မင်္ဂလာပါ

Phoe ThitsarMay 16, 20131min28128

ရွာသူရွာသားအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါ့ရစေ………..

အင်တာနက်မှာ ဟိုရှာဒီရှာ ရှာရင်းနဲ့ ဒီဆိုက်ကလေးကိုရောက်ခဲ့တာပါ… ကျွန်တော် တစ်ကြိမ်နှစ်ကြိမ်လောက် ဝင်ကြည့်ရင်း ဒီမှာရှိတဲ့ ရွာသူရွာသားများကို သဘောကျမိပါတယ်။ အားကျမိတယ် လေးစားမိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော်ကိုလည်း ဒီရွာလေးမှာ တစ်နေရာပေးပါလို့ သူကြီးထံမှာခွင့်တောင်းရင်း အားလုံးနဲ့ ခင်မင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်……

ဖိုးသစ္စာ….

28 comments

  • MAUNG

    May 16, 2013 at 9:18 am

    ကြိုဆိုပါတယ် ကိုဖိုးသစ္စာ

  • မင်းမင်း

    May 16, 2013 at 9:53 am

    ဒီမှာကစုံတယ်။အနော်လဲကြိုက်တယ်။ဥူးကြောင်ကြီးရဲ့လက်စွမ်း
    ကိုကြိုက်လို့ အနော်လဲနေ့စဉ်ဝင်ဖြစ်နေတယ်။
    မင်္ဂလာအပေါင်းနဲ့ခညောင်းပါစေဗျားးးးးး ဟီးးးးးးး

  • Phoe Thitsar

    May 16, 2013 at 11:23 am

    ဟုတ်ကဲ့…ကြိုဆိုပေးတဲ့ ကိုမောင်နဲ့ ကိုမင်းမင်း ကျေးဇူးပါဗျာ…

  • သူကြီး

    May 16, 2013 at 12:23 pm

    ကျိုဇိုတယ်နော ။ ကျုပ်ကတော့ အစဉ်အမြဲ လူပုတ်ဂိုမရွေး ရောက်လာသမျှအားလုံးကို ကျိုဇိုပါ၏။

    • kai

      May 16, 2013 at 2:45 pm

      @ကိုရင်မိုဘိုင်း..
      .. ဘာလို့လူတွေအမြင်အထင်မှာ.. ကျုပ်နဲ့မှားစေမယ့်နာမယ်ရွေးသလည်း… တွေးမရဘူး..။
      .လူအချင်းချင်းဆက်ဆံရေးမှာ.. သာမန်အားဖြင့်ကို..မလုပ်သင့်ဘူး နားလည်သင့်တဲ့ကိစ္စလို့.. ထင်မိတယ်..
      အပြန်အလှန်လေးစားသမှုထားတဲ့အနေနဲ့.. နာမယ်ပြင်ပေးပါနော..

      မပြင်ရင်တော့.. ကျုပ်ပေးစရာရှိတဲ့ရှိသမျှအကြွေးတွေ..ပေးဖို့သာပြင်..။ :kwi:

      • မောင် ပေ

        May 16, 2013 at 7:13 pm

        ပြောင်းချင်ရာ ပြောင်းဆို ၊ ကျပ်က တစ်နေ ့တစ်ခြား လျော့လာတာကိုးဗျ ။ ဟိုတလောက ဆီးယိုကျွေးကြပါဆို ၊ ကျွေးမှ မကျွေးပေးကြပဲနဲ ့။
        “““- Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….”””” ကို ခပ်တည်တည် နဲ ့မမြင်ချင်ဟန်ဆောင်လိုက်သည် ။

      • Mလုလင်

        May 16, 2013 at 11:07 pm

        သူဂျီး ပြောလို့ တော်သေးရဲ့ . . . မဟုတ်ရင် ကျုပ် လဲ . . လုလင်အို ဆိုပြီး နံမည် ပြောင်းရတော့ မလိုလို . . . . . . :harr:

      • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

        May 17, 2013 at 10:51 pm

        ဘယ်ကစပြီး ဘယ်လိုတွေးမိ သွားတယ်ကို မသိတော့ပါဘူးဗျာ….
        ကျနော်ကလဲ စိတ်ထဲလုပ်ချင်တာ ရှိလာရင် ထလုပ်တတ်တာ အကျင့်……
        ခုတော့ သူကြီး ရဲ့အလိုကျ/ ကိုယ်တိုင်လည်း မသင့်လျော်ဟု တွေးမိပါသဖြင့်……

  • MaMa

    May 16, 2013 at 2:13 pm

    ကြိုဆိုပါတယ် ဖိုးသစ္စာ။
    နာမည်ကြားရတာနဲ့တင် ဒီရွာအတွက် အင်အားသစ်တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
    :hee:

  • လင်းဇော် ထက်

    May 16, 2013 at 3:26 pm

    ဖိုးသစ္စာ တမျိူးချစ်စရာ
    ဟိုရှာရှာ ဒီရှာရှာ ရင်ဆိုတော့ ဟိုဒင်းးးးးတွေ့လားး :hee:

  • Phoe Thitsar

    May 16, 2013 at 3:30 pm

    ခင်ဗျာ ကိုkai… ဒီကယ်ကြီး ပြောင်းရမှာလားဟင်…အကြွေးများတဲ့သူကို နည်းတဲ့သူက ပေးရမယ်ဆိုရင်တော့ ရတယ်ဗျို့…။
    ကြွားတာတော့ မဟုတ်ဘူး…ဟီး….
    အခုလို အားလုံးက နွေးထွေးစွာကြိုဆိုကြလို့ အထူးပင်ဝမ်းသာမိပါတယ်….။

    • etone

      May 16, 2013 at 4:23 pm

      မင်္ဂလာပါ ဖိုးသစ္စာရေ .. ကြိုဆိုပါတယ်နော် …

      အခုရက်ပိုင်း ဖိုးသစ္စာ အပါဝင် တခြား အသစ်တွေလည်း အများကြီး တွေ့ရတယ် .. ရွာကြီး ပြန်စည်လာတဲ့သဘောပဲ.. အရသာမျိုးစုံပေးတဲ့စာတွေ ဖတ်ခွင့်ရမှာကြောင့် ဝမ်းသာပါတယ် ။
      နာမည်ပြောင်းခိုင်းတာ ရှင့်ကိုပြောင်းခိုင်းတာမဟုတ်ပါဘူး .. သူကြီး လို့နာမည်တပ်ထားသူကိုပြောတာပါ … ။ reply အောက်မှာရေးထားတာကို ကြည့်လျှင်လည်း သိနိုင်ပါတယ်နော် … ။

      သူကြီးဆိုလို့ .. ပြောစရာလေး ရှိလာပါတယ် … သဂျီး ကို ခုလို ပေါင်းတာပါ … သူကြီးမဟုတ်ပါဘူး … ။ (တမင်ကိုအဲ့လိုပေါင်းပါတယ် )
      ဘာလို့ သဂျီး ဖြစ်တာလာလဲ … ဘယ်လိုဖြစ်လာတာလဲ … ဘာအဓိပါ္ပယ်လဲ ဆိုတာကတော့ …. ရွာတော်ရှင်ဆူးရေးတဲ့ ပို့စ်အဟောင်းတပုဒ်မှာ ပြန်ဖတ်နိုင်ပါတယ် … ။ သဂျီးဆိုတာ ရာဇဝင်လေးနဲ့ ဖြစ်လာတဲ့ နာမည်ပါ .. ကင်ပွန်းတပ်ခဲ့တာလည်း … အစ်မဆူးပါပဲ …. နောက်ပိုင်းဝင်လာသူတွေကတော့ …သဂျီးနာမည်အကြောင်း သိတဲ့လူရှိသလို .. မသိတဲ့လူလည်း ရှိတယ် …

      ခိခိ .. ဖွဘီး ပြေးဘီ … :kwi:

  • Ma Ei

    May 16, 2013 at 4:51 pm

    မင်္ဂလာပါ ဖိုးသစ္စာရေ…
    မန်းဂဇက်ရွာထဲက အန်တီမအိ အိမ်ကလေးမှာ
    အချက်အပြုတ်၊မုန့်ကလေးတွေနဲ့ ခရီးသွားခြင်းတွေရယ်
    ပန်းပင်၊ပန်းပွင့် ကလေးတွေရဲ့ ဓာတ်ပုံစာလေးတွေ
    ခင်းကျင်းထားပါတယ်…အလည်လာဖို့လဲ ဖိတ်ခေါ်ပါတယ်နော်…

  • P chogyi

    May 16, 2013 at 9:20 pm

    အညာဇင်ယော်
    မင်္ဂလာပါ။

  • အလင်း ဆက်

    May 16, 2013 at 9:33 pm

    ဖိုးသစ္စာရေ..
    တိုး..ချစ် လာဖို ့…
    ဟိုးးးး ခေတ် ပါတာတွေရော…
    ဒို ့ခေတ် ..သာ တာတွေရော..
    နှိုး ရစ်ပါ…လို ့…
    ကိုး..သစ္စာ နဲ့ ပြောပါရစေ….
    🙂
    🙂

