သံဝေဇနိယ လေးဌာနမှာ ဖွားတော်မူရာ အရပ်သာလျှင် နီပေါ နိုင်ငံတွင်းမှာ ရှိပြီး ကျန်သုံးဌာနက အိန္ဒိယ ပြည်ထဲမှာသာရှိပါတယ် ။ ဘုရားဖူးခရီးစဉ်မှာ အိန္ဒိယနိုင်ငံဘက်ကနေ နီပေါနိုင်ငံကို နယ်စပ်က ဖြတ်ပြီးမှလုမ္ဗိနီဥယျာဉ်ရှိရာကို ရောက်ရပါတယ် ။

လုမ္ဗိနီရှိရာ ကောင်းကင် ဂူ၈ယ် မြေပုံ

လုမ္ဗိနီဥယျာဉ်ရှိရာ ကောင်းကင် ဂူဂယ် မြေပုံ

လုမ္ဗိနီဥယျာဉ်ရှိရာတည်နေရာကို ၁၈၉၆ ခုနှစ်က အိန္ဒိယ ကျောက်စာဝန် အလက်ဇန္ဒား ကန်နင်ဟမ် ကရှာဖွေ တွေ့ပြီး သတ်မှတ်နိုင်ခဲ့ပါတယ် ။ အဲဒီနေရာကို နီပေါ အစိုးရက တောများရှင်းလင်းပြီး တူးဖေါ်ခဲ့ပါတယ် ။အဲဒီမှာ ဓမ္မသာလာ ဇ၇ပ်တခုဆောက်ပြီး ဘုရားဖူးများ အခမဲ့တည်းခိုနိုင်အောင် နီပေါအစိုးရက လုပ်ပေးခဲ့ပါတယ် ။ ၁၉၆၇ခုနှစ် တွင် မြန်မာနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က လုမ္ဗိနီဥယျာဉ်ကို ဘုရားဖူးလာပြီးနောက် လုမ္ဗိနီ ဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ဆောင်ရန် ဆုံးဖြတ်ပေးခဲ့ပါတယ် ။ ဦးသန့်ဆောက်လုပ်လှူခဲ့တဲ့ ဇရပ် တဆောင်ကိုလည်း တွေ့ခဲ့ရလို့ ဝမ်းသာဂုဏ်ယူမိပါတယ် ။

ဦးသန့်လှူခဲ့တဲ့ကျောင်း

ဦးသန့်လှူခဲ့တဲ့ကျောင်း

ကမ္ဘာ့အမွေအနှစ် လို့ သတ်မှတ်ခဲ့တဲ့နေရာ

ကမ္ဘာ့အမွေအနှစ် လို့ သတ်မှတ်ခဲ့တဲ့နေရာ

ဦးသန့်ရဲ ကြိုးပမ်းမှုကြောင့် ကမ္ဘာက အသိအမှတ်ပြုပြီး လုမ္ဗိနီ ဒေသ ဖွံ့ဖြိုးမှု အတွက် အထောက်အပံ့များစွာရခဲ့ပြီး မြတ်စွာဘုရားဖွားတော်မူရာအရပ်ဟာ နောက်ပိုင်းနှစ်တွေမှာ အလွန် ဖွံ့ဖြိုးခဲ့ပါတယ် ။ လုမ္ဗိနီဥယျာဉ်လို့ သတ်မှတ်ထားတဲ့ မြေကွက်ကြီးမှာတောင်နဲ့မြောက် အလျှား သုံးမိုင် အရှေ့အနောက် အနံ တစ်မိုင် ရှိပါတယ်။အလျှားသုံးမိုင်ကို တစ်မိုင်စီ အကန့်ခွဲပြီး တောင်ဘက်အစွန်တစ်မိုင်ကို  ဖွားတော်မူရာ ဧရိယာ အဖြစ်သတ်မှတ်ပါတယ် ။အလယ်တစ်မိုင်ကိုတော့ နိုင်ငံတကာ ကျောင်းများဇုံ လို့သတ်မှတ်ပါတယ် ။ မြောက်ဖက် အစွန်တစ်မိုင်ကိုတော့ လုမ္ဗိနီရွာသစ်လို့သတ်မှတ်ပါတယ်။နိုင်ငံတကာ ကျောင်းများဇုံရဲ့ အလယ်က ငြိမ်းချမ်းရေးတူးမြောင်း ကြီးတခုကို တူးဖေါ်ပြီး လက်ဝဲ လက်ယာ တဖက်ဆီမှာတော့ ထေရဝါဒ ငါးနိုင်ငံက ဘုန်းတော်ကြီးကျောင်းများကိုနေရာပေးပြီး အခြားတဖက်မှာ မဟာယန ဗုဒ္ဓဘာသာဆိုင်ရာ ကျောင်းတွေနဲ့ အဆောက်အဦးတွေကို နေရာပေးထားပါတယ် ။ ချွင်းချက်တခုကတော့  ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာကတော့ အနောက်ဖက်ခြမ်းမှာမဟာယနကျောင်းတွေဖက်မှာရောက်နေတာပါဘဲ။ ဒီ လုမ္ဗိနီ ဖွံ့ဖြိုးရေးဇုံရဲ့Master plan ကိုတော့ ဂျပန်လူမျိုးပိသုကာပညာရှင် ဒေါက်တာ ကင်ဇိုတန်ဂီ က ၁၉၇၈ ခုနှစ်မှာ ရေးဆွဲ ပေးခဲ့တာလို့သိရပါတယ် ။

