ရခိုင်မင်္ဂလာဆောင် …. (1)

Yin Nyine NwayMay 18, 20131min24433

ရခိုင်
ယောင်လို့တောင် မတွေးမိတဲ့နေရာတခုပါ
အရင်က စဉ်းစားမိတာ ပြောမိတာတော့ ရှမ်းမှ ကြိုက်မယ်.. ရှမ်းမဟုတ်ရင် စိတ်မဝင်ဇားဘူး
ကိုကိုမြားနတ်မောင် ရွေးပေးလိုက်တာကတော့ ရခိုင်အမျိုးသားတယောက်တဲ့ …
တောင်ကြီးနဲက ရန်ကုန် အရှေ့နဲ့ အနောက်
အလယ်ဖြစ်တဲ့ ရန်ကုန်မှာလာတွေ့ကြတယ်
ဒါတော့ info
အခုပြောပြချင်တာက
ရခိုင်က မင်္ဂလာဆောင်အကြောင်း
သူတို့ပြောတာတော့ သမတ်တတ်ပွဲတဲ့
သမတ်ကို မိန်းမအိမ်မှာ ပေးနေဖို့ထင်တယ် 😛

အနော် ရန်ကုန်ကနေ ဂွကို အရင်သွားတယ်
ဧရာဝတီတိုင်းအထိ လမ်းတွေ ဖြူးနေသလောက်
ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏ လည်းရောက်ရော ဆိုးလိုက် ကြမ်းလိုက်တဲ့လမ်း..
ဂွကိုရောက်တော့ မနက်အစောကြီး အဲဒီကနေ ဂွ-သံတွဲ လမ်းမပေါ်မှာချိတဲ့အနော့် ယောက္ခမ အိမ် ကိုသွားရတယ်
လမ်းမှာ သာယာလိုက်တဲ့ ဘင်္ဂလားပင်လယ်အော်ကြီး…
ပင်လယ်မမြင်ဖူးတဲ့ အနော့် အတွက် အထူးအဆန်းတွေပဲပေါ့
အဲမှာလဲ လမ်းဆိုးတာပဲ
ရွာ (7)ရွာလောက်ဖြတ်ပြီးတဲ့အခါ … တိုင်ကျိုးဆိုတဲ့ ရွာကိုရောက်တယ်
အဲရွာအဝင် ဆပ်သွားရွာကနေစပြီး သံတွဲ အထိတော့ လမ်းကောင်းလာတယ်

အနော်ရောက်တော့ နေ့လည် ရောက်နေပြီ
အိမ်ပုံလေးတွေက ချစ်စရာကောင်းတယ်
ဂွက လူတွေစကားက ရခိုင်လိုသိပ်မပြောဘူး ဗမာလိုကို ပျက်ပျက်ကြီး
ဘယ်သွားလဲဆို မသိ
ဘာပြောသွားလဲဆို မပြော … အဲလို ပျက်ပျက်ကြီး
တစ်မျိုးတော့ နားထောင်ကောင်းနေတာပဲ

အနော့် မင်္ဂလာဆောင်က 6ရက် 7ရက်
အနော်ရောက်သွားတာက 4ရက်
5ရက်နေ့ မှာတော့ ရွာအလှူအတိုင်း တအိမ်လုံးကို အလှလာဆင်ကြတယ်
အမျိုးများတော့ တယောက်တမျိုးနဲ့ လုပ်သွားကြတယ်
ငရုတ်သီးကိုကိုယ်တိုင်ထောင်းကြတယ်၊ ငရုတ်ကောင်းမှုန့်တွေကိုလည်း ကိုယ်တိုင်ထောင်းကြပြီး
ခရမ်းချဉ်သီးမသုံး ရှိလည်းမရှိတာကိုတွေ့ခဲ့ရတယ်

