လုပ်စားခံလိုက်ရတဲ့ …… မဟာဆန်….

နွေဦးMay 17, 20131min29718

ကျုပ်က နိုင်ငံရေးနဲ့ပါတ်သက်ပြီး ဝင်မပြောတော့ ပါဘူးလို့ နေတာပါဘဲ..။

ခုတော့ဗျာ….။

ဖြစ်လေ့ဖြစ်ထရှိတဲ့ မိုးဦးလေဦးမှာ ဝင်တတ်တဲ့ မုန်တိုင်း….

နှစ်တိုင်းလည်း ကြီးတာ သေးတာသာကွာတာပါ  တလုံးနှစ်လုံးတော့ ဝင်ပါတယ် ။

အရင် ကြီးကြီးမားမားနာဂစ်တုန်းက ဖြစ်မယ်ဆိုတာ လူတွေတဖွဖွ ပြောနေတာတောင် စစ်အစိုးရဆိုတာက မလှုပ်မရှား..

သူတို့အတွက် နိုင်ငံရေးအမြတ်ထွက်စရာမရှိတော့ …

ဖြစ်ပြီးမှသာ ထောက်ပံ့ပေးကမ်းတာတွေ တနင့်တပိုး ဝေချမ်းစားသောက်လိုက်ကြတာ.. ခုထိပြောလို့မဆုံး အပြောခံကြရတယ်မလား ။

နိုင်ငံရေးအရ အမြတ်မထွက်ဘဲ အရှုံးပေါ်ပေမဲ့ စီးပွားရေးတွက်ခြေကိုက်သွားကြတာ…

ဒါကို ဒီအစိုးရက သင်္ခန်းစာ ကောင်းကောင်းယူပြီး …

အခု ဝင်လာတဲ့ ညောင်နာနာ မဟာဆန်မုန်တိုင်း ကို အဆင့်တွေမြှင့်ပေးပြီး …..

အရေးပေါ် ကော်မရှင်တွေဖွဲ့ ….

ရိက္ခာတွေစုဆောင်း..

အကူအညီတွေတောင်း..

လက်ဖြန့်ပြီးအလှူခံ..

အကြံအဖန်တွေဆင်..

လက်ပန်းတောင်းတောင် အရေးကို လူတွေအာရုံပြောင်း..

မကောင်းကြံတဲ့ အဓိကရုန်းကို မေ့ကြအောင်ပြင်..

သမ္မတကြီး ကိုယ်တိုင် ရုပ်ထွက်ပြပြီး အရေးတကြီးဟန်လုပ်..

နိုင်ငံရေးအမြတ်ထုတ်လိုက်ကြတာ…

ဟော..ခုတော့ မဟာဆန်က ..

သူ့သရုပ်မှန်ကို..

ထုတ်ပြလိုက်တော့..

ကျုပ်တို့တိုင်းပြည်ရဲ့ ..

ဇာတ်ရှုပ်ကြီးကို ဘယ်လိုဖေါ်တော့မလဲ…။

သမ္မတကြီးကတော့ ..

အမေရိကန်ခရီးကို…

အဖြေမှန်ရှာဖို့သွားလေရဲ့..။

အသေခံငြင်းကြမဲ့ နောက်ကွယ်က ကြိုးကိုင်နေသူတွေ …

မနှေးအမြန်ဖေါ်ထုတ်မှ ..

တို့နိုင်ငံငြိမ်းချမ်းဘို့ လေး….။

 

 

 

အဲဗျ.. ရေးရင်းနဲ့ ဘာတွေဖြစ်ကုန်ဘီလဲမသိတော့ဘူး..

ဒီတိုင်းဘဲထားလိုက်တာကောင်းပါတယ်လေ..

မကောင်းလဲ ရွာသူရွာသားတွေ ဝိုင်းပြင်ပေးကြမှာဘဲမဟုတ်လား..။

 

ခင်တဲ့

နွေဦး ။

 

18 comments

  • Ko chogyi

    May 17, 2013 at 10:47 am

    အင်း…………………………….

