နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၄)

သူကေလးMay 17, 20131min3209

နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၁၃)

———————————-

မတောက်တစ်ခေါက်ရေးတတ်ပြီး အကြီးကြီးမှရေးချင်တဲ့ သူကလေးရဲ့ဝတ္ထုရှည်ကြီးကို အားပေးကြပါအုံးနော်

———————————

 

နောက်တစ်ပတ်လောက်အကြာမှာတော့ ကိုကိုက သူ့အလုပ်ရှိရာ စင်္ကာပူကိုပြန်သွားရပါသည်။ ကျွန်မ ဝမ်းနည်းလို့ငိုနေချိန်တွင် ကိုကိုက

အခုသူစီစဉ်နေသည့် စီမံကိန်းအောင်မြင်လျှင် မကြာခဏ ရန်ကုန်လာဖို့ရှိကြောင်း၊ ကျွန်မကိုခါတိုင်းလိုပင် အမြဲမပြတ်ဆက်သွယ်နေမည့်အကြောင်း တဖွဖွမှာရှာပါသည်။

စိတ်မကောင်းစရာနောက်တစ်ချက်မှာ ကိုကိုစင်္ကာပူပြန်သွားချိန်အထိ ကိုကို့ရင်ထဲကစကားများကို ဖွင့်ဟမသွားခဲ့ပါ။

ဗိုလ်က ကျွန်မနဲ့ပက်သက်ပြီး ဘယ်လိုခံစားရလဲလို့မေးတော့ ကျွန်မကိုညီမလေးတစ်ယောက်လိုထက်တော့ ပိုသံယောဇဉ်ရှိကြောင်း၊ ဒါပေမယ့်လည်း

အဲဒါကို အချစ် ဟုတ်မဟုတ် သူမသေချာသေးကြောင်း၊ ဖြိုးဆိုတဲ့တစ်ယောက်နဲ့ ဝေးပြီးတဲ့နောက်ပိုင်း အချစ်နှင့် မထိတွေ့ရဲတော့တဲ့အကြောင်းတွေ ပြောတယ်လို့

ဗိုလ်ကပြန်ပြောပြခဲ့တယ်။ ကျွန်မကို ကိုကိုချစ်တယ်လို့ဖွင့်ပြောနိုင်ခြေ ၈၀% လောက်ရှိတယ်ဆိုတဲ့ ဗိုလ့်စကားကိုယုံကာ ကျွန်မမျှော်လင့်မိပေမယ့်လည်း ခုချိန်ထိတော့ဖြစ်မလာသေးပေ။

ဗိုလ်ကလဲ ပြန်တဲ့အထိ ဝန်ခံမသွားသော ကိုကို့ကို အားမလို အားမရဖြစ်ကာ ဟိုတစ်ခါပြောထားသည့်ကိစ္စကို အကောင်အထည်ဖော်ကြမည်ဟု ပြောလာတော့သည်။

ဒါပေမယ့် လက်တွေ့မှာ အဲဒီကိစ္စကိုလည်း အကောင်အထည်ဖော်ချင်စိတ်မရှိသေး။ ခုချိန်ထိ တွေဝေနေတဲ့ ကိုကို့ကိုလည်း ကိုင်ပေါက်ချင်လောက်အောင် အားမလို အားမရဖြစ်နေရတော့သည်။

ကိုကိုဟာ စင်္ကာပူရောက်ရောက်ချင်းမှာလည်း ကျွန်မစိတ်ပူနေမှာစိုးလို့ဆိုပြီး ဖုန်းချက်ချင်းဆက်ခဲ့တာပင်။ အဲဒါကရော ညီမလေးလိုချစ်လို့ပဲလား ????

ကိုကို့ရဲ့စိတ်ကို နားမလည်နိုင်တော့ပါဘူးရှင်။

………………………….