6ရက်နေ့ ညနေပိုင်းမှာတော့ 4နာရီလောက်ကစပြီး ဧည့်သည်တွေရောက်လာကြတယ်
စပြီ အဲမှာ တရွာလုံးကို အဝတိုက်တာပဲ
တကဲ့ ကျွှတ်ဆင်ကြီး … အနော်တို့ ရှမ်း သောက်တယ်ဆိုတာ ရခိုင်မမှီ
ကလေးမှစ လူကြီးအဆုံး ယောကျင်္ား မိန်းမ သောက်တယ်
အနဲဆုံးတော့ ဘီယာတောက်တယ်ဗျာ
မိုက်တယ်
လက်ဖွဲ့ကို ပစ္စည်းပေးတာ မတွေ့ရဘူး .. အနည်းဆုံး 5000 လောက်တော့ပေးကြတယ်
လာတဲ့ ဧည့်သည် လက်ဖွဲ့တဲ့ ဧည့်သည်တွေကို ဝက်သားဟင်း ပြန်ပေးတယ်
ပေးတဲ့ လက်ဖွဲ့ အပေါ်မူတည်ပြီး ပြန်ပေးတယ် ….
စားသွားလည်းရတယ်….

7ရက်နေ့ မနက်မှာတော့ ဘုန်းကြီး (5)ပါးကို မင်္ဂလာဆွမ်းကပ်တယ်…
နောက် 7နာရီလောက်မှာ ရခိုင်စည်တော်ကြီးတီးတဲ့ အကိုကြီး 4ယောက်ရယ် သူ့နောက်မှာ
ယောက်ခမကြီးက သတို့သမီး ဦးသျှေင်၊ ယောက်ခထီးက သတို့သား ဦးသျှောင်ကြီး ကိုင်လို့
သတို့သားအရံ၊ သတို့သမီးအရဲနဲ့ သူတို့ခင်းကျင်းထားတဲ့ နေရာကို တန်းစီပြီးလာကြရတယ်
အဲနောက်မှာ မင်္ဂလာခရုသင်းမုတ်ပြီးတာနဲ့ သတို့သား သတို့သမီးကို ယောက္ခမကြီးနှင့် ယောက္ခထီးတို့က နံ့သာရေ. ပန်းကုံးနဲ့ ဦးသျှောင်ကိုဆောင်းပေးတယ်
အမျိုးတွေကလည်း နံ့သာရေ ဖျန်းရင်း လက်ဖွဲ့ထည့်ပေးရင်းနဲ့ နေ့လည်ကိုရောက်လာပါတယ် ..(အအေး အပတ်တာကံကောင်း)

နေ့လည်ရောက်တော့ မင်္ဂလာထမင်းလို့ခေါ်တဲ့ ထမင်းကို စားရပါတယ် (မဝ ပါ :P)
မင်္ဂလာထမင်းမှာတော့ ထမင်းရယ်၊ ပုစွန်နှစ်ကောင်ရယ်၊ ကန်စွန်းဥ မီးကင်ရယ် ( ဘာအဓိပ္ပါယ်လဲဆိုတာတော့ မသိဘူး)
ငါးဟင်းရည်သောက်ရယ်ကို စားရပါတယ် (သူတို့ကျတော့ ဝက်သားဟင်းနဲ့ )

ပြီးတာနဲ့ ဘိသိပ်ဆရာကြီးက ဘိသိပ်ပေးတယ်
သိကြတဲ့အတိုင်း ရှည်လိုက်တဲ့ ဘိသိပ်
ပြီးတော့ သတို့သားလက်နဲ့ သတို့သမီး လက်ကို ဆန်တဆုတ်စီ ကိုင်ခိုင်းရင်း လက်ကိုင်ပုဝါနဲ့ချည်
ပြီးတော့ နဲ့သာရည်နဲ့လောင်း ပါးစပ်ကလည်းရွက်… (ရခိုင်လို ရွက်လို့ ဘာရွက်မှန်းမသိ)
ပြီးတော့ အဲဒီ ထည့်ထားတဲ့ ဆန်တဆုတ်မှာ တဝက်ကို လက်ကိုင်ပုဝါထဲထည့်ခိုင်းတယ်
ကျန်တဝက်နဲ့ မိဘတွေ ဆရာတွေကိုကန်တော့ရတယ်
ကန်တော့နေစဉ်မှာလဲ ဖျန်းလိုက်တဲ့ နံ့သာရေ
ခေါင်းတခုလုံး စိုရွဲလို့
ဘိသိ်ပ်ခံပြီးတာနဲ့ မင်္ဂလာပွဲပြီးတယ်လို့ဆိုပါတယ်

