မျက်နှာကြီးရာ ဟင်းဖတ်ပါ အသစ်အဟောင်းပြဿနာ

မျက်နှာကြီးရာ ဟင်းဖတ်ပါ တဲ့ ။
အထက်က စကားပုံကိုကြားဖူးကြ့ပါလိမ့်မယ် ။ ပုထုဇဉ် လူသားတွေ ဖြစ်နေလို ့ နေရာတကာဒီသဘောဖြစ်နေ
တာ မဆန်ပါဘူး ။ ဆွမ်းကျွေး အသုဘမှအစ ရပ်ကွက်ထဲ ဖုန်းကဒ်မဲနှိုက်တာအလယ် နိုင်ငံတော်လုပ်ငန်း များ
အထိ ဒီပုံဖြစ်နေတာပါ ။ မနာလိုလိုလို ့မဟုတ်ဘူး … အစာမကျေလို့မဟုတ်ဘူး …
ဖြစ်သင့်တာတွေနဲ့ လွဲနေရင် နဲနဲ ပြောချင်လို ့ ။

ပထမအကြိမ် မိုဘိုင်းဖုန်း ဆင်းကဒ်တွေ မဲနှိုက်ပေးတာ သိကြမှာပါ။
လိုတဲ့နေရာတွေထက် ၊ ဆင်းရဲနွမ်းပါးသူတွေစုဝေးရာထက် ချမ်းသာသူများ တတ်နိုင်သူများရှိတဲ့နေရာတွေမှာ
ခွဲတမ်းပိုခဲ့ပါတယ် ။ ဥပမာ …. မြု ိ့သစ်က ရပ်ကွကမတစ်ခုကို ဆယ်လုံး မဲနှိုက်ပြီး ရန်ကုန်မြို ့တွင်းရပ်ကွက်
တစ်ခုမှာ အလုံး (40) မဲနှိုက်တယ် ။ မြို ့သစ်က ရပ်ကွက်တစ်ခုဟာ မြို ့တွင်းရပ်ကွက်ထက် အနဲဆုံး နှစ်ဆကနေ
လေးဆ လောက်နီးနီး ကျယ်ပါတယ်။လူနေလည်းထူထပ်ပါတယ် ။
စဉ်းစားကြည့်ပေါ့ဗျာ….

နာဂစ်ကယ်ဆယ်ရေးတုန်းကလည်း ဒီလိုပဲ ….
ဘယ်နယ်ဗျာ လုပ်ပုံက စမ်းချောင်းတို ့ ကြည် ့မြင်တိုင်တို ့မှာ အာလူးတွေဆန်တွေ ဝေပေးတယ်ဆိုပဲ ။
မြို ့သစ်တွေနဲ ့ မုန်တိုင်းဒဏ်ခံနေရာတွေ သွားကြည့်ပါဦး ။ထမင်းတစ်လုပ်အတွက် ဘယ်လိုရပ်တည်နေရတယ်
ဆိုတာ ……. လိုတဲ့နေရာမဖြည် ့ပဲ မလိုတဲ့နေရာဖြည့်နေတာ ဖြုန်းတီးတာ မဟုတ်ဖူးလား ။ နိုင်ငံတော်ကရော …
ယခုထက်ထိ ပြဇတ်တွေ ကလို ့ကောင်းတုန်း ။ မဆလ ခေတ်ကနေ က လာလိုက်တဲ့ပြဇတ် … န ဝ တ ပြီးတော ့
ဘကြီးစိန် ခေတ်အထိ ။ ရုပ်ပြကောင်းအောင် လုပ်တာတွေ လျော့ပါဦး မျက်နှာကြီးရာလည်း ဟင်းတွေ
စွတ်မထည့်ပါနဲ့ဦး …..

ကျုပ်က ဒီရွာမှာ စာဖတ်သမားဗျ ။ ကိုယ် ့အခြေအနေကိုယ်သိလို ့ စာလည်းမရေးဘူး ။ နောက်ဆုံး ကွန်မန် ့
ရေးဖို ့တောင် မဝံ့မရဲဖြစ်ရတာ ။ ထားပါတော ့ ကျုပ်အနေနဲ့ စာဖတ်ပြီး မှတ်ချက်လေးတော ့ရေးပြီးဆွေးနွေး
သင့်တာပါ ။ ဒါမှလည်းစာရေးသူများ အးားတက်လိမ့်မပေါ့ ။ အခုနောက်ပိုင်း ရွာကိုကြည့်ရတာ စိုစိုပြေပြေ
မရှိလှဘူး ။ လူဟောင်းတွေကလည်း နားတဲ့သူကနား…မအားတဲ ့သူကမအား … ပြီးတော ့ ရန်ဖြစ်ပြီး
မလာတာနဲ့ …. ကွနိနက်ရှင်မကောင်းတာနဲ့ ဆိုတော ့ ကျီးနဲ့ဖုတ်ဖုတ် ဇရပ်ပျက်အစုတ်လိုဖြစ်နေပြီ ။

လူသစ်တွေ မန်ဘာဝင်ကြပါတယ် ။စာလည်း တတ်နိုင်သလောက်ရေးကြပါတယ် ။ ပရိုတွေမဟုတ်တော ့လည်း
လိုအပ်ချက်တွေရှိမှာပေါ့ …. ကျုပ်လည်း သူတို ့စာတွေ ဘာရေးရေး ဖတ်ပါတယ် ။ ဘာသွားတွေ့လည်းဆိုတော ့
အားပေးမှုမရကြတာပါပဲ ။ အပြစ်တင်တာတော ့မဟုတ်ပါဘူး ။ အသစ်ဆိုတာ အမြဲတန်း အစားထိုးနိုင်မှ ဟန်ချက်
ထိန်းနိုင်တာပါ ။ဘယ်နေရာဖြစ်ဖြစ်ပေါ့လေ ။ ခုတော့ အသစ်တွေကို အားပေးမှုနဲတာလည်း ရွာစည်ကားမှု
အတွက်နှောင့်နှေးစေပါတယ် ။မခင်သေးတာလို ့ပြောလို ့ရပေမယ့် အဟောင်းက တွဲခေါ်ရမှာပါ။ လူကြီးဆိုတာ
တစ်ခါက ကလေးပါ။ အဝတ်မဝတ်ခင်က ကိုယ်တုံးလုံးပါ ။

ကျုပ်လည်း စာဖတ်ပြီးကွန်မန့်မရေးဖြစ်လို ့ အသစ်တွေကို အားနာလှပါတယ် ။ ပြီးတော ့ သူကြီး ဦးခိုင်မှာလည်း
တာဝန်ရှိပါတယ် ။ ကိုယ့်ရွာမှာ စာလာရေး စာလာဖတ်သုတွေကို အားပေးရမှာပေါ့ ။ စဉ်းစားကြည့်လေ …
သူကြီးအနေနဲ့ အသစ်တစ်ယောက်ရဲ ့ပို့စ်မှာ ကြိုက်သော်ရှိမကြိုက်သော်ရှိ ဝင်မန် ့ပေးလိုက်ရင် ဘယ်လောက်
များဝမ်းသာရှာမလဲ ….။ အသစ်တွေ လူငယ်တွေရဲ့ လိုအပ်နေတာ အားပေးမှုပါ ။ ကျုပ်တို ့အားလုံး အားပေး
ရင်းနဲ့ စည်ပင်ဖွံ့ ့ဖြိုးအောင် လုပ်သင့်ပါတယ် ။ တကယ်တော ့ ရွာလို ့ဆိုပေမယ် ့ နိုင်ငံတော်ကိုပြောချင်တာပါ ။
ကဲ …..သူကြီး …
အခုချိန်ကစပြီး မျက်နှာကြီးရာ ဟင်းဖတ်မပါနဲ့တော ့
မျိုးဆက်သစ်တွေ မွေးဖို ့ပြင်ထား
ဒီမိုး ဒီရေ ဒီလူတွေကြီးလုပ်မနေနဲ့ !!

ခရီးသည်ကြီး

56 comments

  • N@ng Ghi Ghi Joe Z

    May 17, 2013 at 10:17 am

    ဝင်ဝင်ချင်း သဂျီး ကိုသမပါရောလား…။
    မနက်ကတင် ကိုကိုကြောင့်ပိုစ့် ဖတ်ပီး တခွိခွိဖြစ်နေတာ..
    ဟီဟိ… အိုင်ခူးတို့ ဆုတောင်းကောင်းပုံ ။
    :kwi:
    အဲ ..ဘွာတေး ..သူပြောတော့ ဆုမတောင်းရဘု တဲ့ …
    ဖဘ က ဆြာတယောက်ကတော့ တခုခုလှူပီး ဘာရပါဇီညာရပါဇီ ဆုတောင်းတာ
    လှူတာမဟုတ် မျှားတာတဲ့ .. ထားပါတော့
    အန်းနီးဝေးးဝဲလ်ကမ်း ဘာ..
    :harr:
    အော်.. စကားမစပ် ခည …ရွာထဲလူစည်တဲ့ တချိန်ကပေါ့ဗျာ ရွာသူားသစ် မိတ်ဆက်စာ ဆိုပြီး
    ရွာသူားသစ်က ဘာလေးပဲ ရေးတင်တင် ရွာသူားဟောင်း အယောက် ၃ဝမျိုး ၄ဝမျိုး ဝင် ကြိုဆိုနှုတ်ဆက် ရေးကြသေးတယ်ဗျ..
    သို့သော် မိတ်ဆက်စာ က နှုတ်ဆက်စာအလား အဲ့တပုဒ်အပြီး ဘာမှ ထပ်မတင်ဘဲ ပျောက်ပျောက်သွားသူတွေက များလေတော့
    ရွာ့လူဟောင်းတွေလည်း လူသစ်ဝင်တဲ့အခါ စိတ်ဝင်စားမှုလျော့ကျပြီး မမန့်ဖြစ်တော့တာ (မန့်တာနည်းသွားတာ) ကလည်း
    အကြောင်းရင်းတရပ်တမုံ့..။ကျန်တာကတော့ ကေ့စ်ဘိုင်ကေ့စ်တေပေါ့ဗျာ..

    :byae:

  • kyeemite

    May 17, 2013 at 10:19 am

    ခုတော့ အသစ်တွေကို အားပေးမှုနဲတာလည်း ရွာစည်ကားမှု
    အတွက်နှောင့်နှေးစေပါတယ် ။မခင်သေးတာလို ့ပြောလို ့ရပေမယ့် အဟောင်းက တွဲခေါ်ရမှာပါ။

    ခရီးသည်ကြီး ပထမဆုံးရေးတဲ့စာဖတ်ရတော့ ရွာမှာစာဖတ်သက်တော်တော်ကြာနေပြီဆိုတာ
    သတိထားမိတယ်…
    အပေါ်က ခရီးသည်ကြီးထောက်ပြထားတာလေးကို အပြည့်အဝထောက်ခံပါဂျောင်းးး

  • ဦးကြောင်ကြီး

    May 17, 2013 at 10:19 am

    ခရီးသည်ဂျီး
    ငြီးတယ်ခွီး
    တီးဝယ်မြည်း
    ဖြီးလည်ရွှီး
    မီးငယ်သီး
    ကြီးရှယ်ဟီး
    လှီးနယ်ဂွီး
    ဘီးဝယ်စီး..

