မိမိ ကိုယ် မိမိ ခိုးယူပေါင်းသင်းကြသူများ…။

black chawMay 17, 20131min34183

မိတ်ဆွေတို့ သတိထားမိကြမလား မဆိုနိုင်ပါဘူး…။
အခုတလော ဘလက်ချော ရေးတဲ့ ပို့စ်တွေမှာ အကိုးအကားတွေ များနေတာကို ပြောတာပါ…။
ကိုယ်ပိုင်အတွေးအခေါ်မရှိလို့ သူများ အတွေးအခေါ်တွေ ခိုးခိုးချနေတယ်လို့ ပြောရင်လည်း ခံရတော့မှာပါပဲ…။
သီချင်းတွေထဲက စာသားတွေ…၊
ကဗျာတွေထဲက စာသားတွေ…၊
ဦးကုလား မဟာရာဇဝင်ကြီးထဲက စာသား အပိုဒ်လိုက်တွေ…၊
နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲက စာသားတွေတောင် မချန်…၊
ခိုးချပြီး ပို့စ်တွေရေးနေမိတာကို ဘယ်သူမှ လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုး လိုက်ပါတယ်ဗျာ…။
ဆိုတော့…။
အခုပို့စ်ကရောတဲ့…။
ဟုတ်ကဲ့…။
ဆဲရင်လည်း ခံရမှာပဲ…။
ဇာတ်မင်းသားလေး သိန်းဇော်ရဲ့ ကဗျာလေးတစ်ပုဒ်နာမည်ကို ကိုးကားခွင့်ပြုပါဦးလို့…။
ကဗျာလေးရဲ့ နာမည်က မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း …တဲ့…။
အဲဒါလေးမပြောခင် ဇာတ်မင်းသားလေး မောင်သိန်းဇော်အကြောင်း နည်းနည်း ပြောကြဦးစို့ရဲ့…။
မောင်သိန်းဇော် ဟာ ဘလက်ချောထက် ၁ဝ နှစ်ကျော်ကျော်လောက်ကို ပိုကြီးပါတယ်ဗျာ…။
(မောင်သိန်းဇော်ရဲ့ မွေးသက္ကရာဇ်က ၁၀-၇-၁၉၅၉ ပါ…။)
မြန်မာရုပ်ရှင်တွေလိုပဲ နောက်ကြောင်းနည်းနည်း ပြန်မှ ဖြစ်မယ်ထင်ပါတယ်…။
ကျွန်တော် နေခဲ့ဘူးတဲ့ အင်းမမြို့လေးမှာ ကျောင်းကြီးပွဲတော် ဆိုတာကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်…။
အဲဒီပွဲတော်ကြီးမှာ ဇာတ်ပွဲတွေလည်း အမြဲကခဲ့ကြပါတယ်…။
ကျွန်တော် တို့ ငယ်ငယ်က ဖျော်ဖြေရေး အလွန်ရှားပါတယ်…။
တီဗီချယ်နယ်ဆိုလို့ မြန်မာ့ရုပ်မြင်သံကြား တစ်ခုပဲ ရှားရှားပါးပါးရှိပါတယ်…။
ဒါကလည်း ကျွန်တော်တို့လို အခြေခံလူတန်းစားတွေနဲ့ တော်တော်ကြီးကို အလှမ်းဝေးခဲ့တာပါ…။
တိတ်ခွေထည့်ဖွင့်နားထောင်ရတဲ့ ကက်ဆက် ဆိုတာတောင် အိမ်တချို့မှာပဲ ရှားရှားပါးပါး ရှိခဲ့ပါတယ်…။
ရုပ်ရှင်ကလည်း တပ်ထဲမှာ တစ်လတစ်ခါလောက်လာပြတတ်တဲ့ နယ်လှည့် အဖွဲ့တွေကိုပဲ အားကိုးခဲ့ရတာပါ…။
ဆိုတော့ ရည်းစားထားဖို့ အသက်မပြည့်သေးလို့ ဘောလုံးကို ကျုံးကျုံးကန်နေရတဲ့ ဘလက်ချောကြီးတစ်ယောက်…
ခတ်လေလေ ဖြစ်နေတဲ့ စိတ်တွေနဲ့အတူ ကျောင်းကြီးပွဲမှာ လာကကြတဲ့ ဇာတ်ပွဲ တွေကို ကြည့်ခဲ့ဘူးတယ်ပေါ့ဗျာ…။
မှတ်မှတ်ရရ ကြည့်ခဲ့ဘူးတဲ့ ဇာတ်တွေကတော့ မြို့တော်ချစ်ဖွယ်၊ နန်းဝင်း၊ ပုလင်းစိန်ဖန်ခွက်စိန်အမြည်းစိန် တို့နဲ့ …
ဇာတ်မင်းသားလေး သိန်းဇော် ကတဲ့ ဇာတ်ပွဲတို့ ပါပဲ…။
အဲဒီလို ကြည့်မိတဲ့အထဲက သိန်းဇော်က နည်းနည်းထူးခြားပါတယ်…။
သူနဲ့ ခေတ်ပြိုင် ဇာတ်မင်းသားတွေလုပ်ကြသလိုပဲ ရုပ်ရှင်လည်း ရိုက်ခဲ့ဘူးပါတယ်…။
အမှတ်မမှားဘူးဆိုရင်…
သိန်းဇော်ကို ရုပ်ရှင်ရိုက်ခဲ့တဲ့ ဒါရိုက်တာက ဝင်းဖေ လို့ ထင်ပါတယ်…။
မင်းသမီးက ခင်သီတာထွန်း …။ စက်ဘီးကလေး ဆိုတဲ့ ရုပ်ရှင်ပါ…။
တခြားဇာတ်မင်းသားတွေကဲ့သို့ပါပဲ…။
ရုပ်ရှင်မင်းသားဘဝနဲ့တော့ ထူးခြားတဲ့ အောင်မြင်မှုကို မရခဲ့ပါဘူး…။
နောက်တစ်ခုက သိန်းဇော်က အောင်မြင်တဲ့ သီချင်းတွေကို ဆိုခဲ့ပါသေးတယ်…။
ဂီတနက်သန်ကိုစောညိန်း သီချင်းတွေကို သိန်းဇော် မက်မက်မောမော ဆိုခဲ့တယ်လို့ မှတ်မိနေပါတယ်…။
မြန်မာသံ သီချင်းတွေမှာတော့ သိန်းဇော်က အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ပေါ့…။
ဒါပေမယ့်…။
ဒါလောက်နဲ့ ဇာတ်မင်းသားလေးဟာ မကျေနပ်နိုင်…၊ မယောင့်ရဲနိုင်ခဲ့ပါဘူး…။
စတီရီယိုသီချင်းစီးရီးတစ်ခွေလုံးကို သုခမိန်လှိုင်ကြီးလက်အပ်လို့ စီးရီးတစ်ခွေ ထုတ်ခဲ့ပါရောလားဗျာ…။
အဲဒီမှာတော့ သိန်းဇော် က နာမည်ပြောင်းပြီး ကေဇော် ဆိုတဲ့နာမည်နဲ့ပါ…။
စီးရီးတိုင်တည်က ကမ္ဘာမြေကို သင်ယူခြင်း…တဲ့…။
ဇာတ်မင်းသားလေး မောင်သိန်းဇော် ရဲ့ လောင်းရိပ်အောက်က ရုန်းထွက်ခြင်တဲ့ သဘောလို့ ထင်ပါတယ်…။
သို့သော်လည်းတဲ့ ပေါ့လေ…။
စာနယ်ဇင်းတချို့ရဲ့ ကြိုတင်ရေးသားမှုတွေအရ ကေဇော် ဆိုတဲ့ စတီရီယို အဆိုတော်ဟာ…
ဇာတ်မင်းသားလေး သိန်းဇော် ပဲလို့ ပရိသတ်တွေက ကြိုတင်သိခဲ့ကြပါရောလားဗျာ…။
ထုံးစံအတိုင်းပါပဲ…။
စတီရီယို အဆိုကျော် ကေဇော် တစ်ဖြစ်လဲ မောင်သိန်းဇော်ဟာ သူ့စီးရီးတိုင်တည်အတိုင်းပါပဲ…။
ကမ္ဘာမြေထံက သင်ယူခဲ့ရပြန်တယ်ပေါ့…။
နောက်ထပ် မောင်သိန်းဇော်ရဲ့ ထူးခြားမှုကတော့ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေ ရေးခဲ့တာပါပဲ…။
ဒါ့အပြင် ဇာတ်ခုံပေါ်ကနေ သူ့အသံ ချွဲချွဲ ဝါဝါ ကြီးနဲ့ ကဗျာရွတ်ပြတတ်ပါသေးတယ်…။
အဲဒါကပဲ တခြား သူနဲ့ ခေတ်ပြိုင် ဇာတ်မင်းသားတွေထက် ထူးခြားစေခဲ့တာပါ…။
အဲဒီ ကဗျာဆရာ မောင်သိန်းဇော်ရဲ့ ကဗျာရေးလက်ဟာ ထိပ်တန်းပါပဲလို့ ကျွန်တော် မိတ်ဆွေကြီး ကိုကြွက်နီ က
မှတ်ချက်ပေးခဲ့ဘူးပါတယ်…။
ကဗျာဆရာ မောင်သိန်းဇော်ကတော့ လူရိုသေ ရှင်ရိုသေ ကဗျာဆရာ ဘဝကို ပိုင်ဆိုင်ခဲ့ဘူးပါတယ်…။
ဟုတ်ပါပြီ…။
အခုပို့စ်က မောင်သိန်းဇော်ရဲ့ ကဗျာတွေအကြောင်း ချီးမွမ်းခန်းဖွင့်မယ့် ပို့စ် တစ်ပုဒ်မဟုတ်ပါဘူး…။
၁၉၉၅ ခုနှစ်ထုတ် ပိတောက်ပွင့်သစ်မဂ္ဂဇင်း ထဲမှာ ပါခဲ့တဲ့ မောင်သိန်းဇော်ရဲ့ အင်တာဗျူးတစ်ခုမှာ ပါခဲ့တဲ့ စကားလေး
တစ်ခုကို ကြိုက်လွန်လွန်းလို့ ကိုးကားချင်တာပါဗျာ…။
ကဲ နည်းနည်း ဖတ်ကြည့်ပါဗျာ…။

“ဘာပဲဖြစ်ဖြစ်…။ ကဗျာဟာ ကျွန်တော့်ဘဝနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ စိတ်ကူး ရမ္မက်တွေအတွက် သီးသန့်နေရာတစ်ခုကို
ရှာဖွေပေးခဲ့သူပါပဲ…။ အဲဒါကိုပဲ ကျွန်တော့်ရဲ့ ကဗျာလေးတစ်ပုဒ် နာမည်အဖြစ် မှည့်ပေးဖူးပါတယ်…။
မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း…လို့…။”

ဆိုလိုတာက ကဗျာဆိုတာ ဇာတ်မင်းသားလေးသိန်းဇော်ရဲ့ သီးသန့်နေရာလေးတစ်ခုပါတဲ့…။
ခင်ဗျားတို့ …၊ ကျွန်တော်တို့…ရဲ့ သီးသန့်နေရာလေးတစ်ခုက မန္တလေးဂဇက် ဆိုတဲ့ ဟောဒီရွာကြီးပါပဲ…။
ဟုတ်ပါတယ်…။
မန္တလေး ဂဇက်ဟာ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ စိတ်ကူးရမ္မက်တွေအတွက်
သီးသန့်နေရာတစ်ခုကို ရှာဖွေ ပေးခဲ့ပါတယ်…။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေထဲက ခံစားချက်တွေ၊ အသိအမြင်တွေ၊ အတွေ့အကြုံတွေကို ဖလှယ်ဝေမျှနိုင်တဲ့
သီးသန့် နေရာလေးတစ်ခုပါ…။
သိတ်ပြီး အတိတ်သရဝုတ္တိ ရာ ကျသွားမလားတော့ မသိပါဘူး…။
မန္တလေးဂဇက်က စာရေးနေကြတဲ့ ကျွန်တော်တို့ အားလုံးဟာ
ကျွန်တော့်တို့ကိုယ် ကျွန်တော်တို့ ခိုးယူပေါင်းသင်းနေကြသူတွေ ပါပဲ
လို့ တင်စားလိုက်ချင်ပါတယ်…။

83 comments

  • N@ng Ghi Ghi Joe Z

    May 17, 2013 at 8:10 am

    ခိုးယူပေါင်းသင်းပီးရင်မပီးဘု ခည …
    မိဘပြန်အပ်တာတေ အတည်တကျ လက်ထပ်တာတေ ကျန်သေးရဲ့ …။
    နောက်တာပါ ဘဘ-ဘလက်ရယ်
    Virtual World ကို ဖွဲ့ပုံလေး အတော်လှပါကြောင်း အတည် မန့်ခဲ့ပါရဇီဗျာ

    ခင်တဲ့.။

    :harr:

    • black chaw

      May 17, 2013 at 4:31 pm

      @ နန်းဂီဂီ ဂျိုးဇက် ;
      ပထမဆုံး တက်လာတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ ဂီဂီရေ…။
      ညီလေး အတည်မန့်ခဲ့တယ်ဆိုတဲ့

      Virtual World ကို ဖွဲ့ပုံလေး အတော်လှပါကြောင်း

      ဆိုတာလေးနဲ့တင် ဒီပို့စ်ကို တင်ရကျိုးနပ်သွားပါပြီ…
      ဆိုတဲ့အကြောင်း အတည်ပြန်မန့်လိုက်ပါတယ်ဗျာ…။
      :mrgreen:

      • N@ng Ghi Ghi Joe Z

        May 17, 2013 at 4:57 pm

        ဖြတ်ပြောလိုက်ပါအူးမယ်ဗျာ ဒီမနက်ပဲသတင်းတက်တယ်
        David Beckhm နားပြီတဲ့.
        လ်ကတွေ့ဘဝမှာ သူ့ကို မတွေ့နိုင်တဲ့ ကျနော်တို့အဖို့တော့
        မြက်ခင်းစိမ်းတွေကို ဂြိုလ်တုကတဆင့် ဖန်သားပြင်ကတဆင့်
        မြင်တိုက်ရိုက်မြင်တွေ့နေခွင့် virtual world တခုထဲကနေ
        သူ လက်ပြသွားခဲ့ပြန်ပြီ ပေါ့ဗျာ.

        အိုဘယ့် virtual world.

        Bye bye DB7.
        :byae:

  • ဇာတ်မင်းသားလေး သိန်းဇော်သိန်းဇော် တိုင်းရှေ.ကကျော်…
    မြန်မာသဘင် စင်မြင့်ပေါ် တင့်တင့်တယ်တဲ့ ထယ်ဝါလှပေါ်… 2
    အောင်စည်သံငြိမ့်ငြိမ့်ခေါ် …………..

    ကျွန်တော်ငယ်ငယ်ကလဲ ဦးသိန်းဇော် ကတဲ့ဟာကြည့်ဖူးတယ်… ပန်းတွေပိုက်ပြီး သီချင်းဆိုတာလေ…

    ဒါနဲ.စကားမစပ် မိမိကိုယ်ကိုယ်ခိုးယူပေါင်းသင်းနေတဲ့ ပန်တြာ ဘလက်ချောကြီး… သများကို အပျော်ကြံသွားတယ်…. လာမယ်ဆိုလို.ဒီက စောင့်လိုက်ရတာ.. လက်ထဲမျာ ဝက်အူလှည့်ကြီးနဲ…. ဟွင်းဟွင်း

    • black chaw

      May 17, 2013 at 4:35 pm

      @ ရွှေတိုက်စိုး ;
      အပျော်ကြံသွားတာမဟုတ်ရပါဘူး ရွှေတိုက်ရေ…။
      သောကြာ ညကတည်းက နေပြည်တော် ရောက်နေရသူရယ်ပါကွယ်…။
      မပူပါနဲ့…။
      ဝက်အူလှည့်ကြီး အသုံးချဖို့ ရောက်အောင်လာခဲ့ပါ့မယ်ဗျာ…။
      :mrgreen:

  • MaMa

    May 17, 2013 at 9:57 am

    လူတိုင်းမြင်တွေ့နေကြရတဲ့ မြင်ကွင်းအဖြစ်အပျက်ပေမယ့်…..
    ကဗျာဆရာနဲ့တွေ့ရင် ကဗျာအဖြစ်ပုံပြောင်းသွားတယ်။
    သီချင်းရေးဆရာနဲ့တွေ့တော့ သီချင်းအဖြစ်ပေ့ါ။
    စာရေးဆြာ ကိုမဲချောနဲ့တွေ့တော့လည်းးးးးးးးးးးးးးးး
    လှပခန့်ငြားတဲ့ စာတစ်ပုဒ် ဖြစ်လာရတာပေ့ါ။
    Bravo ပါ စာရေးဆရာကြီး။ :hee:

    • black chaw

      May 17, 2013 at 4:39 pm

      @ MaMa ;
      ကွန်းမန့်လေးနဲ့ အားပေးသွားတာ ကျေးဇူးပါ မမရေ…။
      စာရေးဆရာကြီးလို့တော့ဖြင့် မလုပ်ပါနဲ့ဗျာ…။
      ဇာတ်မင်းသားလေး သိန်းဇော်ပြောခဲ့သလိုပါပဲ…။
      မိမိကိုယ်မိမိ ခိုးယူပေါင်းသင်း နေမိတဲ့ သဘောပါဗျာ…။
      အိုဘယ့် မန်းဂဇက်…။
      :mrgreen:

  • kyeemite

    May 17, 2013 at 10:12 am

    မန္တလေး ဂဇက်ဟာ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ စိတ်ကူးရမ္မက်တွေအတွက် သီးသန့်နေရာတစ်ခုကို ရှာဖွေ ပေးခဲ့ပါတယ်…။

    ဒါလေးကိုတော့ကြိုက်သဗျာ…
    ရဲဘော်ဘလက်
    အသဲကြော်အရက်
    ပွဲတော်အတွက်
    နွဲပျော် မပျက်
    အမြဲမျှော်လျှက်။… ဘာမန့်ရမှန်းမသိလို့ ကဗျောင်လေးရေးလိုက်ပါဂျောင်းးးး
    :hee: :kwi:

    • black chaw

      May 17, 2013 at 4:44 pm

      @ kyeemite ;
      အဲဒါလေးကို ကြိုက်တယ်ဆိုရင်တော့ မန္တလေး ကိုသိန်းဇော် ကိုသာ ချီးကျူးပါဗျာ…။
      သူ့အတွေးလေး ကျွန်တော်က ကြိုက်လွန်းလို့ ဝေမျှလိုက်တာပါ…။
      ဂီဂီ ပြောသလို…
      ခိုးယူပေါင်းသင်းပြီးရင် ပြန်အပ်ဖို့ မမေ့နဲ့ဦး ဗျို့…။
      :mrgreen:

  • weiwei

    May 17, 2013 at 10:27 am

    စာသားလေးက တော်တော့်ကိုလှတာပဲ …
    မနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ရင်း သူ့ကိုမေးမိတယ် … ဘာလုပ်ရတာကို စိတ်အချမ်းသာဆုံးလဲလို့??? သူကလဲ ပြန်မေးတယ် .. နင်ရောတဲ့ ???
    ဒီလောက် ရိုးရှင်းလွယ်ကူတဲ့ မေးခွန်းတစ်ခုကို သေချာမဖြေနိုင်ခဲ့ကြပါဘူး … ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ .. နောက်ဆုံးတော့ တူညီတဲ့အဖြေတစ်ခုနဲ့ အဆုံးသတ်သွားတယ် … ကျွန်မကတော့ ချက်ပြုတ်ကြော်လှော်နေရတာကို စိတ်ချမ်းသာမိတယ် … (နေ့တိုင်းတော့မဟုတ်)
    အဲဒီတော့ … တစ်ခါတစ်လေ မီးဖိုချောင်ထဲမှာ မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းမိနေတာပေါ့နော် …

    • black chaw

      May 17, 2013 at 4:52 pm

      @ weiwei ;
      ဟုတ်ပါတယ် မဝေရေ…။
      တော်တော်လှတဲ့ အတွေးလေးပါ…။
      ဟောအခုပဲကြည့်ဗျာ…။
      ကိုသိန်းဇော်ရဲ့ အတွေးလေးတစ်ခုက ဆင့်ပွားလာလိုက်တာ…။
      ကျွန်တော်က မန်းဂဇက်မှာ စာရေးခွင့်ရနေတဲ့ ဘဝလေးကို
      မိမိ ကိုယ် မိမိ ခိုးယူ ပေါင်းသင်းခြင်း ရယ်လို့ ဆင့်ပွားတွေးယူလိုက်ပါတယ်…။
      မဝေက မီးဖိုချောင်ထဲမှာ ချက်ပြုတ်ကြော်လှော်နေရတဲ့ ဘဝလေးကို
      မိမိ ကိုယ် မိမိ ခိုးယူပေါင်းသင်းခြင်း ရယ်လို့ ဆင့်ပွားတွေးယူလိုက်ပြန်တယ်…။
      အဲဒါကိုက ကဗျာပါပဲ မဝေရေ…။
      :mrgreen:

  • kai

    May 17, 2013 at 12:56 pm

    ကိုရင်ဘလက်တို့များ..အကြားအမြင်ရနေသလားမသိ..
    ဒီည.. မန္တလေးသိန်းဇော်နဲ့.. ဒင်နာလုပ်ရင်း.. အင်တာဗျူးဖို့ချိန်းထားတာ.. ဇတ်တိုက်မှာမို့ဆိုပြီး..ငြင်းလိုက်လို့မဖြစ်လိုက်ဖူး..

    အဟမ်း..
    နယူးယောက်ကပြန်လာရင်တော့..ဗျုးဖြစ်ပါမယ်….
    ဆိုတော့…
    လေဒီခိုင်ကတော့…မန္တလေးသိန်းဇော်က.. သူ့ကဗျာစာအုပ်လက်ဆောင်ပေးမယ်ဆိုလို့.. ပျော်နေလေရဲ့..

    • MaMa

      May 17, 2013 at 3:17 pm

      အဟမ်းးးးးးး အဟမ်းးးးးးးးးးးးးး
      ပညာရှိ သတိဖြစ်ခဲမို့ သတိပေးတာပါ သဂျီးရေ။
      ဇာတ်မှာ ရေးချ ကျန်ခဲ့တယ်။ :harr:

      • အရီးခင်လတ်

        May 17, 2013 at 5:13 pm

        ဒါက ဘိုသံ ပါတွားလို့ပါလေ။ 😆

    • black chaw

      May 18, 2013 at 6:48 am

      @ kai ;
      တိုက်ဆိုင်သွားတာပါဗျာ…။
      ပြီးခဲ့တဲ့ စနေနေ့…၊ နေပြည်တော်က စာအုပ်ဆိုင်တစ်ဆိုင်မှာ
      မောင်သိန်းဇော် ရဲ့ တောင်ကုန်းအဟောင်းများ ဆိုတဲ့
      ကဗျာစာအုပ်ကလေးတွေ့လို့
      နည်းနည်း မြည်းကြည့်မိတယ်ပေါ့ဗျာ…။
      စာအုပ်နောက်ပိုင်းမှာ မောင်သိန်းဇော်နဲ့ အင်တာဗျူးအဟောင်းလေး
      ပြန်ထည့်ပေးထားတယ်ဗျ…။
      အဲဒီအင်တာဗျူးလေးကိုပဲ သိမ်းထားချင်စိတ်ဖြစ်မိတာနဲ့
      ၁၅၀ဝ တန် ကဗျာစာအုပ်လေး ဝယ်ဖြစ်ခဲ့ပါတယ်…။
      ပြီးတော့ ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်…။
      တိုက်ဆိုင်မှု ဆိုပေမယ့်…
      မနက်ဖြန် (၁၉-၅-၂၀၁၃) မွန်းလွဲ ၂ နာရီကနေ
      ညနေ ၆ နာရီအထိ
      လော့အိန်ဂျလိစ်မြို့မှာ
      မောင်သိန်းဇော် အပါအဝင်
      ဖိုးကာ၊ စိန်ဝင်းထွန်း၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊
      သဲနုဝါ တို့ ဂီတမှူး နိုင်ဇော် တီးဝိုင်းအဖွဲ့နဲ့အတူ
      ဖျော်ဖြေကြမယ် ဆိုတဲ့ သတင်းလေးလည်း
      နားစွန်နားဖျားကြားထားပါသေးတယ် ဆိုတဲ့အကြောင်း…။
      :mrgreen:
      မောင်သိန်းဇော်နဲ့ အင်တာဗျူးဖြစ်ခဲ့ရင်
      အင်းမမြို့လေးက ချာတိတ်လေးတစ်ယောက်က
      (အင်း…အခုတော့ အိုကြီး အိုမ ဖြစ်နေပါပြီ)
      အခုထိ အားပေးနေသေးတယ် ဆိုတဲ့အကြောင်း
      ဆက်ဆက် ပြောပေးပါဗျာ…။
      မောင်သိန်းဇော်က လေဒီခိုင်ကို ပေးမယ့် ကဗျာစာအုပ်က
      တောင်ကုန်းအဟောင်းများ ဆိုတဲ့ စာအုပ်လေး
      ဖြစ်ဖို့များပါတယ် လို့ အကြားအမြင်မရပေမယ့်
      ဟောကိန်းထုတ်လိုက်ပါရစေ သူကြီးရေ…။
      :mrgreen:

  • Ei Kyipyar

    May 17, 2013 at 2:43 pm

    မန်းလေးသိန်းဇော်ဆိုတဲ့ ချစ်ပြုံးနှင်းဆီကို အရမ်းသဘောကျတယ်ဗျာ။

    မူရင်း အဆိုတော် ဘဒူလဲတော့ သေချာမသိ။

    မန္တလေး ဂဇက်ဟာ ခင်ဗျားတို့ ကျွန်တော်တို့ ဘဝတွေနဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ စိတ်ကူးရမ္မက်တွေအတွက်
    သီးသန့်နေရာတစ်ခုကို ရှာဖွေ ပေးခဲ့ပါတယ်…။

    အော် ကိုယ့်ကိုယ်ကို တောင်ပြန်ပီး ခိုးယူပေါင်းသင်ရတယ်တဲ့လား… ပြောင်မြောက်လိုက်တဲ့ ရသအတွေးလေး… :hee:

    • Shwe Ei

      May 17, 2013 at 3:12 pm

      စကားမစပ်… ယူဇာနိမ်းက အော်တိုချိန်းတတ်သလားဗျာ…
      အခုတညိုး တော်ကျာတညိုးတေ ဖစ်ကုန်လို့..

      ပို့စ်နဲ့မဆိုင်ပေမဲ့ ထူးဆန်းနွန်းနွန့် :kwi:

      • အရီးခင်လတ်

        May 17, 2013 at 3:43 pm

        ကကြောင်ကြီး လဲ အော်တို နာမည်ပြောင်း သွားလို့ အမြီးနင်းခံရသလို အော် နေတယ်။
        ရွှေအိက ကြည်ပြာ လား။
        ကြည့်ရတာ “က” နဲ့ စတဲ့ သူတွေ ပြသနာ နဲ့ တိုး ကုန်သလားဘဲ။
        Index ပြသနာ ဆိုရင်ပေါ့။ အထင်။ 😆

      • black chaw

        May 18, 2013 at 6:58 am

        @ Shwe Ei ;
        ကွန်းမန့်လေးအတွက် ကျေးဇူးပါရွှေအိရေ…။
        ယူဇာနိမ်း အော်တိုချိန်းသွားတာ ပယောဂလို့ ထင်ပါတယ်…။
        :mrgreen:

  • အရီးခင်လတ်

    May 17, 2013 at 2:48 pm

    ဒီဘက်က စာသားတွေ ဟိုဘက်မှာ ခိုးချမိနေပါရောလား။ 😉

    ဟိုဖက်မှာ မန့်ပြီး ဒီဘက်ဝင်အလာ ဟိုဘက် က စကား အတွေး တွေ နဲ့ တစ်ထပ် ထဲ ကျသွားတဲ့ စာတွေမို့ ပြုံးမိသွားတယ်။
    ပိုပြီး လှ တဲ့ စကား အတွေး တွေ အတွက် သဘောညီမျှ ရှိလှပါတယ် ကဘချောရေ။
    ဘာကျူရယ် ကမ္ဘာ ထဲ (ဒီထဲ မှာ မောင်ဂီ က သုံး ခဲ့ပြီ) က ပြန်ထွက်ဖို့ မလွယ်တာကို သတိပြုမိချိန် ဆေးကု၍မရပါ ဖြစ်နေအောင် လွန်နေတာ သတိပြုမိလိုက်တယ်။ 😆

    မန္တလေးသိန်းဇော် ကိုတော့ စိတ်ထဲ သိပ်ပြီး မရင်းနှီးလှဘူး။

  • TNA

    May 17, 2013 at 3:40 pm

    မန်းသလေးသိန်းဇော်ရဲ့ ကိုစောညိမ်းသီချင်းတွေပြန်ဆိုတာ အရမ်းကြိုက်ပါတယ်။ သူ့အသံကိုလဲကြိုက်ပါ တယ်။ လေးဘလက်ပြောမှပဲ ကိုယ့်ဖာသာကိုယ်ဘယ်နားမှာခိုးယူပေါင်းသင်းနေသလဲလို့ပြန်တွေးမိပါတယ်။ မိသားစုရေးဆိုတဲ့ ဝဲဂယ်ကထဲမှာခြာခြာလည်ရင်းနဲ့ပဲ အချိန်တွေ အသက်တွေကိုခိုးယူပေါင်းသင်းနေတယ်လို့ ပဲထင်မိပါတယ်။ ဘာလို့လဲဆိုတော့ လင်ရေးသားရေးမိဘရေးတွေပူပန်ရင်း အခုဆို အသက်ကလဲ ဘဝ တဝက်ကျိုးဖို့ သိပ်မလိုတော့ဘူးဆိုတဲ့အချက်ပေးခေါင်းလောင်းသံလေးတွေ အခုတလော မည်လာလို့ပါပဲ။

    • black chaw

      May 19, 2013 at 5:30 pm

      @ TNA ;
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ မသည်းနုအေးရေ…။

      :mrgreen:

  • ခင် ခ

    May 17, 2013 at 4:05 pm

    အင်း ခင်ခ အတွက်တော့ မန္တလေးဂဇက်က စွဲမက်စရာ နေရာ(ရွာ) တစ်ခုပါဘဲဗျာ။
    ကိုဘလက်ပြောသလို ခိုးယူပေါင်းသင်းနေကြသော အပေါင်းအပါတွေကလည်း ရှိပေသကိုး။

    • black chaw

      May 19, 2013 at 5:44 pm

      @ ခင်ခ ;
      လူမိုက်က ဘလက်ချော…၊
      အဖေါ်က ကိုခင်ခ ပေါ့ဗျာ…။
      :mrgreen:

  • Ma Ei

    May 17, 2013 at 4:34 pm

    မန္တလေးသိန်းဇော်ရဲ့ ပရိတ်သတ်ဖြစ်ခဲ့ဖူးသူမို့ သူ့အရေးလေးဖတ်ရတာ
    အရင်ချိန်ကို လွမ်းမိသွားတယ်…ကိုစောညိန်းသီချင်းတွေပြန်ဆိုတာကြိုက်ခဲ့ပေမယ့်
    ကေဇော် ဆိုတဲ့ အဆိုကိုလက်မခံနိုင်ခဲ့ဘူး…တစ်ချို့ကဗျာတွေလဲ နားမလည်နိုင်ခဲ့ဘူး…
    ကျမကတော့ သီချင်းအေးလေးတွေအတွက် သူ့ကိုချစ်ခဲ့ဖူးတယ်…

    • black chaw

      May 18, 2013 at 5:45 pm

      @ Ma Ei ;
      ဘာကြောင့်ရယ်မသိ…။
      ဒီကွန်းမန့်လေး ဖတ်ရတဲ့အခါ
      ငယ်ငယ်က အင်မတန်ကြိုက်ခဲ့ဘူးတဲ့ မောင်သာပြည့် ဝတ္ထုတစ်အုပ်ဖတ်လိုက်ရတဲ့
      ခံစားမှုမျိုးကို ပြန်ရပါတယ်…။
      အဲဒီခံစားမှုလေး ပေးနိုင်ခဲ့တဲ့ ကွန်းမန့်ပိုင်ရှင် မအိ ကိုလည်း ကျေးဇူးအထူးတင်ပါတယ်…။
      ဘီစီရွေးခွင့်ပြုပါ ခင်ဗျာ…။

  • အရီးခင်လတ်

    May 17, 2013 at 5:12 pm

    ခိုးယူပေါင်းသင်းတာ ကနေ ဆက်တွေးမိလို့ ပြန်ဝင်လာတာ။
    တစ်ခါတစ်ခါ ဒီ ဘာကျူရယ်အထဲ ကို ဝင်ရတာ အပြင်က ကိုယ့်ကို အလိုမတူဘဲ မုဒိန်း မကျင့်မိအောင် စိတ်ထိန်းနေရတာလဲ မဟန်ပါဘူး ကဘချောရယ်။
    တစ်ခါတစ်လေ စိတ်လွတ် သွားတာမျိုး မဟန်ဘူး။
    အခုဘဲကြည့် စိတ်ထိန်းမရ ပြင်ဝင်လာတာ။
    😛

    • black chaw

      May 19, 2013 at 5:14 pm

      @ အရီးခင်လတ်
      အပြင်က ကိုယ်နဲ့ ဘာကျူရယ်ထဲက ကိုယ်
      ဟန်ချက်ညီအောင် ထိန်းနေရတဲ့ ဘဝတူခြင်းမို့
      ကိုယ်ချင်းစာပါတယ် အစ်မရေ…။
      ဒီပို့စ်အတွက် အစ်မရဲ့ ကွန်းမန့်လေးအတွက်ရော…၊
      ဒီပို့စ်နဲ့ မဆိုင်တဲ့ ကိုပေါက်ကြီးနဲ့ ဂီဂီ တို့ ရဲ့ဆွေးနွေးမှုတွေကြားမှာ
      ပွင့်လင်းရဲရင့်တဲ့ အစ်မရဲ့ ကွန်းမန့်လေးအတွက်ရော…၊
      ကျေးဇူးအထူးပါ အစ်မရေ…။

  • kotun winlatt

    May 17, 2013 at 9:10 pm

    မတွေ့တာကြာပြီဖြစ်လို့ မင်္ဂလာပါ…ကိုဘလက်ရေလို့ပဲ…အရင်နှုတ်ဆက်ပါရစေ…
    ပြီးတော့ ကျန်းခန့်သာလို့ မာပါစလို့ သာကြောင်း မာကြောင်းလေး မေးပါရစေ…
    ဘယ်လိုပဲဖြစ်ဖြစ်ပေါ့….ဂေဇက်ရွာ ကြီးဆိုတာရှိလို့ ကိုဘလက်ဆိုတဲ့ ရန်ကုန်သားနဲ့ ကျနော်ဆိုတဲ့.. တောသားတွေ့ကြတယ်…စကားတွေပြောဖြစ်ကြတယ်ပေါ့..ဒီလိုတွေ..ဒီလိုတွေ….ပေါ့..
    ဒါကြောင့်..ဘယ်လိုပဲ ဆိုဆို..ဘယ်လိုပဲ ပေါင်းရ..ပေါင်းးရ….ကျေနပ်ပါတယ်ဆိုတဲ့ အကြောင်းးးးပြောပါရစေခင်ဗျ….