ခဏနေက ယူထားတဲ့ ဆန်တဝက်ဆီပါတဲ့ လက်ကိုင်ပုဝါထုတ်ကိုတော့ မြေကြီးနဲနဲရောပြီး အိပ်ခန်းမှာ ထားခိုင်းပါတယ်
ရိုးမြေကျ ပေါင်းနိုင်အောင်လို့ လို့တော့ ပြောတာပဲ ……

နွေးသီး
18-5-2013
ရခိုင်မင်္ဂလာဆောင်

33 comments

  • Myo Thant

    May 18, 2013 at 1:29 pm

    မိန်းမယူရတာ မလွယ်ပါလားဗျာ
    ဘာပဲဖြစ်ဖြစ် ကျနော်တို့လို လူပြိုတွေ ဗဟုသုတ ရပါတယ် 🙂

    • Yin Nyine Nway

      May 20, 2013 at 9:32 am

      အားပေးလို့ ကျေးဇူးပါ… အဲလိုပြောတဲ့လူက စောစောရတတ်တယ်

  • ကျုပ်လည်း မင်ဂါဆောင်ဒဲ့အခါ
    ရခိုင်လို ဆောင်မယ် ..
    ကချင် လို ဆောင်မယ် ..
    ကယားလို ဆောင်မယ် …
    ညန်မာပီ တစ်ဝှမ်း ပတ်ပြီး ဆောင်မယ် … လို့ …
    တွေးထားဒယ် …
    ဒါဘာဗျဲ …

    ပုံ/
    ရတနာ အံဇာကြီး

    • Yin Nyine Nway

      May 20, 2013 at 9:53 am

      အံစာတုံး ဆိုတဲ့ နာမည်နဲ့ လိုက်အောင် (6)ခေါက်လောက်ဆောင်ပလိုက်

  • MaMa

    May 18, 2013 at 1:56 pm

    ရှမ်းမလေးရဲ့ ရခိုင်မင်္ဂလာဆောင် ဓာတ်ပုံ မပါဘူးလား။
    တစ်ကျောင်း တစ်ဂါထာ
    တစ်ရွာ တစ်ပုဒ်ဆန်း
    ဆိုသလိုပဲ
    နေရာဒေသ လူမျိုးဘာသာကိုလိုက်ပြီး ဓလေ့ထုံးစံတွေ အမျိုးမျိုး ကွဲပြားနေကြပေမယ့်
    သူ့ဓလေ့နဲ့ သူတော့ ချစ်ဖို့ကောင်းတာချည်းပါပဲ။ :hee:

  • Miss Crystalline

    May 18, 2013 at 2:10 pm

    ဖူးစာပဲထင်တယ်နော်… ရခိုင်အမျိုးသားယူလို့ ရခိုင်မင်္ဂလာဆောင်အတွေ့အကြုံလေးဖတ်ရတာပေါ့.. အဲဒီဖက်ကလူတွေ စဉ့်အိုးနဲ့စိမ်ပြီးသောက်တာတောင်မြင်ဖူးတယ်.. စကားမစပ်..အမျိုးသားရော သောက်တတ်လား 🙂
    အောင်မြင်ပြည့်စုံသော ဘဝပိုင်ဆိုင်ပါစေလို ့ဆုတောင်းပေးပါတယ်..

