အခုတော့ မဟုတ်တော့ဘူးထင်ပါတယ်။ နောက်တစ်ခုက ထေရဝါဒ ဗုဒ္ဓဘာသာဟာ ကမာ္ဘပေါ်
          မှာ အောင်မြင်မှု မရတဲ့ ဘာသာဆိုလား သဂျီးရဲ့ ဘင်္ဂလားညီကိုတော်တစ်ယောက်က ပြော
          ဖူးတယ်။ အဲဒါမှားနေတယ်နော် ထေရဝါဒဗုဒ္ဓ ဘာသာသည် အောင်မြင်မှုရအောင်
          လုပ်နေတဲ့ ဘာသာမဟုတ်ပါ။ ဘယ်ဘာသာနဲ့မှလည်း မပြိုင်ပါ။ အမှန်တကယ်ပြောရရင်တော့
          သူ့ဘာသာသူ အေးငြိမ်းစွာနေတဲ့ဘာသာပါဗျာ။
          အဲ ကိုယ်လိုချင်တာဆွဲပြီး ပြောချင်တာနဲ့ ဘုန်းကြီးကိုဆွဲထည့်ဒိုင်းကာလုပ်ပြီး တောင်းပန်ခြင်းအကြောင်း ပြောထားတဲ့ သူ့ပိုစ့် တစ်ခုကိုလည်း ဝင်မန့်မလို့ဟာ ရှင်ဆန္ဒာဓိက ဖြစ်နေလို့ ဝင်မမန့်ဖြစ်လိုက်ဘူး။
          ပြောချင်တာကတော့ ဆရာတော်ဟာ အလွန်တရာမှကြည်ညိုစရာကောင်းတဲ့ ရဟန်း တစ်ပါးပါ။ သူဟာဗုဒ္ဓကိုအကြွင်းမဲ့ ကြည်ညိုသူအဖြစ်နဲ့ ကြီးမားတဲ့ မေတ္တာတော်နဲ့ မိထ္ထီလာကိစ္စမှာ သူ့လိုဗုဒ္ဓဘာသာဝင်များကိုယ်စား တောင်းပန်နေခြင်းသာဖြစ်ပါတယ်။
          ဒါကို အကျိုးအမြတ်ယူပြီး ကိုယ်အရင်ကပြောခဲ့တဲ့ စကားတွေကို လူတွေလက်ခံလာအောင် ပြောခြင်းကတော့ ဟဲဟဲ မကောင်းဘူးနော်။ အရင်ဆုံးသူများတွေကို မတောင်းပန်ခိုင်းခင် ကိုယ်ကိုတိုင်ကရော သူများတွေအပေါ် ပြောခဲ့တာတွေ တောင်းပန်ပြီးပြီလား စဉ်းစားရမယ်ထင်တယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကထင်တယ် တို်င်းရင်းသားမဟုတ်သူ ဆရာမ
          အပျိုကြီးနှစ်ယောက်က သူတို့အိမ်မှာ မြန်မာမတစ်ယောက်ကို နှစ်ပေါင်း၁ဝဆိုလား ၃ဝဆိုလား
          အိမ်အပြင်ပေး မထွက်ပဲနဲ့ နောက်ဖေးက အိမ်သာဘေးကအခန်းလေးထဲမှာထားတာ အဲဒီအမျိုးသမီးက စာလည်းမတတ် စကားလည်းမပြောတတ် လူလည်းကြောက်ပြီးတော့ တကယ့်ကို ကျွန်လို တသက်လုံးအိမ်အလုပ်ပဲလုပ်နေရတာ။ သူတို့နဲ့ ဆက်နွယ်တဲ့ လူမျိုးက တောင်းပန်ရမယ်ဆိုရင်တော့ ဟီးဟီးဟီး။ အဲသလိုပါပဲ မန်းလေးမှာလည်း မြန်မာမလေးတွေ တိုင်းရင်းသူလေးတွေ…မုဒိမ်းကျင့်နှိပ်စက်ခံရတာလည်း သေသေခြာခြာခွဲကြည့်မယ်ဆိုရင် လူမျိုးခြားတွေ အများကြီးပါပါတယ်။ ဟိုတစ်လောကပဲ သတင်းတစ်ပုဒ်က အဲ့လူမျိုးခြားဘာသာခြား က သူ့ ဟာကို အိမ်မှာ အလုပ်လုပ်တဲ့ ဗမာမလေးကို ကိုင်ခိုင်းတာတို့
          နှိပ်စက်တာတို့ စုံနေတာပဲ။ အဲသဟာတွေ အတွက်ကော သူတို့တောင်းပန်ပြီးပြီလား??? တကယ်တော့ အကျိုးရှိလို့အကြောင်းတွေဖြစ်လာတယ်။ ဗမာလူမျိုးက တဖက်ကအေးအေးဆေးဆေးနေတာကို သွားလုပ်တာဆိုရင်တော့ မပြောလိုပါဘူး။ တောင်းပန်သင့်ပါတယ်။
          အောက်မှာဖတ်ကြည့် ဩစတြေးလျမှာ အင်ဒီယန်းတွေ အလကားနေရင်း တိုက်ခိုက်ခံခဲ့ရတာ။
          အဲဒီတုန်းက အကြီးအကျယ်ဆန္ဒပြကြတယ်။ သူတို့က တစ်ခြား Asians တွေကို လည်း ဆန္ဒပြပဲကို ဝင်ပါဖို့ ဆွယ်သေးတယ်။ တခြား Asians တွေကကြောက်တယ်လေ ဝင်မပါကြဘူး။ တကယ်တော့ ဩစတြေးလျရဲ့အခြားသောဝင်ငွေကောင်းတစ်ခုဟာ နိုင်ငံတကာကျောင်းသားများဆီကပါ။ အဲဒီအထဲမှာ ကုလားပြည်က ကျောင်းသားများဆီက တနှစ်ကို တစ်ဘီလျံအထက် ငွေတွေရရှိနေပါတယ်။ ဒါတောင်မှ သူတို့တွေမှာ ကောင်းကောင်းနေရဲ့သားနဲ့ အလကားနေရင်း အတိုက်အခိုက်ခံရပါတယ်။
          http://www.smh.com.au/comment/bruised-reputation-hasnt-recovered-20130416-2hy8a.html