  • weiwei

    May 17, 2013 at 10:52 am

    စစ်တွေမှာနေတဲ့ သုူငယ်ချင်းကို လှမ်းမေးကြည့်လိုက်တော့ သူတို့က ဒီမုန်တိုင်းလောက်ကို အရေးမထားပါဘူးတဲ့ … ဒါပေမယ့် အာဏာပိုင်တွေက မုန်တိုင်းကာကွယ်ရေးတွေ မုန်တိုင်းလွတ်ရာကို ပြောင်းခိုင်းတာတွေကြောင့် တော်တော်ကသီလင်တဖြစ်ရပြီး အလုပ်ပျက်အကိုင်ပျက် ဖြစ်ကုန်တယ်လို့ ပြောတယ် …

  • မောင် ပေ

    May 17, 2013 at 11:12 am

    အင်း… အဲ( အင်း= ခရက်ဒစ် တူ ကိုချို )
    မည်သို ့မည်ပုံ ပြောရမည် မသိ ။

  • ခင် ခ

    May 17, 2013 at 11:14 am

    အင်း မုန်တိုင်းက ရခိုင်ကို မဝင်ဘဲ အခြားတိုင်းပြည်ဘက်ဝင်လို့ ဒီလိုစကားတွေထွက်လာတာလား လို့တော့ စဉ်းစားမိတယ်၊ အကယ်လို့သာ မုန်းတိုင်းက ရခိုင်ကို ဝင်ခဲ့ရင်ကောဗျာ အဲ ငါလည်း ဘာတွေစဉ်းစားမိပါလိမ့်နော်။

  • ပန်း စံပါယ်

    May 17, 2013 at 11:23 am

    အင်း မြင်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ပုံပြင်ကိုပဲ သွားပြီး မြင်ယောင်မိတော့တယ်ကွယ်။

  • ရွှေတိုက်စိုး

    May 17, 2013 at 11:24 am

    အော် ကိုနွေဦးရေ
    ကျွန်တော်အမြင်ကတော့အဲလိုမမြင်ပါဘူး…
    လုပ်စားတယ်ဆိုတာ မဟုတ်တန်ကောင်းပါဘူးဗျာ… ကျွန်တော်တို.နိုင်ငံကလူတွေ တစ်ခုခုဆို အဲလိုမြင်တာ တယ်ဆိုးသကိုးဗျ…. ဒါမုန်းတိုင်းမလာတော့ ပြောအားရှိသွားတာပေါ့… မုန်တိုင်းများဝင်သွားကြည့်ပါလား.. အဲလိုပြောဖို.အသံတောင် ထွက်ချိန်မရလိုက်ပဲနေမှာပေါ့ဗျာ…
    မုန်တိုင်းလာမယ်ဆိုပြီး ကာကွယ်ပေးတဲ့ သူတွေ ကို လဲ အားနာပါအုံးဗျာ… ကြိုတင်ပြင်ဆင်မှု ဆိုတာ လိုပါတယ်ဗျ…. ဒါမှ ထိခိုက်နစ်နာမှု လျော့ကျမယ်မို.လား…
    မုန်တိုင်းလာမယ်ဆိုတော့ ကြောက်လိုက်ကြတာသူ.အပြင်မရှိကြဘူး… မလာတော့ဘူးဆိုတော့ ကြိုတင်ပြင်ဆင် ကာကွယ်ဖို.လုပ်တဲ့သူတွေကို လုပ်စားတယ်လို.ပြောကြတယ်…. ကဲ အဲဒါ အဲဒါ..