  • Ko chogyi

    May 17, 2013 at 10:40 am

    မျက်နှာကြီးရာဟင်းဖတ်ပါ
    ကိုယ့်ငါးချဉ်ကိုယ်ချဉ်
    ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်
    ကိုယ့်ဘက်ကိုယ်ယက်
    နူရာဝဲစွဲ လဲရာသူခိုးထောင်း

    • ခရီးသည်ကြီး

      May 18, 2013 at 10:06 am

      မင်္ဂလာပါဗျ
      ကိုအင်ဇာဂီ ၊ ဦးကြီးမိုက် ။ ဦးကြောင်ကြီးနဲ ့ ကိုချိုကြီးခင်ဗျာ

      သူကြီးကိုဦးတိုက်ပြီး ရွာထဲရောက်လာရတာ ဆောရီးပါဗျ
      အမှန်တော ့ သဌေးတွေ ငွေကြေးတတ်နိငြ်သူတွေ ဖုန်းကဒ်မဲနှိုက်တာကိုအမြင်ကပ်ရင်းဟိုရေးဒီရေး
      လုပ်လိုက်တာပါ။
      တကယ်ဆိုရင် အသစ်တွေဘက်ကလည်း တာဝန်ရှိတာအမှန်ပါဗျ
      တစ်ချို ့ဆို reply တောင်လုပ်ဖို ့မစဉ်းစားကြဘူး
      မအားတဲ့သုတွေကိုမဆိုလိုပါ လူတိုင်းပို့စ်တိုင်းကိုမဆိုလိုပဘူးဗျ
      အွန်လိုင်းပေါ်အမြဲရှိတဲ့ အချို ့သော ဘလော့ဂါများကိုပြောတာပါ
      :528:

  • မောင် ပေ

    May 17, 2013 at 11:10 am

    အမေဒစ်ကန် သိန်းငှက်
    သူ ့သက်တမ်း က … အိမ်း ဖိုးဖိုးပေ လဲ မမှတ်မိတော့လို ့၊ သိချင် ဂူဂဲ ထဲ ရှာကြည့်တော့ကွယ်
    အဲဒီ သိန်းငှက် တွေ က သက်တမ်းဘယ်လောက်ရောက်ရင် ဆိုလားကွယ်
    တောင်ပံတွေ နဲ ့နှုတ်သီးတွေ က အရမ်းကြီးလာ သကွဲ ့
    ုဆိုတော့က တောင်ပံတွေ ကြီးလာတော့ ပျံသန်းဖို ့ ခတ်ရန် အားအရမ်းလို
    နှုတ်သီးတွေ က အရမ်းကြီးလာတော့ ၊ အစာစားဖို ့ခက်လာပြီး ၊ နောက်ဆုံး မစားနိုင်တော့တဲ့ အခါ ငတ်သေ ဖြစ်ရသတဲ့ကွယ်
    အဲ့ချိန်မှာ အမေဒစ်ကန် သိန်းငှက် ဟာ သူ ့သက်တမ်း/ သူ ့အသက် ကို ဆက် ရှင်သန်ချင်တယ် ဆိုရင် ၊ ဘာလုပ်ရသလဲ ဆိုတော့က…
    သူ ့အတောင်တွေ ကို သူကိုယ်တိုင် ရိုက်ချိုး ၊ ပြီးတော့ သူ ့ရဲ ့ရှည်လျားလာတဲ့ နှုတ်သီးတွေ ကို ကျောက်နံရံ မှာ သွားထိုးပြီး ပြန်ချိုး ပစ်လိုက်ရသတဲ့
    အဲဒီအခါကြမှ ၊ တောင်ပံ အသစ် ၊ နှုတ်သီး အသစ် ပြန်ဖြစ်ပြီး
    ကျန်တဲ့ သူ ့သက်တမ်း ကို ကောင်းမွန်စွာ အသက်ဆက်ရှင်သန် နိုင်သတဲ့ကွယ်
    ဆိုတော့က
    ဖိုးဖိုးပေ ပြောချင်တာကတော့
    “““““ အသစ် ”””””” အသစ် အသစ်
    ဆိုတာမျိုးကို လူတွေ ဘယ်နေရာမှာ တမ်းတမ်းစွဲ တန်းကြိုက်သလဲ ဆိုရင် ပြည့်တန်ဆာ အိမ်မှာပဲ ရှိလိမ့်မယ် ကွဲ ့
    ဒီ ဂေဇက်မှာ ဖြစ်ဖြစ် ၊ တခြား လုပ်ငန်းဂွင်တွေမှာပဲ ဖြစ်ဖြစ် ၊ မြန်မာနိုင်ငံ စာပေလောကမှာပဲ ဖြစ်ဖြစ်
    အသစ်တစ်ယောက် ကို လူတွေ အသိအမှတ်ပြုဖို ့ဆိုရင်
    အဲဒီ အသစ် က တစ်ခုခုတော့ လုပ်ပြရမှာပေါ့ကွယ် ( ဥပမာ မျောက်က ကပြခြင်း ဘာညာ )

    *******
    ပြောချင်တာကတော့ အဲဒါပါပဲကွယ်
    အသစ် တစ်ယောက်အနေနဲ ့
    ပထမဆုံး တင်တဲ့ ပို ့စ်မှာ ကွန်မင့် ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ
    ဒီရွာမှာ နာမည်တစ်ခု တည်ဆောက်ချင်တယ် ဆိုရင်
    စဉ်ဆက်မပြတ် ဆက်ကြိုးစားရမှာပါကွယ်
    ဖိုးဖိုးပေ တို ့လဲ ၊ ပထမဆုံး ရက်ဂျစ်စတာ လုပ်ပြီး ဝင်ရေးတုန်းက အသစ်အဖြစ် နဲ ့စခဲ့တာပါကွယ်
    ဖိုးဖိုးပေ ဘောလုံး ခန် ့မှန်း ပို ့စ်တွေ အခုချိန်ထိ ရေးနေတုန်းပဲ
    အခုချိန်ထိ ကို ကွန်မင့် မရတဲ့ ပို ့စ်တွေ လဲ ရှိတာပါပဲ ကွယ်
    အားမပေးလို ့ စာမရေးတမ်း ဆိုရင် ၊ စာရေးသူ ကြိုးစား အားထုတ်ထားတဲ့ အတွေးအခေါ် စိတ်ကူးတွေ အလကား ဖြစ်ရမှာပဲမို ့ …..
    “““ ရေးပါ ၊ တင်ပါ ”””” လို ့ တိုက်တွန်း ချင်ပါတယ်ကွယ်
    ဒီဂေဇက်ရွာထဲက လူတော်တော်များများ ဟာ အပြင်လောက ရဲ ့စာရေးဆရာများ အားလုံး မဟုတ်ကြပါဘူးကွယ် ၊ နောက်ပြီး ထမင်းစားဖို ့အလုပ်ကိုယ်စီ လုပ်ကြရသေးတယ်ကွဲ ့
    ဆိုတော့က
    အားတဲ့အခါ ၊ ဝင်ဖတ်ဖြစ်တဲ့ အခါ
    ကွန်မင့်ပေး ၊ အားပေးကြမှာ ကို
    သဘောပေါက်ထားရင်
    ဂေဇက်ရွာဟာ နေတတ်စရာ ဖြစ်လာမှာပါကွယ်
    ကဲကဲ
    နဲနဲ ပေရှည်သွားတယ်
    ဒါပဲ
    ပုံ
    ဖိုးဖိုးပေ

  • ခင် ခ

    May 17, 2013 at 11:21 am

    ခရီးသည်ကြီး မင်္ဂလာပါဗျာ။
    ဦးဆုံးရောက်တဲ့ ပိုစ့်မှာဘဲ သဂျီးကို ပြောပါရော့လား။
    ရွာထဲက သဂျီးအိမ်ဘေးနားက ကွက်လပ်မှာ နေရာပေးဖို့ ရွာသူားတွေကို တိုက်တွန်းပေးမယ်၊
    အဲ တစ်ခုတော့ရှိတယ် သဂျီး နဲ့ နီးမှ အကြောင်းသိကာ အတူပေါင်းမိပြီး နောက်မှ ဘာမေးမေး သဂျီးကိုဘဲ မေးတော့ဗျာဆိုပြီးတော့ မသိသလိုခေါင်းခါခါလေးတော့ မလုပ်နဲ့နော်။ အဲဒါလေးဘဲပြောချင်တာပါ။

  • အလင်း ဆက်

    May 17, 2013 at 12:28 pm

    ကိုင်းးးးး
    သဂျီးကို တော့ ပြော ပြီ
    🙂

    အမှန်အတိုင်း ပြောရ ရင်
    ကျွန်တော် ဒီရွာ ကို စ ရောက် ခါစက
    သူကြီးကို သကြီး မှန်း သိပြီးတာနဲ့
    ပို ့စ်ထဲကို သကြီး ရောက်လာ ရင် သိပ် ပျော်ပါတယ်
    အခုထိလည်းးးး
    ရွာသူား အဟောင်းး အမာခံကြီးးတွေ ဖြစ်တဲ့ အူးအူးပါ တို့
    အန်တီ ပဒုမ္မာ တို့
    အန်တီ မမတို့
    အူးကြောင် တို ့
    စသည်ဖြင့် ပေါ့ဗျာ
    ကျွန်တေည့် စာလေး လာဖတ်ပြီး
    ကွန်မန် ့လေး ပေးသွား ရင် သိပ်ပျော်တာပါ

    အသစ်တွေ ကို ကိုယ်ချင်း စာ မိပါတယ်
    ကဲ ပစ်မထားကြစို ့နဲ ့

    အသစ်တွေ လည်းးး အားမငယ်ပါနဲ ့
    ဖတ် ပြီးး မမန် ့ဖြစ်ခဲ့တာတွေ ရှိလို့
    ရွာကို သံယောဇဉ် ရှိတဲ့
    အဆက်လည်းး မပြတ်တဲ့ ရွာသူား
    အဟောင်းတွေက
    အမြဲ မမန့်ဖြစ် ပေမယ့်
    ဖတ်တော့ ဖတ် ဖြစ်တာ များးပါကြောင်းးးး

    🙂

    • ခရီးသည်ကြီး

      May 18, 2013 at 10:28 am

      ဖိုးဖိုးပေ ။ ဦးခင်ခ နဲ ့ ကိုအလင်းဆက်ခင်ဗျ
      ဝင်ရောကါဆွေးနွေးတာ ကျေးဇူးပါဗျ

      ဖိုးဖိုးပေ ရှင်းပြသလို ပေးဆပ်မှုဦးစွာ ဆိုသလိုဘဲ တစ်ခုခုတော ့ဆောင်ရွက်ရမှာပေါ့ ။
      ဖိုးဖိုးပေကိုယ်တိုင်လည်း အသစ်များကို တွဲခေါ်တတ်တာသိပါတယ်ဗျ ။ဆက်လက်ပြီးဆောင်ရွက်နိုင်ပါစေဗျ

      ဦခင်ခ
      ကျန်းမာရေးတွေသတိပေးရေးသားတတ်တာ သိရပါတယ်ဗျ
      ကျုပ်လည်း ဆေးလိပ်ဖြတ်လိုက်ပါပြီ
      ဦးခင်ခကျေးဇူးပါ ဗျ
      ကျုပ်အတွက်တော ့နေရာမလိုချင်ပါဘူးဗျ
      ခရီးသွားတစ်ယောက်ဖြစ်နေလို ့ပါ
      မကြာခင် ခရီးဆက်ရဦးမှာပါ
      လမ်းကြုံဝင်နားရင်းအပန်းဖြေခွင့်ရတာ ကျေးဇူးဗျ