    • Yin Nyine Nway

      May 20, 2013 at 9:57 am

      မစ် ခရစ်တ္တာလိုင်းရေ… အနော့် အမျိုးသား သာမက ယောက္ခမကော၊ ယောက္ခထီးကော၊ မတ်လေးကော၊ ယောင်းမလေးပါ တောက်တတ်တယ်ဂျ … ဘယ်ရမလဲ အနော်လည်း အားကျမခံ…. ဟိဟိ (နဂိုကမှ မတောက်ဘူးဆိုတော့ 😛 )

  • အရီးခင်လတ်

    May 18, 2013 at 3:45 pm

    Many Congratulations ပါ ရင်ငြိမ်း ရေ။
    ပျော်ရွှင်ချမ်းမြေ့ စရာ နှစ်ကိုယ်တူ ဘဝ မှသည် အောင်မြင် အေးချမ်း သော မိသားစုဘဝ ကို ရယူနိုင်ပါစေ။

    • Yin Nyine Nway

      May 20, 2013 at 10:01 am

      အရီးလတ်ပေးတဲ့ ဆုနဲ့ ပြည့်ပါစေချင့် …..

  • Foreign Resident

    May 18, 2013 at 4:06 pm

    ” မင်္ဂလာထမင်းလို့ခေါ်တဲ့ ထမင်းကို စားရပါတယ် (မဝ ပါ :P)
    ငါးဟင်းရည်သောက်ရယ်ကို စားရပါတယ် (သူတို့ကျတော့ ဝက်သားဟင်းနဲ့ ) ”

    မင်္ဂလာ ထမင်းကို မဝ ရင် ၊
    ပြီးမှ ဝက်သားဟင်းနဲ့ အဝ ဆက်ဆွဲလို့ မရဘူးလား ။

    • Yin Nyine Nway

      May 20, 2013 at 12:44 pm

      အဘရေ …. စားလို့တော့ပါ ရတယ် .. ဒါပေမဲ့ ပွဲလည်းပြီးရော စားတောင်မစားနိုင်တော့ဘူး… ပင်ပန်းလို့

  • ဦးဦးပါလေရာ

    May 18, 2013 at 5:48 pm

    ဒီခေတ်တော့ ဘယ်တိုင်းရင်းသားမဆို အများစုက ရိုးရာထုံးတမ်းအငွေ့အသက်ပါတယ်ဆိုရုံကလေးပဲ လုပ်ကြပါတော့တယ်။
    ဒီတော့ တော်တော်ပေါ့ပါးပြီး စိတ်ညစ်၊စိတ်ရှုပ်စရာနဲသွားပြီး ပျော်စရာပဲ များပါတော့တယ်….။

    ဒါပေသိ ဘာပဲပြောပြော ကျုပ်တို့တိုင်းရင်းသားတွေ ချစ်စရာကောင်းတာတစ်ချက်က စိတ်ထားကျယ်ပြန့်တယ်။ အကျိုးမဲ့တာတွေကို သိပ်စွဲမထားဘူး..။ ဒီတော့ ခေတ်ဟောင်းဓလေ့ထုံးတမ်းထက် ခေတ်သစ်ဓလေ့ထုံးတမ်းတွေက ပိုပိုကောင်းလာရော…။

    အစွဲကြီးတဲ့တရုတ်၊ကုလားများဆို –
    မင်္ဂလာဆောင်မှာ ကုလားမင်္ဂလာဆောင်(ဟိန္ဒူ)က အရစ်ဆုံး
    အသုဘမှာ တရုတ်အသုဘက အရစ်ဆုံး….
    သိပ်ပြီး authentic ဖြစ်တဲ့ တရုတ်အသုဘတစ်ခုကို ကြုံဖူးတယ်…။
    တိုတို မှတ်ချက်ပေးရရင် ကိုယ်တိုင်သာသေလိုက်ချင်တော့တာပဲ….။