“ပြိုင်ကားလှလှလေးနဲ့ လာမချုပ်နဲ့ … ”

ကျွန်မ photoshop ဒီဇိုင်းစာချုပ်ကိုဖတ်ပြီး ပြန်လေ့ကျင့်နေချိန်မှာ လင်းလက်ဆီကဖုန်းလေးဝင်လာတော့သည်။

“ဟယ်လို လင်းလက်ပြော”

“နင်ကလည်း ဖုန်းလေးတောင်တစ်ချက်မဆက်ဖူးနော် ဟိုလူကြီးကိုပဲလွမ်းနေတယ်မှတ်လား”

“မဟုတ်ပါဘူးဟယ် နင်ကလဲ ငါစိတ်ညစ်နေတာသိသားနဲ့ ပွားဖို့ပဲ”

“စတာပါ ကောင်မရယ် နင်စိတ်ညစ်နေတာသိလို့ ပျော်သွားအောင်ပြောမလို့ဟာ”

“ဘာပြောမို့လို့တုန်း”

“မနက်ဖြန်ထက်မြက်ပြန်လာမယ်တဲ့ဟ”

အောင်မလေးဟဲ့ ဖြစ်ရတယ်။ စိတ်ညစ်နေပါတယ်ဆိုမှ သူ့ရည်းစားပြန်လာမှာလာကြွားနေသေးသည်။

“နင့်မေ … နင့်ရည်းစားြ့ပန်လာတာ ငါကဘာလုပ်ရမှာတုန်းဟဲ့ အရူးမရဲ့ လေတယ်”

“အော် နင်ကလည်းဆုံးအောင်နားထောင်လေဟယ် … ထက်မြက်က ဟိုမှာ sales တွေချနေလို့တဲ့ နင့်အတွက် C & K အိတ်ရယ်၊ Mango က အကျီရယ် ဝယ်လာတယ်တဲ့
နောက်ပြီး မနက်ဖြန်က ငါတို့ရည်းစားဖြစ်တာ ၁နှစ်ပြည့်တဲ့နေ့ ပြန်ရောပ်တာနဲ့ ငါတို့ စိမ်းလန်းမှာ မုန့်သွားစားကြမယ်လေဟာ နင်လည်းစိတ်ပြေလက်ပျောက်ပေါ့”

“အင်း အဲလိုဆိုရင်တော့မဆိုးလှပါဘူးလေ”

“ကောင်မ … မသတီစရာကြီး လက်ဆောင်တွေပါလာတယ်ဆိုမှ လေသံပြောင်းသွားတယ် မနက်ဖြန်ညနေနော် လေဆိပ်မှာသွားကြိုမယ်

ဪ ဒါနဲ့ အာကာဗိုလ့်ကိုပါခေါ်ခဲ့လေ … ထက်မြက်ကလည်း မြင်ဖူးချင်လို့တဲ့ နင်တို့နှစ်ယောက် မနက်ဖြန် ငါတို့ရဲ့ anniversary လေးကို

ကူညီအားဖြည့်ပေးကြပေါ့ဟယ် နော် နော်”

“ငါဗိုလ့်ကိုမေးကြည့်လိုက်အုံးမယ်လေ အားလားလို့”

“အောင်မလေးမိန်းမရယ် ဟိုကနင့်စကားတစ်ခွန်းဆို အားလုံးဟုတ်ကဲ့နေတာ မသိရင်သူ့ရည်းစားကျနေတာပဲဟာကို မသိတာကျနေတာပဲနော်”

လင်းလက်ရဲ့ ရန်တွေ့စကားကြောင့် ကျွန်မ စိတ်ညစ်နေတဲ့ကြားကပဲ ပြုံးလိုက်မိသေးသည်။ အမှန်လည်း ဟုတ်ပါသည်။

ဗိုလ်က ကျွန်မအတွက်ဆို ဟင့်အင်းဆိုတာ တစ်ခါမှမရှိခဲ့ဖူးပါ။ ထိုကြောင့်လည်း လင်းလက်ကဆို ဗိုလ့်ကိုသာကြိုက်လိုက်ပါဟု အမြဲပြောနေတတ်တာလေ။