      ကိုအလင်းဆက် ခင်ဗျ
      မော်ဒန်ကို ဘာမှန်းမသိပေမဲ့ မော်ဒန်တွေလည်း အားပေးနေပါတယ်ဗျ
      လာရောက်အားပေးတာအလွန်ဝမ်းသာပါတယ်ဗျ
      ကျုပ်လည်း ခင်ဗျားလိုပဲ ကျုပ်ပို့စ်မှာ လာဆွေးနွေးတဲ့ ဂေဇက်က နာမည်ကျော်တွေကိုကြည့်ရင်း
      ဂုဏ်ယူနေတာပါဗျ

  • kai

    May 17, 2013 at 1:09 pm

    ကျုပ်က…
    နေကောင်းပါတယ်..ကျမ်းမာပါတယ်.. ထမင်းစားပြီးပြီလားနဲ့..မမန့်ချင်ဘူးဗျ..
    မတူတဲ့အတွေးနဲ့.. ချရေးတဲ့ကိုယ်ပိုင်စာကိုမှ.. ဖတ်တယ်မန့်တယ်…

    အဲ..
    တခါတလေ.. ကော်မန့်မရှိပဲကောင်းတာလေးမြင်လည်း..မန့်ပါတယ်..
    တခါတလေတော့… နောင်ဂျိန်ချတဲ့ထဲရောပြီး.. မန့်ပါတယ်…
    အင်း..
    တခါတလေမှာတော့… စိတ်ကူးပေါက်တာမန့်ပါတယ်..
    တကယ်တော့..
    နေကောင်းကျမ်းမာရှိပါစလည်း… ရေးပါတယ်..

    ချုံပြောရရင်တော့…
    ဖြစ်ချင်တာတွေဖြစ်ချင်သလိုဖြစ်အောင်.. လုပ်ချင်တာကို..လုပ်ချင်သလိုလုပ်ပါတယ်.. နော.. :kwi:

    • ခရီးသည်ကြီး

      May 18, 2013 at 10:43 am

      အန်ကယ်သူကြီး ဦးခိုင်
      နေရာအသစ်ရောက်ရင် ဦးတိုက်ရတယ်ဆိုလို ့ ခရီးသွားဟန်လွှဲလေးပါဗျ
      ထမင်းစားရေသောက် သေးပေါက် အီးပါ ရေးစရာအလိုတာသဘောပေါက်ပါတယ် ။
      ဒါပေသိ
      တခါတရံ ကိုယ့်စိတ်နဲ့မတွေ့သော်လည်းဆောင်ရွက်သင့်တာများရှိနေပြန်တယ်ဗျ ။
      သရေုပ်ဆောငါခြင်းတစ်မျိုးဖြစ်မလားထင်တယ်ဗျ
      ဒီရွာမှာ အယ်ဒီတာက ရွာသားတွေနဲ့ အတူဆွေးနွေးတတ်တာ ထူးခြားပါတယ်ဗျ
      အခြားရွာတွေမှာတော ့ အယ်ဒီတာက – င်ခေါင်းကျယ်တယ်ဗျ

  • အရီးခင်လတ်

    May 17, 2013 at 2:26 pm

    ခေါင်းစဉ်မြင်လိုက်ကထဲ က ဒီလို လာတော့မလားလို့။
    ဒီတစ်ခါ မလွဲဘူး။ မှန်တယ်။ 😉

    ဒီလို ပါ ခရီးသည်ကြီးရေ။
    ကျုပ် ဝင်ရေးစတုန်း ကလဲ လူတိုင်းဆီက မှတ်ချက်မရပါဘူး။
    နောက်ပိုင်း ရွာသက်ရင့် လာလို့ ရေးလဲ လူတိုင်း ဆီက မှတ်ချက် မရပါဘူး။
    ကျုပ်ကတော့ မှတ်ချက်လိုချင်လို့ ရေးတာထက် ကိုယ့် ရင်ဖွင့်တဲ့ စာကို ဖတ်စေချင်လို့ ရေးတာ မို့ မှတ်ချက် ဘယ်လောက်ရတယ် ဆိုတာ ဂရုမစိုက်မိပါဘူး။
    ဖတ်ချင်သူ စိတ်ဝင်စားသူရှိရင် ဖတ်ပေါ့။
    ကျုပ် ရေးနေတာလဲ တတ်လွန်းလို့ ရေးတာမဟုတ် ဘဲ ဝေမျှချင်တာပါ။
    ကိုယ်ရေးတာ မှားလို့ ထောက်ပြခံ ရချိန် မှာလဲ အင်မတန် အကျိုးရှိပါတယ်။
    ကျုပ် ရေးတာပေါ် မှာ သဘောမျှ ရင်လဲ အဲဒီကနေ ဆက်တွေးဖို့၊ သဘောမမျှ ရင်လဲ ဆက်တွေးဖို့ ကို ဘဲ ဖြစ်စေလိုတာပါ။
    အဲလို တွေးမှ အဲဒီကနေ မှန်ခြင်း၊ မှားခြင်း,၊ကောင်းခြင်း၊ မကောင်းခြင်း တွေ ကို သိလာမှာပါ။
    အပြန်အလှန် ဆွေးနွေးတာလဲ တစ်ပိုင်းပေါ့။
    ဒါပေမဲ့ အဲဒါက အချိန်ပေးရတယ်။ စက်သုံးရတယ်။
    မှတ်ချက်ပေးချင်ရင်တောင်မှ အခြေအနေ ပေးမှ။
    အဲဒီကနေ အတွေး ဆက်တွေးဖို့က လွယ်ပါတယ်။
    ကိုယ့်ဟာကိုယ် ဘယ်လိုတွေးတွေး၊ ဘယ်မှာတွေးတွေး။ လွတ်လပ်ပါတယ်။

    ဒီလိုပြောတာ အပျော်သဘော ပေါ့ပေါ့ပါးပါးလေး ရေးနေသူတွေရဲ့ စာတွေ ကို အဖိုးမတန်ဘူး လို့ မပြောပါဘူး။
    သူတို့ ပုံစံ နဲ့ သူတို့ လဲ တန်ဖိုးရှိပါတယ်။
    ဥပမာ – အချစ် ကဗျာလေး တစ်ပုဒ် ကို ဖတ်ပြီး ဒီလို အဖွားကြီး က ဘယ်လို ဝင်ပြီး ခံစားနိုင်ပါ တော့ မလဲ။
    ဒီတော့ ဖတ်မိလို့ ကောင်းရင်လဲ ဒီအတိုင်း ဘဲ ဖတ်ပြီး မှတ်ချက် မပေးခဲ့တော့ဘူး။
    အဲဒါကို ရင်နဲ့ ခံစားရတယ် ဟေ့ လို့ ပြောရအောင် တကယ်လဲ မခံစားမှ မခံစားရတော့တာ။
    အဲဒီ အရွယ်လွန်ခဲ့ပြီ။
    လက်ရှိမှာ တော့ ဒီလို မျိုး အလွမ်း၊ အဆွေး၊ အသဲကွဲ ဇာတ်လမ်းတွေ ထက် လက်တွေ့ ဘဝ မှာ ဖြစ်သင့်တာ တွေ ကိုဘဲ စဉ်းစား နေချိန်ဖြစ်နေပြီ။
    ကြုံလို့ သမိုင်း ကို ပြန်ကြည့်တာလောက်ဘဲ ရှိတော့မယ်။
    ဝင်ပြီး ကိုယ်တိုင် မဆင်နွဲနိုင်တော့ဘူး။

    ဒီလို ဘဲ ဆယ်ကျော်သက်အရွယ် အခု ပြောနေတဲ့ မီး ဂျန်နရေးရှင်းပေါ့။
    သူတို့ ကတော့ အချစ်အကြောင်း ကို ခံစားဖို့ အရွယ်ဘဲ။
    အဲဒီချိန်မှာ ဘာသာရေး အကြောင်း အငြင်း အခုံ တွေ၊ လူမှု အခက်အခဲ တွေ အတွက် အတွေ့ အကြုံ လဲ နဲသေးတာ မို့ သူတို့ ကလဲ ကျုပ် တို့ အဖိုး အဖွား ကြီး တွေ စိတ်ဝင်စားရာမှာ ပါချင် မှာမဟုတ်ပါဘူး။

    ဒီတော့ ဒီလို သဘော လေးကို သိထားရင်ဖြင့် နေရာတိုင်း မှာ မျှမျှတတ မြင်နိုင်ပါမယ်။

    နောက်တစ်ချက်က စိတ်ဆိုးပြီး၊ စိတ်ကောက်ပြီး ရွာက ထွက်သွားတယ် ဆိုတာ ကတော့ ခရီးသည်ကြီး ရဲ့ တစ်ဖက်သတ် အမြင် လဲ ပါမှာပါ။
    ကျုပ်လဲ ရွာမှာ အရင်လို အင်မတန် နေချင်ပါတယ်။
    စကားတွေ အများကြီး ပြောချင်ပါတယ်။
    ဒါပေမဲ့ လက်တွေ့ဘဝ မှာ အချိန်ကို လု နေရချိန် ဘာကျူရယ် ကမ္ဘာလို့ ပြောမလား ၊ကပေါက်ကြီး တင်စား တဲ့ လေထဲ က မိတ်ဆွေတွေရှိတဲ့ နေရာ ဆိုမလား။
    အဲဒီကို စိတ်ရှိသလို မနေနိုင်တာ လက်တွေ့ပါ။
    တကယ်လို့ များ ခရီးသည်ကြီး အပါအဝင် တစ်ချို့ လူတွေ ပြောသလို ရွာထဲ ကနေ စိတ်ခုပြီး ထွက်သွားတာဘဲ ဖြစ်ဖြစ် စိတ်ပျက်ပြီး ထွက်သွားတာဘဲ ဖြစ်ဖြစ် ရှိနေရင် တော့ အဲလို လူတွေ အတွက် စိတ်မကောင်းပါဘူး။
    ဒါပေမဲ့ လောကကြီးထဲ မှာ ကိုယ့် အလိုလိုက် အကြိုက်ဆောင်ပြီး နေသူတွေချည်း၊ ကိုယ့်အယူအဆ နဲ့ အမြဲတူ နေသူ ချည်း မရှိ တာလေး သတိပြုဖို့ပါ။
    မဟုတ်ရင်တော့ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဒီလို စိတ်ခု၊ စိတ်ပျက် စရာတွေ ချည်း နေမှာပါဘဲ။

