အချိန်သည်လူကိုမစောင့်ဘူးတဲ့လေ ကျွန်တော်တို့တစ်တွေစောင့်စားနေရတဲ့ အချိန်တွေကဘာအတွက်လဲ တစ်နေ့တစ်နေ ကြင်လည်နေရတဲ့ ဘ၀တွေက အခုလက်ရှိအတွက် အသက်ရှင်နေခြင်းလား မရေရာမှုတွေနဲ့ လောကကြီးကို အသက်ရှင်နေတုန်းပါ ဘ၀ကတန်ဖိုးမရှိတာလား ငါကဘဲအသုံးမကျသေးတာလား ဆုတောင်းမိတာလေးတစ်ခုတော့ရှိတယ် ချစ်ရပါသော ချစ်ခင်ရပါသောသူတွေနှင့် ဝေးကွာခြင်းမှ ကင်းဝေးရပါလို့၏ပေါ့ တစ်ခါတစ်လေရယ်ရတယ်နော် ဆုတောင်းတိုင်းပြည့်နေရင် ဘယ်မှာ အနတ္တဆိုတာ ရှိမှာလဲ

အဆိပ်တစ်ခွက်မှန်းသိရက်နဲ့ ငါယစ်မူးမိခဲ့တယ်

မုသားမှန်းသိရက်နဲ့ ငါလိုက်ရောမိခဲ့တယ်

ရောင်စုံတွေခြယ်ထားတဲ့ အပြုံးတုတွေအောက်မှာ

ရှုံးမထွက်နိုင်သူတွေအတွက်တော့ သုခဘုံလေးတစ်ခုပေါ့

အလွမ်းလည်းမခြွေ အနမ်းလည်းမဝေတော့တဲ့

မြစ်ပြင်ကျယ်ကြီးကတော့ လှိုင်းလေထန်နေတုန်းပါ

မာနတွေကြီးနေတဲ့ ပင်လယ်ကြီးကလည်း လှည့်ကွက်အပြည့်နဲ့ ပြူစားနေတုန်းလေ

အင်းအခုတော့ သူတစ်ပါးတွေ သုံးပြီးပြောတက်တဲ့မုသားဆိုတော အတက်ပညာလေးကို

ငါဘယ်တော့မှများ သုံးတက်လေရော့မလဲလေ

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..