    • TNA

      May 19, 2013 at 6:03 pm

      ဟုတ်ပါ့ ဦးဦးပါလေရာရေ။ သေတဲ့သူကတော့ဘာမှမသိဘူး။ ကျန်ခဲ့တဲ့သူတွေကတော့ ကုန်လိုက်တဲ့ ပိုက်ဆံ။ သိန်းရာချီပြီးကုန်တာတွေ့ဖူးပါရဲ့။ မြေကွက်အကြီးကြီးဝယ်။ အုတ်ဂူအကြီးကြီးဆောက်။ တီးဝိုင်းတွေအ များကြီးငှား တလတိတိ အမျိုးတွေ စတုဒီသာကျွေး။ ဝက်ကို အကောင် ၂ဝ လောက်ကုန်မယ်မှတ်တယ်။ အဲလိုတရုတ်အသုဘတခုကြုံဖူးပါရဲ့။ အငိုဆုံးကတော့ အစ်စလမ်ဘာသာဝင်မင်္ဂလာဆောင်ပါပဲ။ သတို့သမီး ကို သတို့သားဘက်ထည့်ခါနီး သတို့သမီး ဘက်ကဆွေမျိုးအကုန်ဖက်ဖက်ငိုတာ ခေါင်းတောင်ကိုက်ပါရဲ့။

    • ဆူး

      May 20, 2013 at 9:52 am

      အမလေး.. ဘယ်လို ဖြစ်လို့ မင်္ဂလာဆောင် ကနေပြီးတော့ အသုဘ ဖြစ်လာရတာလဲ.. ဟိဟိ..

      မန်းကနေ မေမြို့ တက်တဲ့ နေ့တုန်းက ကားတန်းအရှည်ကြီး ခပ်နှေးနှေးမောင်းနေတာ တွေ့လို့.. ကျော်တက်ရင်း ရှေ့ဆုံးကား ကို မြင်မှ သိတော့တယ်.. ပထမတော့ လူကြိး ကားတန်း ထင်နေတာ.. အမှန်တော့ လူကြိး ကားတန်း ထက်တောင် ပိုများအုန်းမယ်.. ကား အကောင်းစား အမဲတွေ ပြောင်တင်းနေတာပဲ.. လန်ခရူဆာ တို့ ဆိုက်ကနက် တို့လို ကားတွေ အစီး ၂ဝ နဲ့ အထက် ရှိတယ်။ အရှေ့ဆုံး ကား ရဲ့ ဒုတိယ အစီးက ဝက်တင်တဲ့ ကားလိုမျိုး ပက်လက် အတွင်းထဲမှာ အခေါင်းနဲ့ အရှေ့က ဓါတ်ပုံနဲ့ အတီးအမှုတ်သမားတွေ ထိုင်ပြီး လိုက်လာကြတယ်။ အဲ့ဒါ တရုတ်ပြည် အထိ တက်လိမ့်မယ်လို့ မှန်းတာပဲ..

      သေတာတောင် ရိုးရိုးမသေဘူး.. ကျန်ခဲ့တဲ့ လူတွေ အလုပ်ရှုပ်အောင် လုပ်ပြိး သေတဲ့ တရုတ်တွေ.. ဟိဟိ..

  • TNA

    May 18, 2013 at 8:24 pm

    တခါမှမကြားဖူးဘူး ရခိုင်မင်္ဂလာဆောင်ကို။ အခုမှသိတော့တယ်။ ဒါ့ပုံလေးပါဆို ပိုမြိုင်သွားမယ်အေ။ နောက် အပိုင်းတွေကျ ဒါ့ပုံလေးပါတင်ပေးလေ။ မျှော်နေတယ်။ မြန်မြန်တင်နော့။ မဟုတ်ရင်ရှေ့ပိုင်းပြန်ရှာရှာဖတ်ရ တာကွန်နက်ရှင်မကောင်းရင်စိတ်ညစ်ချက်။ ( မသိတာလေးတွေ ချစ်ချစ်ကိုမေးလေဟယ်။ ဘာသာပြန် ပြပေါ့။ ဒါမှာဒို့လဲ စုံစုံစိစိသိရတာပေါ့။ )

