ဘာများပါလိမ့် ဆိုတော့…

ဒီလိုပါ…

544148_10200495419121993_1351105037_n

အဲဒီပုံကို ရိုက်ရဖို့ အတွက် ၊ မြန်မာစည်ဘီယာ ၅ခွက်လောက် သောက်ရပါတယ် ။ နွေရာသီ ရဲ့ ပူလောင်တဲ့ ညတစ်ညမှာ ဘီယာသောက်ခဲ့ကြစဉ်တုန်းကပါ ။

ကျုပ် ကိုယ်တိုင် ၊ တရုတ် ဟွာဝေ ဟန်းဆက် လေး နဲ့ ရိုက်ခဲ့တာပါ ။

““““ ဘယ် www.google.com ဘယ် wikipedia မှ လဲ ခပ်တည်တည်နဲ့ ကူးပြီး ကိုယ်ပိုင်ဖန်တီးထားတာလို အင်ထုထားတာ မဟုတ်လို့ ၊ ခရက်ဒစ် လဲ မပေးထားပါဘူး ။ ””””

အဲဒါဗျာ…

စာဖတ်သူတွေ လဲ သိပြီးသား ကိစ္စပါ ။

ပိုက်ဆံ ချမ်းသာတဲ့ ယောက်ျားတစ်ယောက် မိန်းမ ၅ယောက်လောက် ယူရင် ၊ ဘယ်လို ထင်မြင်ချက် ပေးကြတာများလဲ ဆိုတော့ …

“ ယူမှာပေါ့ ၊ သူ က ပိုက်ဆံ တတ်နိုင်တာကိုး ”
“ အင်းလေ..လုပ်ကျွေးနိုင်လို့ သူ့ ဟာသူ ယူတာပဲ ၊ အားကျတာ ”

အဲဒီလို ထင်မြင်ချက်ပေးတာများပြီး ၊ “ နှာဘူးကျလို့ ယူတာ ” လို့ ထင်မြင်ချက် ပေးတဲ့လူ နဲပါလိမ့်မယ် ။

တစ်ကယ်လို့  ပိုက်ဆံ အချမ်းသာကြီး မဟုတ်ပဲ ၊ စားသောက်နိုင်ရုံ လောက် ယောက်ျားတစ်ယောက် က မိန်းမ ၂ယောက်လောက် ယူမယ်ဆိုရင်တော့ ၊ ဘယ်လို ထင်မြင်ချက် ပေးကြမလဲ

“ ဝ မရှိပဲ ဝိလုပ်တဲ့ကောင် .. ခွေးဖြစ်မယ့်ကောင် ၊ သူ့ ယူတဲ့ ကောင်မလေးတွေခဗျာ သွားပါပြီ ”
“ ပိုက်ဆံဖြင့် မရှာနိုင်ပဲ ၊ တဏှာရူးလွန်းတဲ့ ကောင် ”

အဲဒီလို … အဲဓီလို ပြောကြပါလိမ့်မယ် ။

ဒီနေရာမှာ ပိုက်ဆံ ချမ်းသာ တာနဲ့  ၊ စားနိုင်ရုံ သောက်နိုင်ရုံ ကို ၊ မင်းဘယ်လို ခွဲခြား သတ်မှတ်လဲ လို့ မေးချင်ရင် ၊ ပိုက်ဆံ ချမ်းသာတယ် ဆိုတာ ၊ တစ်နှစ် ကို အစိုးရဆီမှာ ဝင်ငွေခွန် တရားဝင်ဆောင်ပြီး ၊ သိန်းတစ်ထောင်လောက် ဝင်ငွေ ကျန်တဲ့လူပေါ့ဗျာ ။

စားသောက်နိုင်ရုံ ဆိုတာကတော့ ၊ အခုခေတ် ကုမ်ပဏီဝန်ထမ်း တစ်လ ၈သောင်းလောက် ရတဲ့ လူမျိုးပေါ့ဗျာ ။ နော….

ကဲဗျာ… ပုံတိုပတ်စ ဆိုတဲ့အတိုင်း ၊ ဒီလောက်ပါပဲ ။ ကျုပ်ရေးတာကို ရှေ့ ဆက် ဖြည့်စွက် တွေးမယ် ဆိုရင်တော့ အတွေးတွေ ရှည်သွားပါလိမ့်မယ် ။

******* ဖတ်တဲ့လူ ကွန်မင့်ပေးတဲ့လူ အားလုံး ကို ကျေးဇူးတင်ပါတယ်ဗျာ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..