“တစ်ခါက အင်းယားရယ်´´

 

သူဆံနွယ်လေး

သပ်ကာပေးရင်း

အကြင်နာတေးလေး

ဆိုခဲ့တယ်။

 

အင်းယားရေပြင်

ဖြတ်ကာတိုက်တာ

လေနုအေးလေး

ဆိုရမယ်။

 

ညနေဆည်းဆာ

နေဝင်အလှမှာ

သူ့မျက်နှာအလှ

ပိုခဲ့တယ်။

 

တွေ့ဆုံချိန်လေး

ကုန်မှာစိုးလို့

နှမျောမိတာ

အချိန်လေးရယ်။

 

အချိန်တန်တော့

အိမ်ပြန်ရပေါ့

အလွမ်းမောလေး

ဖြစ်ရမယ်။

 

ဟိုအရင်အတိတ်

ကြည်းနူးခဲ့ရာ

ရည်းစားဘဝ

ဆိုကြတယ်။

 

ခုတော့လည်းဘဲ

အင်းယားရောက်တော့

အလွမ်းအမောလေး

ဖြေရတယ်။

 

 

ခုများတွေ့ရင်

ဘယ်လိုဖြစ်မလဲ

ဟိုရှာဒီရှာ

ကြည့်မိတယ်။

 

ဘယ်ဆီရောက်လဲ

ငယ်ချစ်လေးရဲ့

တစ်ခါတစ်ခါတော့

ဆွေးမိတယ်။

 

ခုများတော့လည်း

အင်းယားဘောင်မှာ

အလွမ်းပြေလား

ကျန်းမာရေးလား

မသဲကွဲဘဲ

ညနေဆည်းဆာ

ထိုအချိန်မှာ

လမ်းလျောက်မြဲနဲ့

နေဖြစ်တယ်။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

 

 

About ခင္ခ

ခင္ ခ has written 458 post in this Website..