bin bo……….(ဘင်ဘို)

ဘင်ဘိုxxxဘင်ဘိူxxxxxxxxxxခွေးငယ်ကလေးမင်းရဲ ့အမည်

ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxxမင်းကခေါ်တိုင်းအမြဲတမ်းလာ

ဘင်ဘိုxxxxxဘင်ဘိုxxxxxxxxxလိမ္မာပါတယ်ကွာ

မင်းကဖြူစင်တယ်တကယ်xxxxxxxxxxxအလွန်လိမ္မာတဲ ့ခွေးလေးကွယ်.…..

ဟုတ်ပါတယ်..ကျွန်တော်တို ့အိမ်မှာအိမ်မွေးတိရိဆ္တန်တွေကိုမွေးတတ်ကြပါတယ်…

ခွေးကိုချစ်တဲ ့လူတိုင်း(အချိူ ့သောလူတွေကမချစ်တတ်ပါဘူးလို ့တရားဝင်ပြောတဲ ့လူတချိူ ့ကိုလည်းတွေ ့ဖူးကြမှာပါ….)

ခွေးတွေဟာသခင်အပေါ်မှာ…သစ္စာအရှိဆုံးဆိုတာကမ္ဘာချီပြီးတော ့တောင်ပြောကြပါသေးသည်….

ဂျပန်မှာဆိုတကယ် ့အဖြစ်အပျက်..တစ်ခုတောင်ရှိတယ်ဆိုတာ…စာဖတ်သူတို ့ကြားဖူးဖတ်ဖူးမှာဖြစ်ပါတယ်…..

ခွေးတွေဟာ…သခင်တွေအပေါ်သစ္စာစောင် ့သိနားလည်တတ်ပါတယ်….ဒါကြောင် ့ဒီသီချင်းလေးကိုခံစားရင်းဆောင်းပါလေးရေးလိုက်ပါတယ်……

(ဘင်ဘိုလေးနဲ ့မြေနီလမ်းလေးxxxxxအပြေးပြိုင်ဆော ့ကြတယ်

သခင်ထံပြေးxxxxxအရိုအသေပေးမင်းလာရှိခိုးတတ်တယ်

လူသားများကxxxxxအချင်းချင်းမုန်းကာလမ်းခွဲကြပေမဲ ့

လိမ္မာတယ်xxxxxကျေးဇူးတရားမမေ ့ပါတယ်

လမ်းခွဲမသွားရက်တယ်xxxxxxxxxxxxxxx)

လူသားတွေက…တစ်ယောက်နဲ ့တစ်ယောက်ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ….

ချောင်းမြောင်းနေတတ်တာကလည်းသဘာဝပါ…….ကိုယ် ့ထက်သာရင်မနာလိုကိုယ် ့ထက်နိမ် ့ကျပြီးလားဟေ ့ဆိုရင်….

ဝမ်းသာလို ့မဆုံး..ဒီလိုလူမျိူးတွေကိုလည်းတော်တော်များများတွေဖူးကြုံဖူးမှာပါ…..

တချိူ ့ဆိုရင်လည်း…ခြေထိုးခံဘို ့ဝန်မလေးတတ်ပါ……

မှန်တာပြောရင်…ရွာပြင်ထုတ်ခံတတ်ရတယ်ဆိုတာလည်းသိကြမှာပါ……

ကျွန်တော် ့ပါတ်ဝန်းကျင်မှာ ဒီလိုလူတွေကဒုနဲ ့ဒေးဗျ……

ဘယ်သူတရားပျက်ပျက်….ကိုယ်မပျက်စေနဲ ့တဲ ့လူတွေဟာတစ်ယောက်နဲ ့တစ်ယောက်မတည် ့တော ့ဘူးဆိုရင်….

လမ်းခွဲ ဖို ့လည်းဝန်မလေးတတ်ပါဘူး…….

ချစ်ရင်အကျိူး

မုန်းရင်အပြစ်

မြတ်နိူးတော ့သဒ္ဒါတယ်

ဆို တဲ ့စကားတကယ်ကိုမှန်တယ်ဗျာ…..

ခွေးတွေကတော ့သခင်ရဲ ့ကောင်းကျိူးဆိုးကျိူးဒုက္ခ..သုခတွေကိုလည်းသီးခံပေးတတ်တယ်…..

အိမ်တစ်အိမ်ရဲ ့အပူဒါဏ်တွေကိုခွေးကလေးတွေက….အခံရဆုံးဖြစ်ပါတယ်……

ကျွန်တော်တော ့ခွေးကလေးတွေ…ကြောင်ကလေးတွေ..(တိရိဆ္တန်လေး)ချစ်တတ်ပါတယ်..

