အတ္တဆန်

ရက်စက်တယ်မဟာဆန်
နှုတ်မဆက်ပဲမင်းပြန်တော ့
ဘာတွေကျန်ခဲ့သလဲ သိလား
ဆန် ဆီ ဆေး ဆား
မင်းအတွက်ဝယ်ထားတဲ ့ ခေါက်ဆွဲခြောက်
စက်ရုံပြတ်မှာထားတဲ့ရေသန် ့
စက်နှိုးထားတဲ့လေယဉ်
ရဟတ်ယဉ်နဲ့မော်တော်ကား
ငါ တို ့ပြင်ဆင်ထားတာ အလကားဖြစ်ပြီပေါ ့
မင်းပြန်မလာဘူးဆိုတာသိပေမယ် ့
နဲနဲတော ့လွမ်းပါရစေ မဟာဆန် ……..။

ဒီနိုင်ငံမှာ ဒီအကွက်တွေနဲ ့
ငါ တို ့ရှေ ့ကဆရာတွေ
ကြီးပွားနေတာ မင်းသိလား
နာဂစ်ဆိုတာသူတို ့အတွက်
လှေခါးထစ်ဖြစ်သွားပြီ
ဂီရိဆိုတာကရော
တထောကြီးရလိုက်ပြီ
ဒီတစ်ခါမဟာဆန်က
ငါ ့အတွက်လို ့ထင်ထားတာ
မင်း မို ့လို ့ လက်ပြသွားတယ်
ရက်စက်တယ်မဟာဆန် ……။

ရှိပါစေတော ့ မဟာဆန်
မင်း ပြန်မလာပေမယ့်
မင်းရဲ့ ့သူငယ်ချင်းနောက်တစ်ဦးကို
တစ်ခုလောက်ပြောပေးပါ
ငါတို ့ဆီကဆန်တွေမှိုမတက်ခင်
ခေါက်ဆွဲခြောက်ရိတ်ခါ dateမလွန်ခင်
လေယဉ်မှူးတွေ သွေးမအေးခင်
တစ်ခေါက်လောက် ဝင်ခဲ့ပါ လို ့
ငါလည်း သူတို ့လို
မြန်မာ ့သဌေးသမိုင်းမှာ
တစ်ခါလောက် ကမ္မည်း ထိုးချင်လို ့
ကယ်တင်ရှင် ကျေးဇူးတွေ
ပြု ဖူး အောင် လုပ်ချင်လို ့
တိတ်တိတ်လေး ပြောလိုက်မယ်
မဟာဆန်ရယ် … လှည် ့ကြည် ့ပါဦး …..။

ခရီးသည်ကြီး

23 comments

  • Mr. MarGa

    May 18, 2013 at 3:21 pm

    မဟာဆန် မဟာဆန်
    ကျုပ်ကို ငပေါ ဖြစ်စေခဲ့တယ်
    အရမ်းလဲ မာယာများလွန်းခဲ့တယ်
    ဒါကြောင့်
    သူ့ကို မုန်းတယ်
    နောက်တစ်လုံး ထပ်ရောက်ရင်တော့
    ခရီးသည်ကြီး ခင်ဗျား တရားခံဗျနော :harr:

    • ခရီးသည်ကြီး

      May 18, 2013 at 3:53 pm

      ညှော်တိုင်းလည်း ဘေးမဖြစ်ပါဘူး
      ဖေါ်တိုင်းလည်း မမြင်ရပါဘူး
      ခေါ် တိုင်းလည်း မလာပါဘူးလေ
      မစိုးရိမ်ပါနဲ့ ဦးမာဃရယ်

  • Myo Thant

    May 18, 2013 at 3:42 pm

    တကယ်ဝင်လာခဲ့ရင်

    အိုဘယ့် ကဗျာရှင်

    အသင်ထိုသို့ ရေးဦးမည်လော ၊

    • ခရီးသည်ကြီး

      May 18, 2013 at 3:51 pm

      တကယ်ဝင်လာရင်
      နိုင်ငံတော်သဌေး အသစ်စက်စက်တွေ ထပ်ပြီး ပေါ်ထွက်လာမှာပေါ့ဗျာ
      သူတို ့က လွမ်းများနေပြီလားလို ့…..
      နာဂစ်ကို နမူနာကြည် ့ပါလေ

