“တစ်ခါက အင်းယားရယ်´´

ခင္ခMay 17, 20131min14110

“တစ်ခါက အင်းယားရယ်´´

 

သူဆံနွယ်လေး

သပ်ကာပေးရင်း

အကြင်နာတေးလေး

ဆိုခဲ့တယ်။

 

အင်းယားရေပြင်

ဖြတ်ကာတိုက်တာ

လေနုအေးလေး

ဆိုရမယ်။

 

ညနေဆည်းဆာ

နေဝင်အလှမှာ

သူ့မျက်နှာအလှ

ပိုခဲ့တယ်။

 

တွေ့ဆုံချိန်လေး

ကုန်မှာစိုးလို့

နှမျောမိတာ

အချိန်လေးရယ်။

 

အချိန်တန်တော့

အိမ်ပြန်ရပေါ့

အလွမ်းမောလေး

ဖြစ်ရမယ်။

 

ဟိုအရင်အတိတ်

ကြည်းနူးခဲ့ရာ

ရည်းစားဘဝ

ဆိုကြတယ်။

 

ခုတော့လည်းဘဲ

အင်းယားရောက်တော့

အလွမ်းအမောလေး

ဖြေရတယ်။

 

 

ခုများတွေ့ရင်

ဘယ်လိုဖြစ်မလဲ

ဟိုရှာဒီရှာ

ကြည့်မိတယ်။

 

ဘယ်ဆီရောက်လဲ

ငယ်ချစ်လေးရဲ့

တစ်ခါတစ်ခါတော့

ဆွေးမိတယ်။

 

ခုများတော့လည်း

အင်းယားဘောင်မှာ

အလွမ်းပြေလား

ကျန်းမာရေးလား

မသဲကွဲဘဲ

ညနေဆည်းဆာ

ထိုအချိန်မှာ

လမ်းလျောက်မြဲနဲ့

နေဖြစ်တယ်။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

 

 

10 comments

  • Myo Thant

    May 17, 2013 at 11:14 am

    မရောက်တာ ကြာပေါ့ကွယ်

    ရုံး နဲ့ အိမ် အိမ် နဲ့ ရုံး

    ရုန်းနေရဆဲမို့

    အင်းလျားရယ်

    ဒီက သတင်းသမားကို နားလည်နော် ၊

    • ခင် ခ

      May 17, 2013 at 11:29 am

      အလုပ်တွေကြည်ဘဲ သိမ်းကြုံးလုပ်မနေနဲ့အုံးလေ အညောင်းပြေအညာပြေ ပဒါသလေးတွေလည်း ခံစားကာ လမ်းလျှောက်ပေးအုံးနော် ကိုမျိုးသန့်ရေ။ ဦးဆုံးကွန်မန့်အတွက် ကျေးဇူးဗျ။

  • မောင် ပေ

    May 17, 2013 at 11:18 am

    အင်းယား
    ကမြင်းမလား
    ထမင်းစား
    ဟင်းငါး
    ရှင်းနား

  • သူကလေး

    May 17, 2013 at 4:59 pm

    အင်းယားရယ် .. မရောက်ဖြစ်တာ ၈နှစ်ကြာ ….

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 17, 2013 at 11:50 pm

    “ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ” ဆိုတော့လည်း
    ကျုပ်တို့ကြီးပြင်းလာရင်လည်း ဒီလိုပဲ ခံစားမိလေမလား……….

  • ခင် ခ

    May 18, 2013 at 9:24 am

    ဝင်ရောက်ကာမန့်သူတွေကော၊ ဖတ်သွားသူတွေရော၊ အပေါင်းအနုတ်သချင်္ာဝါသနာပါသူတွေရော ကျေးဇူးပါဗျို့။

  • အင်းယား ရယ် မရောက်ဖြစ်တာ ရှစ်နှစ်ကြာ
    ထိုင်ခုံလေးရဲ့ တစ်ဖက်မှာ ကိုယ်တစ်ယောက်တည်းပေါ့
    မိန်းကလေးရေ ဝေးသွားချိန် မင်း မရှိပါ
    ရေပြင် အင်းယားလေးက အသိဆုံးပေါ့ကွာ …
    ဒီလိုဘာဘဲ ဥခင်ခဂျီးရေ …
    တစ်ခါတစ်ခါ ကွဲသွားတာ ပျောက်သွားတတ်ပေမယ့်
    အလွမ်းက အငွေ့အသက်လေး ကျန်ကျန်နေတတ်သေးဒယ် ….

  • ခရီးသည်ကြီး

    May 19, 2013 at 12:06 pm

    မှတ်မိသေးလားအင်းယား
    တစ်ခါက ချစ်သူတွေရင်ငွေ့လှုံခဲ့
    အလွမ်းတွေ ဖွဲ ့သီကျူးခဲ့
    စိတ်ကူးတွေရဲ့ရူးသွပ်ရာ
    ပြည့်စုံခြင်းတို ့ ငံ့လင့်ရာ
    လိုအပ်ချက်တို ့ ခြေဆန် ့ရာ
    ဝမ်းမြောက်ခြင်းတို ့ဆုံဆည်းရာ
    ပြီးတော ့……….
    ရိုမန် ့တစ်ဆန်ဆန် အနမ်းတို ့ထုံမွှန်းရာ
    သစ္စာတရားတို ့ တိုင်တည်ရာ
    . . . .
    .
    .
    .
    .
    .
    အခုတော ့ အင်းယားရယ်
    မင်းရင်ခွင်မှာ ရမ်းကားနေကြလေရဲ ့
    မင်းရေပြင်မှာ အမှိုက်တွေလည်းပစ်ထားကြရဲ ့
    မင်းလည်း အရင်လို အပျိုမစစ်တော ့ဘူး ထင်ပါရဲ ့က ွယ်…….

  • TheWinner Getprize

    May 19, 2013 at 12:19 pm

    ကဗျာလေးက အရင်ချိန်က အင်းယားက ချစ်သူလေးများရဲ့ ချစ်ခြင်းဟာ ဖြူစင်မှုလေးတွေနဲ့ ကြည်နူးစရာကောင်းတာကို ပေါ်လွင်စေပါတယ်။
    ခုခေတ်တော့လည်း ခရီးသည်ကြီး ပြောသလို ဖြစ်နေပါပြီလား။ ကားပေါ်ကနေ လှမ်းကြည့်လိုက်ရင်ပဲ ကားလမ်းဘေးက မျက်ခင်းထဲမှာ ရမ်းကားမှုလေးတွေ ကိုယ်စီနဲ့ပေါ့…

  • ဦးကြောင်ကြီး

    May 20, 2013 at 10:32 am

    အင်းယားရယ်
    စဉ်းစားကွယ်
    သင်းနွားငယ်
    ဒင်းထွားအယ်
    ရင်းစားမယ်
    ငြင်းသွားတယ်
    လင်းအားဝယ်
    အင်းသားသယ်..

Leave a Reply