ယုံလား?

uncle gyiMay 17, 20131min20420

တလောတုန်းကသူငယ်ချင်းတယောက်အိမ်ရောက်သွားပါတယ်

သူငယ်ချင်းအိမ်မှာချိတ်ထားတဲ့ဗီနိုင်းတခုက်ိုမြင်တော့အတော်စိတ်ဝင်စားသွားပါတယ်

ဒါကြောင့်ဓါတ်ပုံရိုက်ယူလာခဲ့တယ်

ဗီနိုင်းထဲမှာအိုင်းစတိုင်းလည်းပါတယ်

သူပြောတယ်ဆိုတဲ့စာတွေလည်းရေးထားတယ်

ဟုတ်မဟုတ်ယုံမယုံတော့မဝေဖန်တော့ပါဖူး

ပုံကိုကြည့်ပြိီးမှမှတ်ချက်ကလေးတွေပြုကြတော့နော်

20130420_081827

 

ဟုတ်မဟုတ်သူကြီးတို့ဘဖောတို့ကိုသစ်တို့လုပ်ကြပါအုန်း

ဟုတ်တယ်ဆိုအကြောင်းမဟုတ်

မဟုတ်ဖူးဆိုသူများပြောဆိုစရာဖြစ်နေမယ်

20 comments

  • အရီးခင်လတ်

    May 17, 2013 at 10:44 pm

    အန်ကယ်ကြီးရေ
    အသေအချာတော့ မပြောနိုင်ဘူး။
    ဝီကီထဲ မှာတော့ ဒီလို တွေ့တာဘဲ။

    http://en.wikipedia.org/wiki/Talk%3ABuddhism_and_science#Einstein_and_Buddhism:_a_widely-cited_but_spurious_quotation
    Einstein and Buddhism: a widely-cited but spurious quotation

    1) Buddhism has the characteristics of what would be expected in a cosmic religion for the future: It transcends a personal God, avoids dogmas and theology; it covers both the natural and the spiritual, and it is based on a religious sense aspiring from the experience of all things, natural and spiritual, as a meaningful unity. and 2) Buddhism is the only religion able to cope with modern scientific needs – Einstein

    As a Buddhist and physicist myself, I’d be delighted if this very widely-cited quote really could be attributed to Einstein, but regrettably there is no evidence that it can. It sometimes appears with a reference to Albert Einstein: The Human Side (Princeton University Press, 1954), but there is never a page reference – for the simple reason that the quote does not appear anywhere in that book.

    I have personally discussed the reliability of this quote with Einstein scholars (including John Stachel at Boston U, and founding editor of The Collected Papers of Albert Einstein), and with the authors of compilations of Einstein quotations (Thomas J. McFarlane, author of Buddha and Einstein: The Parallel Sayings and Alice Calaprice, author of The New Quotable Einstein) – none of whom cite it. In short, neither they nor I know of any evidence that Einstein delivered a speech containing this quote.

    သို့ပေသည့် မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အမည်ခံ အစွန်းရောက် လုပ်ရပ် တွေ ကိုတော့ အိုင်းစတိုင်း ညွန်းတဲ့ ဗုဒ္ဓဘာသာ လို့ မခေါ်နိုင်ပါဘူး။
    အဲဒီလိုမျိုး အစွန်းရောက် တွေက ပြောရင်တော့ လူရီ စရာဖြစ်မှာပါ။
    အေးသီးရစ် တစ်ချို့ လဲ ဗုဒ္ဓဘာသာ (အစစ်အမှန်) ကို စိတ်ဝင်စားနေကြပါတယ်။
    ဆွမ်းဆန်ထဲ ကြွက်ချေးရော ရာမှာ ကြွက်ချေး များ နေမှာကိုတော့ စိုးရိမ်မိပါတယ်။
    အဲဒါက ပြင်ပဘာသာခြား ကလာဖျက်တာထက် ပိုဆိုးမှာ အသေအချာပါဘဲ။

