စက္ကန့်သုံးရာ ဘာဝနာ

who whoMay 17, 20131min1917

အို-မိတ်ဆွေ ၊ သင်၏ တစ်နေ ့တာမှ (ငါးမိနစ်) မျှသော အချိန်
ကာလကို လက်တွေ ့ အသုံးချကြည့်လိုက်စမ်းပါ။

“နှိုးဆော်လင်္ကာ”
ငါးမိနစ်မျှ ၊ ခဏချိန်တွင်
စိတ်ဝယ်စူးစိုက် ၊ ပြုလိုက်ပါလျှင်
ဘာဝနာမျိုး ၊ တန်ဖိုးထင်ထင်
ညောင်စေ့ငယ်မှ ၊ ဖြစ်ရညောင်ပင်
ပမာထား ၊ ကြီးမားအာနိသင်။ ။

“အတိုကောက်မှတ်ရန် လင်္ကာ”

ရှေးဦးအစ ၊ ပြုရဖွယ်သာ
ဆင်းရဲမှုက ၊ လွတ်ကြမှန်စွာ
ပုဂ္ဂိုလ်အပေါင်း ၊ အကြောင်းခြင်းရာ
ယုံကြည်လေးစား ၊ အားထားစိတ်မှာ
စင်ကြယ်မှု ၊ တွေးရှု ကံသုံးဖြာ။ ။

အခြေခံတရား ၊ မှတ်သားသင့်ရာ
နှာသီးဝဖျား ၊ ထင်ရှားသေချာ
ဝင်ဘိထွက်ဘိ ၊ တိုးထိလေမှာ
ငါးမိနစ်မျှ ၊ ကာလချိန်ခါ
မလွတ်တမ်း ၊ စေါင့်ဖမ်း(သိ)လိုက်ပါ။ ။

အခြေတစ်ဆင့် ၊ မြှင့်၍ရှုရာ
ပြန်လှန်ဝန်ချ ၊ ပြုရမှန်စွာ
ဆင်းရဲလွတ်မှု ၊ ရှေးရှုစိတ်မှာ
ဝင်ထွက်လေအား ၊ ထင်ရှား(သိ)ရာ
ဆို(မမြဲ) ၊ ပြောင်းလဲ ရှုမှတ်ပါ။ ။

အဆင့်တိုးမြှင့် ၊ ရှုလင့်တစ်ခါ
အမှန်ရှိနှင့် ၊ မရှိနှစ်ဖြာ
အမှန်ရှိမှု ၊ စေ့ငုသေချာ
ငယ်ထိပ်ရင်ညွန် ့ ၊ လှုပ်လွန် ့ခုန်ရာ
ပေါ်ထင်ချက် ၊ (ဖြစ်-ပျက်)ရှုမှတ်ပါ။ ။

အတွင်းနိုင်က ၊ ပြင်ပတစ်ခါ
စေ့စေ့ဉာဏ်စိုက် ၊ ရှုလိုက်ပိုင်စွာ
ဆင်း ၊သံ ၊ နံ ့မွှေ ့ ၊ ထိတွေ ့ ရသာ
တစ်ခုထင်ချက် ၊ ရှုကွက် တင်ကာ
ဖြစ်ပျက်မှု ၊ မှတ်ရှု မြင်သိပါ။ ။

နှုတ်ဆက်စကား ၊ ပြောကြားရလျှင်
ရုပ်နာမ် ရှုကွက် ၊ ဖြစ်ပျက်ထင်ထင်
တွင်းပနှစ်မျိုး ၊ ပိုင်စိုးသိမြင်
ခန္ဓာဆိုမြဲ ၊ ဆင်းရဲမှုပင်
လွတ်မြောက်ရေး ၊ မျှော်တွေး ကျင့်စေချင်။ ။

မောင်လှပေါ်(မဟာဗေါဓိ)။
၁၃၄၉-ခု၊နတ်တော်လပြည့်ကျော်(၁၂)ရက်၊
(၁၇၊၁၂၊၈၇)၊ကြာသပတေးနေ ့၊(၁၆းဝ၀)နာရီ။