    • black chaw

      May 19, 2013 at 5:23 pm

      @ kotun winlatt ;
      မင်္ဂလာပါ ကိုထွန်းဝင်းလတ်ရေ…။
      ကျန်းခန့်သာလို့ မာပါတယ် ဗျာ…။
      မိတ်ဆွေကြီးရော ကျန်းမာချမ်းသာ ရှိပါစ…။
      ဘလက်ကြီးက ရန်ကုန်သား မဟုတ်ရပါဘူးဗျာ…။
      ပုသိမ်မှာမွေးပြီး အင်းမမြို့မှာ ကြီးခဲ့ရတဲ့ တောသားလေးတစ်ယောက်ရယ်ပါ…။
      တောသားချင်းဆိုတော့ ပိုနီးကြမှာပေါ့ဗျာ…။
      ကျွန်တော်ကလည်း ဘယ်လိုပဲပေါင်းရပေါင်းရ
      ကျေနပ်ပါတယ် ကိုထွန်းဝင်းလတ်ရေ…။
      :mrgreen:

  • uncle gyi

    May 17, 2013 at 9:25 pm

    မန္တလေးဂဇက်က စာရေးနေကြတဲ့ ကျွန်တော်တို့ အားလုံးဟာ
    ကျွန်တော့်တို့ကိုယ် ကျွန်တော်တို့ ခိုးယူပေါင်းသင်းနေကြသူတွေ ပါပဲ

    ပြောချင်တာကစာ၂ကြောင်းထဲ
    ချီလာတာက၁၉၅၉ကတည်းက
    ဇာတ်ကတာကော
    ရုပ်ရှင်ရိုက်တာကော
    သီချင်းဆိုကဗျာရွတ်တာကော
    တတ်လည်းတတ်နိုင်တဲ့
    ကိုဘလက်

    • black chaw

      May 19, 2013 at 5:50 pm

      @ uncle gyi ;
      ပြောချင်တာအထိ ရောက်အောင်ဖတ်ပေးသွားလို့
      ကျေးဇူးပါ အန်ကယ်ကြီးရေ…။
      :mrgreen:

  • lele kyi

    May 17, 2013 at 10:16 pm

    ကျမ ကမိမိကိုယ်မိမိ ခိုးယူပေါင်းသင်းလို့မရသေးဘူး။ ပို့စ်ရေးဖို့စဉ်းစားတိုင်း အကြောင်းအရာတွေရှုပ်ထွေးပြီးဆက်လို့မရတာ့ဘူး။

    • black chaw

      May 19, 2013 at 5:54 pm

      @ lele kyi ;
      မိမိ ကိုယ် မိမိ ခိုးယူပေါင်းသင်းနေကြောင်း…
      ဒီကွန်းမန့်လေးက သက်သေပါပဲ လီလီကြည်ရေ…။
      :mrgreen:

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 17, 2013 at 11:21 pm

    စာ၊ ကဗျာ ခံစားမှု နားလည်မှု ကဗျာရေးမှု စာရေးမှု တွေအကြောင်းကို
    ပြောတာထင်ပါရဲ့ ကျုပ်တော့ သိပ်နားမရှင်းဘူးဗျာ…………
    ဒီပို့ကို ဖက်ရင်း “မိမိကိုယ် မိမိ ခိုးယူပေါင်းသင်းကြသူများ” ဆိုတဲ့ ခေါင်းစဉ်ကို
    အကြိမ်ကြိမ်ရွတ်ကြည့်ပေမယ့် မအီမလည် နဲ့သာ အားပေးသွားရပါကြောင်းးးးးးးးးးးးးး

    • black chaw

      May 19, 2013 at 6:08 pm

      @ ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး) ;
      မအီမလည်နဲ့ သာ အားပေးသွားရတယ်ဆိုလို့
      စိတ်မကောင်းပါဘူး ဥက္ကဌ ရယ်…။
      နားမရှင်းပေမယ့် ဝင်ပေးသွားတဲ့ ကွန်းမန့်လေးအတွက်
      ကျေးဇူးပါဗျာ…။
      :mrgreen:

  • parlayar 46

    May 18, 2013 at 7:16 am

    ကိုချောရေ-

    ကိုယ် အစစ်အတိုင်း
    ကိုယ် ဖြစ်ခွင့်မရမှတော့
    အချိန်ပြည့်အတည်မပေါင်းရရင်တောင်
    အချိန်ကလေးရအောင်ယူပြီး ကိုယ်နဲ့ ကိုယ်နဲ့ ချိန်းချိန်းတွေ့မိတော့သဗျာ…။

    အဲသလိုပြောရရင် – ဂဇက်က ကျုပ်အတွက်တော့ ကိုယ်နဲ့ ကိုယ်ရဲ့ ချစ်ရိပ်မြုံလေးပေါ့…

    • black chaw

      May 19, 2013 at 6:14 pm

      @ ကိုပါလေရာ ;

      ဂဇက်က ကျုပ်အတွက်တော့ ကိုယ်နဲ့ ကိုယ်ရဲ့ ချစ်ရိပ်မြုံလေးပေါ့…

      မောင်သိန်းဇော်ထက်တောင် ကဗျာ ဆန်နေပါရောလား ကိုပါကြီးရေ…။
      :mrgreen:

  • yi yi

    May 18, 2013 at 9:23 am

    ကိုယ့်ကို ကိုယ်တိုင်
    ခိုးယူပေါင်းသင်
    အလိုမကျတဲ့ ကိုယ်
    ဘယ်သူကို အပြစ်ဆို
    ငိုကာ ငြီးတွား
    အလိုမကျလည်ပဲ
    ခရီဆုံးတိုင်း
    ခိုးယူပေါင်းသင်းမိနေသား

    ကိုဘချောရဲ့ ပိုစ့်လေးကို ရင်တွင်းဖြစ်ကဗျာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်

    • Novy

      May 18, 2013 at 10:47 am

      နိုဗွီရဲ့ ယူဇာနိမ်းက ဘဇာကြောင့် အောတိုချိန်သွားလဲမသိပါဘူးတော်
      ကိုယ့်ကိုကိုယ်တောင် ခိုးပေါင်းလို့မဝသေးဘူး
      အဲ့ဒါ ဘူ့လက်ချက်လဲဟေ့

      • jujuma

        May 18, 2013 at 3:40 pm

        အဲ ဟုတ်တယ်မနို်ရေ..ပြောင်းကုန်တယ်တော့ .. ဟိဟိ ပြန်ပြောင်းလို့ ရလားတိဘူးးး

        ဦးသိန်းဇော်ကတော့ ငယ်ငယ်တည်းကကြိုက်တာဗျ…
        ဟိုမင်းသမီးနဲ့ စေ့စပ်ပြီး အကယ်ဒမီ တစ်ခုရလို့ တဘောမတူဘူးဆိုလားဘာလားးးး :kwi:

      • black chaw

        May 19, 2013 at 5:58 pm

        @ Novy ;
        မနိုဗီရဲ့ ရင်တွင်းဖြစ်ကဗျာလေးအတွက်
        ကျေးဇူးအထူးပါ ဗျာ…။
        :mrgreen:

  • မိုက်ဒလယ်ဂျာ …
    မိမိ ကိုယ် မိမိ ခိုးယူ ပေါင်းသင်းတယ် ….. တဲ့ …
    ကျနော့် အတွက်တော့ …
    အပြင်က စတိုင်နဲ့ မကိုက်ညီတဲ့ ပုံစံနဲ့
    ဟောဒီ ဂဇက်မှာ ချစ်သူတွေ ဖြစ်နေဂျဘာဒယ်လို့ …
    အသွင် မတူ အိမ်သူ မဖြစ်ဆိုဘေမယ့် …
    ခု ဖြစ်တယ်ဂျ … ဟီးးး :mrgreen:

    • black chaw

      May 20, 2013 at 9:47 pm

      @ အံစာတုံး
      အံစာတုံး ၂ ကိုယ်ခွဲပေါ့…။
      ဒါမှမဟုတ် မြန်မာရုပ်ရှင်တွေလုပ်သလို
      အံစာတုံး စရိုက် ၂ မျိုးပေါ့…။
      အကယ်ဒမီတောင်ရချင်ရနေဦးမှာ ကိုယ့်လူ…။
      ဘာမှတ်နေလဲ…။
      :mrgreen:

  • ခရီးသည်ကြီး

    May 18, 2013 at 9:46 am

    မနေ ့က စပြီးခိုးတဲ ့ အနေနဲ ့ စာတစ်ပုဒ်ရေးတင်မိတယ် ။
    ခိုးပြီးမှတော ့ တာဝန်ရှိလာပြန်ပြီပေါ့။
    ဒီပို့စ့်ကိုလာကြော်ငြာသွားလို့ဝင်ကြည့်တာ
    တကယ်ပဲ လေထုထဲကမိတ်ဆွေတွေအတွက် ရိပ်မြုံလေးပဲကိုး
    ကျုပ်က ခိုးပြီးရင်ပေါင်းရမှာကြောက်လို ့အဝေးကပဲ ကြည့်နေတာပါ
    နောင်လည်း…..
    အထီးကျန်ဆွေး
    ဟိုးးးး ရှေး ရှေးလို
    ဝေးဝေးကသာ လွမ်းပါမည် လို ့

    • black chaw

      May 20, 2013 at 10:38 pm

      @ ခရီးသည်ကြီး
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးအထူးပါ ဗျာ…။
      :mrgreen:

  • ko pauk mandalay

    May 18, 2013 at 1:42 pm

    ကိုချောရေ
    မိမိကိုယ် မိမိ ခုးိယူပေါင်းသင်းတာတောင်မှ တစ်ခါတရံမှာ ခိုးမူ့ နဲ့ အကျုံ့းဝင်တယ်လို့
    အစွပ်စွဲခံရတာတွေရှိပါတယ်။
    အခုတော့ မိမိကိုယ်မိမိ ခိုးယူပေါင်းသင့်တဲ့အကြိမ်တွေလျော့ကျအောင်
    လျှော့ချလို့နေပါ၏။

    • black chaw

      May 20, 2013 at 4:22 pm

      @ ကိုပေါက်
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုပေါက်ရေ…။
      ခိုးယူပေါင်းသင်းတဲ့ အကြိမ်တွေလျှော့ချတဲ့နေရာမှာတော့
      ကျွန်တော်က ပိုမယ် ထင်ပါတယ်ဗျာ…။
      ကျွန်တော့်ပို့စ်လေးက
      ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့…၊
      ယိုးဒယားပြန်အမာစိန်တို့…။
      ပြီးတော့ …
      သတင်းစာထဲမှာ ပြူးပြူးပြဲပြဲ ကြော်ငြာခဲ့ဘူးတဲ့…
      နိုင်ငံခြားပြန်စတိတ်ရှိးမင်းသား မိုးမင်း တို့လို
      အမေရိကားပြန် ဖြစ်လာတော့မယ့် ဇာတ်မင်းသားလေး မောင်သိန်းဇော် ကို
      ဂုဏ်ပြုချင်တဲ့ သဘောနဲ့တင်လိုက်တာပါ…။
      လိုရင်းကိုရောက်လိမ့်မယ်လို့လည်း ထင်ပါတယ်…။
      ဆိုတော့…
      ဒီပို့စ်လေးက ကိုပေါက်ကို စိတ်အနှောက်အယှက်တစ်စုံတစ်ရာ
      ဖြစ်စေခဲ့တယ်ဆိုရင် ခွင့်လွှတ်ပေးဖို့ ရင်းရင်းနှီးနှီး ပြောချင်ပါတယ်ဗျာ…။
      ချစ်ခင်လေးစားတဲ့ …
      ဘလက်ချော

  • N@ng Ghi Ghi Joe Z

    May 18, 2013 at 3:07 pm

    လိုအပ်လာလို့ရေးလိုက်ပါဦးမယ်
    ဘဘဘလက်ရေ ခွင့်ပြုပါဗျို့

    ဘယ့်နှယ့်ဗျာ. အားတိုင်းယားတိုင်း လာလာခလုပ်တိုက်သကိုးးး
    မပြောချင်လို့ ရေးပီးမှ မတင်ဖြစ်တဲ့ ကော်ပီရိုက် ကိစ္စလေးပြန်ပြောပါအူးမယ်လေ. 
    အဟတ်.  
    တနှစ်ကျော်ကြာပြီ ဖြစ်တယ်.  အမေရိကမှာ အစိုးရက အင်တာနက်ဆင်ဆာရှစ်ပ် 
    လုပ်မယ်ဆိုလို့ ဝီကီ က တရက်အမှောင်ချတာ.  လူတွေဝိုင်းဝေဖန်ကြလို့ 
    အစိုးရက တိုးမယ့်ဆင် တလှမ်းဆုတ် လို့ လျှော်ပေးခဲ့တယ်. 
    မကြာပါဘူး.  ကင်ဒေါ့ကွမ် ရဲ့ ကမာ္ဘ့အထွားဆုံး ဟိုစတင်ဆိုက်ဒ် ပျက်ကျသွားပြီး 
    အဲ့ အတ္တဘော အဖမ်းခံရပါကောလား. (သည်အကြောင်း ကျနော် ရေးခဲ့ဖူးပြီးဖြစ်)

    အဲ့သည့်နောက် လွန်ခဲ့တဲ့ခြောက်လလောက်က ပန်းသီးထုတ်ကုန်တွေကို. 
    ခိုးဝှက်ဖောက်ကားနေတဲ့ အင်စတောလပ်စ် ဆိုတဲ့ နာမည်ကျော် နေရာတခုလည်း
    ပိတ်သိမ်းလိုက်ရပါပကောလား ( ဒီအကြောင်း ဖက်တီးကတ်ရေးပြီးဖြစ်)

    နောက် သုံးလလောက်အကြာမှာ အမေဒစ်ကင်န် တေးဂီတ ထုတ်လုပ်သူအဖွဲ့ နဲ့
    ရုပ်ရှင် ထုတ်လုပ်သူအဖွဲ့တွေက. အင်တာနက်ဆားဗစ်ပရိုဗိုက်ဒါတွေနဲ့ သဘောတူညီမှုတခု ထုတ်ပြန်ခဲ့တယ်.  
    အဲ့ဒါကတော့ ကျနော် ဘာသာပြန်ခဲ့ပြီး မတင်ခဲ့တဲ့ ပိုစ့်ပါပဲ.  

    ဘာကြောင့်မတင်သလဲဆိုတော့.  မလိုအပ်ဘူးထင်တာရယ်. 
    အဟွာတွေ. မတင်တော့ဘူး ဆိုလာတာရယ်. စကားနည်းရန်စဲချင်တာရယ်ကြောင့်ပါ.  

    ကော်ပီရိုက်ကိစ္စ စကားစပ်တိုင်း ရော စကားမစပ်လဲပါ ရွာ့ လူကြီးတွေကြားက 
    တိုင်ပင်စာတွေမှာရော. ပိုစ့်အားဖြင့်သော်လည်းကောင်း. ကောမန့်အားဖြင့်သော်လည်းကောင်း ခနခန တဖွဖွ အခဲမကျေ ဖြစ်နေပုံရလို့.  ပထမဆုံးနဲ့နောက်ဆုံး ရေးလိုက်ပါရဲ့ဗျာ. 

    ကိုယ်ပိုင်အသိနဲ့ ၂ကြိမ် သည်းခံပါကွာလို့ လူကြီးတွေတားတာ ၂ကြိမ် ရှိပြီမို့. 
    သည်တခါထပ်တွေ့ပြန်တော့ ကိုယ်ကပဲ မမှန်တာ ရေးခဲ့ပြောခဲ့သလို ဖြစ်မစိုးကြောင့်
    ရေးလိုက်ပါတယ် ဗျ

    အထက်ကကိစ္စပြန်ကောက်ပါ့မယ် ဆားဗစ်ပရိုဗိုက်ဒါဆိုတာ
    မြန်မာပြည် အလိုအရဆို အမ်ပီတီလို. ရက်လင့်ခ် လို နေရာမျိုးပေါ့ဗျာ. 
    ယူအက်စ်မှာတော့ စပရင့်လို ဗယ်ရီဇွန်လို ကန်ပနီတွေပေါ့.  
    အဆိုပါကန်ပနီတေကို အနုပညာရှင်တွေက အခု ဘယ်လိုစာချုပ်သလဲဆိုတော့. 
    Copyright warning system လို့ ရှာကြည့်ရင် တွေ့ရမှာပါ.  