  • uncle gyi

    May 17, 2013 at 10:52 pm

    ဝီကီထဲမှာဆိုထားတယ်ဆိုတော့
    ဘယ်သူဘာပြောပြောကိုယ်ကရဲရဲပြန်ပြောလို့ရပြီ
    အရီးရေ
    အရီးပြောသလိုဆွမ်းဆန်ထဲကကြွက်ချီးတွေက
    ပိုဆိုးနေတာတွေကိုပြုပြင်ဖို့ကအဓိကဖြစ်သွားပြီ

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 17, 2013 at 11:07 pm

    ဟုက်သော်ငြား မဟုက်သော်ငြား………….
    ရေးရေးတွေးက စေ့စေ့မြင်ပါတယ်…………….
    အိုင်းစတိုင်း ပြောခဲ့တာ မဟုက်သည်ဖြစ်စေ ဟုက်သည်ဖြစ်စေ……….
    ဒီထဲက စကားလေးတွေအတိုင်း ဖြစ်လာနိုင်၏ မလာနိုင်၏ စဉ်းစားကြည့်သင့်တယ်…….
    ဘယ်ဟာကကောင်း၏ ဘယ်ဟာကဆိုး၏ ဆိုပြီးတော့ ကျုပ်က မဝေဖန်မပြောလို…………..
    လူဆိုတာ ကိုယ့်အကြိုက်နဲ့ ကိုယ်ကိုဗျ…………
    မိမိအတွက် မှန်ပေမလို့ တခြားလူအတွက်က အမှားဖြစ်နိုင်တာပဲ………..
    ဒီလိုပဲ မိမိက မှားတယ်ဆိုငြား တခြားဖက်မှာ အမှန်ဖြစ်နိုင်တာပဲ…………
    ကိုယ်ထင် ကုတင် ရွှေနန်းဆိုတော့…………..
    ဥပမာ…….
    ကျုပ်က ဘီယာကို အသားကင်နဲ့ မြည်းပြီး သောက်ရတာကြိုက်ပေမယ့်……..
    ရွာထဲက ကိုအံစာတုံးတို့၊ ဦးမာဂတို့၊ ကိုပေ တို့က ဘီအီးကို နှမ်းဖက်ချဉ်နဲ့ မြည်းရတာ
    ကြိုက်ရင်ကြိုက်ပေမပေါ့……..

    • မဟုတ်ဘူး …
      ကန်စွန်း ပလိန်းလေး နဲ့မှ ..
      ဒါမှ ကျုပ်က တာသွားဒါဂလား …

      အန်တယ်ဂျီးရေ …
      အိုက်ဒါလေး သူညားဒွေ ပေါဂျဒါလည်း ကျားဖူးဒယ် …
      ဟုတ်၊ မဟုတ်ဒေါ့ တားလည်း မတိ …
      ကိုယ့်ကိုယ်ကိုယ်တောင်မှ ဘာကောင်မှန်း မသိသေးဒါ ….
      အိုက်ဒါဒွေ တိဖို့ဆို ဝေလာဝေးဆဲ .. ဟီးးး :mrgreen:

      • Myo Thant

        May 18, 2013 at 9:35 am

        ( ဥပမာ…….
        ကျုပ်က ဘီယာကို အသားကင်နဲ့ မြည်းပြီး သောက်ရတာကြိုက်ပေမယ့်……..
        ရွာထဲက ကိုအံစာတုံးတို့၊ ဦးမာဂတို့၊ ကိုပေ တို့က ဘီအီးကို နှမ်းဖက်ချဉ်နဲ့ မြည်းရတာ
        ကြိုက်ရင်ကြိုက်ပေမပေါ့…….. )

        ကျုပ်ကတော့ ပြည်တွင်းဖြစ်ကို အားပေးတယ် ၊
        ဥပမာ ဘီအီး နဲ့ ကြက်ဂွေးတောက်ဟင်းရည်မျိုးပေါ့ ၊
        ဘာသာရေးအကြောင်း ပို့စ်ထဲမှာ ဒါမျိုးကြီးဝင်ရေးမိတာ ခွင့်လွှတ်ပါဗျာ ၊