    မုန်းတိုင်းလာမယ်ဆိုလို. တာဝန်ရှိသူတွေက ရွှေ.ပြောင်းပေးကြ တော့ လာတော့မယ်ဆိုတဲ့ကြောက်စိတ်နဲ. ရွှေ.ကြ …….. အဲလိုအပြစ်မြင်မယ်ဆိုလဲ မယုံမရွှေ.ပဲနေကြပေါ့..
    အခုတော့ မုန်တိုင်းလမ်းကြောင်းပြောင်းသွားတယ်လဲ ဆိုရော ဟုတ်လဲမဟုတ်ပဲနဲ. လုပ်စားတယ်ဖြစ်ရော…..

    ဒါပဲ…….. သခင်မျိုးဟေ့ဒို.ဘားမန်း (ခရက်ဒစ်တူ သဂျီး)

  • TNA

    May 17, 2013 at 2:52 pm

    ်ဘာမဆိုကြိုတင်ပြင်ဆင်ထားတာမမှားပါဘူး။ နာဂစ်သင်ခန်းစာယူပြီးအကောင်းဆုံးလုပ်တယ်လို့ပဲ ကျွန်မကတော့မှတ်ယူပါတယ်။ နာဂစ်တုန်းက ဘာမှပြင်ဆင်မှု့မရှိခဲ့လို့ လိမ့်နေအောင်ခံခဲ့ရတာမို့ ကျွန်မတို့ လဲ အကယ်ရွေ့ဆိုပီး ကိုယ့်အိမ်မှာ တနိုင်တပိုင်ပြင်ဆင်မှု့လေးတွေလုပ်ခဲ့ပါတယ်။ မဟာဆန်မဝင်ခဲ့လို့ပါ။ တကယ်ဝင်များဝင်ခဲ့ရင် ဒါတွေဟာတကယ့်ကိုအသုံးဝင်မှာပါ။ အဲကျတော့လဲကျေးဇူးတွေတင်ကြမှာပါ။ မဝင်ခဲ့လို့ပြင်ဆင်ထားသမျှအလကားဖြစ်ကုန်တော့ အဆိုးမြင်သမားတွေအကြိုက်ဖြစ်သွားတယ်လို့ပဲထင်မိ ပါတယ်။ ( ကိုနွေဦးကိုပြောတာမဟုတ်ပါဘူး။ တခြားဝါဒဖြန့်နေသူတွေကိုဆိုလိုပါတယ်။ )

    • နွေဦး

      May 17, 2013 at 3:30 pm

      ခုတော့ ကိုယ့်စကားကိုယ်ရှင်းမှ ဖြစ်တော့မယ်….
      ပထမ… ဆိုချင်တဲ့ အဓိပ္ပါယ်က မုန်တိုင်းတခု အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်သွားကြတာကို ဆိုချင်တာပါ ။
      ဒုတိယ… ဒီ မဟာဆန်ကို စကတည်းက ဘယ်အတိုင်းအတာထိဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ ရခဲ့ကြပေမဲ့ ချဲ့ကားပြီး မလိုအပ်ဘဲလုပ်ခဲ့ကြတာကို ပြောချင်တာပါ ။ ကြိုတင်ကာကွယ်ရေး လုပ်ကြတာကို လုပ်စားတယ်လို့ ပြောချင်တာမဟုတ်ပါဘူး ။
      တတိယ… နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ သူ့ထက်မက (မုန်တိုင်းထက်မက) နိုင်ငံတော်က လိုအပ်နေတဲ့အချိန်မှာ လွှတ်တော်ကိုလွှဲချ.. ဟိုလွှဲချ ဒီလွှဲချနဲ့ မျက်နှာ ထွက်မပြခဲ့တာကိုပြောချင်တာပါ ။ လက်ပန်းတောင်လိုအရေး ရခိုင်လိုအရေး မိတ္ထီလာလိုအရေးတွေမှာ တက်တက်ကြွကြွ လုပ်မပြဘဲ ကိုယ့်ဆီတိုက်ရိုက် ပြဿနာ မရောက်နိုင်တဲ့ မုန်တိုင်းလိုမျိုးကြတော့ လုပ်ပြနေလိုက်ကြတာ.. အဲဒါကိုပြောချင်တာပါဗျာ..။
      နွေဦး အဆိုးမြင်သမားမဟုတ်ပါ…
      ကိုယ်မလုပ်နိုင်လို့သူများလုပ်ပေးတာကို မုဓိတာ ပွါးတတ်သူပါဗျာ..။