    ခိုးထားတဲ့ ကူးထားတဲ့ သီချင်း ရုပ်ရှင် စတာတွေကို. တင်တာ ဒေါင်းတာ တွေ့ရင်
    ၁- သတိပေးစာပို့ပါမယ်.  တဲ့.  အဲ့ဒါမှ မရပ်သေးရင် 
    ၂- အင်တာနက်ကော်နက်ရှင်စပိ ကိုချပစ်လိုက်ပီး. ပုံမှန်စပိပြန်ရချင်ရင် အွန်လိုင်း ပညာပေး
    မူဗီ သော်လည်းကောင်း ကြည့်စေပြီးမှ ပြန်ဖွင့်ပေးပါမယ်တဲ့ ရက်သတ္တပါတ်လောက် 
    တော့ကြာမယ် ဆိုပါတယ်.  ဒီအဆင့်မှာ မရပ်ပြန်ရင်တော့ 
    ၃- တရားခွင် ပို့ပါမယ် တဲ့ အဆင့်ဆင့် ရပ်တံ့ဖို့ အသိပေးပြီးတော့မှ အခုအဆင့်ကို
    သွားတာဖြစ်တဲ့အတွက်. အမှုက ခိုင်မာစွာတည်ဆောက်ပြီး ဖြစ်နေပါပြီ တဲ့.  

    ဒါတွေက အသစ်ပေါ်လာတာတွေပါ.  ၂၀၀ဝ ပြည့်လွန်နှစ်တွေက အားမကောင်းခဲ့တဲ့
    မထိရောက်ခဲ့တဲ့ ကော်ပီရိုက် ဥပဒေတွေကို မွမ်းမံတာပါလို့လည်း ဖော်ပြပါရှိပါရဲ့.   

    ကျနော် ဒါတွေပြောနေတာ.  
    ၁- ဟောဒိ ဂဇက် ဟာ အများပိုင်နေရာဖြစ်နေတာ.တစုံတယောက်ကြောင့်   မပျက်စီးသွားစေချင်တာ. 
    ၂- သူများတွေလည်းတင်တာပဲ ငလည်းငလုပ်ချင်ရာလုပ်မှာပဲ စိတ်ဓါတ်နဲ့. 
    မဆီမဆို်င် အမေရိက မှာ တည်တဲ့ဆာဗာ နဲ့ သဂျီး ပလိန်းကြီး ဒုက္ခရောက်မှာ 
    ၃- သဂျီးဆိုလို့ ဖားတယ် မထင်ဘာနဲ့ မျက်စိပျက်တာ ကိုယ်ပိုင်အချိန်လျော့တာချင်းတူတူ
    ကျုပ်ဘယ်လောက်ရေးရေး တပြားမှ မပေးသူကို အချိန်ကုန်ခံ ဖားနေစရာ မလိုဘု ထင်ပါတယ်
    ပြောသင့် ရေးသင့်တာကို ပြောတယ် ရေးတယ်ပဲ မှတ်ကြပါဗျို့

    ကော်ပီရိုက်ဆန်းဆန်းတင့်ဖြစ်နေတာ ကျုပ်မဟုတ်. 
    ယနေ့ကမာ္ဘက ကော်ပီရိုက်က်စ္စ ဇောင်းပေးလာကြတယ် အစိုးရအပါအဝင်
    လူ့အဖွဲ့အစည်းတွေက သတိပြုပြင်ဆင်လာကြတယ်ဆိုတာ အထက်ကကိစ္စရပ်တွေကို
    ထောက်ချင့်ရင် သိနိုင်ပါတယ်ဗျို့.  မင်းကောကင်းနိုင်လို့လားး.  ကင်းခဲ့လို့လားး လာရိတာဖတ်ဖူးရဲ့
    ဟုတ်ကဲ့ ဘယ်မှာနေလို့တို့ဘာကြောင့်တို့ ကင်းခဲ့သလားတို့က ကိစ္စရပ်မဟုတ်.  
    လက်ရှိအသစ်ပြောင်းလဲလာတဲ့ ဝန်းကျင်မှာ ကင်းဖို့က အဓိကဗျ.  
    အရင်ကတည်းက အလုပ်စားပွဲမှာ ဆေးလိပ်ခွက်ချပြီး ဆေးလိပ်သောက်လာတာ. 
    ယနေ့ခေတ်ခေတ်ပြောင်းတော့ ဆေးလိပ်သောက်ရတဲ့ ဇုံ( အခန်း) တွင်းကလွဲရင် ဆေးလိပ်သောက်ခွင့် မရှိတော့ သလိုပေါ့ဗျာ.  
    ငဆေးလိပ်ခွက် ငစားပွဲပေါ်ဆက်ထားမယ်. လောကကြီးဘာပြောင်းပြောင်း ငလုပ်ချင်ရာငလုပ်မယ်
    ဆိုရင်တော့.  အင်းးးးးး.  ထားပါလေ. ဆက်ဆွဲပါအူးမယ်. 

    ဒီနေရာမှာ.  မိတ်အင်ယူအက်စ် ပဲ အကျုံးဝင်မှာပါကွာ လို့ဘွာခတ်မရစကောင်းဘူး. 
    SQL အခြေခံသိတဲ့လူ မေးကြည့်ရင် ရနိုင်ရဲ့ဗျ.  ဒီလူတွေ ဘာကိုဘယ်လိုခြေရာခံတယ်
    ဆိုတာ. နောက်တချက်မမေ့စကောင်းတာက.  အလကားရတဲ့ အီးမေးလ်မှာ SNS မှာ
    ကိုယ်ဘယ်သူဘယ်ဝါဆိုတဲ့ အချက်အလက်တွေ ထည့်ထား သွင်းထားသမို့.  
    ကျိမ်းသေပေါက် ဒုက္ခများနိုင်မယ့်ကိစ္စပါဗျို့. ကိုယ့်ဟာကိုယ်မမှုလို့ လုပ်တာ(ကိုယ်ပိုင်စပေ့စ်မှာ) 
    ကတော့ကိုယ့်ကိစ္စမို့ မပြောပါဘူးးးး ကိုယ့်ဟာကိုယ် သတ်သေတာ ရိုးရိုးမသေဘဲ အိမ်ကိုမီးနဲ့
    ရှို့လို့ တရပ်ကွက်လုံး ပြာကျမယ့်အရေးမို့လို့ပါဗျာ.  

    အချုပ်ပြောရရင် ကိုယ်မပိုင်တဲ့အရာကို ကိုယ်စိတ်ကြိုက် စီမံခန့်ခွဲတာက. 
    လက်သင့်မခံနိုင်စရာ ကိစ္စ ဆိုတာ ပါပဲ.  တာဝန်ယူတယ် ရှင်းနိုင်တယ်.  မကြောက်ဘူး 
    ဘာညာပြောတာက လွယ်ပါတယ်.  တကယ်မလွယ်တာက  
    (ထားပါဦး)Owner က ခွင့်ပြုတယ် ခွင့်လွှတ်တယ် ထားဦး. လူတကာဂလိုပဲ လုပ်နေတာပဲ
    ထားဦး.  အများပိုင် space လည်းဖြစ် ဆန်းဆန်းတင့်လာတဲ့ခေတ်လည်းဖြစ်. လေတော့. 
    Me vs Owner မဟုတ်တော့ပဲ. 
    Me vs the Interneဖြစ်လာတယ် ခည.  
    ဆက်ဆွဲရရင်. မြန်မာပြည် အိုင်ပီအက်ဒွက်စ် နည်းနည်း လေးနော.  
    ဘန်းခံရရင် ပိတ်ခံရရင် ခံရမှာ ကိုယ် တယောက်တည်းမဟုတ်ဘု.   
    မြန်မာပြည် ဂီတလောကကလည်း ထုတ်ပြန်ချက် တခုနှစ်ဆန်းက ထုတ်ထားတယ်
    ရုပ်ရှင်လောကကလည်း ဟိုစတင်ဆိုက်ဒ်တေကို သူတို့တင်ရောင်းမှာဖြစ်တဲ့အတွက် 
    ဆိုပြီး မေတ္တာရပ်ထားတာရှိတယ်.   
    ကုန်ကုန်ပြောရရင်. ဒါတွေမရှိလည်းပဲ. ကိုယ်မရှိတုန်းကိုယ့်အိမ်ပေါ်တက် ပီး 
    ကိုယ့်အဝတ်အစားတွေ သူများပေးပစ်တာမျိုး လုပ်ရင်တော့ ဘယ်သူမှ ကြိုက်မယ်မထင်. 
    ကြည့်လုပ်ပေါ့နော့.  ခုလို ကွကိုယ် အပျော်တမ်းရေးတဲ့စာတောင် သူများ ကခိုးရင် 
    ရန်ဖြစ်တတ်ကြသေးတာ.  သူများကော်မာရှယ် ရောင်းကုန်ကျတော့. အဟတ်.  

    P.S
    (ဒီကိစ္စ သဂျီး တခုခုဝင်ပြောစေလိုပါတယ် )
    ကိုယ်မပိုင်တဲ့ ပိုင်ရှင် ရှိတဲ့ သီချင်းတွေကို ကိုယ်မပိုင်တဲ့ (အများပိုင်အနေနဲ့) သတ်မှတ်
    ထားရှိတဲ့ နေရာတခုမှာ တင်တာဟာ ပြဿနာ ဖြစ်လာစရာများတာမို့. 
    ဒါဟာ မလုပ်သင့်ပါဘူး လို့ပြောခဲ့တာ မှားမမှား ကိုပေါ့.  
    မှားတယ်ဆိုရင် ကျုပ်ပြောခဲ့သမျှပြန်ရုတ်သိမ်းပြီး တောင်းပန်ပါ့မယ်လေ. 

    • အရီးခင်လတ်

      May 18, 2013 at 4:14 pm

      သူကြီးမင်းတော့ ခေါင်းဆင်နင်း နေတယ်လို့ အိမ်မက် မက်နေလောက်ပြီ။
      😛

      • ခရီးသည်ကြီး

        May 18, 2013 at 4:24 pm

        သိပ်မပေါက်ဘူးဗျ
        ရှင်းပါဦး

    • Admin Kai

      May 20, 2013 at 1:45 pm

      တော်တော်များများ ပြောစရာရှိပါတယ်..
      တိုတိုလိုရင်းဖြတ်ပြောရရင်…
      ကျုပ်က.. စာပေ…အနုပညာ… ကဗျာ..သီချင်အကုန်ချစ်ပါတယ်..
      အဖိုးလေးရော..အဖေရော..လေဒီခိုင်ရော…ကိုယ်တိုင်ရောစာရေးဆရာတွေမို့.. စာရေးဆရာတွေ(အဲဒီခေတ်က)စာရေးစားရင်.. ဆင်းရဲတာ.. ငတ်တာလည်းသိပါတယ်..

      ပြောရရင်.. မြန်မာ့အနုပညာသည်တွေ.. သဘင်ပညာသည်တွေ.(တချို့).(နှစ်တိုင်း.. ) ယူအက်စ်ခေါ်နေတာ.. ကျုပ်နဲ့မိတ်ဆွေတယောက်..လွန်ခဲ့တဲ့..ရနှစ်ကပေါင်းထောင်ထားတဲ့… အသင်းအနေနဲ့ပါ..
      အခုမန္တလေးသိန်းဇော်တို့အဖွဲ့လည်း.. အသင်းစပွန်ဆာဆိုပါတော့…။ (စကားချပ်..။ )

      ဆိုတော့…
      သူတို့အနုပညာ.. မြန်မာ့အနုပညာ… မူပိုင်ခွင့်တွေအတွက်.. ယူအက်စ်မှာ.. ကမ္ဘာမှာမှတ်ပုံတင်ပေးနိုင်ဖို့.. ကြိုးစားဖူးပါတယ်..
      ဒီနှစ်ထဲ..ရုပ်ရှင်အစည်းအရုံးငှက်ကထ ယူအက်စ်ခေါ်ပါဦးမယ်..။ အဲဒီကိစ္စတွေတိုင်ပင်ပါဦင်္းမယ်..။
      (စကားချပ်… )

      မူပိုင်ခွင့်ခံစားချင်ရင်..ကမ္ဘာတန်း မှတ်ပုံတော့တင်ရမှာပါ..
      စာရေးဆရာကလည်း.. သူရေးတဲ့စာ.. မှတ်ပုံတင်ရုံးပို့.. မှတ်ပုံတင်ရတာပါ..။
      မှတ်ပုံတင်ရုံးက.. ဘာမှထူးမလုပ်ပါဘူး.. နေ့စွဲတပ်သိမ်းထားလိုက်တာလို့..သိထားပါတယ်..။
      မူပိုင်ခွင့် ပြဿနာဖြစ်လာရင်.. နေ့စွဲအရအရင်မှတ်ပုံတင်ထားသူ.. စားကြေးပေါ့…။
      ရှေ့ကအရင်ရေးတာ.. နောက်ကရေးတာ.. မသိ.. မှတ်ပုံတင်နေ့နဲ့သတ်မှတ်ပုံ..ဆုံးဖြတ်ပုံရပါတယ်..

      ဆိုတော့…
      မြန်မာသီချင်း.. ဂီတ..ရုပ်ရှင်.. ကမ္ဘာတန်းအသိအမှတ်ပြုလက်မှတ်မထိုးထားပါ..
      မှတ်ပုံမတင်ထားပါ…။
      ရုပ်ရှင်ကိုမှတ်ပုံတင်ခိုင်းတာ.. တကား.. မှတ်မိသလောက်..၅၀ဝဒေါ်လှလောက်ကုန်မှာမို့.. မတင်ကြပါ..။ ခိုးချထားတာတွေပါ(ကောင်း)တာမို့.. ယုံကြည်ချက်မရှိတာလည်း… ပါပုံရပါတယ်..

      ဆိုတော့…
      မူပိုင်ခွင့်နဲ့ပါတ်သက်ရင်.. ဥပဒေ.. တရားတဘောင်ကိစ္စ… အင်မတန်ရှုပ်ထွေးပါတယ်..
      သိသလောက်.. မြန်မာဇာတိနွယ်ထဲ.. မူပိုင်ခွင်နဲ့ပါတ်သက်တဲ့.. ရှေ့နေလုပ်စားနေသူ.. ယူအက်စ်မှာ.. မရှိသေးပါ..
      ကော်ပီရိုက်.. ပက်တန့်နဲ့ပါတ်သက်တဲ့..လောစကူးသွားတက်သူတယောက်တော့.. လွန်ခဲ့တဲ့.. ၈နှစ်လောက်ကကြားဖူးတယ်..
      ကျောင်းပြီး…ပြီးမသိ…
      ဆိုတော့.. တရားရေးပိုင်းရောက်ပါပြီ..
      ကျုပ်အနေနဲ့.. အတိအကျ.. နားမလည်ပါ…
      သိတာကတော့.. မန်းဂဇက်ဝက်ဘ်ဆိုက်ထဲတော့.. မူပိုင်ခွင့်နဲ့ပါတ်သက်တာတွေ.. ငြိနိုင်တာတွေ.. ရှယ်တာတွေ.. ပေးတာတွေ..( ပြောလာသူ..ထောက်ပြသူ.. သတိပေးသူရှိရင်).. တင်ခွင့်မရှိပါကြောင်း…. ရယ်..။ :kwi:

      အဲဒါကြောင့်.. ကိုပေါက်လည်း..(ဟိုးတခါပြသနာဖြစ်တော့) တင်ပြီးသားကို.. ဖျက်ပေးသွားပါတယ်..
      သာမန်အားဖြင့်…
      သီချင်း.. ရုပ်ရှင်..စာပေ.. အင်တာနက်ထဲအပြင်လောကမှာ.. ပါစင်နယ်..လေ့လာဖို့.. ပရိုမိုးရှင်းလုပ်တာ.. ရှားပါးလို့သိမ်းပေးဖြန့်ပေးတာ.. စသဖြင့်… (ဘယ်အကြောင်းပြချက်နဲ့မှ) ရှယ်ခွင့်.. ဖြန့်ခွင့်.. မရှိပါ..။
      ပြောရရင်..
      သတင်း.. စာမူ.. ဓါတ်ပုံ.. တပိုဒ်.. တပုဒ်.. ရှယ်ခွင့်မရှိပါ…။
      ကိုးကားမှီငြမ်းပြီးရင်.. ခရက်ဒစ်တူ.. ဆိုပြီးလည်း.. လုပ်ခွင့်မရှိပါ… အဲလိုလုပ်လို့.. မူပိုင်ခွင့်ကနေလွတ်မသွားပါ…။

      လုပ်ခွင့်ထဲ.. (အင်မတန်ပါးလှပ်လှပ်ကလေး..) ဖဲယူစ့်ဆိုပြီးတော့ရှိပါတယ်..
      သိချင်ရင်ဖတ်ကြည့်ပါ…။
      http://en.wikipedia.org/wiki/Fair_use
      အဲဒါမျိုး.. ဒီဟာမျိုး.. ဆိုတာတွေရှိပြီး.. အဲဒါတရားတဘောင်ဖြစ်လာရင်.. ရှေ့နေများအလုပ်ဖြစ်ပါကြောင်း…။
      တရားရေးကို.. တရားသူကြီးကသာ.. ဆုံးဖြတ်ရ..ဆုံးဖြတ်သင့်ပါကြောင်း… :kwi:

  • ko pauk mandalay

    May 18, 2013 at 4:02 pm

    ကော်ပီရိုက်ကိုလေးစားရမယ်လိုက်နာရမယ်ဆိုတာကို နားလည်ပြီးသားပါ။
    ဒါကြောင့်ကိုယ်ရေးတဲ့ဆောင်းပါးကို ကိုယ်တိုင်ရိုက်တဲ့ဓါတ်ပုံဘဲအသုံးပြုပါတယ်။
    အရင်ကကြိုက်လွန်းလို့သုံးနေတဲ့ စတော်ဘယ်ရီသီးတောင် ဂူဂဲလ်ကရထားတဲ့ ပုံဖြစ်လို့
    ကြိုက်ပေမယ့် ကိုယ်ရို်က်တဲ့ပုံနဲ့ပြောင်းသုံးခဲ့တာ။
    အဲဒီပိုစ်ကိုတင်တုံးက သီချင်းကလဲ တေးသံသွင်းဆိုင်မှာအလွယ်တကူဝယ်မရနိုင်တဲ့သီချင်း
    ကောင်းပါလျက်နဲ့ပျောက်နေတဲ့ ခင်မောင်တိုး မွန်းအောင် ခင်ဝမ်းသီချင်းကို တင်ပေးတာ.။
    အဲဒီအချိန်မှာကတည်းက အလွယ်တကူဝယ်မရတဲ့သီချင်းကို မတင်ဘူးလို့ ပြောပြိးသား။.
    တင်ထားတဲ့သီချင်းနဲ့ ရည်ရွယ်ချက်ကို သေချာမလေ့လာဘဲ
    ကော်ပီရိုက်နဲ့ကိုင်ပေါက်လို့ ပြောနေတာ။

    အဲဒီပိုစ်ကိုဖျက်လိုက်တာကလဲ မန်းလေးဂေဇက်တစ်ခုခုဖြစ်သွားရင်
    အဲဒီသီချင်းကြောင့်လို့ ပြောစရာဖြစ်မှာစိုးလို့ဖျက်ပေးခဲ့တာ။

    အောက်ကလင့်ကိုကြည့်လိုက် သီချင်းတွေပြန်ဖော်ထုတ်ပေးနေတာ။
    အဲဒီအဖွဲ့ထဲမှာ လက်ရှိအောင်မြင်နေတဲ့အဆိုတော်အစုံပါတယ်။
    ဝါသနာရှင်တွေပါတယ်။
    ပျောက်နေတဲ့သီချင်းဆိုတာ ဖော်ထုတ်ပေးမှာနောက်လူငယ်တွေသိလာမှာ။
    ကိစ္စတစ်ခုကိုဝေဖန်တဲ့အခါမှာ ဒီလူဘာအတွက်ရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတာ ကိုပါ
    ထည့်စဥ်းစားသင့်တယ်။
    https://www.facebook.com/groups/218855448177774/?ref=ts&fref=ts
    Ma Lynn updated the description.
    ၇ဝ ၊ ၈ဝ ၊ ၉ဝ ခုနှစ်များက သီချင်းသည်များအကြောင်း
    အဟောင်းတွေ ပြန်တူးဖော်ကြမယ် …
    အထူးသဖြင့် ရှားပါး၊ မြှုပ်ကွယ်နေကြတဲ့
    သီချင်းသည်တွေနဲ့ သူတို့ သီချင်းတွေပေါ့ …
    အားလုံးသိတဲ့ အဟောင်းတွေ တတ်နိုင်သလောက် ပေးကြပါ …

    ကျေးဇူးတင်ပါသည်။

    •*မြန်မာ*သီချင်းသည်များနှင့်သီချင်းများ
    • ”*စတီရီယို* တေးသီချင်းများနှင့် သီချင်းသည်များကိုသာ” ဆိုလိုခြင်း။
    • ကာလမှာ ၇ဝ ၈ဝ ၉ဝ ဖြစ်သည်အလျောက် ၇ဝ ခုနှစ်မှ ၉၉ ခုနှစ် အထိသာ ။
    • ဆိုလိုသည်မှာ ၇၀-၉၉ အတွင်း ပေါ်ထွက်လာသော သီချင်းသည်များသာ။

    (သီချင်းသည်များ – တေးဖွဲ့သူ၊ သီဆိုသူ၊ တီးဝိုင်းများ၊ ဟာမိုနီ သီဆိုသူများ အပါအဝင် သီချင်းဖြစ်တည်စေသောသူများ)

    သီချင်းနှင့် မပက်သက်သော အကြောင်းအရာများ သော်လည်းကောင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ ကြော်ငြာများ၊၊ ရုပ်ရှင်များ၊ မိမိကိုယ်တိုင်ဖန်တီးသောအရာများလည်း ဝေမျှမှုများလည်း မပြုပါရန်။

    ◘ အဖွဲ့ဝင်များသို့ မေတ္တာရပ်ခံစာ
    https://www.facebook.com/groups/218855448177774/doc/408456929217624/

    ဤစာမျက်နှာပါ အကြောင်းအရာများ အားလုံးသည် …
    မိမိကိုယ်ပိုင်အတွက် နားဆင်ခံစားရန်အတွက်သာ။
    စီးပွားဖြစ်မဟုတ်ပါ။
    ပြန်လည်ထပ်ဆင့် ဝေမျှလိုပါကလည်း
    လေးစားသောအားဖြင့် ဝေမျှသူနှင့် အဖွဲ့ကို ဖော်ပြပေးပါရန်။ ***

    ”၇ဝ ၈ဝ ၉ဝ ခုနှစ် သီချင်းသည်များ” အဖွဲ့မှ သီချင်းဟောင်းများကို ပြန်လည်တူးဖော်ခြင်းဖြင့် သီချင်းသည်များအား ဂုဏ်ပြုပါသည်။

    ဒါကလဲ ခိုးယူပေါင်းသင်းခြင်းဆိုတာလေးဖတ်လိုက်တော့ ခုိုးမူ့မြောက်တယ်ဆိုတာကို သတိရသွားလို့ပြန်ရေးပေးတာ။

    • အရီးခင်လတ်

      May 18, 2013 at 4:16 pm

      ဟေ့ လူကြီးမင်းများ
      နာမည်ဟောင်း တွေ ပြန်ပေါ် နေတာ နဲ့ အတူ အတိတ်ဟောင်းတွေ ပြန်ဖော် နေကြသလား။
      ဆွေးနွေးကြပါ။ မိတ်ဆွေတွေဘဲ။

  • ko pauk mandalay

    May 18, 2013 at 4:24 pm

    တစ်ခါတစ်ရံမှာ ကောင်းသောရည်ရွယ်ချက်နဲ့ပျံ့နှံ့အောင်လုပ်ကြတာတွေရှိတယ်။
    အောက်မှာရှိတဲ့ ဖေစ်ဘုတ်မှာလုပ်နေကြတာကိုလေ့လာကြည့်ပါ.

    အခြား ပါဝင်နိုင်သော အဖွဲ့များ –

    ◘ Original/Copy သီချင်းမှတ်စု
    https://www.facebook.com/groups/343840505636300/
    (မမိုးမခလှိုင်မှ ဖွဲ့တည်သည်)

    ◘ တချိန်တုန်းက တက္ကသိုလ်ဆီ
    ( ကျောင်းနှင့် ကျောင်းသီချင်းများ အကြောင်း အကျယ်တဝင့် ) https://www.facebook.com/groups/289604951061222/

    ◘ မဇ္ဈိမလှိုင်း နှင့် သူတို့
    https://www.facebook.com/groups/165240943563871/

    ◘ မြန်မာသံစဉ်သီချင်းများ
    https://www.facebook.com/groups/205291936210062/

    ◘ မြန်မာဂန္တဝင်သီချင်းများ
    (ဤစာမျက်နှာတွင် သီချင်းများ ပိုမို၍ စုံစုံလင်လင် ခံစားနိုင်လေသည်)
    https://www.facebook.com/groups/MmClassical/
    (မမိုးမခလှိုင်မှ ဖွဲ့တည်သည်)

    ◘ မြန်မာသံလေးတွေ နားထောင်ကြမယ်
    ( ဤစာမျက်နှာတွင်လည်း ပိုမို၍ စုံစုံလင်လင် တွေ့နိုင်ပါသည်)
    https://www.facebook.com/groups/BurmeseSongs/
    (Myanmar classical မှ ဖွဲ့တည်သည်)

    The Wild Ones သဘာဝရဲ့ရင်သွေးငယ်များ
    https://www.facebook.com/groups/167110696711657/
    Khin Maung Toe မဇ္ဈိမလှိုင်း
    https://www.facebook.com/groups/300384799978651/
    Ko Nay Win Fan Club
    https://www.facebook.com/groups/264096036963734/
    (ကိုကျော်ဦးမှ ဖွဲ့တည်)

    Ko Ye’ Lwin (ကိုရဲလွင်- မဇ္ဇျိမလှိုင်း)
    https://www.facebook.com/groups/270845689603524/
    (မလင်းထွေးသော်မှ ဖွဲ့တည်)

    Khin One Fan Club
    https://www.facebook.com/groups/102875633098754/
    (ကိုဗညားဦးမှ ဖွဲ့တည်)

    စိုးလွင်လွင်
    ခိုင်ထူး
    မွန်းအောင်
    စိုင်းထီးဆိုင်

    ဒီလို သီချင်းအစုအဖွဲ့လေးတွေနဲ့ပေါင်းလုပ်နေတာက မြန်မာသီချင်းတွေကို လူတွေသိလာအောင်
    ပိုပျံ့နှံ့အောင်ဝိုင်းလုပ်ပေးနေကြတာ.

    https://www.facebook.com/groups/BurmeseSongs/
    မြန်မာသံလေးတွေနားထောင်ကြမယ်မှာဆိုရင် သူတို့လိုတယ်ဆိုတဲ့သီချင်း
    ကျနော်အပါအဝင်အားလုံးက ဝိုင်းရှာပေးနေတာ။

    လူတစ်ယောက်ကိုဝေဖန်တဲ့အခါမှာ သူ့ရဲ့လုပ်ရပ် သူဘာကိုရည်ရွယ်တယ်
    ကောင်းအောင်လုပ်တာလားပျက်စီးအောင်လုပ်နေတာလားဆိုတာကို ကြည့်ပြီးမှ
    ဝေဖန်သင့်တယ်ဆိုတာသိစေချင်လို့ပြန်ရေးနေတာ။

    နောက်တစ်ချက် ဒီသီချင်းအကြောင်းပြောတုန်းက ကျနော်တင်တဲ့သီချင်းပိုစ်မှာလာရေးရင်
    အဲဒီမှာကတည်းက တစ်ခါတည်း အခုလိုဖြေရှင်းလိုက်မှာ။
    အများနဲ့သက်ဆိုင်တဲ့ပိုစ်မှာ နာမယ်မတတ်ဘဲရေးလို့ အခုမှသူများပိုစ်မှာလာပြောရတာပါ။
    ဘယ်သူ မဆို ကျနော်ကို ကြိုက်တာ မကြိုက်တာ ကျနော်နာမယ်တတ်ပြိးဝေဖန်နိုင်တယ်။
    ကျနော်ပိုစ်ထဲလာရေးရင်ဖြစ်စေ ဝေဖန်ရင်ဖြစ်စေ ကျနော်က ဘယ်တော့မှ ဖျက်မပစ်ပါဘူး။.
    သူစိတ်ထဲရှိတာ သူပြောတာ။
    အခုလိုပြောတာကလဲ ကျနော့်ဘက်က ရပ်တည်ချက်ကို ကျနော်ပြောတယ်။

    သီချင်းတွေ ကို လင့်ပေးတာ ကော်ပီရိုက်နဲ့ညိတယ် ခိုးမူ့မြောက်တယ်လို့ တစ်ယောက်ကပြောမယ်။.
    ကျနော်ကလဲ ကျနော်အခုလိုလုပ်တာ သီချင်းရေးသူကို လေးစားလို့ လူတွေသိအောင်ဖြန့်ပေးတာ
    ကျနော်ကိုယ်ကျိုးစီးပွားလုပ်တာ မဟုတ်ဘူးလို့ ခုံခံကာကွယ်ပိုင်ခွင့်ရှိတယ်။
    ဒါပေမယ့် ဒီမန်းလေးဂေဇက်မှာ မတင်နဲ့လို့ ပြောတယ်
    ဖျက်ပေးလိုက်တယ်။
    ဒါပေမယ့် ကျနော်က ခိုးမူ့ကြော်င့်ဆိုတာကြောက်လို့ဖျက်ပေးတာမဟုတ်ဘူး။
    ကျနော်တရားဝင်ပြောပြီးသာ ဒီလိုသီချင်းတင်လို့ သီချင်းရေးသူ သို့မဟုတ် သီချင်းပိုင်ရှင်ကိုယ်တိုင်က
    မကျေနပ်လို့ပြောရင် ဒါမှမဟုတ် တရားစွဲမယ်ဆိုရင်တောင်မှ ဖြေရှင်းဘို့ အဆင့်သင့်ရှိပါတယ်.
    .

    • အရီးခင်လတ်

      May 18, 2013 at 7:46 pm

      မူပိုင်ခွင့် ကို နိုင်ငံတကာ တန်းဝင်ချင်ရင်
      ကိုယ်မပိုင်တဲ့ သီချင်းတပုဒ်ကို ရှဲချင်တိုင်းရှဲတာ မတရားဘူး လို့ တော့ ထင်ပါတယ် ကပေါက် ရေ။
      သီချင်း မှမဟုတ် ဝတ္တု၊ လူတွေ သုံးနေတဲ့ software တွေ အားလုံး နွယ်လာမှာပါ။
      အနာဟောင်း တွေ ပြန်ဖော် မနေတော့ ဘဲ နေရာတိုင်းကို အသစ် ပုံစံ နဲ့ ပြုပြင်ဖို့ ကပေါက် ရေးထားသလို ပြောင်းဖို့အချိန်ရောက်ရင် ခေါင်းမမာဘဲ ပြောင်းဖို့ ကြိုးစားကြည့်ကြစို့လား။

  • N@ng Ghi Ghi Joe Z

    May 18, 2013 at 5:39 pm

    ရော်.     

    http://www.copyrightinformation.org/the-copyright-alert-system/

    ကိုယ့်ဟာကိုယ်သာ ဖတ်ကြည့်ကြပါတော့ အရပ်ကတို့.  
    ဖောရှောတွေလား အမှန်တွေလားဆိုတာတော့.  
    ကိုယ့်ဒေါသနဲ့ကိုယ်ပဲ.   

    ရှာရခက်တယ် ဝယ်ရခက်တယ်.  ဘာညာ. သိပ်အလွယ်မပြောကြကြေးဗျ
    အစကတည်းက ဒီဂျစ်တယ်ဖောမက်နဲ့ရှိပြီးသား တစုံတခုနော.  
    မူရင်းပိုင်ရှင်က သူပိုင်ပီး သူရလိုကြောင်း ပြောလာတဲ့ခေတ်.  ခည.  

    ကိုယ်နားထောင်တဲ့သီချင်းတပုဒ်   ဖန်တီးသူလက်ထဲ ဘယ်နှပြားးးရောက်သွားသတုံး
    စဉ်းစားကြည့်စေချင့်.   ခြံစည်းရိုးထင်းခွေကြတာလေ.   မင်းတို့နှောင်းလူတွေ 
    ဘယ်သူ့မမီဘု ဘယ်ဝါ့မမီဘု အလွယ်လေး ပြောလိုက်ကြအုံး.  
    ကိုယ်တိုင်တော့.  ပန်နာတောနစ်စကေးလ် အံကျအောင်ဆိုနိုင်ရဲ့လားမသိ
    ပေမယ့်.  ကိုယ်မပိုင်တာတွေကျ လုပ်ချင်ရာလုပ်နေကြတာ မြင်မကောင်းဘူးးး

    ကိုယ် ကိုယ်တိုင် Reel ကိုင်ပြီး mp3 ရိုက်ခဲ့တာ ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် သိပါတယ်ဟုတ်တာပြောလည်းမထောက်ခံတာ.  တော့ နည်းနည်း. ချဉ်သဗျ. 
    (မှားမှန်းသိလည်း ဝန်မခံတာကိုတော့ မချဉ်တော့ပါဘု.   ရွံသွားသကိုး).  

    ဆိုလိုချင်တာ.  Digital format နဲ့ရှိပြီးသား ပိုင်ရှင် ရှိတဲ့ အရာတွေ လို့ပြောချင်တာပါ
    မနေ့တနေ့ကထိတော့.  ပိုင်ရှင် က နည်းပညာကြောင့်သော်လည်းကောင်း 
    လုပ်ထုံးလုပ်နည်းကြောင့်သာ်လည်းကောင်း ကိုယ့်ပစ္စည် သူများလုပ်ချင်ရာ 
    လုပ်နေတာ မပြောသာခဲ့ဘူး.  ယနေ့မျက်မှောက်မှာ.  ပြောနိုင်လာတဲ့ခေတ်ရောက်လာတယ်.   

    ဆိုတော့.  သင်ဘယ်ဘက်မှာနေမတုန်း.   