        • မောင် ပေ

          May 19, 2013 at 6:54 pm

          ဟဲဟဲ ဟဲဟဲ
          သမီးချောလေး ရှိနေသူ ဆိုတော့လဲ
          လေးစားသမှု ပေးရ တော့ပေမပေါ့
          ( ပို ့စ်နဲ ့မဆိုင်တာကို မန် ့မိတဲ့အတွက် ခွင့်လွှတ်တော်မူပါ အန်ကယ်ကြီး ခင်ဗျ )

  • MaMa

    May 18, 2013 at 8:10 am

    ခုရက်ပိုင်းမှာပဲ နီပေါကနာမည်ကြီး မော်ဒယ်တစ်ယောက် ဗုဒ္ဓဘာသာကနေ မွတ်စလင်ဘာသာကို ပြောင်းသွားတာကို ဗျူးထားတာလေး ဖတ်လိုက်ရသေးတယ်။
    လင့်ခ် ကို မရှာတတ်တော့လို့။

  • Foreign Resident

    May 18, 2013 at 8:40 am

    uncle gyi says:
    ” ဝီကီထဲမှာ ဆိုထားတယ် ဆိုတော့
    ဘယ်သူဘာပြောပြော ကိုယ်ကရဲရဲပြန်ပြောလို့ရပြီ အရီးရေ ”

    အင်း ၊ ဒုက္ခပါပဲဗျာ ။
    အရီးလတ် ကလည်း ၊ ဘိုလိုလေးပဲ ကူးရေးပြသွားပြီး ရှင်းတော့မပြပဲကိုးဗျ ။
    အဓိပ္ပါယ် ကောက်တာ ပြောင်းပြန်ကို ဖြစ်သွားတာပေါ့ဗျာ ။
    အင်းးးးးး ၊ ကျနော်ကပဲ ၊ လူမုန်းမယ့် အပိုင်းကို ဘာသာပြန်ပေးရတော့မပေါ့ ။

    ” Einstein and Buddhism: a widely-cited but spurious quotation ”

    Translation ;
    မကြာ ခဏ ပြောနေကြပေမယ့် အမှားကြီးပါ တဲ့ ။
    spurious = False or Fake

    ” As a Buddhist and physicist myself,
    I’d be delighted if this very widely-cited quote really could be attributed to Einstein,
    but regrettably there is no evidence that it can ”

    Translation ;
    ( စာရေးသူ ကိုယ်တိုင် ) ဗုဒ္ဓ ဘာသာဝင် တစ်ယောက် အနေနှင့် ၊
    အဲဒီစကားတွေသာ အမှန်ဖြစ်ခဲ့ရင် အရမ်း ဝမ်းသာမိမှာပါ ။
    ဒါပေမယ့် ဝမ်းနည်းစရာက ၊ အဲဒီစကားအတွက် သက်သေ အထောက်အထား မရှိတာပါပဲ ။

    I have personally discussed the reliability of this quote with Einstein scholars and
    with the authors of compilations of Einstein quotations – none of whom cite it.
    In short, neither they nor I know of any evidence
    that Einstein delivered a speech containing this quote.

    Translation ;
    စာရေးသူ ဒီစကား နှင့်ပါတ်သက်ပြီး အိုင်စတိုင်း ရဲ့ တပည့်တွေ ၊
    အိုင်စတိုင်း အကြောင်း စာရေးသူ လေ့လာသူတွေ ကိုတွေ့ပြီးပါပြီ ။
    ဘယ်သူကမှ ၊ ဘယ်နေရာမှာမှ ၊ ဒီစကားကို မညွှန်း မပြောခဲ့ပါဘူးတဲ့ ။

    ဟိုအရင် အဘ ရေးခဲ့ဘူးသလိုပါပဲ ။
    ဗုဒ္ဓဘာသာဟာ ကမာ္ဘ့ အကောင်းဆုံး ဘာသာတရားဆု ရတယ် ဆိုတဲ့ ၊
    အလိမ် အညာ ဟာသ တွေလိုပါပဲ ၊ ဒီသတင်း ဟာလည်း ၊
    နိုင်ငံတကာ အဆင့် အတွေးအမြင် ဗဟုသုတ မရှိတဲ့လူတွေကို ၊
    တမင်သက်သက် လှောင်ဟားဖို့ အတွက် လူနောက်တွေက လုပ်လွှတ်လိုက်တာပါ ။
    အဲဒီ လူနောက်တွေကတော့ အခုလောက်ဆို ကွယ်ရာက ဟားနေလောက်ပြီ ။