    • Yin Nyine Nway

      May 20, 2013 at 9:47 am

      တင်ချင်ပေမဲ့ အနော့် ရခိုင်ဂျီးက ဖေ့ဘုတ်မှာတောင် ပေးမတင်ဘူး… 🙁

  • KZ

    May 18, 2013 at 8:28 pm

    နဖူးစာ ရွာလည်သကိုးဗျ။
    တစ်ခါမှ မကြားဖူးတာကို ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။

    ကွန်ဂရက်ကျူးလေးရှင်း အော(လ) ဆိုး ပါ။

    :hee:

  • uncle gyi

    May 18, 2013 at 10:41 pm

    ဖူးစာ
    ဘယ်ကိုရောက်
    ဘယ်သူသိနိုင်ပါ့
    ပါတဲ့ဖူးစာ
    မင်္ဂလာအပေါင်းပြည့်စုံ
    စေသောင်း

  • ကိုရင်စည်သူ

    May 19, 2013 at 10:14 am

    မြန်မာပြည်ရဲ့ ဘယ်လက် ညာလက် ဒေသက
    ဖူးစာဆိုတော့.. လက်ဘယ်ညာ ဂဟေဆက်ဖူးစာပေါ့နော်..။ ။ :mrgreen:
    ရခိုင်မျိုးရိုးလေး များများပြန့်ပွားပါစေ..

  • TheWinner Getprize

    May 19, 2013 at 10:54 am

    အရင်က ရခိုင်ဆိုဘာညာဆိုတာတွေက ရခိုင်မှာလည်းနေဘူးရော၊ တကယ့်ကို ကွာခြားပါလားဆိုတာသိလာတယ်။
    ရခိုင်လူမျိုးတွေ ရိုးသားတာ အရမ်းချစ်ဖို့ ကောင်းပါတယ်။
    တကယ့်ကိုလည်း ကူညီတတ်ကြပါတယ်။

  • Mobile13

    May 19, 2013 at 12:28 pm

    တစ်ခါမှ မကြားဖူးသေးဘူးဗျာ
    ခုမှပဲ ကြားဖူးခွင့်ရတော့တယ်
    အိမ်းးးးးး ကျုပ်လည်း ရခိုင်မနဲ့ သာရရင် ကျုပ်လည်း ဒီလိုဆောင်ရမယ်ထင်တယ် ၊။။။။
    သက်သက်သာသာ လွယ်လွယ်ကူကူ နဲ့မင်ဂါဆောင်တဲ့ တိုင်းရင်းသူား ကိုရှာကြည့်အုံးမှပဲ။

  • မောင် ပေ

    May 19, 2013 at 12:54 pm

    မတီးရေ ၊ မင်္ဂလာဆောင် တာကို မသိလိုက်ရလို ့တောင်းပန်ပါတယ်ဗျာ
    ရန်ကုန်ရောက်မှပဲ လက်ဆောင်ပေးတော့မယ်ဗျို ့
    ရှမ်း နဲ ့ ရခိုင် နဲ ့ညား တာ ဆိုတော့ ၊ ကျုပ်အတွက်တော့ ခပ်ဆန်းဆန်းပဲ

  • ဦးကြောင်ကြီး

    May 20, 2013 at 9:16 am

    ကိုရခိုင်
    အိုမလိုင်
    ပိုစတိုင်
    ဗိုလ်တခိုင်..