ငါနင့်ကိုအရမ်းသံယောဇဉ်ရှိပါတယ်ဗိုလ်ရယ်။ ဒါပေမယ့် နင့်ကိုငါ့ချစ်သူအဖြစ် ငါစိတ်ကူးယဉ်ကြည့်လို့ကိုမရပါဘူးဟာ ။။။

“မိန်းမရေ ဖုန်းပြောရင်းနဲ့ အချစ်တော်ကြီးကိုလွမ်းသွားတာမှတ်လား ပြောရင်လည်းမကြိုက်ဖူး နင်အာကာဗိုလ့်ကိုကြိုက်နေပြီမဟုတ်လား”

လင်းလက်ကပါ အဲလိုမေးလာတော့ ကျွန်မစိတ်ကို ကျွန်မအလန့်တကြားဖြစ်သွားမိသည်။ တကယ်ပဲ ဘေးလူတွေအဲလိုထင်စရာဖြစ်နေလို့လားဟင် ဗိုလ်။

ဟင့်အင်း။ ကျွန်မ ကိုကို့ကိုပဲ ချစ်တာပါ။ ဗိုလ်ဟာ ကျွန်မရဲ့ သူများနဲ့မတူတဲ သူငယ်ချင်းတစ်ယောက်ပါပဲ။

“ဟုတ်နေအုံးမယ် သူ့ကြိုက်မယ့်အစားတော့ သီလရှင်ပဲဝတ်လိုက်တော့မယ်ဟေ့ ဒါဘဲ ငါဗိုလ့်ဆီဖုန်းဆက်လိုက်အုံးမယ်

မနက်ဖြန် သွားမယ့်အချိန် ငါနဲ့ဗိုလ် နင့်ကိုအိမ်မှာလာခေါ်လိုက်မယ်” ဟုပြောကာ အလျင်အမြန်ဖုန်းချလိုက်ရသည်။ လင်းလက်ဆိုတဲ့မိန်းမက မထင်ရင်မထင်သလို ရစ်အုံးမှာမြင်ယောင်နေသည်လေ။

ဗိုလ့်ဖုန်းကိုခေါ်တော့ ဗိုလ်ကဖုန်းမကိုင်ပေ။ အဲဒါနဲ့ နာရီကိုတစ်ချက်ကြည့်လိုက်တော့ ညနေ ၆နာရီ။ ဒီအချိန်က ဗိုလ်ပြောတဲ့ အရိပ်ကလေးကိုသင်တန်းကြိုရမည့်အချိန်ပဲ။

အဲဒါကြောင့် ဖုန်းမကိုင်တာဖြစ်လိမ့်မည်။ ၁မိနစ်မကြာလိုက်။ ဗိုလ့်ဆီက မက်ဆေ့ချ်လေးတစ်စောင်ဝင်လာပါသည်။

“ i m with my baby girl, will call u bak” တဲ့။

ထိုမက်ဆေ့ချ်ကိုမြင်တဲ့အချိန်မှာ ကျွန်မစိတ်မဆိုးမိပါ။ ဒေါသလည်းမထွက်မိတော့။ ဒါတွေက ရိုးသွားခဲ့ပြီလေ။

photoshop design စာအုပ်လေးကို အေးအေးလူလူဖတ်ရင်း ဗိုလ်ဖုန်းပြန်ဆက်မည့်အချိန်ကိုသာ စိတ်ရှည်ရှည်နဲ့စောင့်နေမိတော့သည်။

ဗိုလ် .. ထူးခြားတဲ့ရေစက်တစ်မျိုးနဲ့ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ငါကိုယ်တိုင်လဲ တဖြည်းဖြည်းလန့်နေခဲ့ရပြီ။