  • အရီးခင်လတ်

    May 18, 2013 at 4:07 pm

    နှုတ်ဆက်ပြုံးနေသူ ရှက်လို့ သွားအောင် ……
    ဆိုပြီး စခဲ့တဲ့ မဟာဆန်သူ ဆိုတဲ့ ခင်မောင်တိုး သီချင်း သတိတရ ရှိလိုက်လို့။
    ကိုယ်ကြိုက်ခဲ့ဘူး တဲ့ သီချင်းမို့ တိုက်ဆိုင်တုန်း ဝင်ညီး သွားတာ။

    အသိညဏ်ရှိရမဲ့ လူတွေတောင် ဒီလောက် အတ္တကြီးနေမှ ခရီးသည်ကြီးရယ်။
    သဘာဝ တရားကို ဒီအတိုင်းသာ ထားလိုက်ပါတော့။

  • ဘဲဥ

    May 18, 2013 at 4:22 pm

    ိခရီးသည်ဂျီးဒို့ ရပ်ကွက်ထဲကို တော်နေဒိုးတစ်ဂေါင်လောက် ဝင်မွှေသွားရင် အဆင်ပြေသွားမှာဘာ
    ဟိုလူဂျီးဂဒေါ့ သူ့နှဖူးပေါ်တည့်တည့် ဥက္ကာပျံကြွေကျလာအောင် ဆုတောင်းနေလေရဲ့ :kwi:

  • တိန် .. တိန် .. တိန် …
    မဟာဆန် ကို လွမ်းနေဒဟ …
    ဘိုဂျီးဒုန်း …
    ထားဘာဒေါ့လေ …
    ဘာဖစ်ဖစ် …
    မဟာဆန်ဂျောင့် ငုံနေဒဲ့ ပိတောက်ဒွေ ပွင့်လာဒယ် ဆိုရမလားဘဲ …
    ဆိုးဒါဂ မဆိုစလောက် ဒီလို ဗန်းပြလို့ …
    အသက်တွေပါ နှုတ်ယူတွားဒယ် ….

  • Khaing Zar Win

    May 18, 2013 at 6:37 pm

    ကျန်း::::::::
    မဟာဆန် သူ ကို တစ်ချက်လေး စောင်းငဲ့ကြည့်ဦး လုပ်နေပါလား။
    မကြည့်ပါနဲ့တော့။
    ကောင်းကျိုး ဆိုးကျိုးတွေက နောက်မှ။
    ခံစားရမှာက လူသားတွေမို့
    သမင် လည်ပြန်လည်း မကြည့်နဲ့။
    ခြင်္သေ့လည်ပြန်လည်း မကြည့်လေနဲ့။
    :kwi:

  • TNA

    May 18, 2013 at 8:32 pm

    အောင်မယ်လေး ခရီးသည်ကြီးရယ်။ ရှစ်ကြီးခိုးပါရဲ့။ နောက်တလုံးမခေါ်ပါနဲ့။ ခေါက်ဆွဲခြောက်တွေ မှိုတက်ချင်တက်ပါစေ။ သူဋ္ဌေးကြီးလဲ နာမည်ထပ်မကြီးချင်လဲနေပါစေ။ အေးအေးနေပရစေ။ မုန်တိုင်း မကြောက်ပေမဲ့ မီးမလာရင် ရေမရ ရန်ကုန်လူတွေရဲ့ဒွတ်ခ။ သေတော့မတတ် ဒွတ်ခတွေရောက်လွန်း လို့ပါ။ တောင်းဗန်ဗျဇေ။ ခေါ်ပါနဲ့နော်။

  • ကထူးဆန်း

    May 18, 2013 at 9:52 pm

    ကြည့်ရတာ ခရီးသည်ကြီး ခေါက်ဆွဲတွေ ဝယ်လှောင်မိလိုက်ပြီထင်တယ် .. ဟိဟိ နောက်တာ .. :hee:

  • Ma Ma

    May 18, 2013 at 10:17 pm

    ငါ တို ့ရှေ ့ကဆရာတွေ ကြီးပွားနေတာ မင်းသိလား……..
    ဆိုတော့
    ကြည့်ရတာ မဟာဆန်သူနဲ့ ပူးပေါင်းပြီး ကြီးပွားမယ့်သူတွေအတွက် ခရီးသည်ကြီးက ရှေ့နေလိုက်ပေးနေတာထင်တယ်။ :kwi:

  • uncle gyi

    May 18, 2013 at 10:45 pm

    အောင်မြတ်လေး
    ရက်ရက်စက်စက်ကိုမှာတမ်းချွေတတ်ပလေ
    မောင်ရင်ရယ်

  • ခရီးသည်ကြီး

    May 19, 2013 at 10:24 am

    မင်္ဂလာပါခင်ဗျ
    ဦးမာဃ
    ဦးမျိုးသန် ့
    အရီးဒေါ်ခင်လတ်
    ကိုဘဲဥ
    ကိုအံဇာကြီး
    မခိုင်ဇာဝင်း
    ဒေါ်သဲနုအေး
    ဦးကထူးဆန်း
    ဒေါ်လေး မမ
    အန်ကယ်ကြီး တို ့အားကျေးဇူးပါဗျ
    နွေဦး ရဲ့ ပို့စ်ကိုဖတ်မိပြီး ရေးခြငးဖြစ်ပါတယ်ဗျ
    တနည်း … နာဂစ်က်ိုသတိယသွားတာလဲ ဖြစ်ပါတယ်ဗျ

  • ရဲစည်(ခ)စောဖွပြေး

    May 19, 2013 at 1:58 pm

    အဲ့လာပြောတာပေါ့ ……
    ဘာပဲဖြစ်ဖြစ် ဝလဲ မြီမာပြည်သားတပိုင်းမို့ မုန်တိုင်းဒဏ်ကြောင့် ခံစားရမဲ့ ဝစွီမျိုးပေါက်ဖော်တွေကို နေ့တိုင်း မုန်းတိုင်းကင်းလွတ်စေကြောင်း ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းနေပါသေးတယ် ….. ။
    —————————————————————————————————-
    ရင်ထဲကစကား

    မုန်တိုင်းမဝင်ခင် တပတ်လောက် အလိုက ဝသွပ်စက်ကို တပ်လိုက်တဲ့ အော်ဒါတွေ အနယ်နယ် အရပ်ရပ်ဘဲ
    ဝမှာ မိထီ္ထလာအော်ဒါတွေ ခဏနား အလုပ်သမားတွေ အချိန်ပိုဆင်းခိုင်းပီး လုပ်လိုက်ရတာ … သူထေး၂ယောက်ဆို ကိုယ်တိုင် စက်ရုံလာပီး စပါယ်ရှယ်အော်ဒါတွေ မှာတာ ရောင်းဖို့ရော လှူဖို့ရောတဲ့
    အီးဟီး 。。。。。 ခုတော့ ဖုန်းဆက်ရင် မကိုင်တော့ဘူး 🙁
    သူရို့ စရံဆုံးတာ အကြောင်းမဟုတ်ဘူး ရွှေတွေအရောင်းသွက် အထွက်များလို့ ဝရို့ တလုပ်ငွေးဈေးကတက်
    ပက်ပက်စက်စက်ကို တက်ဈေးနဲ့ မိထားတဲ့ ပိုက်ဘောတွေ ဟမငီး ……
    ကျူးမီးငါး မိုးနတ်မင်းကြီး မစပါ …

    • ခရီးသည်ကြီး

      May 19, 2013 at 2:08 pm

      ပို့စ်ရဲ ့ဆိုလိုရင်းကိုအထောက်အပံ့ပြုတဲ ့ကွန်မန် ့ဖြစ်လို ့
      B C ရွေးပါတယ်ဗျ

      ခရီးသည်ကြီး(ခ) ဆလိုင်းမီးဒုတ်

  • padonmar

    May 19, 2013 at 9:08 pm

    ခရီးသည်ကြီးရယ်
    လှည့်မကြည့်ခိုင်းပါနဲ့တော့။
    ဂီရိကတော့ ကိုယ်နဲ့ အလှမ်းဝေးလို့ မသိလိုက်ဘူး။
    နာဂစ်အပြီး မသေလို့ကျန်ခဲ့တဲ့ လူတချို့ွက အလှူခံစောင့်စားတဲ့ အပျင်းတွေဖြစ်ကုန်တယ်။
    လူတစ်ချို့က အလှူပစ္စည်းကို ကိုယ့်အိတ်ထဲ ဗြောင်ခိုးတဲ့ သူခိုးတွေ ဖြစ်ကုန်တယ်။
    သူဌေးကြီးဖြစ်သွားကြတာတော့ ကိုယ်လည်းမဟုတ်၊ကိုယ့်လက်လှမ်းလည်းမမီလို့ မသိ။