    လူ မုန်းမယ့်မုန်းမှတော့ သိပ်မထူးတော့ပါဘူး ။
    နောက်တစ်ချက် ထပ်ပြောပြပါမယ် ။

    ကမာ္ဘ / နိုင်ငံတကာ က ဗုဒ္ဓဘာသာလို့ ညွှန်းဆိုရင်လည်း ၊
    အဲဒါဟာ အဘတို့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ကို ဆိုလိုတာ မဟုတ်ပါဘူး ။
    အကြမ်းအားဖြင့် မဟာယာန / တိဘက် ဗုဒ္ဓဘာသာ ကိုပဲ ဆိုလိုတာပါ ။
    နိုင်ငံတကာ မှာ ၊ အဘတို့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဟာ ၊
    လူသိလဲ သိပ်မများ ၊ အောင်မြင်မှုလည်း သိပ်မရှိလှပါဘူး ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 18, 2013 at 9:59 am

      ( နိုင်ငံတကာ မှာ ၊ အဘတို့ရဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဟာ ၊
      လူသိလဲ သိပ်မများ ၊ အောင်မြင်မှုလည်း သိပ်မရှိလှပါဘူး ။)
      ဒါကတော့ အဘါ့ရယ်
      တန်ဘိုးရှိတဲ့ကျောက်မျက်ရတနာစိန်ရွှေပုလဲ တွေကို
      လူတိုင်းလူတိုင်း အဲဗရီးဝမ်း အဲဗရီးဘော်ဒီ မပိုင်ဆိုင်နိုင်ကြသလိုပေါ့ဗျာ
      ကျုပ်တို့ မြန်မာနိုင်ငံက သာကီတွေက သူများထက်ထူးတာ
      သူများထက်ကံကောင်းတာ လူထူးလူကောင်းလူမြတ်တွေ
      ကံကြီးပေလို့ ဘုရားသာသနာထဲလူလာဖြစ်ဒါ
      လို့ တွေးလိုက်ဇမ်းဘါဗျာ
      ဝေးဝေးကျိစရာတောင်မလိုဘူး
      ကျုပ်တို့ရွာထဲ ဘုရားဒဂါခြည်း ဒဂျိပ်ရှိသဗျာ
      ကဲ
      မထူးဘူးလား
      ဟဲဟဲဟဲ

      • MaMa

        May 18, 2013 at 1:35 pm

        ဆိုးကောလ် ဘပု
        (ခွက်ဒစ်တူ ကေဇက်) :harr:

        • KZ

          May 18, 2013 at 8:24 pm

          ဆိုး ကော (လ) မမ ချစ်မမ။

          မှတ်မိလို့။

          :528:

    • အရီးခင်လတ်

      May 18, 2013 at 3:29 pm

      အဘဖော ရေ

      အန်ကယ်ကြီးကလဲ အဲဒါကို ရဲရဲကြီး ပြန်ပြောဖို့ လို့ ပြောတာလို့ နားလည်မိပါတယ်။
      ရဲရဲကြီးထောက်ခံဖို့ လို့ ဆိုလိုတာမဟုတ်ဘူးလေ။
      သူ့ Post မှာ ကိုက ဒါကို မှားနေတယ်လို့ ယူဆလို့ အဘ တို့ကို စစ်ကူ ယူတာလို့ နားလည်မိတာမို့ပါ။