ဗိုလ်လည်း ဟန်နီ့ကို သဝန်မတို၊ ဟန်နီလည်း ဗိုလ့်ကို သဝန်မတို … ဒါပေမယ့်လည်း တစ်ယောက်ကို တစ်ယောက် အသည်းအသန်တွယ်တာနေမိကြသည်။

ငါတို့တစ်ခုခုတော့မှားနေကြပြီထင်ပါရဲ့။

————————————–

“can u pretend that airplanes in the night sky r like shooting stars …
i could really use a wish right now… a wish right now .. a wish right now …
can u pretend that airplanes in the night sky r like shooting stars …
i could really use a wish right now… a wish right now .. a wish right now …”

“အင်း ဗိုလ် အိမ်ပြန်ရောက်ပြီလား”

“အခုပဲရောက်တယ်ရယ် ဗိုလ်လဲစိတ်ညစ်နေတယ်”

ဗိုလ်မပြောရင်တောင် ကျွန်မမေးမယ့် မေးခွန်းပဲဖြစ်လေသည်။ ဗိုလ့်အသံက ခါတိုင်းလို မရွှင်ပျ .. တစ်ခုခုကိုစိတ်ထိခိုက်နေတယ်ဆိုတာ ကျွန်မကြားတာနဲ့သိပါသည်။

“ဘာဖြစ်လို့လဲ ဗိုလ် .. အရိပ်ကလေးနဲ့အဆင်မပြေဘူးလား ပြဿနာဖြစ်ခဲ့လို့လား”

“ပြဿနာတော့မဟုတ်ပါဘူး သူ့စားမေးပွဲကအရမ်းနီးနေပြီ သူကစာအရမ်းတော်တော့ဗိုလ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးတယ်

သူဗိုလ့်ကိုသံယောဇဉ်အရမ်းတွယ်နေပြီဆိုတာလည်းဗိုလ်သိတယ်ကွာ အဲဒီတော့ စာမလုပ်ပဲ အာရုံများနေမှာစိုးလို့ ဒီရက်ပိုင်းမတွေ့ဘူး စာပဲကြိုးစာကျက်လို့

ပြောလိုက်မိတာ အဲဒါကို သူက သူ့ကိုဇယားဖြတ်တယ်ထင်သွားတယ်နေမှာ ဗိုလ့်ကိုစိတ်ဆိုးပြီး ရတယ် နောက်မတွေ့ချင်တော့ရင် လာမပက်သက်နဲ့

သူလည်းစားမေပွဲပြီးရင် မန္တလေးပြန်တော့မှာ ဘာညာနဲ့ လေတယ်ကွာ”

“ဗိုလ်ကလဲလေ .. အရိပ်အကဲလည်းမသိပါလားနော် ဟိုက ဗိုလ့်ကိုဒီလောက်ကြီးကြွေနေတာ ဗိုလ်အဲလိုပြောတော့ တင်းပြီပေါ့ဟ”

“မသိတော့ဘူး ဟန်နီရာ ဗိုလ်အဲဒါတွေခဏမေ့ထားလိုက်တော့မယ် ဒါနဲ့ ဟန်နီဗိုလ့်ကိုဘာလို့ဖုန်းဆက်တာလဲ ညကျဗိုလ်ဆက်မယ့်ဟာပဲ အရမ်းလွမ်းလို့လား”

“သေလိုက်ပါလား ငတိရဲ့ မနက်ဖန် လင်းလက်ကောင်လေးပြန်လာမယ် အဲဒါညနေစာတူတူသွားစားမယ်တဲ့ ဗိုလ့်ပါခေါ်ခဲ့ပါတဲ့ အဲဒါပြောမလို့”

“အော် ဝါးတီးရှိတယ်လား ဖိတ်ခေါ်မှတော့ စိတ်တော်မညိုအောင် လိုက်ရတော့မပေါ့လေ”