          http://www.theage.com.au/opinion/politics/its-simple-india-doesnt-want-to-see-its-citizens-harmed-20100114-ma0i.html
          http://en.wikipedia.org/wiki/Violence_against_Indians_in_Australia_controversy
          http://www.thehindu.com/news/international/indian-women-abused-attacked-in-australia/article4222961.ece
          ကဲ ဒီမိုကရေစီ အပြည့်အဝ ရစေချင်ပါတယ်ဆိုတဲ့ နိုင်ဂံဂျားမှ မြန်မာများ….
          ဩစတြေးလျက White Australia Policy ဆိုတာလေးလည်း ဝီကီမှာလေ့လာကြည့်အုံးနော် ၁၉၇၂ခုနှစ် ဝန်းကျင်ကမှ ဖျက်သိမ်းလိုက်တာပါ။ အဲဒီအရှေ့ပိုင်းမှာ အဖြူ migrants တွေပဲလက်ခံခဲ့ပါတယ်။ မြန်မာပြည်ကို တစ်ချိန်ကပြောင်းရွှေ့နေထိုင်သူများ စိတ်နာနေသူများ သိထားသင့်တာနေရာတိုင်းမှာ သူ့ဟာနဲ့သူရှိခဲ့တယ်ဆိုတာပဲ။
          One Nation party အကြောင်းလေးလည်း လေ့လာကြည့်ပါ အုံးနော်။
          ကဲကဲ..ဘဘတော့ တော်သေးပြီ။ အဲအဲမှားလို့ သားသားတော့တော်ပြီ အိပ်တော့မယ်။

          ”သံသယပျောက် ပါစေ
          အမှန်ဘဝ ရောက်ပါစေ..ဟေ
          သံသယပျောက်ပါစေ
          အမှန်ဘဝသို့ ရောက်ကြပါါါါ..စေ..”
          (ဆို..မာမာအေး)

        • kai

          May 23, 2013 at 1:23 am

          ဟင့်..
          မေးခွန်းမဖြေပဲ.. လေလည်ကြောင်ပတ်နဲ့.. ရှိသမျှရဟန်းရှင်လူတွေဆွဲထည့်သွားလေသတည်းပေါ့နော..
          ကောင်းပါလေ့… :buu:

          ကျုပ်လည်းဆက်ရေးဦးမယ်..
          ဒီလိုဗျ..
          အင်္ဂါဂြိုလ်မှာ.. မြေနီတွေဖြစ်နေတာ.. အထဲမှာပါတဲ့ဓါတ်သတ္တုတမျိုးကြောင့်လို့ဆိုတယ်..
          အဲဒါကို.. တချို့က.. လက်တွေ့မမြင်ရမစမ်းသပ်ရသေးတော့.. မယုံကြဘူး..
          တချို့ကတော့.. အမြင်အရအနီရောင်ဖြစ်နေတာသာဖြစ်ပြီး.. တကယ်မနီပါဘူးတဲ့..
          လောလောဆယ်.. အဲဒီမှာလက်တွေ့ခြေချထားတဲ့.. Curiosity ဆီကဓါတ်ပုံအရတေ့ာ.. နီတာတွေ့ရသတဲ့လေ..
          အဲဒီနီတာက.ဘာဖြစ်လို့လည်းသိလား..
          မြန်မာပြည်ကဘိုးတော်တပါးပြောတယ်..
          သူ့မျောက်ကလေး.. ရှုရှုနဲ့ပန်းထားလို့တဲ့.. :kwi:
          နောက်တာပါ…

          ဆိုတော့..
          ထပ်မေးရဦးမယ်..
          ပိဋကတ်သုံးပုံ မှာမူလဘုရားဟောအစစ်လို့.. ယုံကြည်ရတာ.. ရာခိုင်နှုန်းဘယ်လောက်လို့ထင်ပါသလဲ… :kwi:
          ကိုယ်တိုင်အယူအဆကို (အစွဲမပါ) ပြောကြည့်ပါနော..။

          သူများပြောတိုင်းမယုံနဲ့တဲ့ ကိုယ်တိုင်လေ့လာ အားထုတ်ပြီး ယုံသင့်မှယုံပါ
          အဲ..အဲ..
          သူများပြောတဲ့တိုင်းလိုက်မပြောနဲ့…တဲ့… ကိုယ်တိုင်လေ့လာပြီး.. ပြောပါ… :harr:

        • သူကြီးနဲ. ကို garuda ဆွေးနွေးတာလေး ကြိုက်သဗျာ… ကို garuda ရေ ကျုပ်အားပေးတယ်ဗျို.. ခင်ဗျားအတွေး ကြိုက်သဗျာ..

          တစ်ခုလောက် အစ်ကိုတို.နှစ်ယောက် ဆွေးနွေးတာလေး ကော်ပီကူးပြီး ပို.စ်တပုဒ်တင်လိုပါတယ်… အဲဒါ ခွင့်ပြုမလားဗျာ…