    နောက်တစ်ခု အဲဒီ မှတ်ချက်ပေးသူ တွေ တိုင်းဟာ ကိုယ့်စာကို အသေအချာ ဖတ်သူ၊ ဆက်ပြီး တွေးသူ တွေ မဟုတ်တာကိုလဲ သတိပြုပါ။
    မှတ်ချက်ပေးသူများ ကို စော်ကားတဲ့ စကားမဟုတ်ပါ။ လက် တွေ့ပါ။ လူတိုင်း ကို မှတ်ချက်ပေးနိုင်အောင် ကြိုးစားချိန်မှာ စာတွေ ကို အသေအချာ မဖတ်နိုင်တော့ ဘဲ ကျော်ဖတ် မိတာတွေ ကိုယ်တွေ့ပါ။
    အချိန်လုနေရချိန် ကိုယ်စိတ်ဝင်စား ရာအကြောင်း တွေ ကို ဘဲ ဖတ်ပြီး မှတ်ချက် ပေးနိုင်ပါတော့တယ်။
    တစ်ခါတစ်လေလဲ ကိုယ်ဖတ်ချိန် တက်လာတဲ့ စာကို အရင်ဖတ်လိုက်တာလဲ ရှိပါတယ်။
    တစ်ခါတစ်လေလဲ အချိန်လေးရရင် ပေါက်ကရ ဝင်ပြီး အပျော် ပြောပါတယ်။
    မအားရင်တောင် အတင်းဝင်လာပြီး ဖတ်ပါတယ်။ စိတ်မထိန်းနိုင်ရင် အလုပ်ပျက်ခံပြီး ဝင်မန့်ပါတယ်။(သိပ်တော့ မကောင်းပါဘူး)
    ဒါပေမဲ့ ကိုယ်က စကားပြောချင်တာကိုး။ မတတ်နိုင်တော့ဘူး။
    ဒါပေမဲ့ ဒီရွာထဲ မှာ စာဝင်ရေးနေသူတွေ အားလုံး ကို ချစ်ပါတယ်။ လေးလဲ လေးစားပါတယ်။
    ဘာလို့ လဲ ဆိုတော့ ကျုပ်လဲ ဒီရွာသူ အစစ်ဖြစ်နေတာမို့ ဒီရွာထဲ ကို ဝင်လာသူ အားလုံး ဟာ ကိုယ့်ရဲ့ တစ်မိုးအောက် နေသူ စိတ်ချင်းရင်းနှီး သူများပေါ့။
    စာရေကောင်းပုံရတဲ့ ခရီးသည်ကြီး ကလဲ ရွာထဲ မှာ အခြေလေးချလိုက်ဖို့ တောင်းဆိုပါတယ်။

    အချုပ် ကတော့ ရေးချင်တာ ရေးပါ။
    ရင်ဖွင့်ချင်တာဖွင့်ပါ။
    ကိုယ်ရေးတာကို မျှဝေ ဖို့၊ ကိုယ်ရေးတာလေး ကို တစ်ယောက်ယောက်ဖတ်ပြီး စိတ်ကျေနပ်မှု ရစေဖို့ စိတ်စေတနာလေး သာ ထားပါ။
    တိတ်တိတ်လေးဖြစ်နေလဲ ကိုယ့်မှာ အကျိုးရှိတာပါဘဲ။
    သူများ ဆီက တစ်ခုခု ပြန်လာဖို့ ကို မတွေးပါနဲ့။
    အဲဒီကနေ တကယ်ဘဲ စိတ်ပျော်ရွှင်မှု ရလာပါမယ်။
    မဟုတ်ရင်တော့ ငါ့ကိုဘယ်နှစ်ယောက် မှတ်ချက်ပေးမလဲ တွေး နေရင်တော့ အလုပ် မဟုတ်ပါဘူး။
    အဲဒီစိတ်က ကိုယ့်ကို ပျော်ရွှင်မှုမရစေဘဲ စိတ်အနှောက်အယှက်ဘဲ ဖြစ်လာမှာ ဆိုတာလေး။
    ကိုယ့်ဖို့ထက်
    စာဖတ်သူတွေမှာ အဆင်မပြေလို့၊ အချိန်မပေးနိုင်လို့ တွေးကြဖို့ လေး။
    😛

    • အရီးခင်လတ်

      May 17, 2013 at 3:01 pm

      ထပ်ဖြည့်ပါတယ်။
      ကဘချော ခံစားတဲ့ ကိုယ့်ကိုယ်ကို ခိုးပေါင်းဖို့ ပြေးလာရတဲ့ နေရာ။
      မောင်ဂီ ညွန်းတဲ့ Virtual World ။
      အဲဒါ ကျုပ်တို့ ရွာ။
      😆

    • TNA

      May 17, 2013 at 3:13 pm

      အရီးလတ်ပြောတာမှန်ပါတယ်။ တခါတလေလဲ ဖွင့်ရခက်ပါတယ်။ အဲလိုအချိန်တွေမှာ ကိုယ့်ကို တကယ်ဗဟုသုတရစေမဲ့ပိုစ့်ကိုပဲရွေးဖတ်ရပါတယ်။ ပိုစ့်အားလုံးကိုဖတ်ဖို့အချိန်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပိုစ့်တပုဒ်တပုဒ်ပွင့်ဖို့လွယ်တာမှတ်လို့။ အဲတော့လဲ ဖတ်မိတဲ့ပိုစ့်၊ ဖွင့်လို့ရတဲ့ပိုစ့်တွေ ကိုပဲမန့်တာပါ။ တချို့ဆို ဖေ့စ်ဘွတ်မှာရေးသလောက်ကလေးသူတို့ ရဲ့ခံစားချက်တိုတိုလေးရေး၊ ကဗျာတိုတိုလေးတွေ ကျ တော့ဘာမန့်ရမှန်းကိုမသိပဲပြန်ပိတ်လိုက်ရပါတယ်။ တခါတလေကျတော့ လဲအချစ်ဝတ်ထုလိုလိုဘာလိုလို ကျတော့လဲ ကျွန်မတို့လိုအိုးမော်ဒယ်တွေက ခံစားလို့မတတ်တော့ဘူး။ ဖွဲ့နွဲ့နေရမယ့်အရွယ်လဲမဟုတ်တော့ ဒီလိုပဲကျော်ချသွားလိုက်တာပါပဲ။ ကောင်း လိုက်တာ ခံစားရလိုက် တာ အားပေးနေမယ်နော်လို့ရေးရအောင် ကလဲတမျိုးဖြစ်နေသလိုပဲမို့ မကြိုဆိုသလိုဖြစ်သွားတာပါ။ တချို့လဲ အသစ်ပေမဲ့ထိမိတဲ့အကြောင်းအရာတွေ ရေးတော့ ဝင်ဆွေးနွေးဖြစ်ပါတယ်။ အခုခရီး သည်ကြီးလိုပေါ့ ဝင်ဆွေးနွေးလို့ရတဲ့ ပိုစ့်ဖြစ်ရင် သစ်သစ်ဟောင်းဟောင်း မန့်ပါတယ်။ ရန်ဖြစ်တယ်ဆိုတာကလဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပါပဲ။

      • Foreign Resident

        May 18, 2013 at 10:00 am

        ၁ ။ အချစ်ဝတ်ထုလိုလိုဘာလိုလို ကျတော့လဲ
        ကျွန်မတို့လို အိုးမော်ဒယ်တွေက ခံစားလို့မတတ်တော့ဘူး။
        ဖွဲ့နွဲ့နေရမယ့်အရွယ်လဲမဟုတ်တော့ ဒီလိုပဲကျော်ချသွားလိုက်တာပါပဲ။

        ၂ ။ အခုခရီး သည်ကြီးလိုပေါ့ ဝင်ဆွေးနွေးလို့ရတဲ့ ပိုစ့်ဖြစ်ရင် ၊
        သစ်သစ်ဟောင်းဟောင်း မန့်ပါတယ်။

        Me too ။

        • ခရီးသည်ကြီး

          May 18, 2013 at 10:56 am

          အရီးဒေါ်ခင်လတ် ။ အန်တီမသဲနုအေး နဲ ့ အဘဦးဖေါ ခင်ဗျ
          မင်္ဂလာပါဗျ
          ဓါးသိုင်းကပြီးဝင်လာသလိုဖြစ်လို ့ တောင်းပန်ပါတယ်ဗျ
          အပြစ်တင်သလိုဖြစ်နေလို ့လည်း ဆောရီးပါဗျ

          အရီးခင်လတ် နဲ့ ဒေါ်သဲနုအေးတို ့ ဆွေးနွေးတာတွေ ကန် ့ကွက်ရန်မရှိပါဗျ
          ဒီကွန်မတ် ့တွေဖတ်ပြီး ဒါကြောင့် အရီးခင်လတ် ဖြစ်နေသကိုး လို ့တွေးမိပါတယ်
          တစ်ခုလေးပါပဲ
          ကျုပ်ကွန်မန် ့ ရှိရေး ပြောတာမဟုတ်သလို လူဟောင်းများလည်း အပြစ်မတင်ပါဘူးဗျ
          သူ ့အခြေအနေနဲ ့သူဆိုတာ သဘောပေါက်ပါတယ်
          ဒါပေသိ တစ်ချို ့သော ကြိုးကြိုးစားစားဖန်တီးမှုများကို အသ်မှတ်ပြုပေးစေလိုတာပါဗျ
          အားလုံးကျေးဇူးပါဗျ

  • Shwe Ei

    May 17, 2013 at 2:58 pm

    သများ ပရိုဖိုင် နိမ်းက အရဂါးနေရင် ချိန်းသွားတယ်တော်..

    ှShwe Ei to Ei Kyipyar :gee:

    အိုက်ဂလို ကိတ်စမျိုးရှိသလား ???

    • အရီးခင်လတ်

      May 17, 2013 at 3:35 pm

      အောင်ကြူး says:
      သဂျီးဆိုက်က အော်တိုငုတ်တုပ် လောဂ်အင်နိမ်းကို ဦးကြောင်ကနေ အောင်ကြူးပြောင်းပေးသဟေ့… အခြားသူတွေရော ဖြစ်ကြလား… ကျနော်က လောဂ်အင်နိမ်းကို သုံးလေးမျိုးထားတာမိုလို့ မေးကျိဒါ…
      —-
      Database Index က ပြသနာ ဖြစ်နေတယ် ထင်တာဘဲ။ 🙄
      အထင်။ 😆

      • panpan

        May 20, 2013 at 1:11 pm

        ဖြစ်သယ်..ဖြစ်သယ်
        pan panကနေဘယ်နှယ့်ကဘယ်လို chit ဖြစ်သွားမှားမသိဘူး
        ဟူးးးးး 🙄

  • weiwei

    May 17, 2013 at 3:14 pm

    လူအမျိုးမျိုးဆိုတော့လဲ စိတ်ဝင်စားတဲ့ အကြောင်းအရာလဲ မတူဘူးပေါ့ ..
    ကျွန်မဆိုရင် အခုဆိုရင် ရွာသူအဟောင်းပေါ့ .. ၃ နှစ်တောင် ပြည့်တော့မယ် …
    စိတ်ဆိုးလို့ စိတ်ကောက်လို့ဆိုပြီး တစ်ရက်တောင် ထွက်မသွားဖူးပါဘူး .. ဒါပေမယ့် မအားတဲ့အခါ အင်တာနက် မရတဲ့အခါတွေတော့ ရွာထဲမရောက်ဖူး … အားလုံးတော့ မဖတ်ဘူး … စိတ်ဝင်စားတာ ရွေးဖတ်တယ် … ကွန်မန့်လဲ သိပ်မပေးဖြစ်ဘူး …
    ပို့စ်တင်ဖို့ရှိလာရင် တင်ပါတယ် … ပို့စ်တင်တာက ရွာထဲမှာ မှတ်တမ်းလာတင်တဲ့သဘောပဲ … သဂျီးဆာဗာမှာ လာသိမ်းထားလိုက်တာ … မှတ်ချက် ရတာ မရတာကို ဂရုမစိုက်ပါဘူး …
    အစပိုင်းမှာ မှတ်ချက် လုံးဝ မရတဲ့ပို့စ်တွေ ရှိခဲ့ဖူးတယ် .. ဒါပေမယ့် ဆက်တင်ရင်း ဆက်တင်ရင်းနဲ့ သဘောထားအမှန်နဲ့ စေတနာအမှန်ကို စာဖတ်သူတွေ မြင်သွားတဲ့အခါမှာတော့ ရွာသူားတွေနဲ့ တစ်သားထဲဖြစ်ပြီး နေပျော်သွားပါတော့တယ် …
    အသစ်ဆိုတဲ့ အခုမှစဝင်ပြီး ပို့စ်တင်တဲ့သူတွေလဲ တဖြည်းဖြည်း အသားကျသွားမှာပါ …
    ပုံမှန် ချီတက်ဖို့တော့ လိုတာပေါ့နော် ….

