ငါ ရဲ့ ငါ မဟုတ်တဲ့ ကဗျာ

Aung Myat LinMay 19, 20131min23211

ငါ ရဲ့ ငါ မဟုတ်တဲ့ ကဗျာ

 

ငါ

ငါ့လမ်းငါလျှောက်တယ်

ငါ့အလုပ်ငါလုပ်တယ်

ငါ

ကဗျာမစပ်တတ်ဘူး

စာမဖွဲ့တတ်ဘူး

ငါ

ပရဟိတ လုပ်တယ်

အတ္တဟိတ မလုပ်ဘူး

မင်း တို့နဲ့

လမ်းချင်းမတူပေမယ့်

ငါ့လမ်းကိုငါ

လျှောက်နေဆဲပါ။           ။

11 comments

  • ခရီးသည်ကြီး

    May 19, 2013 at 11:12 am

    ငါ
    ဖင်ယားရင် ပွေးဆေးလိမ်းတယ်
    ငါ
    ဗိုက်ဆာရင်
    ရေသောက်အိပ်တယ်
    ငါ
    အီးပါချင်ရင်
    မြောင်းထဲဆင်းတယ်
    ငါ
    မိန်းမလိုချင်ရင်
    …………????

  • TNA

    May 19, 2013 at 7:32 pm

    ရွာထဲကို မလာချင်တာလဲဒီလိုပိုစ့်တွေကြောင့်ပဲ။ ဖေစ့်ဘွတ်နဲ့မှားမှားနေကြတော့ခက်တာပေါ့။ ဘာပဲဖြစ်ဖြစ် တော့ကိုယ်ရဖို့ရှိတဲ့ပိုက်ဆံတော့ယူသွားလိုက်အုံးမယ်။

  • padauk moe

    May 19, 2013 at 8:16 pm

    ငါမဟုတ်တဲ့ ငါက အရုပ်ကလေးမဟုတ်ဘူး
    သံပတ်ပေးမှ လျှောက်တက်ရင် ငါလူမဟုတ်ဘူး
    အခုတော့ အပူထုပ်လေးကို စွဲကိုင်ရင်း ကာရံမထုတ်တဲ့သေးတော့
    တစ်နေ့စာအလွဲများလို အားပေးခဲ့တယ်နော်

  • padauk moe

    May 19, 2013 at 8:25 pm

    ငါမဟုတ်တဲ့ ငါက အရုပ်ကလေးမဟုတ်ဘူး
    သံပတ်ပေးမှ လျှောက်တက်ရင် ငါလူမဟုတ်ဘူး

  • အလင်း ဆက်

    May 19, 2013 at 10:31 pm

    တိုးလည်း…တူတူပဲ ။
    လမ်းချင်းမတူလည်း.ရတယ်
    လမ်းနဲ ့ ခြေထောက် ရှိနေရင် ရတယ်။

  • သူကလေး

    May 20, 2013 at 11:22 am

    ငါ ငါ …. ငါ ….

  • လူကလေး

    May 20, 2013 at 4:48 pm

    ငါဟာ ငါမဟုတ် .. နာမ်နဲ့ ရုပ် 🙂 :mrgreen: :kwi:

    • Mobile13

      May 22, 2013 at 6:16 am

      လူဂလေးနဲ့သူဂလေးက အမွှာလားဘာလားကွ…………
      နံမယ်ဂလည်း လ နဲ့ သ ပဲကွာတယ်…………
      ကွန်မန်းဂလည်း ၄ ခုလားပဲကွာတယ်…………

      • သူကလေး

        May 22, 2013 at 11:29 am

        အဟိ …
        ဟုတ်တယ် …
        သိပ်ချစ်ကြတဲ့ အမြွှာညီမတွေ
        မတူတာဆိုလို့ body ပဲရှိလယ် ခစ်ခစ် :kwi:

Leave a Reply