  • KZ

    May 18, 2013 at 7:14 pm

    ကို ဘလက်ရယ်။
    တည့်တည့် ကို ထိတာပါပဲလား။
    ကျနော့မှာလည်း ၂ ဘဝပါပဲ။
    Real World မှာ တစ်ဘဝ
    Virtual World မှာ တစ်ဘဝပါ။

    ဒါကို ဒီ Virtual World က ဘဝကို အပြင်နဲ့ မရောပဲ တည်တန့်နေအောင် နည်းမျိုးစုံနဲ့ကို ကြိုးစားနေရတာ။
    ကိုယ့်ကိုယ်ကို ခိုးယူပေါင်းသင်းခြင်းလို့ တင်စားလို့မရတော့ရင် တော့ ကိုယ့်ကိုယ်ကို ကားတင်ပြေးကြတာပေါ့ လေ။ :mrgreen:
    ဒီမှာပျော်နေမိပြီကိုး။

    မန္တလေး သိန်းဇော်ကိုတော့
    ဇာတ် က တာ မကြည့်ဖူးဘူး။
    သီချင်း ဆိုတာ ကြိုက်တယ်။
    ကဗျာက ကျနော် လိုက်မမှီဘူး။
    ရုပ်ရှင်ဘက်မှာ မိုးညအိမ်မက်မြူ မှာ အရမ်းကို သဘောကျခဲ့ဖူးတယ်။
    :hee:

    • black chaw

      May 20, 2013 at 10:47 pm

      @ KZ
      တည့်တည့်ထိမှာပေါ့ဗျာ…။
      သေနတ်ဆိုတာမိုးပေါ်ထောင်မပစ်ပါဘူးလို့ ပြောထားပါရက်နဲ့…။
      လမ်းပေါ်ထွက်လာတာကိုးဗျ…။
      ကျေးဇူးတင်တယ်နော် မခိုင်ဇာရေ…။
      :mrgreen:

  • အလင်း ဆက်

    May 19, 2013 at 12:53 pm

    ကဗာ ဆရာ မောင် သိန်း ဇော် ရဲ့ ကဗျာတစ်ပိုင်းတစ်စ လည်းးး သတိရမိပါသေးးးး

    ဘာဒဲ့. . .

    အဆုံး မရှိ အောင် ကျယ်ဝန်းတဲ့ အမှားတွေထဲ
    တိမ်တွေက လှ လိုက်တာ
    ကိုယ့်မှာ . . . . .
    တရားနဲ့ ဖြေ ရ တယ်

    ကဗျာ နာမည်က ရှုမျှော်ခင်း ဆိုလားးးး
    သိပ် မမှတ်မိတော့ ဝူးးးးး

    • black chaw

      May 20, 2013 at 9:30 pm

      @ အလင်းဆက်
      မောင်သိန်းဇော်ရဲ့ ကဗျာ တစ်ပိုင်းတစ်စ နဲ့
      ဝင်အားဖြည့်ပေးသွားတာ ကျေးဇူးပါ အလင်းဆက်ရေ…။
      ကဗျာ ရေးသူများ စာရင်းမှာ
      ဦးဘလက် နာမည်ကို မှတ်မှတ်ရရ ထည့်သွင်းပေးထားတဲ့အတွက်
      ကျေးဇူးအထူးပါဗျာ…။
      :mrgreen:

  • အရီးခင်လတ်

    May 19, 2013 at 3:10 pm

    အဟမ်း အဟမ်း
    မနေ့က ရေးလိုက်တဲ့ ကိုယ့်မှတ်ချက်ကို ပြန်တွေးရင်း မောင်ဂီ ကို ဘက်လိုက်ရေးတာလို့ ထင်ကုန် ရင် ကျပ်တနာ (ကျပ်တနာ = ပြသနာ – ကွန့်ရေးတာ နားမလည်မှာစိုးလို့) ထပ်ရှင်းရမစိုးလို့ ထပ်ရှုပ်လိုက်ရပါသည်။ 😛

    ကပေါက်ကြီး ရေ
    ဒီကိစ္စမှာမောင်ဂီ ကို ထုတ်လိုက်ပြီး စဉ်းစားကြည့်ကြစို့။
    ကျုပ်လဲ ဒီအရွယ်တိုင်ထိ မြန်မာသီချင်း (အရင် အဟောင်းများ) တွေ နားထောင်ဆဲပါဘဲ။
    ဟိုးတုန်းကထဲက ခွေတစ်ခွေ ထွက်တိုင်းတော့ မဝယ်နိုင်ပါ။
    ဒါပေမဲ့ ကြိုက်တဲ့ သီချင်းတွေ စုစုပြီး ကိုယ့်စိတ်ကြိုက်လက်ရွေးစဉ်ရွေးပြီး ဆိုင်သွားကူးခိုင်းလေ့ရှိပါတယ်။
    ပိုက်ဆံ ပိုပေးရလဲ ကိုယ်အကြိုက်တွေ ဘဲ ဆက်တိုက်နားထောင်နိုင်တာပေါ့။
    အဲဒီ အခွေတွေက တိတ်ခွေတွေ မို့ အခုထိ တိတ်ခွေထည့်ဖွင့်ရတဲ့ ကက်ဆက်ကြီး ကို နေရာပေးပြီး သုံးနေဆဲပါ။
    စီဒီထဲ ကူးလို့ ရနေပေမဲ့ အချိန်မပေးနိုင်တာနဲ့ မလုပ်ဖြစ်ခဲ့တာ။
    အခုလို mp3 တွေလဲ ထွက်လာရော ဟား ဘာပြောကောင်းမလဲ computer folder တစ်ခု ထဲမှာ ကူးထားသပေါ့။
    ဒီတော့ ကွန်ပျူတာနဲ့တွဲ နေသူမို့ အင်မတန် အဆင်ပြေပြီး သဘောကျခဲ့တာပေါ့။

    ဒီလိုနေလာတာဟာ ကျုပ်နဲ့ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်း နဲ့ အခြေအတင်ဖြစ်လိုက်တဲ့ အချိန်အထိပါ။
    ကျုပ်သူငယ်ချင်းကတော့ သီချင်းနားထောင်တာ လုံးဝဝါသနာမပါဘူး။
    နဂါးနီသီချင်း လောက်ဘဲ သိပါတယ်။
    သူက စာဖတ်သမားကိုး။
    စာမြင်ရင် မြေကြီးပေါ်က ကျနေတဲ့ စာရွက်ပေါ်က စာကိုတောင် ဖတ်ချင်တဲ့သူ။
    ဒါနဲ့ တစ်နေ့ အင်တာနက်ထဲ မှာ မြန်မာ ဝတ္တုတွေ စုထားတဲ့ ဆိုက် ထဲ က သူအင်မတန်ဖတ်ချင်တယ်လို့ ပြောတဲ့ (သခင်ဘသောင်းရေးတဲ့ စာအုပ်ထင်ရဲ့) စာအုပ် တွေ့လိုက်တာနဲ့ ဒေါင်းလုပ် လုပ်ပြီး ပို့လိုက်တယ်။
    ကျုပ်စိတ်ထဲမတော့ သူရတာနဲ့ ဝမ်းသာအားရ ဖတ်ပြီ ထင်တာပေါ့။
    ဖတ်ပြီးပြီလား မေးတော့ မဖတ်ဘူးတဲ့။ မြန်မာပြည်ပြန်မှ ဝယ်မှာတယ်။
    စေတနာနဲ့ ပို့သူ ကိုမှ မထောက် နဲနဲကျွဲမီးတိုသွားတယ်။
    ကျုပ် ဂျူးတို့ မင်းလူတို့ စာအုပ်တွေကို ဝမ်းသာအားရ ဒေါင်းပြီးဖတ်ရင် သူအရင်က တားလေ့ရှိတာတော့ သတိထားမိတယ်။
    စက်ထဲ ဗိုင်းရပ်ဝင်မှာစိုးလို့လို့ ထင်ခဲ့တာ။
    “အလွယ်ရနေတာ ဘာလို့ ရစ်ချင်နေတာလဲ” ပြောလိုက်တော့
    သူက ” ဒီ ဆရာကြီးမှာ ဒီလို စာအုပ်ထွက်ဖို့ သူ့အချိန်တွေ အလွယ်မရဘူး။ ရင်းပေးရတာ။
    နောက်ပြီး သူတို့ မှာ စာရေးပြီး မချမ်းသာကြဘူး။
    အဲဒါကို သိရက်နဲ့ သူတို့ စာကို အလကား အလွယ်ယူ မဖတ်ချင်ဘူး။ သူတို့ က တရားဝင်ခွင့်ပြုလို့ ယူဖတ်တာ က ကိစ္စမဟုတ်ဘူး။ သူတို့ ခွင့်မပြုဘဲ သူတို့လုပ်အားကို အလွယ်ယူတာ ခိုးတာဘဲ”
    လို့ ကျုပ်ကို အုပ်ပါလေရော။
    အဓိက သူခံစားနေရတာ ကတော့ ဒီလို သက်ကြီးရွယ်အို စာရေးဆရာကြီးတွေ ဟာ အပေါစားအချစ်ဝတ္တုတွေလို ပိုက်ဆံ မရရှာပါဘူး။
    ဒီလို စာကောင်းတွေ ရေးတဲ့ ဆရာ/ဆရာမကြီး တွေဟာ ချို့တဲ့ကြရှာတယ်။
    ဒါကို သူ အလွဲသုံးစား မလုပ်ရက်တာနေမှာပါ။

    ဒါကို ကျုပ်သိလိုက်တယ်။
    ဒါပေမဲ့ အကျင့်ပါနေတော့ သွားကွန့် လိုက်မိတယ်။
    “သူများ တွေ အများကြီး လုပ်နေတာ ကိုယ်တစ်ယောက်ဖတ်လိုက်တာနဲ့ တော့ မထူးပါဘူး ဆရာ ရယ်” လို့။
    ဒီမှာတင် ခံရတော့တာဘဲ။
    “အင်တာနက်ပေါ်ကနေ ကိုယ့်ကိုယ်ကို ဆရာမကြီး လုပ်ပြီး သူများတကာကို ဆုံးမစကားတွေပြောနေသူက ကိုယ့်နဂို အသိ စိတ်ဓာတ်နဲ့ မဟုတ်ဘဲ ဥပဒေတွေ၊ အမိန့်တွေ၊ ဒါဏ်ကြေးတွေ လာမှ လိုက်နာမတဲ့လား” တဲ့။
    တောက်စ်စ်စ် (မူ -ဂဂ)
    အဲဒီမှာတင် ဟတ် ထိသွားတာမှ ဘာမှမပြောနိုင်ဘဲ ပေစောင်းစောင်း ဘဲ ပြန်ကြည့်လိုက်နိုင်တော့ သဗျား။

    အဲဒီနောက်တော့ နဂိုမူလ ကက်ဆက်အိုကြီးကိုဘဲ မီးဖိုခန်းထဲထားပြီး ဟင်းချက်ချိန် နားထောင်နေပါတယ်။
    ဂျူးတွေ၊ မင်းလူတွေ ဒေါင်းထားတာတွေ မဖျက်ရက်ပေမဲ့ မဖတ်ဖြစ်တော့ပါဘူး။ (သူတို့ တရားဝင် ခွင့်ပြုမဲ့ အချိန်အထိပေါ့)

    ဒါပါဘဲ ကပေါက်ကြီးရယ်။
    မောင်ဂီ နဲ့ မဆိုင်ပါဘူး။ ကျုပ် ခံစားချက် သက်သက်ပါ။
    ကြည့်ရတာ မောင်ဂီ မှာလဲ ကျုပ်သူငယ်ချင်းလို ဂီတ သမားတွေ ဘက်က နာနေတာ ရှိလို့ နေမှာထင်ရဲ့။
    မူပိုင် သံကြားတိုင်း မျောက်ကို ငပိ နဲ့ တို့ သလို တွန့်တွန့်တွန့် ဖြစ်ဖြစ်နေလို့။

    ဒီတော့ ဆက်တွေးကြည့်ပါလေ။
    မှားရင်လဲ ပြောပေါ့ဗျို့။
    😆

    • ko pauk mandalay

      May 20, 2013 at 3:52 pm

      ကိုလတ် ကြီးရေ

      ကိုလတ်ရေးတာကို ကိုလတ်ရေးတာလို့ဘဲကျနော်က သတ်မှတ်ပါတယ်။
      ဘယ်သူ့ဘက်လိုက်ပြောတယ်လို့ မခံစားပါ။.
      ကျန်တဲ့သူက ကျနော်ဘက်ကလိုက်ပြောတယ်လို့ထင်ရအောင်ရေးရင်လဲ
      အဲဒါသူ့ကိစ္စ ကျနော်ကိစ္စမဟုတ်ဘူးလို့မှတ်ယူပါတယ်။.
      ကျနော်က တစ်ကိုယ်တော်ဘဲနေတတ်ပါတယ်။

      ဘယ်အကြောင်းအရာမှာမဆို
      ကိုယ်မှန်တယ်ထင်တာကိုယ်ပြောကြသလို ပြောခွင့်လဲအပြည့်အဝရှိကြပါတယ်။
      အရှင်းဆုံးပြောမယ်ဆိုရင် ကျနော်သီချင်းတင်လိုက်တဲ့အချိန်က
      ကျနော်သီချင်းတင်တဲ့ပိုစ်မှာလာပြီး
      “ကိုပေါက် ဒါကိုတော့ မတင်သင့်ဘူး”လို့နာမယ်တတ်ပြီးလာပြောရင်
      ကျနော်က” အေးကွ “ဆိုပြီးဖျက်ပေးလိုက်မယ်။
      ဘယ်သူလာပြောပြောလက်ခံတယ်။.
      ကိုယ်တိုင်ပြောရမှာအားနာရင်ဖြစ်ဖြစ် မပြောချင်ရင်ဖြစ်ဖြစ် လူငှားနဲ့ပြောခိုင်းလဲရတယ်။

      အခုဟာက ပိုစ်နဲ့လုံးဝမဆိုင်တဲ လူအများဝင်ဖတ်မယ်လို့သေချာနေတဲ့
      ရွာကလုပ်မယ့်အလှုပိုစ်မှာလာပြီး နာမယ်မတတ်ဘဲ သို့လောသို့လောဖြစ်အောင်ပြောခဲ့လို့
      ကျနော့်ဘက်က ပြန်အစဖော်ပြောတာ။

      အဲလိုပြဿနာဖြစ်တော့ သူကြီးကိုပြောခဲ့တယ်စာသီးသန့်ပို့ပြီးတော့
      ( သီချင်းမတင်ရလို့စည်းကမ်းထုတ်ဘို့။
      သူကြီး ကစည်းကမ်းမထုတ်နိုင်ဘူး စည်းကမ်းမများချင်ဘူးလို့စာပြန်တယ်။
      တင်ချင်တင်မတင်ချင်နေဆိုတဲ့သဘောမျိုးပြောခဲ့တယ်။
      ဒါပေမယ့် တင်ပြီးသား နှစ်ပုဒ်လုံးကို ဖျက်ပေးခဲ့တယ်။
      နောက်မှာ ဘယ်တော့မှ မန်းးလေးဂေဇက်မှာသီချင်းမတင်ဘူးလို့လဲစိတ်ထဲမှာဆုံးဖြတ်ခဲ့တယ်။)
      ဒါပေမယ် ဒီသီချင်းတင်တာကို လက်ခံတဲ့လူအစုအဝေးရှိတဲ့ ဆိုက်တွေ အသင်းအဖွဲ့တွေမှာ
      တင်ချင်တယ် မယ်။
      ဒါက ကျနော်သဘော။

      အခုဟာက နာမယ်မတတ်ဘဲ ခိုးမူ့မြောက်တယ်လို့ ပြောတာကို မကျေနပ်တာ။
      ဒါကြောင့်အချိန်ကုန်ခံပြီးရှင်းနေရတာ။
      ကျနော်ကိုခိုးမူ့မြောက်တယ်ပြောဘို့ ဘယ်သူ့မှာမှအခွင့်အရေးမရှိဘူး။
      လူတစ်ယောက်ကို ခုိုးမူ့မြောက်တယ်မမြောက်ဘူး ဆုံးဖြတ်ခွင့်က တရားရုံးမှာဘဲရှိတယ်။
      အတိအကျပြောရရင် လူတစ်ယောက်အပေါ်မှာအလွယ်တကူမှတ်ချက်ပေးတာကို ထောက်ပြတာ။

      (- Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….)
      ဒီစည်းကမ်းလေးက အလကားထားတာမဟုတ်ဘူးလေ။

      ဒီသီချင်းဟောင်းတွေနဲ့မြန်မာပြည်ကတေးသံသွင်းလောကက တကယ့်ကိုအရှုပ်ကြီးပါ။
      ဒီအကြောင်းတွေဆက်မပြောတော့ဘူး အတိတ်ဟောင်းကိုပြန်ဆွတာလဲမဟုတ်ဘူး။

      ကျနော့်ဘက်ကတော ့ ဒီသီချင်းနဲ့ပါတ်သက်ရင် ဒီနေရာမှာ တင်အားလုံးပြီးဆုံးပြီလို့မှတ်လိုက်ပါတယ်။
      ကျန်တဲလူပြီးချင်ပြီး မပြီးချင်နေကျနော့်ဘက်ကတော့ပြီးပြီ။

      နောက် ကျနော်စာတွေခိုးတဲ့ကိစ္စ။
      ကျနော်မန်းလေးဂေဇက်ကို 2010အေပရယ်လမှာမှရောက်ခဲ့တာ။
      အဲဒီမတိုင်ခင်ကတည်းက အခြားဆိုက်တွေမှာရေးနေပြီ။
      ကျနော်ရေးတာတွေ ရှယ်ယာလုပ်ကြတာအများကြီး။
      (ကောင်းလို့ရှယ်တယ်လို့မပြောဘူး-ကြိုပြောထားတာ)
      ကိုပေါက်(မန္တလေး)နာမယ်ပါရင်ကြိုက်သလောက်ရှယ်။