          သူကြီးနဲ. ကိုgaruda ရေ………… ပြန်ပြောပေးနော်…

        • garuda

          May 23, 2013 at 8:47 pm

          မဟင့်ပါနဲ့ မားးးးးခိုင်ရယ်။ ကျုပ်အပေါ်မှာ ကွက်ကွက်ကွင်းကွင်းပြောသွားပြီးပြီလေ (ကိုယ်မသိတဲ့ ပိဋကတ် သုံးပုံ ပြောကြည့်ရအောင်..ထက်..သဂျီးကိုပဲ
          ပြန်မေးချင်တယ်။
          လို့။
          နောက်တစ်ခု ကျုပ်က၅ပါးသီလ မလုံကြောင်းပြောခဲ့တယ်။ အခြေခံ သီလတောင်မလုံတဲ့ လူတစ်ယောက်ဟာ ပိဋကတ်သုံးပုံနဲ့ ပတ်သက်လို့ မှားတာမှန်တာကို ပြောနိုင်မလား ဆိုတာ စဉ်းစားဉာဏ်ရှိရင် သိကြမှာပါ။ ပိဋကတ်သုံးပုံမှာ သူ့ဟာသူဘယ်ဟာ မှားမှားမှန်မှန် စစ်စစ် မစစ်စစ် ငါးပါးသီလလေးတောင်မမြဲပဲနဲ့ သာလာပြောနေ မယ်ဆိုရင်တော့ သူကြီးကိုယ်တိုင် အာဂုံဆောင်ထားတယ်ပြောလည်း ကျုပ်ကတော့ယုံမည်မဟုတ်။
          (ဘုရားရှစ်ခိုးစာတောင်မရ..ခိုးဖြစ်တာလည်း..တနှစ်မှတစ်
          ခေါက်လောက်ပါပဲ။ ဒါတောင် ဘုန်းကြီးကျောင်းတို့၊ ရွှေတိဂုံတို့ရောက်လို့ မလွှဲသာ
          လို့ရှိခိုးရတာပါ။ အဲဒီတော့ ဘာအစွဲမှ မရှိဘူး။)
          ဘုရားရှစ်ခိုးစာတောင်မရမှန်း လည်းပြောခဲ့တယ်နော်။ အခုအချက်၃ချက် ပြောခဲ့တာကို ပြန်ပြောပြတာပါ။ အဲဒါကိုပဲ
          မေးခွန်းမဖြေပဲ.. လေလည်ကြောင်ပတ်နဲ့.. ရှိသမျှရဟန်းရှင်လူတွေဆွဲထည့်
          သွားလေသတည်းပေါ့နော..ကောင်းပါလေ့…
          တဲ့
          သဂျီးမေးတဲ့ ပိဋကတ်သုံးပုံ စစ်ခြင်းမစစ်ခြင်းတွေကို မသိလို့ မသိကြောင်း ပြောတာကို
          အပေါ်က အချက်တွေကို ပြန်ဖတ်ကြည့်ရင် သိလိမ့်မယ်လို့ ထင်ပါတယ်။
          ဘာမှ ဝေ့လည်ကြောင်ပတ်မဖြေထားပါဘူး နော်နော်နော်။ အဲတစ်ခုတော့ရှိတယ်
          အရင်/တခြားပိုစ့်တွေက မပြောလိုက်ရတာလေးတွေ ထည့်ထည့်ပြောသွားတာမျိုးတော့ ရှိပါတယ်။ကျုပ်က သဂျီးနဲ့ လူလို အပြန်အလှန်
          စကားပြောဆွေးနွေးချင်တာမို့လို့ ရဟန်းရှင်လူတွေဆွဲထည့်သွားတာပါ။
          သဂျီးကအဲသလိုမှ မပြောချင်ဘူးဆိုရင် နောက်တစ်ခါ အောင်နက်နဲ့ဂုတ်ကျား
          ကိုပဲ ဆွဲထည့်သွားပါ့မယ်။ သဘောတူရင် အကျယ်ကြီးသုံးခါအော်။ အဲ…အဲ့ဒီခါကျရင်
          တော့ ကျုပ်က ပါတော့ဘူး ဘေးနားကပဲ ကြည့်နေတော့မယ်နော်။ နောက်တာပါ
          (ဒီပိုစ့်မှာ credit to မားးးးခိုင်)
          သဂျီးရယ် ရဟန်းရှင်လူတွေဆွဲမထည့်လို့ သူတို့တွေက ကိုထက်ပို သိတဲ့လူ
          တွေလေ..ကိုယ်မသိတာကို ကိုယ်ကသိတယ်လို့ ယုံကြည်ထားတဲ့လူတွေမေးဆိုတော့လည်း မဟုတ်ဘူး။ဝေ့လည်ကြောင်ပတ် လုပ်ရတယ်ဖြစ်ရပြန်ရော။ ဘာကို ပြောချင်နေတာလဲ သူကြီး?