သာမောဖွယ် ငြိမ်းချမ်းရေးတူးမြောင်းကြီး

သာမောဖွယ် ငြိမ်းချမ်းရေးတူးမြောင်းကြီး

တူးမြောင်းရဲ့ အဆုံးတဖက်ကတော့ မီးမငြိမ်းတဲ့ ငြိမ်းချမ်းရေးမီးတိုင် ကို ဂျပန်နိုင်ငံက တာဝန်ယူ ထွန်းညှိပေးထားတာ တွေ့ရပါတယ် ။

ငြိမ်းချမ်းရေးမီးတိုင်

ငြိမ်းချမ်းရေးမီးတိုင်

မီးတိုင်ရဲ့နောက်ဖက်မှာ လုမ္ဗိနီ ဒေသ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေဆဲ ဖြစ်တာကို မြင်နေရပါတယ် ။ ဒီမီးတိုင်ရဲ့ တခြားဖက်မှာက ငြိမ်းချမ်းရေး ခေါင်းလောင်းကို ချိတ်ဆွဲထားတာ တူးမြောင်းကြီးနဲ့ လှလှပပ ယှဉ်ပြီးတွေ့ရတာ ကြည်နူးစရာပါ ။

ငြိမ်းချမ်းရေး ခေါင်းလောင်းနဲ့ တူးမြောင်း

ငြိမ်းချမ်းရေး ခေါင်းလောင်းနဲ့ တူးမြောင်း

ကောင်းကင် ဂူဂဲမြေပုံကကြည့်ရင်….

Lumbini park

ဂူဂဲ မြေပုံကမြင်ရတဲ့ လုမ္ဗိနီ ဖွံ့ဖြိုးရေးဇုံ

တူးမြောင်းရဲ့တောင်ဘက်အရပ်ကို ဆက်သွား လိုက်မယ်ဆိုရင် ဘုရားရှင် ဖွားတော်မူရာ မာယာဒေဝီ ကျောင်းတော်ကိုရောက်မှာပါ ။

ဆောက်လုပ်ဆဲ ဘုရားလောင်းရုပ်တု ။ အဲသည်ရှေ့ တောင်ဖက်ဆက်သွားရင် ဖွားတော်မူရာအဆောက်အဦးကို ရောက်ပါတယ်

ဆောက်လုပ်ဆဲ ဘုရားလောင်းရုပ်တု ။ အဲသည်ရှေ့ တောင်ဖက်ဆက်သွားရင် ဖွားတော်မူရာအဆောက်အဦးကို ရောက်ပါတယ်

ရှေ့လှမ်းလှမ်းမှာ မယ်တော်မာယာ ကျောင်းဆောင်တွေ့ရပါပြီ။ နဲနဲတော့လှမ်းပါသေးတယ် ။ဝိတ်လျှော့မယ်ဆို ဒီမှာ  အတို ငါးကျပ် အရှည် တဆယ်တဲ့ဗျား..။