      အဘဖော ပြောတာလဲ မှန်သင့်သလောက်မှန်ပေမဲ့ အမှန်ကြီးလို့တော့ မပြောနိုင်ပါဘူး။
      နိုင်ငံတကာက တကယ်ဘဲ စိတ်ဝင်စားလာချိန် စစ်မှန်တဲ့ တရား ဟာ ဘာလဲ ဆိုတာ သိလာချိန် ဗုဒ္ဓဘာသာ ဆိုတာလဲ အမည်နာမ သတ်မှတ်ချက်တစ်ခု လို့ဘဲ သူတို့ သိသွားမှာပါ။
      တကဲ့ အနှစ် လိုက်နာရမဲ့ တရားက အမည်မှာမှမရှိတာဘဲလေ။
      အဲဒီ ဘာမှမဟုတ်တဲ့ ပညတ်ချက်ကို စွဲ နေတာလဲ မိစ္ဆာဒိဌိ ဘဲလား။ (မသိ)။ 😆

  • pazflor

    May 18, 2013 at 9:44 am

    ဘာသာတရားနဲ့ သိပ္ပံပညာသိပ် မအပ်စပ်ပုံကို ဘိုးလှိူင် (ဒေါက်တာတင်လှိူင်) ရေးတဲ့ “အနုစိတ်သိသမျှ ရုပ်လောက ” ဆိုတဲ့ စာအုပ်မှာ ဖတ်စေချင်ပါတယ်။ အဲ့မှာလည်း အိုင်းစတိုင်း ကိစ္စရှင်းထားပါသေးတယ်။
    နောက် မြန်မာရူပဗေဒလူငယ်ပညာရှင်တစ်ယောက် quarks လေးမျိုးတွေ့ရှိပုံကို ဓါတ်ကြီး ၄ပါးနဲ့ ဆက်စပ်မယ်လုပ်လို့ အရှက်ကွဲကိန်းကြုံခါနီးဖြစ်ပုံကိုလည်း ပြထားသေးတယ်ခင်ဗျ။

  • TNA

    May 18, 2013 at 11:18 am

    မြင့်လွန်းအားကြီးတာမို့ ဝါရင့်တွေမန့်တာပဲစောင့်ဖတ်ပါတော့မယ် အန်ကယ်ဂျီးရေ။ ဒါတွေကလဲ အခုတလော သူ့ဘာသာ ကိုယ့်ဘာသာမဲဆွယ်နေကြတဲ့ပွဲတွေများနေသမို့ လက်ရှောင်နေလိုက်အုုံးမယ်။ စိတ်ဝင်စားစရာကောင်းတာမို့ ပုံလေးကိုတော့ ယူသွားလိုက်ပါတယ်။

  • ခရီးသည်ကြီး

    May 18, 2013 at 1:14 pm

    ခရီးသွားရင်း ခလုပ်တိုက်လိုက်ဦးမယ်

    အထက်က ကျေးဇူးရှင်များပြောသလို အိုင်စတိုင်းမထောက်ခံတာနဲ့ဘဲ
    ကိုယ် ့ယုံကြည်ရာ လက်လွှတ်ရတော့မှာလား
    ဂလိုဆိုရင်
    အ်ုင်စတိုင်းက ဗုဒ္ဓအတွက် သက်သေခံလက်မှတ်ထုတ်ပေးသူလား
    ခင်ဗျားတို ့ပြောနေတဲ့သိပ္ပံပညာဂျီးက လေ ့လာလို ့ကုန်သွားပြီလား
    ဗုဒ္ဓဘာသာအတွက် အိုင်စတိုင်းနဲ့များညှိနေရသေးဗျာ
    ဘုရားလည်းအားနာကြပါဦး
    ချိုလား ချဉ်လား ကိုယ်စားကြည် ့ရင်သိမှာပေါ့
    ဘသူ ့ သွားမေးစရာလိုလဲ

    • အရီးခင်လတ်

      May 18, 2013 at 3:36 pm

      ဗုဒ္ဓဘာသာဝင် လို့ဆိုသူတိုင်း လဲ ဘုရားကိုအားနာသင့်ပါတယ်။
      လက်တွေ့လုပ်နေတာတွေက သူဟောတာတွေနဲ့ လွဲသွားရင် သူပါ နာမည်ပျက်ရောဘဲ။
      အခုဟာက ငါဖြုတ်ရမှာ ကို မဖြုတ်ဘဲ ငါ စွဲ နေကြတာ ကလား။
      (ကျုပ် လဲ အပါပေါ့) 😛