      အချို့သောဂျာနယ်တွေမှာ ကျနော်စာမူကို ယူသုံးတယ်။
      ကျနော်နာမယ် ပါတယ်။
      ဘာတစ်ခွန်းမှာမပြောခဲ့ဘူး။
      ငွေအကြောင်းလဲမပြောဘူး ယူသုံးလို့လဲမကွိုင်ဘူး။
      အချို့ဂျာနယ်တိုက်ကစာမူခမေးတယ်။
      ပေးရင်ယူတယ် မပေးလဲရတယ်လို့ဘဲအမြဲဖြေတယ်။
      ပေးရင်ယူတယ်လို့ပြောရတာက မယူဘူးဆိုရင် သိပ်ပါချင်လွန်းတယ်ထင်မှာစိုးလို့။
      စာမူအဆုံးမှာ ကိုပေါက်(မန္တလေး)ဆိုတဲ့ကျနော်နာမယ် ပါတယ်။
      ဘာတစ်ခွန်းမှာမပြောခဲ့ဘူး။
      ငွေအကြောင်းလဲမပြောဘူး ယူသုံးလို့လဲမကွိုင်ဘူး။

      တစ်ခုတော့ရှိတယ် ကျနော်ရေးထားတာကို ယူသုံးပြီး ကျနော်နာမယ်မတပ်ရင်တော့ပြောရမှာ။
      ကျနော်စာရေးတာ အပျော်ရေးနေတာမဟုတ်ဘူး။
      ရည်ရွယ်ချက်ရှိရှိရေးနေတာ။
      အဲလိုပြောပိုင်ခွင့်လဲ ကျနော်မှာအပြည့်အဝရှိတယ်။

      ကျနော်စာစရေးကတည်းက ကိုပေါက်(မန္တလေး)ဆိုတဲ့နာမယ်ကိုသုံးခဲ့ပါတယ်။
      နောက်ပြောင်းဘို့လဲစိတ်ကူးမရှိဘူး။
      ဒီနာမယ်လေးလူသိလာအောင်ကျနော့်ဘက်က ကြိုးစားခဲ့ရတာတွေအများကြီး။
      အဲတော့ဒီရထားတဲ့နာမယ်လေးကို ပျက်စီးအောင်ဘယ်တော့မှ မလုပ်ဘူး။
      ကလောင်နာမယ်ရော အပြင်လူ့လောကမှာပါ။
      ဒါဆို ကိုလတ်ကြီး ကျနော့်သဘောကို သိလောက်ပါပြီနော်။
      အေးဆေးပါ။

      ခင်သော
      ကိုပေါက်(မန္တလေး)

  • padonmar

    May 19, 2013 at 9:40 pm

    ဝရမ်းပြေးဘလက်ရဲ့ ပို့စ်ကို တိတ်တိတ်လေး တစ်ခေါက်ရောက်ခဲ့ပြီးပြီ။
    ပထမပြောချင်တာက ကျမလည်း မန္တလေး သိန်းဇော်ရဲ့ ကိုစောညိမ်းသီချင်းပြန်ဆိုတွေ ကြိုက်တယ်။
    မိုးသက်လေနှင်၊ချစ်ပြုံးနှင်းဆီ၊သစ္စာ (ဒီသီချင်းစာသားလေးတောင် ကိုပေါက်ကြီးဆီ ဒီရက်ထဲ တောင်းဖြစ်လိုက်သေးတယ်)်
    အိပ်မက်စေတမန်ကတော့ သူ့ရဲ့ အကောင်းဆုံးလို့တောင်ပြောချင်တယ်။
    ကျမစိတ်ထင် တင့်တင့်ထွန်းနဲ့ရိုက်တဲ့ တင့်လှပေဟန် ဗွီဒီယိုက မန္တလေး သိန်းဇော် မင်းသားပဲလားလို့ ။
    သူရယ် ခိုင်ထူးရယ် သိပ်မရှေးမနှောင်းပဲ ဆရာဝန်မတွေနဲ့ ယူလိုက်ကြတယ်လို့ ထင်ပါတယ်။
    ကေဇော်နဲ့ ကဗျာကတော့ မခံစားတတ်။
    ……..
    ကိုယိ့ကိုကိုယ်ခိုးယူပေါင်းသင်းတယ်ဆိုတာလေး သဘောကျမိတဲ့ထဲပါပါကြောင်း။
    ကွန်ပျူတာရှေ့ရောက်မှ မဟုတ်ပဲ ဘာအကြောင်းလေးတွေ့တွေ့ ဂဇက်ထဲပြန်ရေးလိုက်မန့်လိုက်မယ်ဖြစ်မိနေတော့ ၂၄နာရီလုံး ကျမ ခိုးမှုမြောက်နေပါလား။
    ……….
    စောစောက ဝင်ပြီး အားရပါးရမန့်မယ်လုပ်ရင်း အောက်ဆက်ဖတ်တော့ မန့်ရမှာကြောက်လို့ အသာလေးပိတ်ခဲ့ရတယ်။
    ရှေ့က မလတ်က တောထွင်သွားပြီဆိုတော့ ဒီလမ်းလေး ဆက်လျှောက်ကြည့်ပါရစေ။
    သီချင်းတွေက အခုအသက်အရွယ်မှာ သိမ်းထားချင်လောက်အောင် မဆွဲဆောင်နိုင်တော့တာကြောင့် တစ်ပုဒ်တလေကလွဲရင် နားမထောင်ဖြစ်တော့ဘူး။
    သူများကိုလည်း ဆက်မဖြန့်ဖြစ်ဘူး။
    ဝတ္ထုတွေကတော့ အရင်က ဒေါင်းလုပ်လုပ်ပြီး ဖတ်ခဲ့ဖူးတယ်။
    ကိုယ်ကြိုက်တဲ့ နာမည်လေးတွေ တွေ့တိုင်းလည်း ဖတ်ဖူးချင် ကိုယ့်ဆီမှာ သိမ်းထားချင်စိတ် ခုထိဖြစ်မိနေတုံးပဲ။
    ဒါပေမယ့် အခု လက်နည်းနည်းတွန့်လာတယ်။
    ငါ တရားပါ့မလားဆိုတဲ့ စိတ်ဝင်ဝင်လာမိတယ်။
    ဒါကြောင့် ရွှေအိမ်စည် ရဲ့ စာပေဒါနတောင် ဆက်မဖွင့်မိတော့ဘူး။
    ………
    ခေတ်ဟောင်းသီချင်းတွေ၊ရှေးဟောင်းစာအုပ်တွေနဲ့ ပတ်သက်လို့ ၂ပိုင်းရှိပါတယ်။
    ရှာဖွေ စုဆောင်းပေးတဲ့ သူတွေလည်းရှိဖို့လိုပါတယ်။
    သီချင်းတကယ်ချစ်သူ၊စာတကယ်ချစ်သူတွေမှသာ ဒီလို အပင်ပန်းခံ မှတ်တမ်းတင်တဲ့ အလုပ်ကို လုပ်နိုင်ပါမယ်။
    မှတ်တမ်းမှတ်ရာဖြစ်သွားတဲ့ သီချင်း၊စာအုပ်တွေကိုတော့ မူလ ဖန်တီးသူရဲ့ ဆက်ခံသူများကို တန်ဖိုးတစ်ခုပေးပြီးမှ ဆက်လက် မျှဝေသင့်ပါတယ်။
    အဖေတစ်ခု သားတစ်ခု ရုပ်ရှင်ထဲက စိန်မြင့်လိုပေါ့။
    ကလေးလေး(အောင်ထွန်းလေး)ကို သူ့အမေ(ဆွေဇင်ထိုက်)နဲ့ ကွဲကွာနေချိန် စောင့်ရှောက်ပြုစုချစ်ခင်ခဲ့ပေမယ့် အမေရင်းနဲ့တွေ့ရင် အကျိုးမျှော်ပြီး ပြန်ထည့်ပေးလိုက်ရပါတယ်။
    အဲဒီလို ထိန်းသိမ်းပြီး အခွင့်အရေး ရသင့်တဲ့သူတွေ ရစေတဲ့ အလုပ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားမျှမျှ တာဝန်ယူ လုပ်ပေးရပါမယ်။

    • black chaw

      May 21, 2013 at 7:19 am

      @ padonmar
      မူပိုင်ခွင့်ပတ်သက်ပြီး ဆွေးနွေးသွားတာအတွက်ရော
      ကွန်းမန့်လေး ချီးမြှင့်သွားတာအတွက်ရော
      ကျေးဇူးပါအစ်မရေ…။

  • GaviaGirl

    May 20, 2013 at 12:57 pm

    ဦးလေးဖြူကြမ်းရေ…
    သမီးကတော့ မန္တလေးသိန်းဇော်ဆို ဇာတ်မင်းသားဆိုတာကလွဲလို့ ဘာမှ မသိပါဘူး…သူ့ခေတ်ကိုလည်း မမီလိုက်ပါဘူး…ဒါကြောင့် သူနဲ့ပတ်သက်တာတော့ လူကြီးတွေရေးထားတာပဲ လိုက်ဖတ်ရတာ…

    အဲ… မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း ဆိုတာလေးရော၊ Virtual World ဆိုတာလေးတော့ သဘောကျမိပါတယ်… တွေးကြည့်တော့ ဟုတ်သားနော်… 🙂

    • black chaw

      May 20, 2013 at 8:58 pm

      @ လုံမလေး မွန်မွန်
      လုံမလေး ပဲကောင်းပါတယ် မွန်မွန် ရေ…။
      ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ…။
      :mrgreen:

  • ခင် ခ

    May 20, 2013 at 4:34 pm

    Admin Kai says 🙁 သတင်း.. စာမူ.. ဓါတ်ပုံ.. တပိုဒ်.. တပုဒ်.. ရှယ်ခွင့်မရှိပါ…။
    ကိုးကားမှီငြမ်းပြီးရင်.. ခရက်ဒစ်တူ.. ဆိုပြီးလည်း.. လုပ်ခွင့်မရှိပါ… အဲလိုလုပ်လို့.. မူပိုင်ခွင့်ကနေလွတ်မသွားပါ…။)
    ကိုယ်ပိုင်အတွေး ကိုယ်ပိုင်အရေး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူ ဖြင့် ရေးကြကုန်ရာ၏။
    ဖြန့်ချီ မျှဝေ အသိပေး တဆင့်လေးတွေ ကင်းကြကုန်ရ၏။
    ဤကား ဂဇက်ဝက်ဆိုဒ် အလိုတည်း…….။

    ကိုဘလက်ချော ရေ တစ်ခေါက်ပြန်ဝင်ဖတ်လိုက်မှ ပိုစ့် နဲ့ မန့်ချက်တွေကို အမှီပြုပြီး အတွေးတွေ အတွေးတွေ ခေါင်းထဲမှာစီကာရလာခဲ့လို ကိုဘက်ချောရေ(လက်ဆွဲနုတ်ဆက်ဟန်ဖြင့်) ဒီပိုစ့်မှာ ဒီလိုရေးပြလို့ ကျေးဇူးအထူး တင်တယ်ဗျာ ကျေးဇူးပါဗျို့။

  • naywoon ni

    May 20, 2013 at 9:51 pm

    ကိုဘလက်ရေ……… ဝင်မရလို့ ခုမှရောက်လာတာ ခွင့်လွှတ်ဗျာ …….။ မန္တလေးသိန်းဇော်နဲ့ ပတ်သက်ပြီး ကျွန်တော်သိတာက 1986 လောက်မှာ ကြောငြာခဲ့တဲ့ ” ပြုံးနေတဲ့ သွပ်ဆူးကြိုးလေး ” ဆိုတဲ့ ကြော်ငြလေးပဲ သိတယ်ဗျ….။ ကဗျာရေးတယ်ဆိုပေမဲ့ သူ့အနုပညာ( ကတာကိုပြောတာပါ) သိပ်ပြီးမကြိုက်လို့ မဖတ်ဖြစ်ဘူးဗျ ….။ နောက်တစ်ကယ်ဖတ်ချင်စိတ်ပေါ်လာတဲ့အခါကျတော့လည်း လက်လှမ်းမမီတော့ဘူး …..။ အဲဒိတော့ သိပ်ပြီးပြောစရာမကျန်ဘူးဗျ………။ ဒီလိုပဲလေ…… ကိုယ်စိတ်ဝင်းစားတဲ့အရာ သူကစိတ်မဝင်စား ကိုစိတ်မဝင်းစားတဲ့အရာ သူကစိတ်ဝင်စားနဲ့ သံသရာလည်နေတဲ့လောက ကြိးထဲမှာ မင်းနဲ့ငါတွေခဲ့တယ်လို့ ပြောခဲ့တဲ့ ဆရာ လင်းသူလည်းလောကကြီးထဲမှာမရှိတော့ပါဘူး သူ့စကားတွေကတော့မှန်နေတုန်းပါပဲ………..။

    • black chaw

      May 23, 2013 at 7:14 am

      @ naywoon ni ;
      တောင်းပန်နေစရာမလိုပါဘူး ကိုနေကြီးရာ…။
      ကွန်းမန့်လေးဝင်ချီးမြှင့်ပေးတာနဲ့တင် ကျွန်တော်က
      အကျေနပ်ကြီးကျေနပ်နေပါပြီဗျာ…။
      ပြုံးနေတဲ့ သံဆူးကြိုးကလေးက ပုံနှိပ်ပြီး မှ ထုတ်ဝေခွင့်မရခဲ့ဘူးလို့ သိရပါတယ်ဗျာ…။
      အမှောင်ခေတ်ကိုးဗျ…။
      မောင်သိန်းဇော်ရဲ့ ကတဲ့အနုပညာကို ခင်ဗျား မကြိုက်ပေမယ့်…
      မောင်သိန်းဇော်ရဲ့ ကဗျာရေးလက်ကိုတော့ ခင်ဗျား ကြိုက်လောက်ပါတယ်လို့…
      ကြော်ငြာဝင်လိုက်ပါတယ်ဗျာ…။

  • N@ng Ghi Ghi Joe Z

    May 20, 2013 at 11:46 pm

    မပြီးသေးဘူးကိုးး 
    ပြီးပြီ မှတ်နေတာ. မအားလို့မဝင်ဖြစ်တယ် ဇွတ်ကို ပြောချင်ရာ ပြောတော့သကိုးးး
    ကိုယ်မပိုင်တဲ့ အရာတခုကို ကိုယ်မပိုင်တဲ့ နေရာတခုမှာ ကိုယ်ကြိုက်သလို 
    ရော့ဟေ့ ယူဟေ့ ဒေါင်းဟေ့. လုပ်တာ တရာသလားမျှတသလား.  
    ကောင်းသလား ဆိုတာ က စပီးစင်းစားစေလိုပါတယ်ခည.ပြောတဲ့လူက 
    ရွာ့ချဉ်ဖတ် မိဂီ တို့. ပြောတဲ့နေရာက ဂဇက်ဒေါ့ကွမ်း တို့ ခနဖယ်ထား ကြည့်လိုက်ပါအုံး
    (ခွက်ဒစ် အင်န် ကျေးကျေး တူ အရီး)

    ဆက်ဆွဲပယဇီ.  ခု.  ဘဘဘလက်ပိုစ့်မှာ.  ဒါတွေ လာပြောဖြစ်နေတာရဲ့ 
    အကြောင်းကတော့ တခြားမဟုတ်ပါဘူးး.   ကိုယ်မပိုင်တဲ့အရာတွေကို 
    ကိုယ်မပိုင်တဲ့နေရာမှာ တင် သူက တင်တယ်. ပြဿနာ ရှိလာနိုင်တယ်နော. 
    ဒီနေရာတွေ ဒီနေရာတွေကတော့ လက်တလော ဒီလိုပြောတယ်.  
    ဒီဖြစ်ရပ်တွေတော့ ဖြစ်ခဲ့ပြီးသွားပီနော ပြောဖူးတယ်. 

    ဆိုတော့ သည်လိုအချိန်မှာ 
    ဒီလိုမတင်သင့်ပါဘူး. ကျနော် က ဝေဖန်တယ်.  တင်သူကဖျက်တယ်.  ပြီးပြီလေ.  
    ဒါပြဿနာတရပ်မဟုတ်ဘူးးးး.   
    Rule no. 13 ကကိုထောက်ရှုတာတော့ ဟုတ်ပါရဲ့.  
    ကိုယ့်အိမ်ကိုယ် မီးရှု့ိတာ အရေးမဟုတ် ရပ်ကွက်ပြာကျမှာက အရေးပါ
    လို့ပြောတာက မီးမကစားသင့်ဘူးပြောတာက လွန်တာလား.  

    ကိုဘလက်ကိုတော်တော်အားနာမိရဲ.  
    သူ့ပိုစ့်မှာ ဂလို ပြောဖို့ ဆိုဖို့တွေ ဖြစ်လာတာကြောင့်ပါ. 
    ဘဘဘလက်ရေ. ဂလို.  သည်ဆိုက်မှာ ဒါတွေ လာတင်ရင် အားလုံးအတွက် 
    ဒီလိုဒီလို အန်ဒရယ်ရှိနိုင်တယ် ရော်.  ကျနော်ပြောတယ်. 
    တင် သူက ဖျက်တယ်.  ပီးပြီလေဗျာ.  သည်အတိုင်းကျနော်တို့ 
    ဘေးကင်းစွာ စီးမျောနေတာ ၆ လမကတော့ဘူး.  
    (ကျုပ်ဆို မေ့တောင်နေပြီ ). သို့သော် မတင်ရလေခြင်း. ဆိုပြီး
    စိတ်ထဲ မှတ်သလားတော့မသိပါ ( မသိလို့မသိပါရေးတာပါ)
    ကြုံတိုင်း. မန်းရှင်းလာလာလုပ်နေတာ တခုက အတော်. ကသိကအောက်
    ဖြစ်သဗျ.  သည်ပိုစ့်မှာလည်း ရေးပြန်တယ်.  
    ကျနော် ပြောခဲ့သလို တကယ်ပဲ ဥပက္ခောရှုပါတယ်.  ကြိုက်တာ ရေးကြိုက်တာပြော. 
    သို့သော် ခေတ်ကာလ ရွှေ့လျောလာတော့ ထရန်းက ချိန်းလာတယ်.  မတူတော့ဘူး

    မဟုတ်တာတွေပဲ ရေးခဲ့ပြောခဲ့ သလိုလို.  ကောင်းတာတွေပဲ မတက်လာအောင်
    ယုတ်မာခဲ့သလိုလို.   လက်တလော စက်ဘီးတွေ သဘောကျနေလို့ 
    စက်ဘီး ဇာတ်ကလေးပြောပြမိချင်ရဲ့ဗျာ.  