          သူကြီးက သိထားရင်လည်း ကျုပ်တို့ကို ပြောပြလေ ဘယ်နှစ်ရာခိုင်နှုန်း အစစ်လဲ ဘယ်ဟာက အတုလည်း။ အခုတော့မဟုတ်ပါဘူး…ဟိုလိုလိုဒီလိုလိုတွေ ပြောနေတယ်။ ဘာလည်းဟ ဆရာရီး အထာတွေ လာလုပ်ပြမနေနဲ့လေ။ ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံမှာနေ
          တယ်လို့ ခံယူထားရင်….ဆရာကြီးအထာတွေလုပ်မနေနဲ့ တဲ့တဲ့သာပြော။ အဲဒီနိုင်ငံတွေ မှာဘယ်သူမှ S ဆရာကြီးဆိုမရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် အလေးအနက်ထားပြီး တန်းတူဆွေးနွေးတယ်။ ဟုတ်တယ်နော်။ နောက်တစ်ခု ကျုပ်က ပိဋကတ်သုံးပုံနဲ့ ပတ်သက်ပြီး
          ဘာမှ မဆွေးနွေးဖူးဘူး။ သူူကြီးက ဝင်ပြောလို့သာ ပြန်ပြောနေတာ။ သိထားရင်တောင် ကျုပ်မဖြေချင်ရင် မဖြေလို့ရတယ်။အိုကေ?? အဲ..သဂျီးက သိပ်သိနေရင်တော့ ကျုပ်တို့
          ကို ပြောပြနော် ဘယ်အပိုင်းကအစစ်ကြီးလည်းလို့။ အေးပြောရင်တော့ ပိုင်ဖို့တော့လိုမယ်နော်။
          နောက်တစ်ခု..ဒီခေတ်ကြီးမှာ လူတွေဟာပိဋကတ်သုံးပုံဖတ်ပြီးမှ တရားရဖို့ဆိုတာ တော်တော်
          လေး ဖြစ်နိုင်ခြေ နဲသွားပြီ။ ဒါကြောင့် တရားစခန်းတွေ ပေါ်လာပြီး လက်တွေ့ ကျင့်ကြံခိုင်း၊ တရားစာမျာကိုလည်းလူနားလည်နိုင်အောင်လို့ အတိုချုံး လွယ်ကူရှင်းလင်းအောင်လို့ ပြောထား/ရေးထားပြီး လူ/ရဟန်းများက သင်ပြပေးနေကြတာပေါ့။ ဒါကြောင့် ကျွန်တော့်ရဲ့
          ဗုဒ္ဓဘာသာ ယုံကြည်မှုဟာ အဲသလို တရားစခန်းတွေသွားဖူး လို့သိမြင်လာရမှုတွေပေါ် အခြေခံပြီး တကယ်ကို မှန်ကန်တဲ့ ဘာသာအဖြစ် ယုံကြည်တယ် လို့ပြောခဲ့တယ်။ အဲဒါကို လက်မခံချင်တာလား? ပိဋကတ်သုံးပုံသိမှ ဗုဒ္ဓဘာသာဖြစ်တယ် တရားထူးရတယ်ဆိုတဲ့ ခေတ်တွေဟာလည်း ကုန်သွားပါပြီ။ အင်္ဂလန်က ဆရာမကြီးက သူ့ခေတ်အခါက အခြေနေကြောင့် ပညာတတ်မဖြစ်ခဲ့ပါဘူး။ အတန်းကျောင်းတော်တော်နိမ့်နိမ့်အထိပဲ နေခဲ့ရ
          တာပါ။ ဆရာမကြီးက ဆရာကြီးဦးဘခင်ရိပ်သာမှာ တရားထူးရတယ်ဆိုတော့ တစ်ချို့ ပညာတတ် ဆရာတော်ကြီးတွေက မယုံဘူး။ လာစစ်ဆေးး မေးမြန်းကြတယ်။ အဲအချက်အလက်တွေနဲ့ ကိုက်ညီတော့ လက်ခံသွားကြတယ်။
          လိမ်ပြီးဖြေလို့မရဘူးနော်…ဆရာတော်တွေက နက်နက်နဲနဲတွေ လှည့်ပတ်မေးတာ။ ဆရာမကြီးက ပိဋကတ်သုံးပုံဖတ်ဖို့ မပြောနဲ့ တော်ရုံတန်ရုံစာတောင် ဖတ်တတ်တာမဟုတ်ဘူးလို့ကြားဖူးတယ်။ အခုတော့ မသိဘူးနော်။ အဲဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်မြားစွာက အဖြစ်အပျက်ပါ။ တစ်ချိန်တုန်းက လူပုဂ္ဂိုလ်တွေ
          တရားစခန်းဖွင့်တော့ ဘုန်းကြီးတစ်ချို့နဲ့ အငြင်းပွားရသေးတယ်။ လူတွေဟာ အဲသလိုလွယ်
          လွယ်နဲ့ တရားထူးမရနိုင်ဘူး။ ပိဋကတ်သုံးပုံ ကြေညက်နေသူတွေတောင် ရဖို့မလွယ်ဘူး
          ဘာညာဆိုပြီးတော့။ နောက်တော့ တကယ်တရားထူးရတာ သိလာကြတော့
          လက်ခံသွားကြပါတယ်။ အဲဒီတော့ ပိဋကတ်သုံးပုံတွေ
          ဘာတွေ လာလုပ်မနေနဲ့ တရားစခန်းဝင်ကြည့်ဆိုတော့လည်း ဝေ့လည်ကြောင်ပတ်လုပ်
          ပြီး မနှစ်က မေးခွန်းဟောင်းကြီး ပြန်ထုတ်နေတာက ဘယ်ကျောင်းဆရာလည်းဆိုတာ
          ကိုယ့်ဟာကိုယ်ပြန်စဉ်းစားပါ။ ကျုပ် မောင်ကျောင်းသားက သဂျီးကို အဖြေလွှာပေခဲ့ပြီးသားပါ။(အဖြေမသိဘူးလို့ :)) ကျုပ်တို့ကရှင်းတယ် မသိတာကို မသိဘူးဘဲ။ အဲဒါမသိလို့ လည်း ဗုဒ္ဓဘာသာကို ယုံကြည်ခြင်းနဲ့ ဘာမှမဆိုင်။ ဘယ်စာအုပ်ပဲဖတ်ဖတ် အစိုးရက တရားဝင်ထုတ်ထားရင် မှားတယ်ဆိုတာ ရှားပါတယ်။ အားလုံး ပိဋကတ်သုံးပုံကို ထုတ်နှုတ် အခြေခံပြီးရေးထားတာ။ ဘယ်လောက်ကစစ်ပြီး ဘယ်လောက်ကတု တယ်ဆိုတာထက် ကိုယ့်ဉာဏ်နဲ့ ကိုယ်စဉ်းစားပြီးယုံ ဖို့ပဲ။ ဘယ်သူမှ တုတာတွေ စစ်တာတွေနဲ့ ခိုင်းနှိုင်းပြီး ဖင်ပိတ်ငြင်းနေလို့ အလကားပဲ။ ဖုန်းကြီးလူထွက်ယောင်ယောင် ဓမ္မကထိက ယောင်ယောင်နဲ့ မို့လို့ တတ်တဲ လူနဲ့ဆွေးနွေးဆိုတော့လည်း..အနူတောမှာပဲ လူပေါလုပ်ချင်တယ်တဲ့။ ဖွဘုတ်မှာ…မြန်မာတွေကို ပြောသလိုပြောရရင်တော့ မြန်မာပီပီ ဘယ်နိုင်ငံရောက်ရောက် လူတတ်ကြီး လုပ်ချင်တဲ့ တောက်ဂျင့်က မပျောက်ချင်ဘူး ဆိုသလို ကွီကွီ (နောက်တာပါ -again)။ အမှန်တော့ သဂျီးမေးခွန်းမျိုးက Who Wants to Be a Millionaire မှာ ထည့်မေးသင့်တာဗျ။

          သူများပြောတိုင်းမယုံနဲ့တဲ့ ကိုယ်တိုင်လေ့လာ အားထုတ်ပြီး ယုံသင့်မှယုံပါ
          အဲ..အဲ..
          သူများပြောတဲ့တိုင်းလိုက်မပြောနဲ့…တဲ့… ကိုယ်တိုင်လေ့လာပြီး.. ပြောပါ…