      ကိုယ် ဗုဒ္ဓဟောတာ လိုက်နာသူလား မလိုက်နာသူလား ကိုယ်ဘဲ သိပါတယ်။
      ခရီးသည်ကြီး ပြောသလိုဘဲ ဘယ်သူ့ကိုမှ မေးပြီး သက်သေယူပြနေစရာ မလိုပါဘူး။
      အဲလို သက်သေပြလို့ ရလို့ကတော့ လာဘ်စားပြီး သက်သေထူခိုင်း နေကြဦးမယ်။ 😆

  • uncle gyi

    May 18, 2013 at 10:20 pm

    ဝင်ရောက်ဝိုင်းဝန်းပြောကြားကြာသူများအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း
    ပြောကြားပါရစေ
    မနေ့ညကပို့စ်တင်ပြီးအိပ် မနက်အလုပ်သွားနဲ့အခုညမှပြန်ရောက်လို့အခုမှအားလုံးကို
    ကျေးဇူးတင်ကြောင်းပြောရတာနားလည်ခွင့်လွှတ်စေလိုပါတယ်
    ပို့စ်တင်ပြီးပြီးချင်းအရီးကဝီကီထဲကစာပိုဒ်ထုတ်ပြီးပြောလာလို့အထူးကျေးဇူးပါ
    ဝင်ရောက်ရှင်းလင်းပေးသွားပါသောအဖဖောကိုလည်းအထူးကျေးဇူးပါ
    ကျွန်တော်မဝင်ရောက်နိုင်မှိီကျွန်တော့ဖက်မှရှေ့နေလိုက်ပေးသောအရီးကိုအထူးလေးစားလျှက်ပါလို့
    မတူသောအမြင်တင်ပြပေးတဲ့ကိုရင်ပုနဲ့ခရီးသည်ကြီး
    တို့တွေးတတ်ပုံလေးကိုလည်းသဘောကျကြောင်းပြောပါရစေ

    ဘယ်သူတွေဘာပြောပြောကိုယ်ကိုးကွယ်တဲ့ဘာသာဘက်ကမျက်နှာမငယ်စေချင်တာအမှန်ပါ
    ဒီပုံလေးကိုမြင်တော့သူကြီးနဲ့ဘဖောပြောထားတာလေးတွေကိုသတိရမိတယ်လေ
    ဒါကြောင့်လည်းဒီပို့စ်ကိုတင်ဖြစ်တာပါ
    အခုတော့သူငယ်ချင်းကိုလည်းသူများတွေကြိတ်မရယ်နေရအောင်သတိပေးလို့ရပါပြီ

  • ဦးဦးပါလေရာ

    May 20, 2013 at 12:34 am

    ဒါကတော့ဗျာ…………
    အခြားဘာသာဝင်တွေမှာလဲ သူတို့ဘာသာ ထင်ရာလျှောက်ရေးတာတွေ၊
    လုပ်ကြံရေးတာတွေ တစ်ပုံကြီးပါ။

    ဒါထက်-
    ကျုပ်သေသေချာချာ ယုံကြည်တာတစ်ခုတော့ရှိပါတယ်…
    အိုင်စတိုင်းသာ ဗုဒ္ဓဘာသာကို သေသေချာချာ လေ့လာခွင့်ရခဲ့ရင်
    သူ …. ကြိုက်သွားမှာပါ…..။

    သေချာတာတစ်ခုကတော့ သူ့ဘဝမှာ (အခြားသိပ္ပံပညာရှင်များနည်းတူပဲ) ဘာသာရေးကိုလေ့လာဖို့ အချိန်ရခဲ့မှာမဟုတ်ပါဘူး..။

  • ဦးကြောင်ကြီး

    May 20, 2013 at 9:39 am

    ဟေ့…အိုင်းစတိုင်းကို
    မရိုင်းစိုင်းနဲ့
    ဒိုင်းကလိုင်းပစ်လိုက်မယ်
    ဘာမှတ်သတုံး
    အသိုင်းအဝိုင်းနဲ့ကွ
    ကိုင်းရှိုင်းကြပါကွာ…

Leave a Reply