    • ခရီးသည်ကြီး

      May 18, 2013 at 11:06 am

      မရွှေအိ ။ အန်တီဒေါ်ဝေဝေ နဲ ့ကိုမင်းမင်းခင်ဗျာ

      လာပြီးဆွေးနွေးပေးတာ ကျေးဇူးပါဗျ
      အမှန်တော့ ကျုပ်လည်းပြောတာလောသွားလို ့ ကွန်မန် ့ အကြောင်းရောက်သွားတာပါ
      မှန်ပါတယ် …. ရရှိရေး မရှိရေးဆိုတာထက် ကိုယ် ့မှတ်တမ်းလည်းဖြစ်စေ
      အများလည်းသိစေပေါ့
      ဒေါ်ဝေဝေပြောပြချက်အရ ဒေါ်ဝေဝေရံ ့သဘောထားကိုလေးစားမိပါတယ် ဗျ

    • padonmar

      May 19, 2013 at 9:57 pm

      အမယ်လေး ဝေဝေက သဂျီးဆာဗာမှာ ကိုယ့်ရတနာတွေ လာသိမ်းတယ်လား။
      ဟိုတလောက ရွာထဲ သူပုန်ဝင်တော့ ဒေတာတွေ ကုန်ပါပြီဆိုပြီး ကူးလို့ရတာတွေ အကုန် ဖွဘုတ်ထဲ ပြေးထည့်ရတယ်။
      ဓာတ်ပုံတွေတော့ တတွဲထဲမပါတော့ဘူးပေါ့။
      ကိုယ့်ဖာသာလည်း Publish မလုပ်ခင် word file ထဲ သိမ်းထားရသေးတယ်။
      သူ့ဆာဗာကြီးက မာယာများတယ်။
      တခါတလေ ပတ်ဗလစ်ရှ် လည်းလုပ်ရော ပလုံဆို စုံးစုံးမြုပ်ပြီး အစကနေပြန်ရိုက်ရရော။
      အသင် ခရီးသည်ကြီးလည်း ဂဏှာဟိ မှတ်လေလော့။
      (အခုလောက်ဆို မျက်နှာကြီးတဲ့ အဟောင်း ခရီးသည်ဖြစ်နေရောပေါ့နော၊
      အရေးကောင်းလို့ ကြိုဆိုပါတယ် မပြောတော့ဘူးနော်။
      ပို့စ်တင်တဲ့သူတွေ ကွန်မန့်မျှော်သလို ကွန်မန့်ပေးသူတွေကလည်း ကိုယ့်ကို ပြန်တုန့်ပြန်တာ မျှော်လင့်ပါတယ်ဆိုတာလေးသိစေချင်ပါတယ်။
      ဒါကြောင့်လည်း သဂျီးကို follow-up comments by e-mail လေးထည့်ပေးဖို့ အာပေါက်အောင် တွန်းထားရပါကြောင်း)

      • ခရီးသည်ကြီး

        May 19, 2013 at 11:59 pm

        ဟုတ်ပါတယ်အစ်မကြီးပဒုမ္မာ
        ပို့စ်တင်တဲ့သူဖက်က ပြန်လည်ဆွေးနွေးဖို ့လည်းလိုပါတယ်
        တစ်ချို ့ပို့စ်တွေက မဖြစ်မနေဆွေးနွေးသင့်တာပေါ့
        အဲ့အကြောင်းလည်းအထက်မှာပြောခဲ့ပြီးပါပြီ
        ကျုပ်အတွက်တော ့အထူးမလိုပါဘူးလေ
        ခရီးတစ်ထောက်ခဏဝင်နားတာဖြစ်လို ့ပါ
        ယခုလို ဆုံတွေ့ခွင့်ရတာဝမ်းသာလှပါတယ်
        ပုံပမာတွေလည်း အမြဲအားပေးပါတယ်

  • မင်းမင်း

    May 17, 2013 at 3:36 pm

    အင်းးးးးး
    အင်းးးးးးးးး
    အင်းးးးးးးးးးးးး
    ဟင်းတုံးကလဲ ,..,,,,

  • MaMa

    May 17, 2013 at 3:52 pm

    အစပိုင်းဖတ်တော့ ငါတို့မပါဘူး လွတ်တယ်ပေ့ါ။

    ဖတ်ရင်းနဲ့ တစ်ရွာလုံးကို ဝါးလုံးရှည်နဲ့ သိမ်းကျုံးရိုက်…
    အဲ- မှားလို့ :kwi:
    သဂျီးအစ ရွာသူားအဆုံး အားလုံးကို မန့်လိုက်တော့ ကိုယ်လည်း မနေသာတော့ဘူး။ :eee:

    အမှန်တော့ သဂျီးတည်ထောင်ထားတဲ့ ဒီမိုရွာကြီးမှာ
    လူတိုင်းကိုယ်စီ ကိုယ့်အတွေး ကိုယ့်အသိတွေကို ဖော်ထုတ်နိုင်ခွင့်ရှိကြတာမို့ ကိုယ်တိုင်လည်း ပြင်ပလောကမှာ ကြုံလာဆုံလာရတာတွေထဲကမှ
    ဆင်ခြင်သင့်တာ
    ပြင်ဆင်သင့်တာ
    ဝေဖန်ခြင်တာ
    လေကန်ခြင်တာာာာာာာာာာာာာာ…. တွေကို
    ရွာထဲလာဖွ … အဲ – လာရင်ဖွင့်တာပါ။

    ဒီရွာရဲ့ ထူးခြားချက်က ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ မတူတဲ့ ဆန့်ကျင်ဘက်လို့ ထင်ရတဲ့ အမှန်တရားတွေကို ဝိုင်းဝန်းပြောဆိုဆွေးနွေးရင်းနဲ့ ရနိုင်တာ/ရခဲ့တာမို့
    ဒီရွာမှာ အခြေချနေထိုင်ရင်း အဟောင်းဖြစ်ခဲ့တယ် ဆိုပါတော့။

    မျက်နှာကြီးငယ်လိုက်တယ်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် အားသန်ချက်ခြင်းမတူကြလေတော့….

    လူငယ်ကြိုက် လူငယ်အတွေးကို လူငယ်တွေ မန့်လေ့ရှိကြတယ်။

    ကဗျာသမား စာသမားတွေကလည်း သူတို့ပိုင်ရာနိုင်ရာပေ့ါ။

    လူကြီးတွေကျပြန်တော့ ကိုယ့်ဘဝအတွေ့အကြုံတွေကို ဖြန့်ဝေကြပြန်တယ်။

    မန့်ဖို့ဆိုတာကတော့…
    တချို့ပိုစ့်တွေက (နေရာ၊ အချိန်အခါ၊ အသက်အရွယ် စသည်ဖြင့်) ကိုယ်နဲ့ မကိုက်ညီဘူး။
    တချို့ပိုစ့်တွေကျတော့ ခံစားချက်ထွက်မလာဘူး။
    တချို့ပိုစ့်တွေကျတော့ မန့်စရာမရှိအောင် ကောင်းလွန်း ပြည့်စုံလွန်းပြန်တယ်။
    တချို့ပိုစ့်တွေကျတော့ ကိုယ်ဉာဏ်နဲ့ လိုက်မမီလို့ ဖတ်သွားမှတ်သွားရုံလောက်ပဲ လုပ်ဖြစ်တယ်။

    မောင်ဂီပြောသလို…
    မိတ်ဆက်ပိုစ့်လား၊ နှုတ်ဆက်ပိုစ့်လား မသဲကွဲတဲ့ ပိုစ့်တွေကျတော့…
    မမန့်ရင်လည်း မကြိုဆိုဘူး ထင်ကြမယ်။
    မန့်ပြန်ရင်လည်း ထမင်းစား၊ ရေသောက်နဲ့ သဂျီးအိတ်ထဲက ပိုက်ပိုက်နှိုက်ရာကျမယ်။

    ဘာပဲပြောပြော ကိုယ်ရေးချင်တာ ရင်ဖွင့်ချင်တာကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရဖို့သာ အဓိကမို့
    ကွန်မန့်ရရ မရရ အားငယ်စိတ်ပျက်မနေပဲ ဆက်လက်ရေးသားကြစေလိုပါကြောင်းးးးးးးး

    အဟောင်းဆိုတာ တခါတုန်းက အသစ်ပါပဲ။ :hee:

    • ခရီးသည်ကြီး

      May 17, 2013 at 4:09 pm

      အန်တီကြီးမမ နှင် ့ ကိုမင်းမင်းခင်ဗျ
      စာရိုက်နေစဉ် မမြင်ပါသောကြောင့် ခွင့်လွှတ်ပါ
      ညပြန်ပြီး ဆွေးနွေးပါ့မယ် ဗျ

    • ခရီးသည်ကြီး

      May 18, 2013 at 11:14 am

      မင်္ဂလာပါ ဒေါ်လေးမမခင်ဗျ

      အထက်မှာလည်းဆိုခဲ့ပြီးပြီဖြစ်လို ့အထူးတော ့ငြင်းစရာမရှိပါဗျ
      တစ်ခုလေးပါပဲ
      အဟောင်းဆိုတာ တစ်ခါက အသစ် တဲ့ ဟုတ်လာ ???
      ဟုတ်ကဲ ့ ခင်ဗျ
      ဒေါ်လေးမမ အားပေးတတ်တာလည်း ကြားဖူးပါတယ်ဗျ