      • ကို ငြိမ်းမောင်

        May 17, 2013 at 3:42 pm

        ကိုနွေဦးရေ မြန်မာမင်းအဆက်ဆက် ပေါ်ပျုလာဖြစ်မယ်ဆို သူတို့ရှေ့ဆုံးက ပါချင်ကြတာလေ။
        အခါတော်ရွှေးတတ်ပါပေ့ပေါ့။
        ပြသနာရှင်းရမယ်ဆိုရင်တော့ ကော်မတီတို့ ဝန်းကြီးဌာနတို့ ဟိုလူဒီလူ အဲလိုလွဲကြတာဘဲလေ။
        မဆန်းတော့ပါဘူးဗျာ။

      • အော်အစောအတည်းက အဲလို တည့်တည့်ပြောလိုက်ပြီးရော………
        အခုတော့ ခုတ်ရာတခြားရှရာတလွဲဖြစ်တွားဘီ….
        မဆိုးမြင်သမားလို.မထင်ပါဘူးဗျာ……
        အဲလိုအဆိုးမြင်ကြတဲ့ လူတွေကို ပြောတာပါ…

        • နွေဦး

          May 17, 2013 at 4:14 pm

          ဒီလိုလူတွေကြားမှာ အနေကြာတော့
          စာတွေကို ဇဝေဇဝါဖြစ်အောင်ရေး
          အတွေးမှားတော့မှ ဘေးစကားလဲမယုံနဲ့
          ခလေးစကားလဲမယုံနဲ့ တွေဘာတွေဖြစ်လာပါရောလား..။

      • ဘဲဥ

        May 18, 2013 at 3:28 pm

        ဒုတိယ… ဒီ မဟာဆန်ကို စကတည်းက ဘယ်အတိုင်းအတာထိဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ ရခဲ့ကြပေမဲ့ ချဲ့ကားပြီး မလိုအပ်ဘဲလုပ်ခဲ့ကြတာကို ပြောချင်တာပါ ။နည်းနည်းလေးတော့လွဲနေတယ် လွဲလွဲလေးပဲကောင်းပါတယ် ….. ကိုငှက်ကြီးရဲ့သီချင်းလေးကို သတိရမိတယ်ဗျာ…..
        နာဂစ်ဝင်တုံးက ခန့်မှန်းတွက်ချက်ထားတဲ့ လမ်းကြောင်းအတိုင်းမသွားဘဲ လမ်းကြောင်းပြောင်းပြီး ဧရာဝတီတိုင်းကိုမွှေသွားတာ သတိရအုံးမယ်ထင်ပါတယ်

  • မင်းမင်း

    May 17, 2013 at 3:26 pm

    ဟုတ်ပါ၏။မှန်ပါ၏။ဘာပဲပြောပြောပုံမှန်မုတ်သုံရာသီမှာ
    ဖြစ်လေ့ရှိတဲ့မုန်တိုင်းပါ။ကြိုတင်ပြင်ဆင်တာကိုကြိုက်ပါ၏။
    ပြည်သူများအလေ့အကျင့်ရစေပါ၏။
    ဒါပေသိ သတင်းထုတ်ပြန်ရေး ကြိုတင်ခန့်မှန်းမူ့ လွန်ကဲလွန်း
    သည်ထင်ပါ၏။
    ဒါကလည်း ဟိုဟာမတတ်နိုင်ဒီဟာမရှိတာတွေကြောင့်ပါဟု
    ထင်ပါ၏။
    တကယ်လာလျှင်ကြိုတင်ပြင်ဆင်ချိန် နာရီပိုင်းအလိုမှ ခန့်မှန်းသတိပေးလုပ်နိုင်၏။
    ဒါပေသိ ဂဏာန်းများအရေးတော်ပုံကိုတော့အရှိန်လျော့ချပစ်နိုင်
    ပါ၏။
    ကြိုတင်ခန့်မှန်ပါမည်။
    လေမုန်တိုင်းများတိုက်ခတ်နိုင်ပါမည်။ ဟီးးးးး