          သဂျီးရေ ကျုပ်က သူများပြောတိုင်း မယုံဘူးဗျို့….ကိုယ်တိုင် တရားစခန်းကို ၄ကြိမ်တိတိ သွားထိုင်ခဲ့ပါတယ်။ အဲဒီကထုတ်တဲ့ စာအုပ်တွေလည်း ဖတ်ရှုဘူးပါတယ်။ အဲသလိုလုပ်ပြီးမှ
          ယုံသွားတာ။ ဟုတ်ပြီနော်?? အဲသဂျီးလို ပိဋကတ်သုံးပုံ ခေါင်းအုံးအိပ်….အဲယောင်လို့
          ကျွမ်းကျင်စွာခွဲခြားပီးတော့ မသိတာတော့ အမှန်ပါပဲ။ ဗုဒ္ဓဘာသာကို ယုံကြည်မှုဆိုတာဟာ
          တစ်ယောက်နဲ့ တစ်ယောက်တော့နည်းတာများတာကွဲလိမ့်မယ်။ သောတာပန်ရဲ့ ဗုဒ္ဓဘာသာ
          ပေါ်သိမှုဟာ..အနာဂမ်ရဲ့သိမှုနဲ့မတူသလို..ရဟန္တာနဲ့လည်း ကွဲပြားပါလိမ့်မယ်။ ဒါပေမဲ့ သူတို့
          အားလုံးဟာ..သံသရာကတော့ အနှေးနဲ့အမြန်လွတ်ကြတော့ မှာတော့တူပါတယ်။ အလွန်ဆုံးကြာလှ ရဘဝသာ လူပြန်ဖြစ်ရန်ရှိသည်လို့ကြားဖူးတာပဲ။ သေချာအောင်
          သဂျီးရဲ့ ပိဋကတ်သုံးပုံကြီး ပြန်လှန်ကြည့်ပါအုံးဗျာ။ အဲသလိုပဲ..သာမန်လူတွေထဲမှာလည်း
          ဗုဒ္ဓဘာသာကို ယုံကြည်မှုတွေကွဲပြားပါလိမ့်မယ်။ တရားထူးမရပေမဲ့ သူ့ဉာဏ်နဲ့သူတော့ သာမန်လူရဲ့ယုံကြည်မှုရှိတာပဲ။ ဘာပဲဖြစ်ဖြစ် ပိဋကတ်သုံးပုံ ဖတ်လို့ပဲယုံယုံ
          တရားထိုင်လို့ပဲယုံယုံ၊နှစ်ခုလုံးလုပ်လို့ပဲယုံယုံ၊ ယုံတာကတော့ ယုံတာပါပဲ။
          အဲဒီတော့ ကြီးကြီးကျယ်ကျယ်တွေ ပိဋကတ်သုံးပုံစစ်တာတွေတုတာတွေ ပြောမနေနဲ့ ကိုယ်တိုင်လေ့လာ အားထုတ်ပြီးမှ ဘာလို့ မယုံသင့်လည်း ဘယ်နေရာကမှားနေသလည်း ဘယ်နေရာကမှန်သလည်းဆိုတာ ပြောပါနော်။
          ပညာဂုဏ်မောက်နေရင်တော့ ပိဋကတ်သုံးပုံ လေ့လာမယ့်အစား အိမ်က ရေအိုးကြီးခွဲပြီး ပိဋကတ်အိုးကွဲအဖြစ်ဘွဲ့ခံပြီး ဖာတစ်လုံးခေါင်းဂျားလို USA တစ်ခွင်ပြဲပြဲစင်အောင် လှည့်လည်
          ပြီးတော့ ပိဋကတ်သုံးပုံ အစစ်အတုပြောနိုင်တဲ့ ဘရားသားတွေသာလိုက်ရှာပေရော့။
          ပိဋကတ်သုံးပုံထဲပါမပါ တော့မသိဘူး ကြားဖူးတာတစ်ခုကတော့ တခါက ပညာဉာဏ်ကြီးမားလွန်းတဲ့တရားပြ ဆရာလားရဟန်းလားမသိဘူးရှိတယ်တဲ့။
          သူသင်ပြပေးလိုက်လို့ ရဟန္တာဖြစ်သွားတာတွေ အများကြီးတဲ့ တစ်နေ့ သူ့ တပည့်ဖြစ်ခဲ့တဲ့
          ရဟန္တာတစ်ပါးက ပြန်ကြွလာပြီး သူ့ဆရာကို ကိုယ်တိုင်ကြင့်ကြံဖို့
          အချိန်တန်ပြီလို့ သတိပေးလိုက်တယ်။ သူကလည်း စဉ်းစားတယ် ငါတရားပြပေးလိုက်လို့ နေ့ချင်းညချင်း ရဟန္တာဖြစ်သွားတာတွေ အများကြီးပဲ။ ငါသာ ကျင့်ကြံရင်တော့ ခဏလေးနဲ့
          ရမယ်လို့ထင်တယ်။ ဒါပေမဲ့ သူတကယ်ကျင့်တော့ ရနှစ်တောင်ကျင့်ယူရတယ်တဲ့။ ဘာလို့လဲဆိုတော့ ပညာဂုဏ်တက်ပြီးတော့ အဲဒီအချက်က တရားထူးရဖို့ကို block လုပ်ထားလို့ ပါပဲတဲ့ကွယ်။ ဟီးဟီး ပိဋကတ်သုံးပုံထဲ တော့ မပါဘူးထင်ပါတယ်။ ၅၅ဝ ဇာတ်တော်ထဲများ ပါမလားမသိဘူး။ အဲဒီ အကြောင်းအရာပုံပြင်လေးက စစ်တာမစစ်တာ အပထား၊ပြောလိုတာကတော့ ပညာခံနေရင် ပညာဂုဏ်မောက်နေရင် ဘယ်လောက်ပဲ တော်တော် တရားထူးရဖို့တော့ chain breeze တွေပဲဖြစ်နေမှာပဲလို့လို့လို့။ ကျုပ်ကတော့ တရားထူးရဖို့ ဝိုင်ပုလင်းရှေ့မှာခံနေတယ်ဆိုတော့…နောက်ဘွများဖြစ်လာ
          မလားလို့ တောင်မမျှော်လင့်ရဲပါဘူးကွယ်။
          ဟဲဟဲ..အမေဂျစ်ကားက ဘိုးတော်အကြောင်းတော့ ပြန်မနောက်တော့ပါဘူး..တော်ကြာ
          စိတ်ကောက်သွားအုံးမယ်။

  • GaviaGirl

    May 15, 2013 at 3:12 pm

    စနစ်ကောင်းရင် လူလည်း ပြောင်းမယ်ထင်တာပဲ…
    အာပမု..ဥပမာ.. ခြင်္သေ့မြို့မှာ တပ်တဲ့ဖိုင်းတွေ…. စည်းကမ်းဖောက်ရင် တကယ်ကို ပြစ်ဒဏ်ခံရတယ်… ဆိုတော့… နောက်တော့.. အဲ့ဒါတွေကို ကြောက်တာနဲ့ပဲ လူတွေလည်း လိုက်ပြောင်းရတာပဲ.. စနစ်မှန်ဖို့ပဲ လိုတယ်… .. 🙂

    ကိုရီးတိုက်..သာမီးလည်း ခေးပဲ ချိတေးဒါ.. မှားရင် ခွေးလွှတ်… အဲ.. ခွင့်လွှတ်ဘာ…

    • ခွေးလွှတ် အဲအဲ ခွင့်လွှတ်ပါဒယ် သမီးရယ်… တို.လိုခေးတွေကို ဟိုအပေါ်က စူပါမန်းကြီးကသာ ခွင့်မလွှတ်တာ… တိယား….
      စနစ်ကြောင့် စနစ်ကြောင့်