ကျွန်တော် ့အိမ်မှာဆို…ခွေးလေးတွေ….ကြောင်လေးတွေပေါက်တယ်ဆိုတဲ ့နေ ့ကျွန်တော်အပျော်ဆုံးပါပဲ……

ခွေးပေါက်..ကြောင်ပေါက်လေးတွေကိုကြည် ့ရင်းခံစားရတဲ ့ပီတိကဘာနဲ ့မှ….မလဲနိူင်အောင်ပါပဲ…..

(ဘီယာဝိုင်းနဲ ့တောင်မလဲပါ)

ဘာလို ့လည်းဆိုတော ့အိမ်ပေါ်မှာသောက်နေလို ့ပါ….။အဟိ

ဒီသီချင်းဆောင်ပါးလေးကိုနားလည်ခံစားရင်း……….

ချစ်ခြင်းမေတ္တာဖြင် ့

မိုးမင်းသား

၁၉.၅.၂၀၁၃(တနွင်္ဂနွေ)

6 comments

  • မောင် ပေ

    May 19, 2013 at 11:53 am

    ဘင်ဘို
    ဂွင်လျှို
    မြင်တို
    သင်ပျို
    ရင်စို
    ကြင်လို

  • အလင်း ဆက်

    May 19, 2013 at 1:05 pm

    စကားလေး တစ်ခွန်းတောင်
    မှတ်သားခဲ့ ဖူးရဲ့ဗျာ
    သတိရလို့ပြန်ပြေကျိမယ်

    ခွေးက လေးတွေ က
    သူ တို့ ကို သူတို ့ ကျွန် လို့ ခံယူတယ်။
    ကြောင် က လေးတွေ က
    သူတို ့ကို သူတို ့ သခင် လို ့ခံယူတယ် တဲ့။

    ကျွန်တော်က ခွေးလေးတွေကို ချစ်တယ်။
    ကြောင် ကိုတော့ သိပ်မချစ်ဘူးး
    🙂

    နောက်ထပ် ခွေးလေး တွေ နဲ့ပက်သက်တဲ့ စကားပုံတစ်ခု လည်း ရှိသေးတယ်။
    ဘယ်သူ ပြောတာလဲတော့ မမှတ်မိတော့ဘူးး
    ငယ်ငယ်က စာအုပ်တစ်အုပ်မှာ
    ဖတ်ခဲ့ ဖူးတာ
    စကားပုံက ဒလို

    လူတွေ ရဲ့ သစ္စာ မဲ့မှူကို ပို တွေ ့လာလေလေ
    ခွေးတွေကို ပိုလေးစားလေလေ

    ဒဲ့

    ဘာရယ် မဟုတ်
    အခု ပိုစ့်ကို ဖတ်အပြီးမှာ
    ဆက်တွေးမိတာလေးးး ရေးသွားတယ်နော်

    :kwi:

  • TNA

    May 19, 2013 at 3:55 pm

    ငယ်ငယ်တုန်းက အော်အော်ဆိုခဲ့ဖူးတဲ့ မေဆွိသီချင်းလေးပေါ့။ ငယ်ဘဝလေးလွမ်းတာ။ အဲလိုအော်အော် ဆိုပြီး အပူပင်ကင်းကင်းနဲ့ခုန်ပေါက်လို့ရတဲ့အရွယ် ခဏလောက်ပြန်ရောက်ချင်တယ်။

  • မိုး မင်းသား

    May 21, 2013 at 8:53 pm

    တို ့ကိုပေ….ပြောက်လှချည်လား……

    ကျေးကျေပါခင်ဗျ

    သည်းနူအေးကလည်း….အလာကြီးပါလားနော်

    အခုလည်းဆိုလို ့ရပါတယ်နော်….

    ဆိုသာဆို……ဘယ်သူ ့မှအားနာစရာမှမရှိတာ…….

  • uncle gyi

    May 21, 2013 at 10:55 pm

    ထင်တာမလွဲရင်မိုးမင်းသား
    အိမ်မှာပေါက်တဲ့ခွေးကဈေးကောင်းရတယ်မှတ်တယ်
    ခွေးလေးတွေပေါက်တဲ့နေ့အပျော်ဆုံးဆိုလို့

  • Aung Myat Lin

    May 22, 2013 at 7:14 am

    ဘင်ဘို တော့ မသိဘူး
    ဘင်ဂို သီချင်းတော့ မှတ်မိတယ်
    BINGO BINGO BINGO
    B I N G O
    B I N G
    B I N
    B I
    B

Leave a Reply