ရှေ့လှမ်းလှမ်းမှာ မယ်တော်မာယာ ကျောင်းဆောင်တွေ့ရပါပြီ။ နဲနဲတော့လှမ်းပါသေးတယ် ။ဝိတ်လျှော့မယ်ဆို ဒီမှာ အတို ငါးကျပ် အရှည် တဆယ်တဲ့ဗျား..။

မြင်နေရပြီဖြစ်တဲ့ ဖွားတော်မူရာ မာယာဒေဝီ ကျောင်းတော်

မြင်နေရပြီဖြစ်တဲ့ ဖွားတော်မူရာ မာယာဒေဝီ ကျောင်းတော်

 

PANO_20130421_073049

မာယာဒေဝီ ကျောင်းဆောင် အာသောက ကျောက်တိုင် နဲ့ ဖွားတော်မူပြီးခြေလှမ်း လှမ်းရာ ခြေရာ အုတ်ခုံစေတီ တို့အလှ မြင်ကွင်း

ပြန်လည်တူးဖေါ်ရတဲ့ မာယာဒေဝီကျောင်းဆောင်အောက်မှာ သိဒ္ဓတ္ထ မင်းသားဖွားတော်မူရာနေရာအဖြစ် အာသောက မင်းက ထွင်းထုထားတဲ့ Marker Stone ကို မှန်ခန်းထဲ ထည့် ထားတာ တွေ့ရပါတယ် ။ဒီ Marker Stone ကို ဧည့်လမ်းညွှန်တွေက ဘုရားလောင်းရဲ့ခြေရာဆိုပြီးပြောတတ်ကြတယ်။ အဲသည် နေရာရဲ့ အပေါ်ဆင့်မှာတော့ ဖွားတော်မူပုံ ကျောက်ထွင်း ရုပ်ရှိပါတယ် ။ ဒီနေရာကို ရှေးဟောင်းပစ္စည်းထိမ်းသိမ်းတဲ့အနေနဲ့ ဓါတ်ပုံ ရိုက်ခွင့်မပြုပါဘူး ။   ဗဟုသုတအဖြစ် ရှာဖွေလို့ရတဲ့ ပုံလေးတွေကို တင်ပြပေးပါမယ် ။

ကျောင်းဆောင်အတွင်း

ကျောင်းဆောင်အတွင်း

 

Marker Stone

Marker Stone

 

 

 

 

 

 

 

ဖွာတော်မူခန်း ကျောက်ရုပ်

ဖွားတော်မူခန်း ကျောက်ရုပ်

ဖွားတော်မူခန်း ကျောက်ထွင်းရုပ်

ဖွားတော်မူခန်း ကျောက်ထွင်းရုပ်

ဓမ္မာရုံကျောင်းမှာ ဆရာတော်က လုမ္ဗိနီ အကြောင်းရှင်းပြစဉ်

ဓမ္မာရုံကျောင်းမှာ ဆရာတော်က လုမ္ဗိနီ အကြောင်းရှင်းပြစဉ်

ကျောင်းတွင်းမှဆင်းတုတော်

ကျောင်းတွင်းမှဆင်းတုတော်

 

ဖွားတော်မူပြီး မယ်တော်မာယာ နှင့်အလောင်းတော်တို့ ရေသုံးရာ ပေါက္ခရဏီရေကန်ငယ်

ဖွားတော်မူပြီး မယ်တော်မာယာ နှင့်အလောင်းတော်တို့ ရေသုံးရာ ပေါက္ခရဏီရေကန်ငယ်

 

 

 

 

 