  • အရီးခင်လတ်

    May 15, 2013 at 3:15 pm

    {{သူကြီး အရင်တုန်းက ဘုန်းကြီးတူမ နဲ. ရင်နင့်စရာဇာတ်လမ်းတွေများရှိခဲ့လေရော့သလား…….. }}
    ဟားတိုက်ပြီး ရီ သွားပါတယ်။ 😆

    စနစ် ဆိုတာ ကို လူတွေဘဲ လုပ်ပြီး၊ လူတွေ ကဘဲ ဖျက်နေတာပါ။
    ဒီတော့ စနစ် ကို ကောင်းအောင် လူတွေ ကဘဲ လုပ်ရမယ်။
    အဲလို လုပ်တဲ့ အထဲ မှာ စနစ်က နေ လူတွေ ကို ထိန်းတဲ့ ထိန်းကျောင်း မှု ပါရမယ်။
    လေယာဉ်ပျံ မောင်းရင် ဟိုးအမြင့်ကြီးမှာ ဆို ပိုင်းလော့ က မောင်းစရာမလိုဘဲ ဒီတိုင်းထား၊ စနစ်က မောင်းသွားတာပေါ့။
    ဒါပေမဲ့ ဒီအတိုင်းတော့ တစ်ချိန်လုံး လွှတ်ထားလို့ မရဘဲ အရေးကြီးချိန်မှာ လူပါ ရတာပေါ့။
    ဒီတော့ ပုံမှန် ဖြောင့်ဖြူး နေချိန် စနစ် က အရေးကြီးပါတယ်။
    ဒါပေမဲ့ သူ့ချည်းသာလော။
    လူ နဲ့ပါဘုရား လို့ ပြောရမလိုဘဲ။

    ဒါထက် အရွယ်မရောက်သေးဘူး လို့ တော့ မပြောပါနဲ့တော်။
    ကလေးမထိန်းချင်လို့ လို့ စွပ်စွဲပစ်လိုက်မယ်။ 😉

    • ကလေးက မထိန်းချင်လဲ ထိန်းရမှာပဲ အရီးရေ… ကလေးကျောပိုးအိတ်တောင်ဝယ်ထားပြီးပြီ ဟဟဟ

      အရီးပြောတဲ့ စနစ်နဲ.လူ Balance လေးကို လက်ခံပါတယ်ဗျာ….

    • garuda

      May 21, 2013 at 9:08 pm

      အရီးပြောသွားတာလေး ကိုသဘောတူပါတယ်။ စနစ်နဲ့လူနဲ့ က ခွဲပြောလို့မရပါဘူးဗျာ။ ကျွန်တော်လည်း နားမလည်နိုင်ဘူး သူဘာကြောင့် စနစ်ကြောင့်မဟုတ်ဘူးပဲ လှိမ့်ပြောနေလည်းမသိဘူး။ တခြားစနစ်ထားပါအုံး..ဦးနေဝင်းတက် ကတည်းက စနစ်တစ်ခုကိုကျင့်သုံးခဲ့လို့(ဘာစနစ်လည်းတော့မသိ) နှစ်ပေါင်း ၅ဝလောက် အာဏာတည်မြဲနေတာပေါ့။ အမေရိကားမှာ စနစ်တစ်ခုမကျင့်သုံးပဲနဲ့ လူတွေဘယ်လိုများ ဒီမိုကရေစီရနေကြလည်း။ အဲဒါစနစ်ဆိုတာရှိလို့ပေါ့။ နံကထိုင်စည်းတာတောင် နည်းစနစ်မရှိရင် ကိုယ့်ကိုကိုယ် လဗင်းညစ်သလိုဖြစ်နေပါ့မယ်ဗျာ။

  • P chogyi

    May 15, 2013 at 7:10 pm

    သူပြောသွားတဲ့
    ရေကိစ္စ……………………………………
    မီးကိစ္စ……………………………………
    သန့်ရှင်းရေး၊ စည်ပင်ကိစ္စ……………………………………
    လူကူးမျဉ်းကျားကိစ္စ……………………………………
    ဘတ်စ်ကားကိစ္စ……………………………………
    ယာဉ်ထိန်းရဲကိစ္စ……………………………………စသဖြင့်
    အကြောင်းအရာတွေကို တစ်ခုချင်း လေးလေးနက်နက်စဉ်းစားပြီးပြောရရင်…………………
    ခလေးဆိုတော့ ပြောလဲသိမှာမဟုတ်ပါဘူး၊ နေပစေမပြောတော့ဘူး။
    (အဲဒီလူလည်း အခုဆယ်အိမ်ဂေါင်းလုပ်လိုက်၊ အခု ခလေးဖြစ်လိုက်နဲ့၊
    အုပ်အုပ်ရေ ဆေးလှုပ်တိုက်လိုက်ဦး)

    • ဟာဗျာ ဦးလေး ချိုကြီးကလဲ… ဒီမှာပြောချင်တာပြောပြီး ရူးချင်ယောင်ဆောင်ပါတယ်ဆို…
      သူလုပ်မှ အကုန်ပြောမိတော့မယ်… အဟင့်
      အဲလိုပြောချင်တာပြောပြီး ခလေးလုပ်တော့ အပစ်မချိတော့ဘူးပေါ့လို. ဟာဗျာ ဟာဗျာ

  • padonmar

    May 15, 2013 at 10:59 pm

    ပြည်သူတွေက မွေးကင်းစတဲ့လား။
    ဦးပါကပြောတော့ အစိုးရက မူကြိုတန်းတဲ့ ၊
    ဟိုတလောက အောင်စာရင်းထွက်တော့ လမ်းဘေးဈေးသည်နဲ့ ဘတ်စကားဒရိုင်ဘာတွေကို မနိုင်လို့ စာမေးပွဲကျတယ်လို့ ကြားတယ်။

    • ဟုတ်ပ အန်တီရေ..
      သူခမျာ ကျူရှင်တက်တာလဲ မအောင်..
      ဆရာမ ကန်တော့လဲ ကျ
      စပေါ့လိုက်လဲ မတက် နဲ……… သနားပါတယ်..