  • အရီးခင်လတ်

    May 17, 2013 at 3:37 pm

    ကိုနွေဦး ရဲ့ ဘုရားဖူး Post လေးတွေကို လဲ ဖတ်နေတာကို ကြုံ လို့ ဝင်ပြောတာပါ။ 😛

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 18, 2013 at 12:06 am

    ဒေါ်အောင်ဆန်းစုကြည် ပြောတာကို ကြားဖူးတာကတော့
    အဝေအဖန်မခံနိုင်ရင် နိုင်ငံရေးလုပ်လို့မရဘူးဆိုပဲ………..
    ထပ်တိုးဖို့လိုသေးတယ် အစွပ်အစွဲပါ ခံနိုင်မှ နိုင်ငံရေးလုပ်လို့ ရမယ်လို့……….
    အပြုသဘောဆောင်တဲ့ အတွေးအခေါ် အပြုအမူများကို နှစ်သက်လှပါ၏။

  • kyeemite

    May 18, 2013 at 9:16 am

    ရွှေတိုက်စိုး says:

    အော် ကိုနွေဦးရေ
    ကျွန်တော်အမြင်ကတော့အဲလိုမမြင်ပါဘူး…
    လုပ်စားတယ်ဆိုတာ မဟုတ်တန်ကောင်းပါဘူးဗျာ… ကျွန်တော်တို.နိုင်ငံကလူတွေ တစ်ခုခုဆို အဲလိုမြင်တာ တယ်ဆိုးသကိုးဗျ…. ဒါမုန်းတိုင်းမလာတော့ ပြောအားရှိသွားတာပေါ့… မုန်တိုင်းများဝင်သွားကြည့်ပါလား.. အဲလိုပြောဖို.အသံတောင် ထွက်ချိန်မရလိုက်ပဲနေမှာပေါ့ဗျာ…
    မုန်တိုင်းလာမယ်ဆိုပြီး ကာကွယ်ပေးတဲ့ သူတွေ ကို လဲ အားနာပါအုံးဗျာ… ကြိုတင်ပြင်ဆင်မှု ဆိုတာ လိုပါတယ်ဗျ…. ဒါမှ ထိခိုက်နစ်နာမှု လျော့ကျမယ်မို.လား…
    မုန်တိုင်းလာမယ်ဆိုတော့ ကြောက်လိုက်ကြတာသူ.အပြင်မရှိကြဘူး… မလာတော့ဘူးဆိုတော့ ကြိုတင်ပြင်ဆင် ကာကွယ်ဖို.လုပ်တဲ့သူတွေကို လုပ်စားတယ်လို.ပြောကြတယ်…. ကဲ အဲဒါ အဲဒါ..

    မုန်းတိုင်းလာမယ်ဆိုလို. တာဝန်ရှိသူတွေက ရွှေ.ပြောင်းပေးကြ တော့ လာတော့မယ်ဆိုတဲ့ကြောက်စိတ်နဲ. ရွှေ.ကြ …….. အဲလိုအပြစ်မြင်မယ်ဆိုလဲ မယုံမရွှေ.ပဲနေကြပေါ့..
    အခုတော့ မုန်တိုင်းလမ်းကြောင်းပြောင်းသွားတယ်လဲ ဆိုရော ဟုတ်လဲမဟုတ်ပဲနဲ. လုပ်စားတယ်ဖြစ်ရော…..

