အညာနွေ ဘယ်ဆီခန်း တောင်ညိုနေကွယ်သမ်း………….

ကာရံMay 19, 20131min881

လှိုင်းဆိုတာမျိုးက လရဲ့ဆွဲငင်အားကြောင့် အင်အားကြီးမားတာပါ

လမင်းရဲ့ အလင်းရောင်ကလည်း နေရောင်အောက်မှာတည်ရှိနေတုန်းပါ

ရှင်သန်နေရတဲ့ပတ်ဝန်းကျင် အောက်ဆီဂျင်ကို သစ်ပင်က တစ်ဖန်မွေးဖွားပေးနေဆဲပါ

အရာဝတ္တု တစ်ခုဆီတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ တည်ရှိနေတယ်လေ

သတိထားမိရဲ့လား သင့်ပတ်ဝန်းကျင်လေးမှာ အေးချမ်းတဲ့ လေပြေလေးတွေပြေးလွှားနေတုန်းပေါ့

လောဘကို ရှေ့တန်းတင်နေသမျှ အေးမြတဲ့လေနုအေးတွေလည်း သင်ဆီဘယ် နားခိုနိုင်ဦးမလဲလေ

အညာနွေ ပူပေမယ့်

စိမ်းလန်းတဲ့ထန်းတောတွေကြားမှာ ငါလွမ်းမောနေတုန်းပေါ့

တစ်ဖက်တစ်ချက် လယ်ကန်သင်းတွေအောက်ငါမရောက်တာ

ဘယ်လောက်များ ကြာပြီလဲ

ဖုန်တွေပေါတဲ့ ဒို့အညာဒေသလေးလဲ အခုတော့

အေးမြချင်းအတိရှိရဲ့လားကွယ်

ညနေတိုင်း တမ်းတမိတဲ့ ရွှာတစ်ဖက်က ကန်နံဘေးလဲ အခုတော့

နွေဥဩလေး လွမ်းတေးဖွဲ့လို့နေပြီပေါ့

ဥဩ ဥဩ အခုတော့ ချစ်သူကိုတမ်းတလွန်းလို့

နေကွယ်အရပ်ကနေ ပူဆွေးနေပြီထင်ပ

ခင်နှမ မျက်နှာလေးလဲ ငြိုးငယ်မှုနဲ့

အခုတော့ ကြာတောလေးမှာ လွမ်းမောနေလောက်ပြီင်္

နေမင်းလဲ တောင်စွယ်အကွယ်မှာ မှေးဆပ်လို့မဝသေးခင်

ငါလည်းတစ်နေ့ အညာတောလေးကို အပြေးလေးလှမ်းလာရင်း

               ပိတောက်မိုး

One comment

  • မောင် ပေ

    May 19, 2013 at 8:27 pm

    နေကွယ်သမ်း
    ရေသည်ပမ်း
    မေအယ်ချမ်း
    ငွေလည်စမ်း
    ပေရှယ်မန်း

Leave a Reply