ဖွားတော်မူပြီး အလောင်းတော်ဟာ မြောက်အရပ်သို့ ခြေလှမ်း ၇လှမ်းကြွလှမ်းတော်မူပြီး

“အဂ္ဂေါဟမသ္မိ လောကဿ။

ဇေဋ္ဌောဟမသ္မိ လောကဿ။

သေဋ္ဌောဟမသ္မိ လောကဿ။

အယမန္တိမာ ဇာတိ, နတ္ထိဒါနိ ပုနဗ္ဘဝေါ”တိ။

“ငါသည် လောကတွင် အမြင့်ဆုံးဖြစ်၏။

ငါသည် လောကတွင် အကြီးဆုံးဖြစ်၏။

ငါသည် လောကတွင် အမြတ်ဆုံးဖြစ်၏။

ဤမွေးဖွားခြင်းသည်ကား နောက်ဆုံးမွေးဖွားခြင်းတည်း။

နောင်တစ်ဖန် ဘ၀ဖြစ်ခြင်း မရှိတော့ပြီ။” ဆိုတဲ့ စကားသုံးခွန်းကို မြွက်ဆို ကျူးရင့်ခဲ့ပါတယ် ။

အာသောက ကျောက်တိုင်

အာသောက ကျောက်တိုင်

 

 

 

လုမ္ဗိနီဥယျာဉ်အတွင်းမှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းဟာ မန္တလေး ရွှေကျောင်းတော်ကြီးပုံစံတူဆောက်ထားပြီး အမည်ကိုလည်းမြန်မာရွှေကျောင်းတော်လို့ဘဲ အမည်ပေးထားပါတယ် ။

ကျောင်းတော်ကြီးနဲ့အတူ ရွှေတိဂုံဘုရားပုံစံတူ  လောကမဏိစူဠာစေတီ၊ သိမ်ကျောင်း၊ ဓမ္မာရုံနဲ့ တည်းခိုဆောင် တွေ တည်ဆောက်ထားပါတယ် ။

ရွှေကျောင်းအဝင်မုဒ်ဦး

ရွှေကျောင်းအဝင်မုဒ်ဦး

 

 

 

 

 

တည်းခိုဆောင်နဲ့ ရွှေကျောင်းတော်

တည်းခိုဆောင်နဲ့ ရွှေကျောင်းတော်

 

 

 

 

 

 

 

 

ရွှေတိဂုံစေတီပုံစံတူ လောကမဏိစူဠာ စေတီတော်

ရွှေတိဂုံစေတီပုံစံတူ လောကမဏိစူဠာ စေတီတော်

သိမ်တော်ကြီး

သိမ်တော်ကြီး

 

 

 

 

 

 

 

 

 

 

 

 

မြန်မာရွှေကျောင်းတော်ကြီးကို သာသနာရေးဝန်ကြီးဌာနက တာဝန်ယူထိမ်းသိမ်းပြီး ကျောင်းထိုင်ဆရာတော် ၂ပါး ကပ္ပိယတဦး နဲ့ ဝန်ထမ်းတွေကို အလှည့်ကျ ထားရှိပါတယ် ။ဆွမ်း ဝေယျာဝစ္စနဲ့ စားသောက်ရေးကိစ္စတွေအတွက်တော့ သာသနာရေး ဦးစီးဌာနက ခွင့်ပြုထားတဲ့ ဘုရားဖူးအဖွဲ့တွေက အလှည့်ကျ တာဝန်ယူကြတယ်လို့ သိရှိရပါတယ် ။

သိဒ္ဓတ္ထမင်းသား မြတ်စွာဘုရားလောင်းဟာ သက်တော် ၂၉ နှစ်ထိအောင် လုမ္ဗိနီနဲ့ ကီလိုမီတာ ၂၀ လောက်ဝေးတဲ့ အရပ်မှာရှိတဲ့ ကပ္ပိလဝတ် (kapilavastu)( အခုအခေါ်တော့ Tilaulakot လို့ ခေါ်ပါတယ် ) မှာ ရှိတဲ့ ဖခမည်းတော် သုဒ္ဓေါဒန မင်းကြီးရဲ့နန်းတော်မှာ နန်းစည်းစိမ်ခံစားပြီး ယသော်ဓယာဒေဝီနဲ့ လက်ထပ်ခဲ့ပြီး သားတော် ရာဟုလာ ကို မွေး ခဲ့ပါတယ် ။