“မုန်းလိုက်တာနော် … တကယ်ပါပဲ ဒါဘဲ ဖုန်းချလိုက်တော့မယ် ကိုကိုနဲ့ချက်နေတာဟ ကိုကိုကဟန်နီ့ကိုအရမ်းသတိတွေရနေလု့ိတဲ့ ဟိဟိ”

“ဘာ .. အပိုတွေလုပ်မနေနဲ့ ခါတိုင်းဖုန်းပြောရင် အနည်းဆုံး နာရီဝက်ကြာတယ် မချရဘူး ကိုကြီးကိုစောင့်နေခိုင်းလိုက်”

“စောင့်ခိုင်းပါဘူးနော် ဟိုမှာ ၁၁နာရီတောင်ထိုးနေပြီ ဗိုလ်ရဲ့ ကိုကိုကမနက်ဖြန်အလုပ်ပြန်တက်ရပြီဆိုတော့ အိပ်ရေးပျက်လို့မဖြစ်ဘူး ဒါဘဲနော် see u”

———————————-
ပြောချင်တာပြောပြီး ဟန်နီကဖုန်းချသွားလေသည်။ ကျွန်တော့်မှာသာ phone contact မှာပေါ်နေတဲ့ ဟန်နီ့ပုံလေးကိုဆက်ကြည့်နေရင်း ပြုံးနေမိတာ။

စိတ်တွေအရမ်းညစ်နေတဲ့အချိန်မှာ သူမအသံလေးကြားလိုက်ရတာနဲ့ စိတ်ညစ်နေတာတွေဘယ်ရောက်သွားမှန်းကိုမသိတော့ပါဘူး။

ချစ်သူလည်းမဟုတ်ပါဘဲ ကြင်နာယုယတဲ့ တွတ်တီးတွတ်တာစကားတွေပြောနေတာလည်းမဟုတ်ဘဲနဲ့ သူမနဲ့စကားပြောနေရရင် စိတ်ထဲအလိုလိုချမ်းမြေ့နေမိသည်။

အရိပ်ကလေးနဲ့ တွေ့စဉ် အေးချမ်းတဲ့ခံစားမှုနဲ့လည်းမတူ။ ဟန်လေးနဲ့ဆိုရင် ကလေးလေးတစ်ယောက်လို စိတ်ညစ်စရာတွေမေ့ထားနိုင်ပေမယ့် ကိုယ့်အကြောင်းတွေသူသိသွားမလား

သူနဲ့တွေ့တဲ့အချိန် သဲသဲတို့ မမတို့ဖုန်းမဆက်မလားဆိုပြီး စိတ်ပူပြီးတွေးကြောက်နေတာတွေရှိသေးသည်။ ဟန်နီနဲ့ကျတော့ ဘာမှကြောက်စရာမလို။

ကိုယ်ဆိုးပေခဲ့သမျှလည်းသူသိသည်။ ကိုယ့်အကြောင်းတွေအားလုံးကို သူနားလည်ပေးနိုင်သည်။ သူ့စကားလေးတွေက ကိုယ့်ကို အားအင်တွေဖြစ်စေခဲ့သည်။

မင်း ဘယ်လိုကောင်မလေးလဲ ဟန်နီရယ်။ ဘယ်သူ့ကိုမှ မယုံကြည်တတ်တဲ့ငါ့ရဲ့စိတ်တွေ မင်းနဲ့တွေ့တော့ အကုန်လုံးကွယ်ပျောက်သွားတာ ဘာကြောင့်ပါလဲ။

—————————————————-

9 comments

  • Mr. MarGa

    May 17, 2013 at 6:48 pm

    မသိဘူး မသိဘူး
    ဘာမှ သိတော့ဘူး
    ဘာဆိုဘာမှ သိတော့ဘူး
    နောက်အပိုင်းမှာ ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်ကို တစ်ခုခု လုပ်ခိုင်းတော့
    ဇာတ်က မျောနေပြီ
    သိလား သိလား :kwi:

    • သူကလေး

      May 20, 2013 at 11:28 am

      ဇာတ်မျောနေပြီလို့ပြောပါနဲ့ဟယ်
      တမင်သက်သက်အချိန်ဆွဲနေတာမဟုတ်ပါဘူး
      ချစ်ခြင်းတရားအကို အသက်ဝင်အောင်ပုံဖော်နေတာပါ ခစ်ခစ် 😀

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 17, 2013 at 11:43 pm

    ကျွန်မ photoshop ဒီဇိုင်းစာချုပ်ကိုဖတ်ပြီး
    ဒီဇိုင်းစာ ချုပ် ဆိုတာ စာအုပ် လို့ရေးတာ မှားသွားတာဖြစ်မယ်……….
    အရေးအသားကတော့ ကောင်းတယ်လို့ မြင်ပါတယ်……
    ကျုပ်သိပ်စိတ်ဝင်စားတဲ့ စာပေမဟုက်လို့ အတန့်အသင့် အားပေးသွားပါကြောင်းးးးးးးးးးးးး

    • သူကလေး

      May 20, 2013 at 11:46 am

      အခုလို အမှားကိုထောက်ပြပေးတဲ့အတွက် ကျေးဇူးကမာ္ဘပါ …
      စိတ်ထဲ mood ဝင်တုန်းအချိန်ဆို ခပ်မြန်မြန်ရေးပြီး စာလုံးပေါင်းကိုဘယ်တော့မှပြန်မစစ်ဖြစ်ဘူး
      အရေးအသားကောင်းတယ်ဆိုလို့လဲ ကျေးဇူးတင်ပါတယ်
      စိတ်မဝင်စားပေမယ့် လာဖတ်ပေးသွားတဲ့အတွက်လည်း ကျေးဇူးတွေအထပ်ထပ်တင်ရှိကြောင်းပါ။

  • ဗိုလ်နဲ့ ဟန်နီ
    ဟန်နီနဲ့ဗိုလ်
    အင်း .. အဲ …
    ဖတ်ရင်းနဲ့ ရင်မောရတယ် …
    မြန်မြန်သာ နေသာလိုက်ပါတော့ သူဂလေးရယ် …

    • သူကလေး

      May 20, 2013 at 12:09 pm

      တိုတိုအံရယ် ….
      ပတ်ဝန်းကျင်ကိုလဲ နည်းနည်းပါးပါးအကဲခတ်ကြည့်အုံးလေ
      မဟာဆင်လာလို့ မိုးအုံ့နေတဲ့ဟာ ဘယ်လိုလုပ်နေသာအုံးမလဲ …
      မကြာမီလာမည်မျှော်ပေါ့ …

  • Myo Thant

    May 18, 2013 at 10:20 am

    မဟာစင် လာပြီးပြီမို့

    သူကလေးရေ

    နေသာပါတော့ကွယ်

  • မောင် ပေ

    May 19, 2013 at 7:32 pm

    ဟန်နီ…
    လေမုန်တိုင်းများ တိုက်ခတ်ဆဲ….
    ( ကိုအငဲ သီချင်းမှ )

  • GaviaGirl

    May 19, 2013 at 8:46 pm

    ဟန်နီမ… မသာယာနဲ့နော်… ကိုကို့ကိုပဲ သေချာချစ်… စိတ်ရှည်ရှည်နဲ့စောင့်ဦး… လုံးဝမဖြစ်နိုင်ဘူးဆိုမှ နောက်ဆုတ်… အဲဒါ..စချစ်ရတဲ့သူတွေရဲ့ စာမေးပွဲပဲ… ရှုံးတယ်မသတ်မှတ်နဲ့… တကယ်ချစ်ရင် အရှုံးခံလိုက်…

    ဟီး…. နည်းနည်းမုဒ်ဝင်တွားဒယ်… ဟန်နီ့ကို ပြောတာနော်.. ချစ်သောသူကလေး… တိရား…

Leave a Reply