  • ဆူး

    May 20, 2013 at 9:53 am

    နွေးသီး မင်္ဂလာဆောင် အကြောင်း သိချင်နေတာ.. မင်္ဂလာ ဧည့်ခံ အချိန်က ၁၂နာရီလောက် ဖြစ်နေလို့.. ဘာတွေ များ လုပ်လဲ လို့.. ဟိဟိ
    အပိုင်း၁ ဆိုတော့ ဆက်ရန် ရှိသေးတယ် ထင်တယ်။

    ရှမ်းပြည်မှာ ဆောင်ရင်လည်း ရှမ်းဓလေ့လေး ပါအောင် ရေးပေးနော်။

  • chit

    May 20, 2013 at 10:37 am

    ရဟူး….ပျော်ဇရာဂျီးဘာလားဂျ :harr:
    ရေတွေအလောင်းခံရတော့ အအေးမပတ်တာတော်သေးးး
    ဒါနဲ့ ထမင်းကဘာလို့မဝတာတုံး
    အလှစားရတာလားဟင်င်င်င် 🙄

  • kyeemite

    May 20, 2013 at 11:03 am

    သတို့သားက “ဂွ” သားဆိုတော့ ပိုလိုက်အောင် သတို့သမီးက “ပေါင်” သူဖြစ်ရမှာ :harr:
    ပန်းကုံးနဲ့ ဦးသျှောင်ကိုဆောင်းပေးတယ်(နောက်ပို့စ်မှာ ပုံလေးပါတင်ပါဗျိုး..) 😆

  • Ei Kyipyar

    May 20, 2013 at 1:29 pm

    မမရင်ငြိမ်း နောက်တပွဲ ဆက်ပါအုံးဗျ :mrgreen:

    သများတို့လဲ အားကျနွန်းနွန့် ဘဇပ်အဟောင်းသား နဲ့ ဝင်ဖတ်သွားဘာဂျောင်း…ေိေိ

    • Yin Nyine Nway

      May 20, 2013 at 4:15 pm

      မမအိ … မမအိအတွက် မက်ကလေး ချန်ထားဒယ်… အမျိုးတော်ရအောင် ဟီး…

  • Traditional Medicine

    May 20, 2013 at 7:51 pm

    ပျော်ရွှင်ပါစေ.. အားကျတယ်

  • padonmar

    May 20, 2013 at 9:52 pm

    ရခိုင်ကြီးတစ်မျက်နှာ တစ်ကမာ္ဘမှတ်ပြီး ဂွကိုလိုက်သွားတဲ့ ရှမ်းမလေးရဲ့ ဝက်သားဟင်းမစားရတဲ့ မျက်နှာ မြင်ယောင်ပြီး ……

  • ဦး ကျောက်ခဲ

    May 21, 2013 at 2:58 pm

    CONGRATULATION ပါသမီးရယ်…
    ဦးကျောက်မှာ ရခိုင်သူငယ်ချင်းတွေများတာမို့ မင်္ဂလာဆောင် ထုံးစံတော့သိပါရဲ့…
    ဟီ ဟိ… ရှမ်းမလေးဝက်သားဟင်းမကြိတ်လိုက်ရတာတော့ နာသအေ…
    မဖြစ်ချေ… မှီရာနဲ့လိုက်မယ်…
    :harr:

  • Ma Ei

    May 21, 2013 at 4:08 pm

    ရုံးက ရခိုင်မလေးသုပ်တဲ့ ဆင်ခရမ်းချဉ်သီး သုပ်
    ငါးနီတူသုပ်၊ မလွှပွင့်သုပ် စားဘူးတယ်…
    ချဉ်ချဉ်ငံငံစပ်စပ်..ကောင်းမှကောင်း…

  • GaviaGirl

    May 21, 2013 at 8:34 pm

    အစ်မရေ…
    မင်္ဂလာဆောင် မလာဖြစ်လိုက်တာ အရမ်းကိုအားနာမိပါတယ်… အဲ့ရက်က အိမ်ပြောင်းတဲ့ရက်ဆိုတော့ အလုပ်တွေများနေလို့ပါ…

    အဟဲ..ရခိုင်မင်္ဂလာဆောင်က အဲ့လိုမျိုးလား… ဗဟုသုတ မှတ်သွားပါတယ်… :mrgreen:

Leave a Reply