ကပ္ပိလဝတ် နန်းတော်ရာ ဂူဂဲ မြေပုံ

ကပ္ပိလဝတ် နန်းတော်ရာ ဂူဂဲ မြေပုံ

လမ်းညွှန် မြေပုံ ဆိုင်းဘုတ်

လမ်းညွှန် မြေပုံ ဆိုင်းဘုတ်

 

 

 

 

 

 

 

 

 

ကပ္ပိလဝတ် နန်းတော်ရာ..။

ကပ္ပိလဝတ် နန်းတော်ရာ..။

သက်တော် ၂၉နှစ်အရွယ်မှာ နမိတ်ကြီးလေးပါးကို မြင်ပြီး တောထွက် တရားရှာခဲ့ပြီး ဘုရားအဖြစ်ကို ရရှိခဲ့ပါတယ် ။

ကပ္ပိလဝတ်နန်းတော်မှာ သကျသာကီဝင် (ဘုရားရှင်ရဲ့ ဆွေတော် မျိုးတော်)တွေဟာဝိဋဋူဘ မင်းသားရဲ့ ရက်စက်စွာ သတ်ဖြတ်ခံရပြီးသာကီဝင်တို့ ပျောက်ကွယ်ခဲ့ရပါတယ် ။

ဘုရားဖြစ်ပြီး မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားရှင်ဟာ ကပ္ပိလဝတ်ပြည်ကို ပြန်လည်ကြွလာပြီး နိဂြောဓာရုံကျောင်းတော်မျာ သီတင်းသုံးခဲ့ပါတယ် ။

နိဂြောဓာရုံကျောင်းတော်မှာ

(၁) မဟာဗုဒ္ဒဝင်ကို ဟောကြားတော်မူခြင်း ။

(၂)  ပေါက္ခရဝဿမိုး ကိုရွာစေခြင်း(စိုလိုသူစိုစေ၍ မစိုလိုသူမစိုစေသောမိုး) ။

(၃)သားတော်ရာဟုလာအား ရှင်သာမဏေအဖြစ် သွတ်သွင်း၍ အမွေပေးခြင်း ။

(၄) ညီတော် နန္ဒမင်းသားအားတရားပြ၍ ရဟန်းဘောင်သို့ဝင်စေခြင်း ။(ညီတော်မင်းနန် ချွတ်ခန်း)

စတဲ့ အကြောင်းတွေရှိခဲ့ပါတယ် ။

နိဂြောဓာရုံ ကျောင်းတော်ရာ

နိဂြောဓာရုံ ကျောင်းတော်ရာ

ရဟြုလာစေတီ မှတ်တိုင်

ရာဟုလာစေတီ မှတ်တိုင်

 

 

 

 

 

 

 

 

 

 

ရာဟုလာစေတီ

ရာဟုလာစေတီ

 

 

နီပေါနိုင်ငံဘက်မှာတော့ သံဝေဇနိယ တစ်ဌာန သာ ရှိပေမဲ့ လေ့လာစရာအနေနဲ့ သုဒ္ဒေါဒနမင်းရဲ့ ကပ္ပိလဝတ်မြို့ဟောင်းရှိပါတယ် ။ သာကီဝင်တွေ ပျက်စီး ပျောက်ဆုံးသွားရတဲ့ အကြောင်းကလည်း သံဝေဂယူစရာ အိန္ဒိယ လူမျိုးတို့ရဲ့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု (လူ့အဆင့်အတန်းခွဲခြားမှု) အလေ့တခုဆိုတာ မှတ်သားစရာပါ ။

 

 

 

 

 

နီပေါနိုင်ငံက လမ်းဆုံအဝိုင်းတွေမှာ မြတ်စွာဘုရားပုံ ရုပ်တုတွေကို တည်ထားတာတွေ့ရပါတယ်

နီပေါနိုင်ငံက လမ်းဆုံအဝိုင်းတွေမှာ မြတ်စွာဘုရားပုံ ရုပ်တုတွေကို တည်ထားတာတွေ့ရပါတယ်

 

နီပေါနိုင်ငံက လမ်းဆုံအဝိုင်းတွေမှာ မြတ်စွာဘုရားပုံ ရုပ်တုတွေကို တည်ထားတာတွေ့ရပါတယ်

