ဖိုင်နယ်ပွဲ မှာ ပိုင်ရှယ်ဆွဲ (၂၅၇၄)

မောင် ပေMay 17, 20131min2645

မင်္ဂလာပါ ဗျို ့ ။

သည်ကနေ ့၊ 17.5.2013 သောကြာည ပေါ့ဗျာ…….

ဒီည စပိန်နိုင်ငံ ၊ ရီးရဲမက်ဒရစ် ရဲ ့ “Estadio Santiago Bernabéu” ကွင်းကြီးမှာ…

“““ စပိန် ဘုရင့်ဖလား ဗိုလ်လုပွဲ ””” ကို

“ ရီးရဲမက်ဒရစ် ” အသင်းနဲ ့ “ အသလက်တီကို မက်ဒရစ် ” အသင်းတို ့ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ် ။

အဟမ်း… အဟမ်း ( ဟန်ဆောင်ပန်ဆောင် ချောင်းဆိုးလိုက်သည် )
အခု အားကစားဝါသနာရှင်များ ဖတ်နေတဲ့ ပို ့စ် ကို စီစဉ်ရေးသားနေသူကတော့ အကောင်းစား ( အနောင်စာ မဟုတ် ၊ ထို ့အတူ ဟိုဒင်းလဲ မဟုတ် ) ပရီဒစ်တာ မောင်ပေ ပဲ ဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် vs အသလက်တီကို မက်ဒရစ်

275562hp2
credit to www.goal.com

ရီးရဲ အခုပွဲမကန်ခင် ကစားခဲ့တဲ့ ပွဲတွေကတော့

11.5.2013 အက်စ်ပန်ညို ၁-၁ ရီးရဲမက်ဒရစ်
8.5.2013 ရီးရဲမက်ဒရစ် ၆-၂ မာလာဂါ
4.5.2013 ရီးရဲမက်ဒရစ် ၄-၃ ဗယ်လာဒိုလစ်
30.4.2013 ရီးရဲမက်ဒရစ် ၂-ဝ ဒေါ့မွန် ( ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် )
27.4.2013 အသလက်တီကို ၁-၂ ရီးရဲမက်ဒရစ်

အသလက်တီကို မက်ဒရစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ပွဲတွေကတော့

12.5.2013 အသလက်တီကို ၁-၂ ဘာစီလိုနာ
8.5.2013 ဆဲတာဗီဂို ၁-၃ အသလက်တီကို
4.5.2013 ဒီပို ့တီဗို ဝ-ဝ အသလက်တီကို
27.4.2013 အသလက်တီကို ၁-၂ ရီးရဲမက်ဒရစ်
21.4.2013 ဆီဗီလာ ဝ-၁ အသလက်တီကို

ရီးရဲမက်ဒရစ် ရဲ ့အားထားရတဲ့ နောက်ခံကစားသမား Raphael Varane ဟာ ၊ ပြီးခဲ့တဲ့ အက်စ်ပန်ညို နဲ ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာ ရသွားခဲ့ပါတယ် ။

ရီးရဲ အတွက် ကံကောင်းခြင်းတွေကတော့ “ Alvaro Arbeloa ၊ Sergio Ramos ၊ Marcelo နဲ ့ Mesut Ozil တို ့ ပြန် ကစားနိုင်လာတာပါပဲ ။

နောက်ခံလူ Pepe ကတော့ ၊ နည်းပြကြီး မော်ရင်ဟို ကို ဂိုးသမား ကားစီးလက်စ် ကို မသုံးတဲ့ ကိစ္စ နဲ ့ပတ်သက်ပြီး မီဒီယာတွေရှေ ့မှာ ဝေဖန်ခဲ့တာမို ့ ၊ ချောင်ထိုး ခံရလောက်ပါတယ် ။

အသလက်တီကို အတွက် သတင်းကောင်းကတော့ အားထားရတဲ့ ကွင်းလယ်လူ Mario Suarez ပြန် ကစားနိုင်တာပါပဲ ။

Diego Simeone ရဲ ့ အသင်းဟာ ပြီးခဲ့တဲ့ ဧပရယ် ၂ရ မှာ ရီးရဲ ကို ၊ ၁-၂ နဲ ့ရှုံးခဲ့တဲ့ ပွဲက လူစာရင်းအတိုင်း ထွက်လာမှာ ဖြစ်ပါတယ် ။

ရီးရဲ မက်ဒရစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး López

နောက် Essien • Albiol • Ramos • Coentrão

လယ် Khedira • Alonso

လယ် María • Özil • Ronaldo

ရှေ ့ Benzema

အသလက်တီကို မက်ဒရစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Courtois

နောက် Juanfran • Miranda • Godín • Luis

လယ် Koke • Gabi • Suárez • Turan

ရှေ ့ Falcao • Costa

ခရစ်တီယာနို ရော်နယ်ဒို ဟာ အသလက်တီကို နဲ ့တွေ ့ခဲ့သမျှ ပွဲတွေမှာ ဂိုးသွင်းခဲ့တာ ၈ ဂိုး ရှိပါတယ် ။