  • အလင်း ဆက်

    May 19, 2013 at 9:25 pm

    စာသားတွေက လန်းဒယ် ။
    ကြိုက်တယ် ။
    ဒီကဗျာကို ။
    ဒါပဲ ။

    ခုဏက ပေးလိုက်တဲ ့ ကွန်မန့် ပြန်ကြည့်တာမတွေ့တော့လို ့
    ထပ် မန့်တယ် ။
    ဒါပဲ ။
    🙂

    • ခရီးသည်ကြီး

      May 20, 2013 at 1:06 am

      အစ်မကြီးပဒုမ္မာ
      သရော်ပြီးရေးထားတာကို မြင်မယ်ထင်ပါတယ်
      အစ်မကြီးပြောသလိုပါ
      လူတွေပျက်စီးသွားကြတယ်
      တစ်ချို ့လူနည်းစု ကောင်းစာပြီး
      လက်ချိုးလိ ု့ရတဲ့ပမာဏက နိုင်ငံမျက်နှာဖုံးသဌေးတွေဖြစ်သွားကြတယ်ဗျ
      ကျုပ်မနာလိုလို့မဟုတ်ပါဗျ
      သူတို့အကွက်လေးတွေကို သရော်တာ

      ကိုအလင်းဆက်
      နှစ်ခါပြန်မန် ့ပေးလို့ ကျေးဇူးပါဗျ
      ကျုပ်က ကဗျာနားမလည်ဘူးဗျ
      ကျုပ်ရေးတာ ဘာမှန်းမခွဲတတ်လို ့ ကဗျာလို့တောင်မပြောရဲပါဗျ

  • N@ng Ghi Ghi Joe Z

    May 20, 2013 at 7:40 am

    ဘင်းဂလားဒေ့ရှ်မှာ လူ ၁သန်း အိမ်စွန့်ပြေးသတဲ့ ..
    ၁ဝပုံ၁ပုံတော့ထား …လူ၁သိန်းပြေးရမယ့်အပေါက်ခည…ကိုယ့်ဆီဝင်ခဲ့ရင်ပြောပါတယ်..
    ဂွတ်ဒ်ဘိုင် မဟာစင်…

    • ခရီးသည်ကြီး

      May 20, 2013 at 8:41 am

      ဟုတ်ပါတယ်ဗျ
      လက်တစ်ဆုပ်စာကတော့ အံကြိတ်နေတာ
      မဝင်လို ့ အခွင့်အရေးမရလိုက်လေခြင်း ဆိုပြီး 🙂

  • kyeemite

    May 20, 2013 at 10:45 am

    နေပါစေလေ…မဟာဆန်သူရေ…မလှမ်းနဲ့တော့ 😆

  • ကြောင်ဝတုတ်

    May 20, 2013 at 2:58 pm

    မုန်တိုင်းတော့ ထပ်မလာစေချင်တော့ဘူး…
    နာဂစ်နဲ့ ဂီရီကို ကိုယ်တိုင်တွေ့ဖူးပြီးသား…
    ဘယ်သူတွေ အကျိုးဖြစ်ဖြစ်…
    လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေ အနစ်နာဆုံးမို့…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • Ei Kyipyar

    May 20, 2013 at 3:13 pm

    တနပ်စားဉာဏ်နဲ့ တသက်စာကြံသွားသူရီးတေအတွက် လွမ်းချင်းပေါ့လေ…

    ကောင်းပါလေ့။

    ကိုယ်တိုင်မြင်ဖူးထားတဲ့ ရေဘေးဒုက္ခသည်တွေ မျက်နှာ ပြေးပြေးမြင်လို့ …

    ဟာသမြောက်တဲ့ ကွန်မန့်တေ မပေးချင်တော့ပါဘူး။

Leave a Reply