    ကျနာ် တောမြို့လေးမှာ နေတုန်း ဆိုပါတော့ (စက်ဘီးဝယ်ရင်မြို့နယ် ကုဒ်နဲ့ register ) လုပ်တာကိုး.  ဂလိုနဲ့ ဘော်ဒါတယောက် စက်ဘီးဝယ် စီးသပေါ့ဗျာ. 
    သူပြန်မယ့်နေ့ကျ. သူက အိုက်ဒိ စက်ဘီးလေး ကျော့်ကို လက်ဆောင်ပေးတယ်ပေါ့
    ခေတ်ကာလ ရွေ့လျှောတဲ့အခါ ကျနော်မြို့ပြောင်းသပေါ့.  
    တညနေသား.  ရဲကစစ်ပါလေရော.   (ကျုပ်တို့ က အုံနာအချိန်းအပြောင်း မလုပ်ခဲ့ဖူးလေရယ်. ).  
    ကျန်းးးး.  ကိုယ်မပိုင်တဲ့စက်ဘီးကိုစီးတယ်. (ပိုင်တာက ပိုင်တယ်နော. ပိုင်ကြောင်းသာ တရားဝင် ပြဖို့သက်သေခံမရှိတာ).  သတ်မှတ် နေရာနယ်နမိတ်တွင်းမဟုတ်ဘဲ တခြားဒေသမှာ စီးတယ်.  အဲ့ဒါနဲ့တင် အမှုမြောက်နေပီ ခည.  
    တခြား ဘာ တခုမှမလိုဘူးးးး
    ငကြိုက်တာ ငလုပ်မကွ.  
    ငဖြစ်ငခံရဲတယ် မကြောက်ဘု မမှုဘု ဆိုတာ က ဒီနေရာမှာ အကျုံးမဝင်ဘူး
    ရပ်ကွက် မြို့နယ် လယ်ဗယ်.  ဒါမိုးကိ္စဒွေ မရှိအောင် လုပ်ကြ ကြိုးဇားကြရမှာပဲ. 
    အဲ့.  အဲ့ထက်ပိုမြင့်ရရင်တော့.  မင်းတို့ ရွှေတွေက.  ခိုးတတ်ကြတယ်. ဘတ်တတ်ကြတယ် ဟ ပြောခံထိဖို့ ဖြစ်လာလိမ့်မယ် ခည.  
    ဆိုတော့ ပြန်ကောက် rule no 13 ကိစ္စ.  
    ကိုယ်မပိုင်တဲ့ ပစ္စည်း ကိုယ့်စိတ်ကြိုက်လုပ်တာ ကိုယ့်နားကလူတွေ ထိခိုက်ဖို့ 
    အလားအလာ ရှိနေတာ.  မလုပ်သင့်ပါဘူး ပြောသူ အမှားလားးး လုပ်ချင်လုပ်မှာပဲပြောသူ
    အလွန်လားပေါ့ဗျာ.  

    ပြန်ကောက်ရရင်.  ဒီရပ်ဝန်းမှာ ဒါတွေ အသစ်ထွက်လာတယ်.  
    ကိုယ့်ဝန်းကျင်က လူတွေကလည်း ဒလိုအော်လာတယ်
    (ကောမန့်ဟောင်းတွေပြန်ဖတ်ရင်တွေ့မှာပါဗျ). 
    ဒီလိုလုပ်ရင်တော့ 

    ခွင့်လွှတ်ပါ ဘဘဘလက်ရေ့.  
    အရင့်အရင်မပြေလည်မှုတိုင်းမှာတော့.  
    ကြားခံစာဖတ်သူတွေ စိတ်အနှောက်ယှက်ဖြစ်ရင် စိတ်မကောင်းဘာဘူး 
    ပြောဖြစ် ပြောတတ်ခဲ့ပါတယ်.   မှားတာတွေပြောခဲ့တာမှမဟုတ်ပဲ.  
    ယခုကိစ္စကတော့. ပြဿနာတက်ချင်ယုံ ရန်ဖြစ်ချင်ယုံသက်သက် လို့
    မှတ်လို့.  စာဖတ်သူကိုမတောင်းပန်တော့ဘူးဗျို့.   

    ဘယ်အစိုးရရဲ့ ဘယ် စည်းမျဉ်း ဘယ်ဥပဒေမဆို. ခနထားလိုက်.   ယဉ်ကျေးမှုတို့ 
    ကာလချာတို့လည်း မေ့ထားလိုက်.  အဲ မန်းဂဇက် စည်းကမ်း ဘာညာသာဒကာ 
    ကိုလည်း မစင်းဇားနဲ့ဦး.  ကိုယ်မပိုင်တဲ့ ပိုင်ရှင် ရှိတဲ့ အရာ တခုခုကို
    ကိုယ် နှစ်သက်သလို လုပ်ချင်တိုင်းလုပ်တာ တရားတယ်ထင်ရင်
    ဟော့သည့်ကွန်းမန့်ကို ဗျင်းကြဗျာ.  

  • ကြောင်ဝတုတ်

    May 21, 2013 at 10:28 am

    ကျွန်တော်ပြောခဲ့ဖူးတဲ့ Virtual Life နဲ့ Real Life ကို အဲ့လိုဖွဲ့တော့လဲ…
    ကိုယ်က ခပ်ပြင်းပြင်းပြောခဲ့တဲ့အရာက အများကြီးနူးညံ့သိမ်မွေ့သွားကြောင်း အံ့ဩရပါတယ်… ကျောင်းဒကာကြီးရေ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • black chaw

      May 23, 2013 at 7:21 am

      @ ကြောင်ဝတုတ် ;
      မမြင်ရတာ အတော်တောင်ကြာပြီနော်… ဝတုတ်ရေ…။
      ဦးဘလက်ပို့စ်တွေဘက်ကို
      ဝင်တဲ့အခါလည်း ကြုံပါဦးဗျာ…။
      ကွန်းမန့်လေး ဝင်ရေးပေးတာ ကျေးဇူးအထူးပါနော့်…။

  • အလင်း ဆက်

    May 21, 2013 at 1:36 pm

    သူကြီး ရေ
    ဒါဆိုရင်. . .
    ကျွန်တော်တို ့ရဲ့ ကဗျာပြခန်းထဲမှာ ဆရာမင်းသုဝဏ်တို ့
    ဦးပုည တို ့ရှေးဆရာကြီးတွေရဲ့ ရှေးကဗျာတွေ
    ထည့်ပြဖ်ု ့ိ မသင့်ဘူးပေါ့နော်
    ကျွန်တော်တို့က ရှေးကဗျာလေးတွေထဲက မမေ့နိုင်တဲ့ကဗျာလေးတွေကိုပါ ကြိုကြားကြိုကြား ထည့်ပြချင်တာလေ
    ဆရာ့ဆရာကြီးတွေ ကို လွမ်းဆွတ်ခြင်း ဂုဏ်ပြုခြင်း အနေနဲ့ပေါ့

    အခုလို မူပိုင် ခွင့်တွေ ဘာတွေ တိတိကျကျပြောလာရမယ်ဆိုရင်တော့. . .
    ဆရာမင်းသုဝဏ်တိူ့ နောက် လိုက်ပြီးးး
    ခွင့်တောင်း မလိုလို

    ဘီလို လုပ်ရပါ့မလဲ ချစ်သော သူကြီးရေ

    :kwi:

    • ခင် ခ

      May 21, 2013 at 1:46 pm

      မောင်အလင်းဆက်ရေ အတန်တန်တော့စဉ်စားနော်။
      သဂျီးမန့်ချက်အရတော့ ခရက်ဒစ်တူး ရုံနဲ့ မရပါတဲ့။

    • kai

      May 21, 2013 at 1:50 pm

      ဦးပုညလို.. ရှေးနှစ် ရာချီတွေက… (မှတ်ပုံတင်ပြီး မူပိုင်ခွင့်ဆက်မထားရင်) အများပိုင်ဖြစ်သွားတာမို့.. မည်သူမဆို.. သုံးလို့ရပါတယ်..။
      သာမန်အားဖြင့်.. ဖန်တီးသူကွယ်လွန်ပြီး..အနှစ်၇ဝ မှတ်ပါ..

      ဆိုတော့…
      မြန်မာပြည်တွင်းကနေ … ကော်ပီတွေသိပ်မရိုက်ကြပါနဲ့…
      ဘာများဖြစ်ကြမှာမို့လည်းကွယ်… :kwi:
      =
      How long does a copyright last?
      The term of copyright for a particular work depends on several factors, including whether it has been published, and, if so, the date of first publication. As a general rule, for works created after January 1, 1978, copyright protection lasts for the life of the author plus an additional 70 years. For an anonymous work, a pseudonymous work, or a work made for hire, the copyright endures for a term of 95 years from the year of its first publication or a term of 120 years from the year of its creation, whichever expires first. For works first published prior to 1978, the term will vary depending on several factors. To determine the length of copyright protection for a particular work, consult chapter 3 of the Copyright Act (title 17 of the United States Code). More information on the term of copyright can be found in Circular 15a, Duration of Copyright, and Circular 1, Copyright Basics.

      Do I have to renew my copyright?
      No. Works created on or after January 1, 1978, are not subject to renewal registration. As to works published or registered prior to January 1, 1978, renewal registration is optional after 28 years but does provide certain legal advantages. For information on how to file a renewal application as well as the legal benefit for doing so, see Circular 15, Renewal of Copyright, and Circular 15a, Duration of Copyright.

      • Mr. MarGa

        May 21, 2013 at 6:01 pm

        သဂျီးရဲ့ အီး လို ရှင်းချက်များကို ချာချာလည်ကာ ဖတ်ပြီးတဲ့အခါမှာတော့
        ဂလို နားလည်သွားတယ်
        သူက အဓိက ပိုင်းထားတာက 1978 ရဲ့ နောက်ပိုင်းကို ပိုင်းတာကလား
        အဲဒီနောက်မှာ ထုတ်ဝေသမျှ အတွက် မူပိုင်ခွင့်ဟာ ပိုင်ရှင် အသက်ရှင်သရွေ့ ကာလပတ်လုံးနဲ့ သူ သေဆုံးတဲ့နောက် အနှစ် 70 အထိ ခံစားခွင့် ရှိသပေါ့။
        အဲ ကြားက အမည်မဖော်ဘဲ၊ ဒါမှမဟုတ် ခိုင်းစေလို့ ပြုလုပ်ရတဲ့ အရာတွေကိုတော့ စတင်ပြုလုပ်တဲ့ နေ့ရက်ကနေ နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် ဒါမှမဟုတ် စတင် ပြသတဲ့ နေ့ရက်ကနေ 95 နှစ်အထိ ခံစားခွင့် ပေးသပေ့ါ။
        အဲ 1978 ရဲ့ အရှေ့က ပြုလုပ်ခဲ့တဲ့ လက်ရာတွေအတွက်တော့
        တိတိကျကျ သတ်မှတ်ထားချက် မရှိလို့ပဲ ယူဆရမယ့်ပုံ
        ဒါ့အပြင် ဒီ မူပိုင်ခွင့်ကို ထပ်မံ သက်တမ်းတိုးလို့ မရတာကြောင့်
        ဒီအချိန်သတ်မှတ်ချက်ထက် ကျော်ရင်တော့ ကြိုက်သလို သုံးစွဲနိုင်တယ်လို့သာ ယူဆလိုက်ပါကြောင်း
        ဒါကြောင့် ကဗျာပြခန်းကိုယ်စား ပြောပေးရရင်
        ကျွန်တော်တို့တတွေ အဲဒီ စည်းမျဉ်းအရ 1978 ရဲ့ ရှေ့ပိုင်း ရှိသမျှ ကဗျာများကို အလျဉ်းသင့်သလို ထည့်သွင်းသွားပါမယ်။
        ဒါကြောင့် ကျွန်တော်တို့ ကဗျာပြခန်းမှာ ခေတ်စမ်းကဗျာ အမျိုးအစားအထိ ပြသသွားပါမယ်ဆိုတာ သဂျီးကို တစ်ခါထဲ ပြောပါရစေခင်ဗျ

  • ရဲစည်(ခ)စောဖွပြေး

    May 21, 2013 at 6:44 pm

    ကျောင်းဒကာကြီး ကိုယ်တော် ဘဘဘလက် ခင်ည 。。。。
    ကျနော်ကတော့ ဦးသိန်းဇော်ကို ၂နေရာမှာ ကြိုက်ခဲ့ဖူးပါတယ် …
    “ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇာ် တိုင်းပြည်ကမျှော် 。。。 ” ကိုယ်တိုင်တောင် အဖွားကို သူ့သဘက်နဲ့ ခေါင်းပေါင်းလုပ်ပီး အိမ်မှာ ကဖူးတယ် 。。。 ခုံပေါ်တက်ကတာ ပြန်အဆင်း ခလုပ်တိုက်လဲလို့ သွားတချောင်းတောင် ကျွတ်ဖူးရဲ့ 。。。
    နောက်တခုကတော့ 。。。。。 ” သာသနာတဖက် .. ရာဇာတဖက် … ဘလာဘလာ .. ” အဲ့လာလဲ လွှတ်ကြိုက်သဗျို့ …

    ဒါလောက်ပါဘဲ ကျောင်းဒဂါကြီး ကျန်းမာလန်းဖြာပါစေ ….. ။

    • black chaw

      May 23, 2013 at 7:28 am

      @ ရဲစည် ;
      ၂ နေရာမှာ ကြိုက်တယ် ဆိုကတည်းက
      နင်က သိန်းဇော် ပရိသတ်ပဲ….။
      ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ စောဖွပြေးရေ…။

  • ခင်ဇော်

    February 28, 2016 at 8:14 pm

    ခုများတော့ ကွာရှင်းကုန်ကြပလားးး
    ကလေးး ၁၂ ယောက်လောက် ရပြီးး အလုပ်ရှုပ်နေကြပြီလားးမသိဘူးးနော်…
    ခိုးယူပေါင်းသင်းနေမိပါတယ် ဝန်ခံခဲ့ကြသူတွေ ပြောပါတယ် …
    :kwi:

    • မြစပဲရိုး

      February 28, 2016 at 9:32 pm

      ရန်ကုန်ပြန်ခဲ့တယ်လား။
      ဘယ်လောက် ပျော်ခဲ့မလဲ ဆိုတာခံစားသိပါတယ်။
      တစ်နေ့တော့ အပြင်မှာ လူချင်း ဆုံချင်ပါသေးတယ် ဇီကလေးရယ်။

      ကိုကို့ ကို ကျွန်မ က ခိုးတာပါလို့ ပြောလဲ ဒီတစ်ခါတော့ မရတော့ဘူး။ ((စီဒီ – ဒေါ်ဆွေဇင်ထိုက်) 😉
      အနားတောင်ကပ်ခွင့်မရ ဘဲ အဝေးက မီတာ ၁၀၀ဝ အကွာ နေရမတဲ့ အမိန့်ချခံ ထိထားလို့ပါ။
      တစ်နေ့ပေါ့။ ပြောစရာတွေ အများကြီးနဲ့ ပြန်လာချင်ပါသေးတယ်။

      • ခင်ဇော်

        February 29, 2016 at 5:19 am

        အယ် …
        ကျန်းးးးး
        ခိုးးး ပြန်လာတယ် ပေါ့လေ …
        ဟိ…
        ဖြေးးးဖြေးးး
        Real Life မှာ အရင် အေးးချမ်းးပါစေအူးးး အရီးးရေ…
        :chit:

  • naywoon ni

    February 28, 2016 at 10:54 pm

    အသစ်​​တွေဘယ်​​လောက်​​ကောင်​း​ကောင်​း အ​ဟောင်​းကိုပဲ တစ်​ဝဲလယ်​လယ်​ ဆိုတဲ့ စကား မှန်​သားပဲ ။
    @ ကိုဘလက်​​ရေ တစ်​ချိန်​က မိုး​ဝေ မဂ္ဂဇင်​းထဲမှာပါခဲ့တဲ့ ကဗျာဆရာ ပိုင်​သ ရဲ့ အလီဘာဘာနဲ့ ခိုးသား​လေးဆယ်​ ကဗျာ​လေး ဖတ်​ဖူးလား ။ ခိုးခြင်​းနဲ့ ပတ်​သက်​လာရင်​ အဲ့ကဗျာ​လေးကိုပဲ ပြန်​ပြန်​သတိရ​နေမိလို့ ။ ​နောက်​ပိုင်​း အဲ့ဆရာက ကဗျာမ​ရေး​တော့ဘဲ ဒါရိုက်​တာဘက်​လှည်​့သွားဆို 🙂

Leave a Reply