အသလက်တီကို တိုက်စစ်မှူး Diego Costa ဟာ သည်နှစ် စပိန်ဘုရင့်ဖလားပွဲစဉ်တစ်လျှောက် ဂိုးအများဆုံး သွင်းထားသူ ဖြစ်ပြီး ၊ စုစုပေါင်း ရ ဂိုး သွင်းထားပါတယ် ။

သည်နှစ်သင်း တွေ ့ခဲ့တဲ့ မှတ်တမ်းတွေကတော့

27.4.2013 အသလက်တီကိုမက်ဒရစ် ၁-၂ ရီးရဲမက်ဒရစ်
1.12.2012 ရီးရဲမက်ဒရစ် ၂-ဝ အသလက်တီကို မက်ဒရစ်
11.4.2012 အသလက်တီကို မက်ဒရစ် ၁-၄ ရီးရဲမက်ဒရစ်
26.11.2011 ရီးရဲမက်ဒရစ် ၄-၁ အသလက်တီကို မက်ဒရစ်
19.3.2011 အသလက်တီကိုမက်ဒရစ် ၁-၂ ရီးရဲမက်ဒရစ်

ဈေးအနေအထားအရ ရီးရဲမက်ဒရစ် တစ်ဂိုးသွင်းရင် ၅ဝ အနိုင် ကို သည်ဘက်မှာ ဘယ်လောက် ဖွင့်လာမလဲ ဆိုတာ မသိရသေးပါဘူး ။
( ဈေးသိရချိန်ကြ ကွန်မင့်နဲ ့ထပ် ဖော်ပြပေးပါဦးမယ် )

သည်ပွဲမှာ နှစ်သင်းစလုံး ရေကုန်ရေခန်း အားထည့်ကန်ကြမှာ အမှန်ပါပဲ ။
နှစ်သင်းစလုံး အတွက် က သည်ရာသီမှာ သည်ဖလား တစ်လုံးပဲ ရှိတော့တာကိုးဗျ ။
သည်ပွဲမှာ ဘယ်လောက်ဈေးပဲ ထွက်လာလာ
နည်းပြ အရည်အသွေးကော ကစားသမားအင်အားချင်းပါ အများကြီး သာတဲ့ ၊ အသလက်တီကို နဲ ့တွေ ့တိုင်း အနဲဆုံး ၁ဂိုးအသာနဲ ့နိုင်အောင် ကစားခဲ့တဲ့
“““““ ရီးရဲမက်ဒရစ် ””””” ကို ပဲ အားပေးရင် ပျော်ရွှင်ရမှာ တစ်ကယ်ပါ ။

“““““ ရီးရဲမက်ဒရစ် ””””” နဲ ့ ““မော်ရင်ဟို”” တို ့ရဲ ့ သည်ရာသီ ပထမဆုံးဖလား ပါပဲ ။

*********************

******* အားလုံး အောင်မြင် ပျော်ရွှင် နိုင်ပါစေ *******

5 comments

  • မောင် ပေ

    May 17, 2013 at 7:58 pm

    ဈေးအနေအထားအရ ၊ ရီးရဲ တစ်ဂိုး သွင်းရင် ၅ဝ အနိုင် ကို ၂၅ ပတ်လည်ပဲ ဖွင့်လာပါတယ် ။
    ဂိုးဈေးက သုံးဂိုးဆိုရင် သရေ ကို ၊ သုံးဂိုးဆိုရင် ၂ဝ ပတ်ချာလည အနိုင် ပေးလာပါတယ် ။
    သည်ပွဲမှာ ရီးရဲ နဲ ့ ဂိုးအနဲ အားပေးမယ်ဆိုရင်
    ၂သားစီး / ၂သီးစား ရမှာပါ ။

  • kotun winlatt

    May 17, 2013 at 9:20 pm

    တကယ်နော်…ဆြာပေ….
    အပီပဲ..တီကဲ..ဆိုသလို
    အပီပဲ..ရီရဲပေါ့….
    လာထားးးးးးး

  • ဥက္ကဌ (ရပ်ရွာအုပ်ချုပ်ရေးမှူး)

    May 17, 2013 at 11:35 pm

    လေ့လာသွားပါတယ်ဗျာ…………..
    ကျုပ်ကတော့ ရာသီသိမ်းခါနီးမှာ ပွဲကြည့်ပရိတ်ပဲ လုပ်နိုင်ပါတော့တယ်……..
    ကျုပ်ကတော့ အက်သလက် နဲ့ ဂိုးအများက အဆင်ပြေမယ်လို့ ထင်ပါတယ်…….

    • မောင် ပေ

      May 18, 2013 at 7:26 pm

      ရီးရဲ ကွဲ ပေ မယ့်
      “““ ဂိုးအနဲ ””” နဲ ့ ပြန် ကျေတယ်လေကွယ်

Leave a Reply