  • ခရီးသည်ကြီး

    May 17, 2013 at 4:03 pm

    ဘုရား ဘုရား …. ကိုယ့်မျက်လုံးတောင်ကိုယ် မယုံလောက်အောင်ပါပဲ ဟရို ့ ့ …. :harr:
    အာလုံး မင်္ဂလာပါဗျ
    ကျုပ်မထင်ဘူ း တကယ်ကိုမထင်တာ
    ကြည် ့ပါဦး … ဒီကွန်မန် ့ရေးနေချိန်မှာ ၁၃ ယောက် မှတ်ချက်ပေးဆွေးနွေးထားတယ်
    ကိုအင်ဇာဂီ
    ကိုချိုကြီး
    ဦးကြီးမိုက်
    ဦးကြောင်ကြီး
    ဦးခင်ခ
    ဖိုးဖိုးပေ
    ကိုအလင်းဆက်
    ကြီးတော်အရီးလတ်
    အန်တီဝေဝေ
    အန်တီ မသဲနုအေး
    အစ်မတော် မရွှေအိ
    အထူးဧည် ့သည်ဘဘဘသူကြီးဦးခိုင် …..
    ဟားးး ကျုပ် ဘယ်လို reply လုပ်ရမှန်းမသိ ။
    ထိုင်ခုံကနေ ဖင်တကြွကြွ မြောက်နေတယ်ဗျ ။
    တကယ် ့ အမာခံ သံမဏိကြီးများလာရောက်ဆွေးနွေးပေးလို ့ ကျေးဇူးတင်ရင်း
    ညမှ တစ်ယောက်ခြင်းပြန်လည် reply လုပ်ပါမယ်ခင်ဗျ
    ယခု ခရီးသည် အစစ်ဖြစ်နေလို ့ပါ
    တစ်ခုလေးပြောချင်တာက ကျုပ်အရေးမတတ်တော ့ ကွန်မန် ့ရရေး ဒို ့အရေးပုံမျိုးဖြစ်သွားမယ်ထင်တယ်
    တကယ်က အသစ်တွေကိုမွေးရင်း ဖိတ်ခေါ်ရင်း ဆွဲဆောင်ရင်း ရွာကြီး ပြန်လည်စီကားလာစေချင်မိတာ
    ကျုပ်ကတော ့ အထက်ကဆိုခဲ့သလို ဖတ်ရုံမျှသာဖြစ်လို ့ ကွန်မန် ့တွေ ဘာတွေ
    အားမသန်ပါဘူးဗျ ။ ယခုလည်း ပို ့စ်နဲနေလို ့ထင်ရာစွတ်ရေးရင်း….
    နောက်လည်း ယခင်လိုပဲ တိတ်တိတ်နေရင်း အဝေးကပဲ အားပေးနေမှာပါ …..ပြီးတော ့
    ရွာသူားသစ်များ မထော်မနန်းလုပ်ရင်လည်း သည်းခံပေးကြဖို ့
    အင်းးး အခမဲ ့ရှေ ့နေလိုက်ရင်း လျော်ရတော ့မယ်ထင်တယ်
    ညမှပြန်လာခဲ့မယ်ဗျာ .

    • TNA

      May 17, 2013 at 5:30 pm

      နီးနီးကအားပေးပါခရီးသည်ကြီးရေ။ အခုလို အားရပါးရမန့်ရတဲ့ပိုစ့်မျိုး၊ သူ့အမြင်ကိုယ့်အမြင်ကွဲလွဲခွင့်ရ တုန်း ငြင်းရင်းခုန်ရင်းကိုယ်မသိတာတွေပါသိသွားတဲ့ပိုစ့်မျိုးကိုကြိုဆိုပါတယ်။ အဲလိုပိုစ့်မျိုးမန့်ရတာ အားလဲအားရပါတယ်။ များများရေးပါ။

  • ရွှေ ကြည်

    May 17, 2013 at 5:25 pm

    ခရီးသည်ကြီးရေ ခရီးသည်ကြီးက အသစ်အဟောင်းလို့ ဆိုလိုက်တော့ရွာလူကြီးတွေ အမာခံတွေခေါင်းကျိန်းရတာပေါ့ရှင် သူတို့ခမျာမအားတဲ့ကြားကနေ ဝင်ဖြေရှင်းပေးသွားရတာပါ။
    ချစ်မမပြောသွားသလိုပါပဲ
    အဟောင်းဆိုတာ တခါတုန်း အသစ်တွေပါရှင်
    ဒီလိုပဲ ရွာမှာလည်ပတ်ရင်းအဟောင်းရယ်ဆိုပြီးအလိုလိုတံဆိပ်တပ်ခံရလာတာပါ။
    ဘယ်သူမှတော အော်တိုမစ်တစ် အဟောင်းဆိုပြီးတန်းဝင်လာတာမဟုတ်ပါဘူး။
    သူကြီးအသစ်အဟောင်းမျက်နှာမလိုက်ချက်က မိရွှေကြည်တို့ အခုအထိ အက်ဒစ်လုပ်လို့မရသေးပါ
    နောက်မှဝင်လာပြီး အတွေးအခေါ်ကောင်းသူ တော်တဲ့သူတွေကရာထူးတက်တာကြာပေါ့ 😆
    ခရီးသည်ကြီးရဲ့ ရွာအပေါ်စေတနာကိုလေးစားပါတယ်။ အားလုံးကလည်းရွာကိုလေးစားကြစေချင်ပါ

  • ရွှေ ကြည်

    May 17, 2013 at 5:26 pm

    ခရီးသည်ကြီးရေ မင်္ဂလာပါရှင်..။
    ခရီးသည်ကြီးက အသစ်အဟောင်းလို့ ဆိုလိုက်တော့ရွာလူကြီးတွေ အမာခံတွေခေါင်းကျိန်းရတာပေါ့ရှင် သူတို့ခမျာမအားတဲ့ကြားကနေ ဝင်ဖြေရှင်းပေးသွားရတာပါ။
    ချစ်မမပြောသွားသလိုပါပဲ
    အဟောင်းဆိုတာ တခါတုန်း အသစ်တွေပါရှင်
    ဒီလိုပဲ ရွာမှာလည်ပတ်ရင်းအဟောင်းရယ်ဆိုပြီးအလိုလိုတံဆိပ်တပ်ခံရလာတာပါ။
    ဘယ်သူမှတော အော်တိုမစ်တစ် အဟောင်းဆိုပြီးတန်းဝင်လာတာမဟုတ်ပါဘူး။
    သူကြီးအသစ်အဟောင်းမျက်နှာမလိုက်ချက်က မိရွှေကြည်တို့ အခုအထိ အက်ဒစ်လုပ်လို့မရသေးပါ
    နောက်မှဝင်လာပြီး အတွေးအခေါ်ကောင်းသူ တော်တဲ့သူတွေကရာထူးတက်တာကြာပေါ့ 😆
    ခရီးသည်ကြီးရဲ့ ရွာအပေါ်စေတနာကိုလေးစားပါတယ်။
    အားလုံးကလည်းရွာကိုလေးစားကြစေချင်ပါတယ်။

  • Mr. MarGa

    May 17, 2013 at 6:23 pm

    အဟမ်း…..ဟမ်း
    သိကြား ကျောက်ဖျာ တင်းလာလို့ ရွာမှာ ဘာတွေများ ဖြစ်ပါလိမ့်လို့ ဆင်းလာကြည့်တာ
    ဂလိုဂလိုတွေ ဖြစ်နေတာကိုး
    ခရီးသည်ကြီးရေ
    ဒါက ဒီလိုရှိသဗျ
    ဥပမာ ကျုပ်ပေါ့ဗျာ
    ဝင်တယ် ဖတ်တယ်
    တစ်ခါတစ်လေ လော့အင် ဝင်ရမှာ ပျင်းတော့ ဖတ်ရုံဖတ်သွားတယ်
    မန့်တော့ဘူး
    တစ်ချို့ ပို့စ်တွေ ကျပြန်တော့လဲ ဘာ မန့်ရမှန်း သိဘူးရယ်
    နောက် ဒီရွာမှာ ဖတ်သွားပါတယ် တို့ ကောင်းလိုက်တာနော် တို့လောက်လဲ မန့်ချင်ဘူးဗျ မန့်လဲ မန့်ရဲဘူး
    ရွာက အစကတည်းက ကွန်မန့်ကြောင့် နာမည်ထွက်တာကိုး
    စကားမစပ် ကြွားရရင်
    ကျုပ် တင်သမျှတော့ ကွန်မန့် ဇီးရိုးဆိုတာ ရှိဘူးသေးဘူး
    ဒါကလဲ ကပေ တို့ စိန်ဗိုက်ဗိုက် တို့လို အမာခံများ မန့်ပေးကြတာကြောင့်ကိုး
    အခုတော့ သူတို့တတွေလဲ သိပ် အချိန်မပေးနိုင်တော့ဘူးလို့ပဲ ပြောရမလားမသိ
    ဘာပဲဖြစ်ဖြစ်
    ပထမဆုံး ပို့စ်မှာတင် ရွာရဲ့ လိုအပ်ချက်ကို ထောက်ပြပေးတာကြောင့်
    ခရီးသည်ကြီးကို ကျေးဇူး အထူး တင်ရှိပါတယ် လို့ :harr:

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    May 18, 2013 at 12:41 am

    ခရီးသည်ကြီး ဝေဖန်အကြံပြုတာကို သဘောကျတယ်ဗျာ…..
    ခရီသည်ကြီး ပြောသလိုမျိုး တစ်ခါတစ်ရံ ကျုပ်လည်းတွေးမိဖူးပါတယ်……..
    ဝင်ရောက်ဆွေးနွေးကြသူတွေ ပြောတာတွေလည်း အမှန်တွေပါပဲ……….
    တစ်ခါတစ်ရံ ကွန်မန်းရေးထားပြီးခါမှ အကြောင်းတစ်ခုခုပေါ်လာလို့
    မှတ်ချက်မပေးလိုက်ရတာတွေ နောက်လည်း ပြန်မမန်းဖြစ်တော့တာမျိုးတွေ ကျုပ်လည်းဖြစ်ဖူးတယ်….
    ကျုပ်ကတော့ အချိန်ရရင်ရသလို ဖတ်ပါတယ် မန်းပါတယ်။
    ခုတစ်လောမှာတော့ ထိုင်းနိုင်ငံရဲ့ Dtac ကော်နက်ရှင်ဟာလည်း မြန်မာ့ကော်နက်ရှင်အလား
    ဖွတ်ချက်ဖွတ်ချက် ဖြစ်နေလို့ ရွာထဲဝင်ရတာ သိပ်အဆင်မပြေလို့ ရွာထဲကို သိပ်မရောက်ဖြစ်ဖူး
    ဒီနေ့တော့ ပြန်ကောင်းလာသလိုလိုရှိတယ်……..

    • ခရီးသည်ကြီး

      May 18, 2013 at 11:25 am

      မရွှေကြည် ။ ကိုမိုဘိုင်း နဲ ့ ဦးလေးမာဃ ခင်ဗျ
      မင်္ဂလာပါခင်ဗျ
      ယခုလို အားပေးဆွေးနွေးတာကျေးဇူးပါဗျ
      ကျုပ်ကတော ့ အခမဲ့ရှေ ့နေလိုက်ရင်း တောင်းဆိုသလိုဖြစ်နေတာပါ
      နားလည်ပေးနိုင်တာ ဝမ်းသာတယ်ဗျ
      ကျုပြ်မင်မိတာတစ်ခုက ပို့စ်ပိုင်ရှင်ကလည်း Reply လုပ်သင့်တာ လုပ်ရလိ်မ့်မယ်ဗျ
      ဒါမှလည်း ပိုပြီး အသက်ဝင်မယ်ထင်တယ်ဗျ

  • ကဘေ့ကဘာက ရေးလာဒမြ
    အကြွေးလို့သာ မှတ်ဘာဗျ
    ဆက်ကာဟ တက်လာသမျှ
    ဇီးရိုး မဖစ်အောင် မန့်ဂျရင် ကောင်းဒါဘော့ဂျ
    ဒါမယ့် … အီလုပ်မချိ အီကိုင်မချိဒွေမှ မီဟုတ်ဒါဂျ ..
    အာဟ .. အာဟ …

  • ဘဲရှုပ်

    May 18, 2013 at 10:12 am

    အနော်က အကြော်ရောင်းနေရတာမို့ ရွာနဲ့ ဝေးနေရတာပါ ခညာ
    ခရီးသည်ကြီး
    တီးတယ် အမငီး :kwi:

    • ခရီးသည်ကြီး

      May 18, 2013 at 11:36 am

      ကိုအံစာတုံး ခင်ဗျ မင်္ဂလာပါ

      အာဟ အာဟ သူရယ်ပြ
      ငါလည်းပြန်ရယ်ပြ
      မန် ့ဂျ မန့်ဂျ ဒီလိုမှ
      ပွိုင် ့တွေများများရ
      အလုပ်လည်းရ ပျော်ရွှင်ရ
      ဂေဇက်ရောက်တဲ့ ထိုခဏ
      အာဟ အာဟ အာဟ ဟ

      ကိုဘဲရှုပ်ခင်ဗျ
      မကောင်းသူထိတ် ကောင်းသူထိတ်ပါဗျ

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 18, 2013 at 10:15 am

    ဂေဇက်ထဲမှာ ဖိုက်တာဖြစ်ခြင်ရင်တော့ ဖင်ပိတ်ငြင်းတတ်ဘို့လိုလိမ့်မယ်
    ခံစားနေရပုံပေါ်လို့ ဆေးမီးတိုလေးလက်တို့ပြီးပေးလိုက်မယ်
    ဥပမာ
    သူများက ဘောလုံးလို့ ပြောရင်
    ဘောလုံးဆိုတာ လေလျှော့လိုက်ရင် ဘောပြားကြီးဘါကွာလို့ ပြောနိုင်ဘို့လိုဒယ်
    သူများက ဝါးချမ်းပြားလို့ပြောရင် အော်ရီဂျင်နယ်က ဝါးလုံးဘါကွ လို့
    အိုက်ဒလို အိုက်ဒလို
    ပြောရဦးမယ်
    ကြောင်ကြီးတို့ ဘါတို့ဆို ချန်းသာခွင့်မပေးနဲ့ ဖဲ့ပြစ်ကြားလါး

    • ဟိုတစ်ခါဂဒေါ့
      ဆယာကြောင်ဂျီး …… ဆို ……
      ခုဒေါ့ ကြောင်ကြီး ….. ဒဲ့လား …
      အညိုးညိုးဘဲ ….
      ခုဒေါ့ ဟုတ်ဒေါ့ဝူး …. အောင်ကြူး ဖစ်တွားဘီ ….. :kwi: :kwi:

    • ခရီးသည်ကြီး

      May 18, 2013 at 11:45 am

      အားပါးပါး … လက်ဖျားခါလောက်တဲ့စေဒနာဒွေဘာလား
      ဘကြီးအောင်ဘု ခင်ဗျ

      ကျုပ်ကိုအပေါ်ရောက်အောင် အချွန်ရော အကောက်နဲ့ရော ပင့်ပေးနေပါပေါ့လား ဟရို ့ ….
      နေဦးဗျ …
      ဒီလောက်နဲ့မရသေးဘူး လည်ပင်းကြိုးကွင်းတပ်ပြီး ဆွဲတင်ပေးဦး
      ဒါမှ မြန်မြန်ရောက်မှာ (တမလွန်)
      အထင်လွဲနေပြီထင်တယ်
      ကျုပ်က ဖိုက်တာမဖြစ်ချင်ပါဘူး
      ဒိုင် ပဲကိုင်မှာ (ဘောလုံး)
      ယခုလို ဆုံတွေ့ရတာ ဝမ်းသာတယ်ဗျ

  • ဘဲဥ

    May 18, 2013 at 3:16 pm

    ကော်မန့်တွေ တစ်ထောဂျီးရချင်ရင် ရွာ့ အနောက်ပိုင်းက ကောက်ရိုးပုံကို မီးရှို့ပေးလိုက် ဟီး ဟီး.. :mrgreen:

  • KZ

    May 18, 2013 at 7:01 pm

    ကျန်း:::::::
    ဘယ်လို ခရီးသည်ကြီးတုန်း။
    ရောက်ရောက်ချင်း ပေါက်ဆိန်နဲ့ ပေါက်တာပါလား။
    ကိုးကျင်းကိုးကျောင်းသွားလာပြီး တစ်ရွာတစ်ကျီ ဆောက်တတ်တဲ့ ခရီးသည်ကြီးများလား။ အဟဟ။
    :harr:

    ပြောစရာရှိတာ သူများတွေ ပြောသွားပြီးပြီဆိုတော့ မပြောတော့ဘူး။

    ဒီမှာ ဖတ်တာကြာပြီဆို အနော့ကို ရော သိသလား။
    အဟွတ်။
    :kwi:
    မသိရင် နောက်ပို့(စ) တွေ မမန့်ဘူး။
    မန့်စေချင်ရင် ရောက်ရာ အရပ်က လက်ဆောင်ဝယ်ခဲ့ပါ ခရီးသည်ကြီး။
    :mrgreen:

  • uncle gyi

    May 18, 2013 at 10:28 pm

    ခရီးသည်ကြီးရေကျွန်တော်လည်းသူငယ်ချင်းကညွှန်းလို့ဒီရွာရောက်လာတာ
    မောင်ကြီးမပြန်နိုင်တယ်ဖြစ်နေတာ
    ဒီရွာကလူတွေကခရီးသည်ကြီးပြောသလိုအဆင့်ခွဲတာမရှ်ိပါဖူး
    ကို်ယ်သန်ရာသန်ရာရှာဖတ်ကြတာမို့ကိုယ်ရေးလိုက်တာကအများကြိုက်ဖြစ်သွားရင်
    ဒီလိုပဲဝိုင်းဆွေးနွေးကြရင်းကွန်မန့်တွေများသွားတာပါ
    ကွန်မန့်လိုချင်လို့ဖွတာကိုရေးမလား
    ိုကိုယ်ဝါသနာပါရာသန်ရာကိုရေးမလားကတော့ကိုယ့်သဘောပေါ့လေ

  • ခရီးသည်ကြီး

    May 19, 2013 at 9:57 am

    မင်္ဂလာပါ ကိုဘဲဥ ။ KZ နဲ့ အန်ကယ်ကြီးခင်ဗျ

    ကိုဘဲဥ ပြောသလိုနာမည်မကြီးချင်ပါဘူးဗျ
    အကောက်ခွန်လိုက်မှာကြောက်လို ့

    KZ ဆိုတာ မန္တလေး အစားအစာတွေမိတ်ဆက်ပေးသူထင်တယ်
    အစားကြိုက်ပုံရတယ်
    ဟုတ်ကဲ့ဗျ ကုပ်ရောက်နေတဲ့နေရာက မော်လမြိုင်ဆိုတော ့
    တောင်စွန်းကထွက်တဲ ့ ဓညင်းသီး ဝယ်ခဲ့ပါ့မယ်ဗျ
    ဘယ်ကိုပို ့ပေးရမလဲဗျ

    အန်ကယ်ကြီး
    ကျုပ်က မဖွပါဘူး ပွနေတာလေး ညွှန်ပြရုံပါ
    နောက်လည်း ခရီးကြုံမှလာမှာပါ
    အန်ကယ်ကြီးနဲ့ ဆုံခွင့်ရတာ မင်္ဂလာပါဗျ

  • ကိုရင်စည်သူ

    May 19, 2013 at 10:24 am

    ကိုခရီးသည်ကြီးရေ.. တွေ့နေကျပို့စ်တိုင်း ကွန့်မန့်လိုက်ပေးနေတော့လည်း
    စကားလုံးတွေထပ်တော့ ငပေါကြီး ဖြစ်ပြန်ဦးမယ်။
    စာရေးသူအမျိုးအစား ကိုယ်ကြိုက်တာရွေးပြီး ဖတ်တယ်မန့်တယ်။
    တခါတလေကျတော့လည်း ရင်းနှီးနေတဲ့လူမို့ ဝင်အားပေးတယ်။
    တချို့အသစ်ကလေးတွေကလည်း ဝင်ဝင်ချင်းတစ်ပို့စ်လောက်ပဲ
    ပီးတော ပျောက်ချင်းမှ ပျောက်သွားပြန်တယ်။
    အဓိကကတော့ ဒီရွာမှာ အားသာချက်က debate သဘောမျိုးပါ။
    ရွာခရီးသည်ကြီး ဖြစ်ချင်ရင်တော့ မှားလည်း ဖင်ပိတ်သာဆက်ငြင်း
    ပြီးရင် ဟိုလိုလိုဒီလိုလို ဘာဖြစ်သွားတော့မယ် အရိပ်အရောင်မျိုးတွေ
    ထည့်ရေး.. ကိုရင်တောင် သဂျီးဆီက အတုခိုးထားရတာ.. ဒါမျိုးတွေ.. ဒမျိုးတွေ :kwi:

    • ခရီးသည်ကြီး

      May 19, 2013 at 10:37 am

      ဟုတ်ကဲ့
      ကျုပ်ကိုငြင်းဖို ့အားပေးတာ နှစ်ဦးရှိသွားပါပြီ
      ဒီဒေသမှာအလွန်ငြင်းကြပုံပဲ
      ကျုပ်က ငြင်းတာသိပ်ဝါသနာမပါပါဘူးဗျ
      လာရောကါဆွေးနွေးညွှန်ပြတာ ကျေးဇူးပါဗျ
      ဝင်ဝင်ခြင်း ဓါးသိုင်းကသလိုဖြစ်သွားမယ်ထင်တယ်ဗျ
      မင်္ဂလာပါဗျ ကိုရင်စည်သူနော့

  • ko pauk mandalay

    May 19, 2013 at 3:32 pm

    ခရီးသည်ကြီး
    မနေ့ကတည်းက ဝင်ဖတ်နေတာ။
    မန်းလိုက်ပြန်ဖျက်လိုက်နဲ့လုပ်နေတာ။

    ကျနော်ကတော့ အားတဲ့အချိန်နဲ့ စိတ်ပါတဲ့အချိန်ကြုံရင်မန်းပါတယ်။
    အများအားဖြင့်ကတော့ မမန်းဖြစ်တာများသွားပါတယ်။
    တစ်ခါတစ်လေ အလုပ်ပါး စာရေးပုံတင်စရာလဲ မရှိရင် ဝင်ဖတ်ပြီးမန်းပါတယ်။
    ဒါပေမယ့်တစ်ခါတစ်လေမှ။

    အငြင်းသန်တယ် အရေပါးတယ်လို့တော့ကျနော်ကိုဝေဖန်တာဖတ်ဘူးပါတယ်။
    လောကကြီးမှာ ကိုယ့်မူနဲကိုယ်နေတာအကောင်းဆုံးပါဘဲ၊

    ကော်မင်းများများရတာကိုပြောရရင်တော့
    1 လိုက်မမှီအောင်ကောင်းလွန်းနေရင်လဲ ကော်မင်းများပါတယ်။
    2 ခေတ်ကာလရဲ့ ရာသီစာ ဆိုရင်လဲ ကော်မင်းများပါတယ်။
    3 ကိုယ်က သူများပိုစ်မှာ အမြဲတမ်းဖတ်အမြဲတမ်းကော်မင်းပေးနေရင်လဲ ကော်မင်းမျာပါတယ်။
    4 ချစ်သူခင်သူများရင်လဲကော်မင်းများပါတယ်။

    ကျနော်ကတော့ အဲဒီ လေးချက်နဲ့တစ်ချက်မှ မညီလို့ကျနော်ပိုစ်တိုင်းလောက်မှာ ကော်မင်းနည်းပါးပါတယ်
    ကျနော်က သူများနောက်က အမြဲလိုက်နေကြမို့ကော်မင်းပေး နောက်ကျတာလဲခွင့်လွတ်ပေတော့