  • Thuyazaw

    May 16, 2013 at 10:24 am

    အတ္တလေးတွေကိုယ်စီခြယ်သကာ နေထိုင်သူများပေမို့ပေါ့ခေးရယ်…..
    နာ့မှာလဲ အတ္တရှိဒယ်….နိမှာလဲအတ္တရှိတယ်….လူဒွေအကုန်မှာအတ္တရှိဒယ်
    ဆိုတော့ ဘူမှားလဲ ဘူမှန်လဲဆိုတာ သီချင်းလေးနဲ့အားပေးသွားဘာဒယ် ဘေဘီတိုက်ရယ်
    ““ငါဆိုတဲ့အတ္တစွဲတွေမကင်းရင် ငါကိုယ်တိုင်အမှားလုပ်မိမှာ… လူကို လူချင်းချစ်တဲ့စိတ်လေးမဝင်….. ဘယ်ရာမဆို အမှားယွင်းရှိတာပဲ……”” ““လူသားမှာ အမှား”” ဒါနဲ့ ဇကားမစပ် စိမ်းသရဖူစိမ်းလေး ဆုဗူးပေါက်တော့မလား……ဒီရွာမကောင်းရင် သူကြီးမကောင်းလို့ဘော့တွာ ဟိဟိ
    လစ်ဘီ
    တစ်ချိန်တုန်းက မဲတူမ

    • ရွှေတိုက်စိုး

      May 16, 2013 at 10:27 am

      အေးပေါ့ မဲတူမရယ်… နင့်မလဲ ဘယ်လောက်မတွေ.တာကြာကြာ အမဲမပျက် မဲတုန်းပါလားအေ…
      ကျေးကျေး မဲတူချစ်သဲလေး…….

  • ဦးဦးပါလေရာ

    May 16, 2013 at 11:09 am

    အဟမ်း……
    အဲဒါ စံနစ်ကြောင့်ပေါ့
    စံနစ်ကြောင့် မှ စံနစ်ကြောင့် စစ်စစ်….

    ဘယ့်နှယ်ဗျာ..
    လူနေရပ်ကွက်ကို စီမံခန့်ခွဲဖို့ကို
    ရပ်ရွာစီမံခန့်ခွဲမှု့ပညာ သင်မထားတဲ့
    ရပ်ကွက်လူကြီး ကို တာဝန်ပေးထားသတဲ့…
    အင်းပေါ့လေ…
    တချိန်ကဆို သုံးယောက်ပေါင်းလို့ ဆယ်တန်းမအောင်တဲ့ကောင်တွေကတောင်
    သူများကို ပါရဂူဘွဲ့တွေဘာတွေ ပြန်ပြီးပေးသေးတာ..
    အခုထိလဲ လုပ်ငန်းခွင်တစ်ခုမှာ နှစ်နှစ်ဆယ်အစိတ် အဆင့်ဆင့်လုပ်ကိုင်အသားကျလာတဲ့ ဝန်ထမ်းကြီးတွေအပေါ်မှာ
    မိုးပေါ်က ကသောကမျောကျလာပြီး ဆရာလုပ်တုန်းရှိသေးတာ….။

    ကျုပ်သာလုပ်ပိုင်ခွင့်ရှိရင်-
    ရပ်ကွက်၊ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့်မှာ
    လုပ်စရာရှိတာ လုပ်ရမယ့်ဟာတွေကို စာရင်းလုပ် ပြဌာန်း
    လုပ်ဖို့ အချိန်ပြည့်ဝန်ထမ်းခန့်
    မလုပ်ရင်အရေးယူ၊ မမှန်ရင်အရေးယူ
    အော်… နေဦး… ခင်ဗျားတို့က ဦးပါလေရာ အပူဒါဏ်ကြောင့် စိတ်ဖေါက်ပြန်ပြီး ထင်ရာတွေလျှောက်ပြောနေတယ်လို့ထင်ကြတယ်မလား….
    နိုး … နိုး….
    အခု မသေသေးတဲ့ အိုင်စီအက်စ် လက်ကျန်အဖိုးကြီးတွေရှိရင်မေးကြည့်…
    အဲဒါ အင်္ဂလိပ်တွေ လွန်ခဲ့တဲ့နှစ်တစ်ရာ့ငါးဆယ်ကတည်းက လုပ်ခဲ့တဲ့ပုံစံ….
    အဲသလိုလုပ်ပြီး ကမ္ဘာတစ်ခြမ်းကို ကလပ်တက်ရင်း ကော့ညက်သောက်ရင်း သာသာလေး အုပ်စိုးစီမံသွားတာ…။

    တောက်…!!!
    သခင်ဖြစ်ပြီးမှပဲ ကျွန်ဖြစ်ရတာထက် ဆိုးရတယ်လို့…
    အို… ဘာဖြစ်ဖြစ်….
    သခင်မျိုးဟေ့ ဒို့ဘားမဲန်း ……
    (ခရက်ဒစ်တူသဂျီး)

    • ရွှေတိုက်စိုး

      May 16, 2013 at 11:26 am

      ဟုတ်ပ ဦးဦးပါလေရာရေ…
      အမျိုးချစ်ပြီး မခံမရပ်နိုင် တောက်ခေါက် သံ နဲ. အံကိုကျိတ် ပါးစပ်ကိုပိတ် လုပ်ခဲ့ရပေါင်းလဲ များပါကကောလား….
      အခုတော့ ရပ်ကွက်ရုံးက ဥက္ကဋ္ဌ၊ တာဝန်မှူး အားလုံး အားလုံး ပညာတတ်တွေပါပဲ … အဲပညာတတ်တွေ မိုက်လုံးကြီးရင် သူများထက် ဆိုးတယ်…. ဟိဟိ

  • သူကြီး

    May 16, 2013 at 1:22 pm

    ဘာမှမပြောတတ်လို့ကာ မပြောတော့ပါဘူး။ ဝင်ရောက်လေ့လာသွားပါတယ် ဦးမာဂ ပြောတာလေး ဦးပါလေရာပြောတာလေးနဲ့ သူကြီးပြောတာလေးကို သဘောကျသဗျာ။

  • ကို ငြိမ်းမောင်

    May 16, 2013 at 4:40 pm

    ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုဘဲရှိတယ်
    ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုဘဲရှိတယ်……ဆိုခဲ့တဲ့ ကိုလွှမ်းမိုး သီချင်းသာ ငြီးတွားလိုက်ပါ၏။