7 comments

  • TNA

    May 17, 2013 at 3:33 pm

    မှတ်သားထိုက်တဲ့ပိုစ့်ကလေးပါ။ အဲဒီ ငါးမိနစ်ကလေးကိုအချိန်ရှာမတွေ့တဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်မိပါ တယ်။ လူဆိုတဲ့အမျိုးကလဲ ကိုယ်လုပ်ချင်ရင် ကြံဖန်အချိန်ရှာတတ်ကြပေမဲ့ ကိုယ်မလုပ်ချင်တော့လဲ ဒီငါးမိနစ်ကလေးကို ကြံဖန်ဆင်ခြေတက်နေတာ ကိုယ့်ဟာကိုယ်လဲရှက်မိပါတယ်။ အွန်လိုင်းတက်တာ နဲနဲလေးလျှော့လိုက်ရင်ရပါတယ်။ ကိုယ့်ကိုကိုယ်ပြန်ဆုံးမရအုံးမယ်။

  • မောင် ပေ

    May 17, 2013 at 7:05 pm

    ဝှူးလေးရေ
    နွားထိုးကြီးမြို ့ရဲ ့ တန်ခိုးကြီး “ ရှင်ပင်သာဒွန်းဦး ဘုရား ” မှာ ၊ လူတွေရဲ ့အသက်အရွယ်တွေကို လိုက်ပြီး အချိန်ဘယ်လောက်ပဲ ကျန်တော့တယ် ဆိုတာလေးတွေ ကို တွက်ချက်ပြထားတဲ့ ဗီနိုင်းလေးတွေ ကို တွေ ့နိုင်ပါတယ်ကွယ် ။
    ( ကျန်တဲ့နေရာတွေမှာလဲ ရှိပါလိမ့်မယ် ။ ဒါပေသည့် .. အဲဒီ ဘုရားမှာ ပထမဆုံး စဖတ်ခဲ့ဖူးတာမို ့ပါ )
    ဥပမာ အသက် ၃၅အရွယ် လူတစ်ယောက် (ဝှူးလေး ကို ပြောတာ မဟုတ်ဘူးနော် ၊ ဟီ ဟိ) ဟာ ရက်ပေါင်း ဘယ်လောက် ဖြတ်ကျော်ခဲ့ပြီး ပြီ ၊ လူ ့သက်တမ်းဟာ ၇ဝ လို ့ သတ်မှတ် မယ် ဆိုရင် ဘယ်လောက်ပဲ ကျန်တော့တယ် ။ ကျန်တဲ့အချိန်တွေ အတွင်းမှာ တရားဘာဝနာ ကြိုးစားအားထုတ်ရှာဖွေ ဖို ့တိုက်တွန်း ထားပါတယ်ကွယ်
    ဝှူးလေး ကို ခင်တဲ့
    မောင်ပေ

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 17, 2013 at 11:46 pm

    စိတ်ရင်းအတိုင်းပြောရရင်
    ဝိပသနာ လုပ်ရတာထက် သမ္မထ ကိုကျုပ်ကပိုသဘောကျသဗျ…………

  • ဒဂယ် ..
    စက္ကန့် သုံးရာ ဘာဝနာ ဖြစ်နိုင်ဖို့အတွက်ဆို ..
    မိနစ် သုံးဆယ်လောက် အချိန်ယူရနိုင်ဘာဒယ် …
    ဒါတောင် .. မရင်းနှီးဒဲ့လူညိုးဆိုရင်
    မိနစ် ခြောက်ဆယ်လောက်တောင် အချိန်ယူရနိုင်ဘာဒယ် …

  • ဦးကြောင်ကြီး

    May 20, 2013 at 10:29 am

    နှိုးဆော်လင်္ကာ
    မိုးပေါ်တင်ရွာ
    ဂျိုးခေါ်ဆင်သာ
    ဘိုးတော်ထင်တာ
    တိုးပျော်ရွှင်မှာ
    ဗျိုးအော်သဉ္စာ
    ဖိုးဇော်ခင်လာ
    ရိုးဖော်ကြင်နာ..

  • ဆူး

    May 20, 2013 at 10:49 am

    ဟူးဟူး ရေ မတွေ့တာကြာလှပြီ.. နေကောင်းပါရဲ့လား..
    အစစ အဆင်ပြေချောမွေ့ပါစေ။

  • kyeemite

    May 20, 2013 at 11:58 am

    ဟူးဟူးဘာဝနာ
    ပြူးပြူးရှာပါ
    မြူးတူးကာသာ
    ထူးထူးလာမှာ။

Leave a Reply