    ခရီးသည်ကြီးရေ

    • ဦးဦးပါလေရာ

      May 20, 2013 at 12:18 am

      ဒီပိုစ့် တက်ကတည်းက ကွန်မင့်ရေးချင်တာကို အခုမှ အခြေအနေပေးတော့တယ်။

      အဲဗျာ…
      ကျုပ်လဲ ဒီမှာ စ ရေးကာစက ကိုယ့်ပိုစ့်ကို ကွန်မင့်အရမ်းနဲတော့ စိတ်အားလျော့မိတာပါပဲ..။
      ဒါပေမယ့် အနေကြာလာမှပဲ ကွန်မင့်မရေးကြရင်လဲ ဖတ်တော့ဖတ်ကြတယ် ဆိုတာ သဘောပေါက်သွားမိတော့တယ်။

      ကိုယ်ကိုယ်တိုင်လဲ ကွန်နက်ရှင်အဆင်ပြေရင် ပိုစ့်တွေတော်တော်များများဖတ်မိပေမယ့် ကွန်မင့်မရေးမိတာ များတယ်ဗျ…..
      ကျုပ်ကွန်မင့်ရေးလေ့မရှိတဲ့ပိုစ့်တွေက-

      ၁- နည်းပညာဆိုင်ရာပိုစ့်တွေ၊ ပညာရပ်ဆန်လွန်းတဲ့ ပညာရပ်ဆိုင်ရာပိုစ့်တွေ
      – အဲဒါတွေကျတော့ ကိုယ်စိတ်ဝင်စားလို့ဖတ်ပေမယ့် ဘာမှ အရာရောက်အောင်ဝင်မပြောတတ်လို့
      ၂- ဝတ္ထု တွေ
      -ကိုယ့်အမြင့် ကိုယ့်အရသာခံပုံက ဒီခေတ်လူငယ်တွေနဲ့ ကွာလွန်းတော့ မျက်စောင်းခဲခံရမှာစိုးလို့
      ၃- ကဗျာ တွေ
      – ကြောက်လို့ပါ။ စိတ်ကြီးတဲ့ကဗျာဆရာတစ်ယောက်တွေ့ဖူးတယ်။
      ကဗျာနားမလည်ရင် ကဗျာမဖတ်နဲ့ ဆိုပဲ…. :harr:
      ၄- ဓါတ်ပုံ ပိုစ့်တွေ
      – အဲဒါက ကွန်မင့်မရေးတာမဟုတ်ဘူး၊ ဝင်ကို မကြည့်ဖြစ်တာဗျ။
      ကျုပ်ကော်နက်ရှင်နဲ့ အဲဒီပိုစ့်မျိုးဝင်ကြည့်ရင် အဖြူကွက်တွေပဲမြင်ရလို့
      ၅- အစားအသောက်ပိုစ့်တွေ
      – အဲဒီပိုစ့်မျိုးဖတ်ရရင် ကျုပ်က (တကယ်ကို)စားချင်လာရော..
      အဲဒီတော့ စားချင်လို့ စားချင်တယ်မန့်ရင်လဲ ဒီအသက်ဒီအရွယ်ကြီးနဲ့ ငတ်ကြီးကျတယ်ဖြစ်ဦးမယ်
      အစားအစာနဲ့ပတ်သက်ရင်လဲ ကျုပ်က စားတာအပြင် ဘာမှမသိနားမလည် လို့ဗျ :harr:

      အေးဗျာ…
      အွန်လိုင်းပေါ်မှာက ထိတတ်ရှတတ်တာများလို့ သတိထားလွန်တာလေးတွေလဲပါသပေါ့..
      ဘာပဲဖြစ်ဖြစ် ခရီးသည်ကြီးရဲ့ထောက်ပြသတိပေးမှု့ကို
      လှိုက်လှဲဝမ်းသာ ကြိုဆိုပါတယ်။
      ကျုပ်တို့ တကယ် သတိပြုသင့်တာပါ။
      ကျေးဇူးတင်ပါတယ် ခရီးသည်ကြီးရေ။

      • ခရီးသည်ကြီး

        May 20, 2013 at 12:56 am

        ဦးလေးရယ်
        ဦးလေးကွန်မန် ့မရေးတဲ့ပို့စ်တွေက အများစုလည်းရေးမရပါဘူးလေ
        နေကောင်းလား ထမင်းစားပြီးပြီ ဒါပဲရေးလို ့ရမှာပေါ့
        မှန်ပါ့ မှန်ပါ့
        အဲလေ ဂနေ ့တွေ့ရတဲ့တစ်ချို ့ပို့စ်ကြတော့လည်း စိန်ခေါ်နေတယ်ဗျ
        ဒါတွေကြောင့်လည်း စိတ်ပျက်စရာဖြစ်တာပါလေ
        အသစ်တွေကတော ့ အစားထိုးနေရာယူနိုင်မှ ဟန်ချက်ညီမှာဗျ
        လုပ်ငန်းတွေမှာလည်းဒီသဘောပဲ အသစ်ကိုအမြဲရံထားရတာကလား
        ဒါ့ကြောင့် ဟောင်းလို ့ကောင်းပေမယ့်အသစ်လည်းမပစ် စကောင်းဆိုသလိုပေါ့
        တစ်ခါတစ်ခါ ပို့စ်ထက် ကွန်မန့်ကကောင်းတတ်လို့ပါ
        ဒီပု့စ်လိုပေါ့ ။ ဒီပို့စ်က မိန်းမတစ်ယောက် ထမီဆွဲပြီးရန်တွေ့နေသလိုပဲ
        ကိုယ့်ဟာကိုယ်တောင်ဖတ်ပြီးရှက်ရသေးတယ်ဗျ
        ပေးထားတဲ့ကွန်မန့်တွေက ရွာသူရွာသားတွေ မှတိသားလောက်စရာ
        အားလုံးကျေးဇူးပါဗျ

  • ခရီးသည်ကြီး

    May 20, 2013 at 12:13 am

    အန်ကယ်ပေါက်
    ဒီရွာမှာ အရင်က ဖတ်သူဦးရေပြတာရှိဖူးတယ်လို ့ကြားဖူးပါတယ်
    တစ်ချို ့ပို့ကောင်းလေးတွေမှာ ကွန်မန် ့မရတာတွေ့တော ့စာနာမိရင်း
    ရေးလိုက်တာပါ
    ဆူးဝတ်ရုံခြုံပြီးဝင်လာမိလို့ အားနာပါတယ်
    ကျုပ်ယခုတင်တဲ့ ပို့စ်ကတော ့ ရာသီစာ ဖြစ်သွားပြီထင်ပါတယ် ။
    ပြောသာပြောရတယ်
    ဒီနေ့တင်တဲ့ပု့စ်နှစ်ပုဒ်ကြောင့်လည်း လူတွေစိတ်ပျက်တာပဲ
    ခုလိုဆုံတွေ့ရတာကျေးဇူးပါ
    ဒါနဲ့ ပွဲကောက်ရေတံခွန်ပုံလေးတွေကူးထားတာပျက်သွားတယ်ဗျာ

    • ko pauk mandalay

      May 20, 2013 at 4:06 pm

      ခရီးသည်ကြီး
      မေးလ်လိပ်စာပေးမယ်ဆိုရင် ပွဲကောက်ရေတံခွန် ဓါတ်ပုံရယ်
      ဗွီဒီယိုဖိုင်ရယ်ပါ ပို့ပေးပါမည်။

  • padonmar

    May 20, 2013 at 1:07 am

    ခရီးသည်ကြီးရဲ့
    ဧပြီကို ပိတ်ရက်များ လို့ နားပြီး မေနဲ့ပေါင်းရွေးမယ်လေ၊
    လူငယ်လေး ၂ယောက်ဆိုတာ အဖွဲ့ထဲမှာ အစတည်းက ပါတဲ့ မောင်ဂီနဲ့ ဖက်ဖက်ကက် ပါ။
    သူတို့က အကြိုက်ဆုံးကို ရွာသူားများ ဗုတ်လုပ်တဲ့ စနစ်နဲ့ ရွေးချယ်ဖို့ အကြံပေး၊အကောင်အထည်ဖော်မယ့် အစီအစဉ်ပါ။
    ရွာသူားတွေ အကြံဉာဏ်ပေးလို့ရပါတယ်။
    အကူအညီလည်းပေးလို့ရပါတယ်။
    ဘုမသ်ဘမသိဆွဲထည့်ကြတာ မဟုတ်ပါဘူး။
    ခရီးသည်ကြီးစာတွေဖတ်ရတာ ရွာနဲ့လည်းရင်းနှီးပုံရပြီး ရွာ့အကျိုးလိုလားတဲ့ Proactive ဖြစ်မယ်ထင်လို့ ဝမ်းသာအားရ လက်ကမ်းကြတာပါ။
    (ဒီကိစ္စတွေနဲ့ ကျမဖြစ်စေချင်တဲ့ ဆန္ဒလေးကို အဟံ ပထမံ လို့ ရေးတင်လိုက်ပါတယ်။
    ပုံပမာတွေ အားပေးတယ် ဆိုလို့ ဒီကနေပဲ ကျေးဇူးတင်လိုက်ပါတယ်။
    ခရီးပြန်ထွက်သွားလည်း ရွာ့ဆုပေးပွဲ တွေ့ဆုံပွဲတွေကျရင် လာဖို့ ဖိတ်ပါတယ်။)
    -စကားအတင်းစပ် …ကျမကို အမကြီးခေါ်ပြီး မမကို အန်တီခေါ်လို့ အရမ်းအရမ်းကို ခင်မင်သွားပါကြောင်း။
    ဖတ်ရွေးထဲ ဝင်ရမှာစိုးပြီး ထွက်ပြေးသွားမှာစိုးလို့ ဟိုဖက်က မန့်တာကို အိမ်တိုင်ယာရောက် တံခါးခေါက်ပြီး စာလာပို့လိုက်ပါကြောင်း

  • ခရီးသည်ကြီး

    May 20, 2013 at 8:36 am

    ခင်မင်တယ်ပြောလို ့ ဝမိးသာရပါတယ်ဗျ
    သိပ်နားမလည်တဲ့အတွက် လွဲချော်နေတာများခွင့လွှတ်ပါ
    ယခု ရထားထွက်တော ့မှဖြစ်လို ့ သွားပါဦးမယ်ဗျ

  • Miss Crystalline

    May 20, 2013 at 10:17 am

    ဇီးရွက်လောက်မျက်နှာလေးနဲ ့ကျမ ကွန်မင့်မပေးဖြစ်ပေမယ့်..သူများတွေဘာတွေရေးမလဲဆိုတာ လာဖတ်တာ အနည်းဆုံး၅ခါရှိပြီလို ့ အဲဒါလာပြောတာ.. 🙂

    • ဦးကြောင်ကြီး

      May 20, 2013 at 10:35 am

      ဦးကြောင်ကို သနားရင် ပျံခြစ်ပါတော့ ဘေးဘေးရယ်…

  • ဦး ကျောက်ခဲ

    May 21, 2013 at 3:05 pm

    ဟီ ဟိ ကျုပ်ကဘာမှမဟုတ်ရပါဘူးဗျာ…
    အတစ်ခလေးမို့ ဝင်အားပေးပါ၏….
    ရဲဘော်ဆက်ဆွဲ… ကျုပ်လည်း အရင်က အသစ်ပဲဗျ…
    :harr:

Leave a Reply