  • အာဂ

    May 16, 2013 at 5:09 pm

    အရင်ကတော့ ဒီမိုရဖို့ အတွက်လုပ်ရတယ်။ ဒီမိုရတော့လည်း ပြုပြင်ပြောင်းလည်းရမယ့် စနစ်တွေ ကိုလုပ်ရတယ်။ အဲ စနစ်တွေပြောင်းပြန်တော့လည်း……အကျင့်တွေက မပြောင်းနိုင်ဘူးဖြစ်နေတယ်။
    အဓိကကတော့ ကျွန်တော်အပါအဝင် နှစ်ပေါင်းများစွာ ဒီစနစ်ထဲမှာ လည်ပတ်လာသူတွေအတွက်တော့ ဒီ အကျင့်တွေက နောင်နှစ်ပေါင်း ၂ဝလောက်အထိများပြင်နေရဦးမလားလို့..။ အစိုးကရဘယ်လောက်လုပ် လုပ် ။ ဒီအကျင့်တွေက ပြင်ဖို့ ကိုမလွယ်တာ..။ ဖြစ်နေသလားလို့….။ အော် ပထမတော့ အကျင့်တွေကို ကိုယ်ကိုယ်တိုင်လုပ်တယ် ။ နောက် အကျင့်တွေက ကိုယ်တွေကို ပြန်ခိုင်းနေကျတယ်။…. ဥပမာ မနက်အိပ်ယာ ထရင် အီးအီးပါတဲ့ အကျင့်ကို ကိုယ်တိုင်လုပ်တယ်။ နောက်ပိုင်း အဲဒီအကျင့်က ကိုယ့်ကို ပြန်ခိုင်း နေတယ်။ ပြန်ပြင်ဖို့တော်ခက်ပ…။ ဆယ်အိမ်မှုးတိုက်တိုက်ဆိုရင်… မနက်ထရင် ဘားခိုတယ်။အရပ်ရှည်အောင်လို့….သူတစ်နေရာရာ ခရီးသွားလို့ တည်းတဲ့ အိမ်မှာ ဘားမရှိရင် သူမခိုရ မနေနိုင်လို့…. ရှိတဲ့ သစ်ကိုင်းတို့။ အိမ်သာထုတ်တမ်းတို့ သွားခိုတယ်…။ သစ်ကိုင်းကျိုးကျနိုင်သလို။ အိမ်သာထုတ်တမ်းလည်း ကျိုးကျနိုင်တယ်လေ..။ ဟိဟိနောက်တာနော့်..။ အကျင့်တွေက ကိုယ့်ကိုပြန်ခိုင်းနေတာကိုပြောပြတာပါ..။ဒီ လိုအကျင့်တွေပြင်ဖို့များတော်တော်လေးခက်နေမလားလို့ပါ..။ လွန်တာရှိ ဝန်တာမိပါခင်ဂျာ..။

    • အယ်ဒီအာဂတော့… သူများဟာသူများ လျှို.ဝှက်ကျင့်စဉ်ကျင့်နေတာကို လာဖွနေပြန်ပီ ဟိဟိဟိဟိ..

      အကျင့်ဆိုတာလဲ ပြင်ဖို.ခက်သားလား…. ခရာမှုတ်ပြီးလက်ဖျန်.တောင်းနေကျ မတောင်းရတော့ဘူးဆိုရင် တမျိုးဟာတာတာကြီးဖြစ်နေမှာပေါ့…
      ညနေညနေ ဈေးကောက်ကောက်နေကျ မကောက်ရရင်…. တွေ.တဲ့ ပလပ်စတစ်လိုက်ကောက်နေမှာပေါ..
      အော် အကျင့်အကျင့်…
      ကိုအာဂလဲ သောက်ကျင့် ရှိတော့ မသောက်ရမနေနိုင်ဘူးမို.လား…………လာဗျာ…ကြာပါတယ် ..သွားကစ်လိုက်ကြမယ်…………အဟီးးးးးးးးးးး

  • uncle gyi

    May 16, 2013 at 11:04 pm

    မှန်တာပေါ့ဗျာကိုရွှေတိုက်ရဲ့
    ရပ်ကွက်ကစရမှာ
    အခြေခံအကျဆုံးနေရာဖြစ်နေတာကိုး
    အခုနိုင်ငံမှာပြသနာဖြစ်နေတဲ့ကျူးတွေကိုကြည့်
    ရပ်ကွက်ထဲလာတဲထိုးနေတာသူတို့မသိဖူးပြော
    ချီးစားပြောကြိုက်လို့
    တဲလာထိုးကတည်းကိုကသူတို့ကလစဉ်ကြေးဘယ်လောက်တောင်းပြီးသား
    ဟောကျူးတွေရှင်းဆိုတော့သူတို့နဲ့မဆိုင်သလိုဟိုးအဆက်ဆက်ကလုပ်သွားသလို
    သူတို့ကအခုမှတက်အုပ်ချုပ်ရသလို
    ရပ်ကွက်ထဲတဲထိုးနေတာကြာသွားတဲ့သူကမြေကိုသူပိုင်သလိုနဲ့
    ရောင်းတော့လည်းခပ်တည်တည်နဲ့လက်မှတ်ထိုးပေးလိုက်တာလည်းသူတို့ပဲ
    ဝယ်တဲ့လူမိုက်ကလည်းဘာစာချုပ်မှမလိုရပ်ကွက်ရုံးကလက်မှတ်ထိုးရင်တရားဝင်ပဲဆိုပြီး
    ဝယ်တာပဲနောက်မှပြသနာတွေရှင်းကြ
    ခက်ပါတယ်
    ရပ်ကွက်ရယ်
    ဘယ်လိုထိမ်းကြမယ်

    • ဟုတ်ပဦးလေးကြီးရေးးးးးးးးးးး
      ဘယ်လိုထိန်းရမလဲဆိုရင်တော့ စနစ်နဲ.ထိန်းပေါ့နောာာာာာာာ..
      ဘာတွေပြင်ရမလဲဆိုရင် လူကိုပြင်ပေါ့နော………

      ဟောအခုတော့ ပျက်နေတဲ့ ကိုယ့်ကိုကိုယ် ပြင်ကြည့်နေပါတယ်…..အတော်တော့ခက်သဗျ… ဟဟ

  • weiwei

    May 23, 2013 at 9:16 am

    ကျွန်မတို့ အလုပ်တွေမှာ မူတွေ စနစ်တွေ ဥပဒေတွေ အစုံပဲ … ထုတ်ထားလိုက်တဲ့ စည်းမျဉ်းတွေလဲ စုံနေတာပဲ ..
    တကယ်ကျင့်သုံးနေတဲ့မူက ..
    ….. လူကိုခင်ရင် မူကိုပြင်တယ် …. တဲ့ …. :kwi:

Leave a Reply