    ဒါပဲ…….. သခင်မျိုးဟေ့ဒို.ဘားမန်း (ခရက်ဒစ်တူ သဂျီး)
    ရွှေတိုက်ပြောသလိုပဲ…ဒါကြောင့် စာရိုက်ပျင်းလို့ကူချလိုက်တယ်..(ခွက်ရက်ဒစ်တူ ဆယ်အိမ်ဂေါင်း)
    😆 😆 😆 😆

  • ကထူးဆန်း

    May 18, 2013 at 10:14 am

    ကျွန်တော်ကတော့ ကိုနွေဦး နဲ့ နဲနဲ အမြင်တူပါတယ် ။ လုပ်စားသွားတာတွေ ပါတယ် ဆိုတာ ..
    ဒါပေမဲ့ လုပ်စားသင့်လို့ လုပ်စားသွားတာပေါ့ဗျာ ..

    (၁) ပထမဆုံး မိုးဇလ ကမြန်မာပြည် မဝင်ဘူးလို့ ကြေညာတယ် ။ ဦးထွန်းလွင် က ဝင်မယ်လို့ ကြေညာတယ် ။ဂျာနယ် တွေက မိုးဇလ ကို မယုံကြည်သလို နဲ့ခနဲ့တဲ့တဲ့ ရေးကြတယ် ။
    မိုးဇလ အသံပြောင်းသွားပြီး ဝင်မယ် ဘဲ နောက်ပို်င်းဖြစ်သွားတယ် ..

    (၂) ကျွန်တော် ယူထားတဲ့ Tropical Storm Risk (TSR) which is sponsored by UCL, Aon Benfield, Crawford & Company and Aon Benfield UCL Hazard Research Centre ကထုတ်ပေးတဲ့ ခန့်မှန်းချက် အရ မြန်မာပြည် ပါလာလိုက် မပါလိုက် ဖြစ်နေကတည်းက မြန်မာပြည် အလွန်ဆုံး အဖျားခတ်ရုံ ဆိုတာ မှန်းလို့ ရနေသလိုပါဘဲ ။ ဒါပေမဲ့ ဦးထွန်းလွင် နဲ့ ( မိုးဇလ ကနောက်ပိုင်း) မြန်မာပြည် ဝင်မယ်ဆိုတာ ချည်းဘဲ တောက်လျောက်ပြောနေတယ် ။ နောက်ဆုံးနေ့ ကျတော့မှလမ်းကြောင်းပြောင်း ပါတယ် ဆိုပြီး အဆုံးသတ်လိုက်တယ် ။

    ဒါကြောင့် ကျွန်တော်လဲ ကိုနွေဦးတွေးသလိုဘဲ တွေးမိပါတယ်။

    လုပ်စားသင့်လို့ လုပ်စားရတာကတော့ ..

    -ခဏ အာရုံပြောင်းထားနိုင်တယ် ။
    -စခန်းတွေ ရွှေ့တော့ လူဦးရေ စစ်ပြီးသားဖြစ်မယ် ( ဒါကြောင့် ငတ တွေ မပြောင်းဖူးဆိုပြီး ငြင်းဆန်ပြီး ညဘက်မှ ပြောင်းကြတာ ဖြစ်မယ် ထင်တယ် ..ထင်တယ်)
    – လူထုအားလုံး ကျေနပ်တယ် ။
    – လေ့ကျင့်ခန်းလုပ်ပြီးဖြစ်တယ် ။
    – တကယ်လို့ ဝင်လာခဲ့ ရင်လည်း ကြိုတင် ကာကွယ်ပြီးဖြစ်သလို အပြစ်တင် ဝေဖန်ချက်များမှ လွတ်ကင်းတယ် ။

    ဒါကြောင့် လုပ်စားသင့် လုပ်စားထိုက်တဲ့ လုပ်စားမှု့ အဖြစ်သာ မြင်ပါသည်။

Leave a Reply