နီပေါနိုင်ငံက လမ်းဆုံအဝိုင်းတွေမှာ မြတ်စွာဘုရားပုံ ရုပ်တုတွေကို တည်ထားတာတွေ့ရပါတယ်

 

 

 

 

 

 

 

 

 

နီပေါနိုင်ငံက လမ်းဆုံအဝိုင်းတွေမှာ မြတ်စွာဘုရားပုံ ရုပ်တုတွေကို တည်ထားတာတွေ့ရပါတယ်

နီပေါနိုင်ငံက လမ်းဆုံအဝိုင်းတွေမှာ မြတ်စွာဘုရားပုံ ရုပ်တုတွေကို တည်ထားတာတွေ့ရပါတယ်

 

 

 

 

 

 

 

 

 

 

နီပေါနိုင်ငံကို နယ်စပ်က Belahiya မြို့က ဝင်ပြီး ပြန်ထွက် တော့လည်း ဒီမြို့ကဘဲ ပြန်ရပါတယ် ။

နယ်စပ်မြို့လေးရဲ့မြင်ကွင်းလေးနဲ့ဘဲ ဒီ စာကို အဆုံးသတ်ပါရစေ..။

 

အိန္ဒိယနယ်စပ် ..နီပေါနိုင်ငံဘက်

အိန္ဒိယနယ်စပ် ..နီပေါနိုင်ငံဘက်

 

နီပေါနိုင်ငံ နယ်စပ်

နီပေါနိုင်ငံ နယ်စပ်

 

အိန္ဒိယဘက် မကူးမှီ

အိန္ဒိယဘက် မကူးမှီ

 

 

 

 

 

 

 

 

 

 

နီပေါနယ်စပ်မြို့ Belahiya.

နီပေါနယ်စပ်မြို့ Belahiya.

 

 

 

 

 

 

 

နီပေါနယ်စပ်မြို့ Belahiya.

နီပေါနယ်စပ်မြို့ Belahiya.

 

 

 

နီပေါနယ်စပ်မြို့ Belahiya.

နီပေါနယ်စပ်မြို့ Belahiya.

 

 

 

 

 

 

 

 

အိန္ဒိယဘက်ခြမ်းနယ်စပ်မြို့

အိန္ဒိယဘက်ခြမ်းနယ်စပ်မြို့

 

 

အိန္ဒိယနယ်စပ်မြို့

အိန္ဒိယနယ်စပ်မြို့

 

 

 

 

 

 

 

 

နယ်စပ်မြို့ကို ပုံထဲမှာယှဉ်ကြည့်ရင်တောင်မှ နိပေါနဲ့ အိန္ဒိယနိုင်ငံကလူတွေ နေထိုင်ပုံအဆင့်ကွာတာကိုတွေ့ရမှာပါ ။

 

အိန္ဒိယနယ်စပ်က လျှပ်စစ်ပစ္စည်းဆိုင် ။နီပေါနိုင်ငံဘက်ကို ရောင်းရတာပါ ။

အိန္ဒိယနယ်စပ်က လျှပ်စစ်ပစ္စည်းဆိုင် ။နီပေါနိုင်ငံဘက်ကို ရောင်းရတာပါ ။

 

နယ်စပ်က ဈေးဆိုင်..။

နယ်စပ်က ဈေးဆိုင်..။

 

 

 

 

 

 

 

 

 

ဖိနပ်ဆိုင် နဲ့ ဆာရီ ဆိုင်..နီပေါဘက်ကဈေးဝယ်လာသူတွေ..

ဖိနပ်ဆိုင် နဲ့ ဆာရီ ဆိုင်..နီပေါဘက်ကဈေးဝယ်လာသူတွေ..

 

 

 

 

 

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က အပြန် အိန္ဒိယနယ်စပ်ကို ကျော်ဖြတ်ပြီး ကုသိနာရုံသို ခရီးဆက် ခဲ့ပါတယ်..။

အဲသည်ခရီးအတွက် နောက်Post ကို စောင့်မျှော်ဖတ်ကြပါလို့ မေတ္တာရပ်ခံရင်း…

 

နွေဦး ။

 

နွေဦး

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....