    ခင်မင်လေးစားစွာ..ကြိုဆိုပါတယ် ။

  • ဦးဦးပါလေရာ

    May 17, 2013 at 12:23 am

    မင်္ဂလာပါ တူမောင်ရေ-
    ဦးလေးကိုတော့ လော့အင်မဝင်တာများလို့ သတိထားမိမယ်မထင်ပါဘူး
    ဦးလေးကတော့ ရွာသူ ရွာသားအသစ်များတိုးရင် ကိုယ်ရေးတာ ဖတ်မယ့်သူတိုးလာသဟဲ့..ဆိုပြီး
    ဝမ်းမြောက်စွာ ကြိုဆိုလျှက်ပါ..။

  • မင်္ဂလာပါ မြေးရေ …

    ဒီရွာထဲ သွားသဂျိုးနဲ့ အဖိုးကြီး တစ်ယောက်များ တွေ့ပြီဆို
    အဲ့ဒီ အဖိုးကြီးကို တခြား မထင်လိုက်လေနဲ့ ..
    ကျုပ်ပဲ …
    ကျုပ်က တစ်ခါတစ်ခါ မျက်နှာပြောင်တတ်တယ်နော် ..
    ဒီအခါ စိတ် မဆိုးနဲ့ … မှတ်ထားနော် မြေးလေး …

    ဖိုးဖိုးအံ ကတော့ ယေဘုယျ ခြုံပြောရရင်
    ရွာထဲ ဘယ်သူလာလာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီးသားပါကွယ် …
    မြေးမ လေးတွေများ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ … :mrgreen:

  • kyeemite

    May 17, 2013 at 1:13 pm

    ဝမ်းမလီး ဝဲလကမ်းပါ ဖိုးသစ္စာရေ…
    လက်ရာထူးလေးတွေ စောင့်ဖတ်ပါ့မယ်နော.. :528:

  • TNA

    May 17, 2013 at 5:42 pm

    မင်္ဂလာပါ ဖိုးသစ္စာရေ.. ကြိုဆိုပါတယ်ကွယ်။

  • Phoe Thitsar

    May 17, 2013 at 6:10 pm

    မန်းရွာကြီးရဲ့ နွေးထွေးစွာကြိုဆိုပုံကိုတွေ့တော့ ….ဟိုသီချင်းလေးတောင် သတိရသွားတယ်…..

    ဝမ်းသာလွန်းလို့ မျက်ရည်များတောင် လည်ရှာတယ် သက်..သက်ပိုင်….ဘာဆိုလားဗျာ…

    ကြိုဆိုသမှုကို ဂုဏ်ပြုသောအားဖြင့် လမ်းကြုံရင် ထမင်းတစ်နပ်ခေါ်နိုင်ပါတယ်ခင်ဗျာ…

    • nature

      May 17, 2013 at 8:03 pm

      (လမ်းကြုံရင် ထမင်းတစ်နပ်ခေါ်နိုင်ပါတယ်ခင်ဗျာ…)
      ဆိုတာက
      ခေါ်ကျွေးဖို့လား
      ခေါ်စားဖို့လား
      မသေချာတော့ :harr:

  • Phoe Thitsar

    May 18, 2013 at 2:41 pm

    ဟီး….. ဆောရီးပါ…..
    စာလုံးတစ်လုံးကျန်သွားတယ်…. ကျွန်တော်ကို ခေါ်ကျွေးနိုင်ပါတယ်လို့…
    ဂလု….ဂလု….

  • Myo Thant

    May 18, 2013 at 2:50 pm

    အဲဒါဆို ခု လာခဲ့ဗျာ ဒါနပြုမယ်
    ကျုပ် နေ့လည်စာသွားစားမလို့

    • may july

      May 18, 2013 at 3:05 pm

      အဲ..လူကြုံလေးများလိုက်လို့ရဘူးလားး အနော်ဗိုက်ချာနေလို့ … :kwi:

      ကြို ဆို ပါ တယ် ကို ဖိုး သစ္စာ ရှင့် …

      • Myo Thant

        May 18, 2013 at 3:13 pm

        ဒွတ်ခပဲ
        ကျုပ်မှာက ၂ ယောက်စာလောက်ပဲ ပါတာ
        ရပါတယ် ခင်ညားတို့စား အနော် အနားကထိုင်ငေးနေမယ် 🙂

        • jujuma

          May 18, 2013 at 3:52 pm

          ဥဥ ဘယ်ဂျောင်က ထလာ အဲ ဟုတ်ပေါင် …. ဘယ်ပျောက်နေတာလဲဗျ ..
          မတွေ့ တာကြာပေါ့ …

        • ဘဲဥ

          May 18, 2013 at 4:26 pm

          ဒီလိုဘာဘဲအေ သများဒို့ လက်လုပ်လက်စား ဘွသမားဒေဂ လက်လှုပ်မှ ပါးစပ်လှုပ်ရဒါမို့လား ဒါကြောင့် အလုပ်ရှုပ်ချင်ယောင်ဆောင်နေရဒါအေ့ :mrgreen:

Leave a Reply