အဖေ

ရေတွက်လို့ မဆုံးနိုင်တဲ့ နေ့တွေထဲမှာ

အဖေ့ကိုရှာမတွေ့သေးဘူးနော်

ပျော်စရာမနီးလှ သမီးဘဝမှာ

ငြီးရတာက ခပ်များများ

အရပ်တစ်ပါးက အဖေ

ဒါတွေ သိမယ်မထင်

မြင်ချင်လှပေမယ့်

ဘယ်ဆီမှာဟဲ့ လို့မသိတဲ့သမီး

ရှာနည်းတွေလည်းစုံ

တလှပ်လှပ်ခုန်နေတဲ့ ရင်ထဲ

အဖေ့အသံပဲ ကြားနေ

ဘယ်သွားနေသလဲ အဖေရယ်

တကယ်ဆို

အမေ့ကို မေ့ချင်မေ့

သမီးကိုတော့ လာမတွေ့သင့်ဘူးလား

အက်ကြောင်းများလှတဲ့

အဖေတို့ရဲ့ အိမ်ထောင်ရေး

ရှောင်ပြေးရလောက်အောင်များ

နာကျည်းသွားတာလား အဖေ

အဖေရေ

တစ်နေထွက်ပြီး တစ်နေဝင်သွား

ရက်များက တရွေ့ ရွေ့

မေ့မရတဲ့ ဟောဒီသမီး

ရှာပုံတော်ခရီးထဲမှာ

ဇွဲကိုသာ အဖော်ထား

ဘယ်နားမှန်း မသိတဲ့အဖေ

ကြားစေတော့လို့ ဆုမွန်ချွေ ။

8

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..