တောင်းပန်အပ်ပါသည်။

+++++++++++++++++++++++++++

ဒီနေ့ (Mon, May 20)  ဟာဆိုရင် ကျွန်တော့်ဘဝ အတိတ်သမိုင်း စာမျက်နှာများထဲမှ ထင်ရှားသော နေ့စွဲတစ်ခုပါပဲ။

ဒီအကြောင်းနဲ့ ပတ်သက်လို့တော့ဖြင့် နောက်များအခါ အလျဉ်းသင့်ပါက ရေးပြသွားပါ့မယ်။

ကျွန်တော့် အနေနဲ့ အခု ဒီလို နေ့ရက်မှာ၊ ဒီ မန်းဂဇက် ဆိုတဲ့ (အွန်လိုင်း) ရွာကြီးထဲက မြင်ဖူး၊ မမြင်ဖူးပါကုန်သော ခင်မင်ရပါသည့် မိတ်ဆွေအပေါင်းအား တောင်းပန်ချင်ပါ၏။

ဒီရွာကြီးထဲမှာ စတင် ကျင်လည် ကတည်းက ယနေ့ အချိန်အခါအထိ မိတ်ဆွေတို့အပေါ်မှာ အမှားများ ရှိခဲ့ပါက ဒီနေရာကနေပြီးတော့ ကျွန်တော်က တောင်းပန်ပါသည့် အကြောင်း။

ကျွန်တော့် အနေနဲ့ကလည်း ရွာထဲ ပို့စ်မှန်သမျှ ပေါက်ကရ ပြောတတ်တဲ့ အကျင့်ကြောင့်မို့ အမှားများစွာလည်း ရှိခဲ့မှာပါ။ ဒီအတွက် ခွင့်လွှတ်ပေးကြဖို့အကြောင်း အနူးအညွတ် တောင်းပန်သမှု ပြုအပ်ပါသည် ခင်ဗျာ။

– မဟာရာဇာ အံစာတုံး

+++++++++++++++++++++++++++

34 comments

  • Myo Thant

    May 20, 2013 at 1:44 pm

    ကျုပ်ကတော့ မကျေနပ်နိူင်ဘူး
    သိပ် ဝေ့လည်လည် မလုပ်နဲ့
    မြန်မြန်ပြော 🙂

  • ဗုံ ဗုံ

    May 20, 2013 at 2:19 pm

    နင်ဂ ထန်းခေါက်တောင်းပန်မှာလား နှီးတောင်း ပန်မှာလားဟင် နာ နင်တောင်းပန် ထားတဲ့ပုံကြီး မတ်စိထဲမြင်ပီး ရီလို်က်ရတာ.. ထမင်းတွေတောင် ဆာလို့… :mrgreen: :mrgreen:

  • Mon Kit

    May 20, 2013 at 2:30 pm

    ရွာသူားတွေ အားလုံးကို တောင်းပန်ရလောက်အောင် အတိတ်သမိုင်းကြောင်း တော်တော် ကောင်းခဲ့မယ်ထင်တယ်… မဟာအံဇာရေ…
    😆

  • ကထူးဆန်း

    May 20, 2013 at 2:33 pm

    ကြည့် ရတာ ခြောက်ထောင့်ကြီးဖြစ်လာတဲ့ နေ့များလား … ???? :hee:
    ဟုတ်ခဲ့ ရင်တော့ Happy Birthday . မဟုတ်ရင်တော့ ဟုတ်တဲ့ နေ့ အတွက် :kwi:

  • Ma Ei

    May 20, 2013 at 2:35 pm

    အံစာတုံး မွေးနေ့လားဟင်…

    • Ma Ei

      May 20, 2013 at 2:41 pm

      ကထူးဆန်း က Enter တစ်ချက်နှိပ် စောသွားတယ်နဲ့တူပါရဲ့…

  • Lay Pai

    May 20, 2013 at 2:38 pm

    ( ဒီနေ့ (Mon, May 20) ဟာဆိုရင် ကျွန်တော့်ဘဝ အတိတ်သမိုင်း စာမျက်နှာများထဲမှ ထင်ရှားသော နေ့စွဲတစ်ခုပါပဲ။ )
    ဒီလိုထူးခြား ထင်ရှား တဲ့ နေ့ ကို နောက်များအခါ အလျဉ်းသင့်ပါက ရေးပြသွားပါ့မယ်တဲ့။ ဒီလိုထူးခြားတဲ့ နေ့ ကို တိကျတဲ့ နေ့လေးနဲ့ ဆို တော် သေးတယ်။
    နေ့ရက် အတိအကျလေးနဲ့ ဆို MG ဝင်ရောက်ဖတ်ရှု သူ စံချိန်တင်နိုင်သလို ကွန့်တွေ လဲ ဝေဝေ ဆာဆာ နီတာတာ( အနုတ် ) နဲ့ MG ကြီး အရမ်း ကို အသက်ဝင်နေမဲ့ နေတနေ့ ဖြစ်မှာ အသေအချာပဲ။

  • အရီးခင်လတ်

    May 20, 2013 at 2:39 pm

    ရွာသက်တမ်း ဘယ် နှစ်နှစ် ပြည့် တာလဲ ဟေ့။ 😛

  • ဦးဦးပါလေရာ

    May 20, 2013 at 2:42 pm

    အဲဒါ ဘာနေ့ပဲဖြစ်ဖြစ်-
    ဘိုအံကြီးရဲ့ အထိမ်းအမှတ်နေ့တစ်ခုဖြစ်တဲ့ ဒီနေ့ ကစပြီး
    ဘုန်းကျက်သရေ မင်္ဂလာ အဖြာဖြာ တိုးပွားပြည့်စုံပါစေကွယ်…

    (စာကို သေချာဖတ်နော်- မင်္ဂလာ ဆိုတာပါတယ်…)

  • ကြောင်ဝတုတ်

    May 20, 2013 at 2:55 pm

    ကြည့်ရတာ… အံဇာကြီးဂဇက်ကို မျက်စိလည်ရောက်လာတဲ့နေ့ထင့်…

    အေးဗျာ…
    အခုလို ရွာထဲရှိသမျှရွာသူအပျိုချောများကို ခင်ဗျားပြစ်မှားမိတာတောင်းပန်တဲ့တွက်…
    သူတို့လေးတွေက ခွင့်လွှတ်မယ်လို့ ကျုပ်လဲထင်ပါတယ်ဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • kyeemite

    May 20, 2013 at 3:09 pm

    မှားတာရှိရင်တောင်းပန်ပါတယ်…..

  • Ei Kyipyar

    May 20, 2013 at 3:17 pm

    မဟာဘာဂျာ … နင်….ရဲဇားဇဂါးပျောထားတဲ့

    ကောင်မလေးက အဖြေပေးလိုက်တဲ့နေ့မို့လား….ခွိခွိ

    ဘာအဖြေလဲ နာသိတယ် :mrgreen:

  • ခင် ခ

    May 20, 2013 at 3:26 pm

    အမျိုးမျိုးသော အမည်နာမတွေလည်း ပေးခဲ့ပါတယ်။
    အတည်ပေါက်လည်းပြော အရွှန်းဖောက်လို့လဲပြော
    အမှန်တွေလည်းပြော အရမ်းတွေလည်းနှော နဲ့
    ခင်ဖို့ကောင်းသူ မောင်အံစာတုံးရေ
    အခုလည်းဘဲ ဘာပြောအုံးမှာလဲဟင်
    စောင့်ကာမျှော်နေရအုံးမှာပေါ့လေ။

  • ရီးစားဟောင်း လင်နောက်လိုက်တဲ့နေ.လား….အဟီးးးးးး
    ဒီအရွယ်အထိ မိန်းမမရဒါလဲ မပြောနဲ. ပြောလိုက်ရင် မပွင့်မလင်းနဲ. ရှင်းရှင်းမပြောဘူး.. ပြီးတော့ တန်းလန်းတန်းလန်းနဲ.ထားခဲ့သေးတယ်…..
    ဘယ်ရမလဲ…..
    အခုပို.စ်ဆက်မပြောလို.ကတော့….. ခြောက်ထောင့်ကို လုံးသွားအောင် နီကိုပွတ်မယ်….ဟွင်းဟွင်း

  • yi yi

    May 20, 2013 at 4:08 pm

    သမတ်စာရင်းမှာ မထဲ့ထားတဲ့ မိအံရေ..
    ခွေးလဲလွှတ်တယ် ကြောင်းလဲလွှတ်ပါတယ်ကွယ်

  • ko pauk mandalay

    May 20, 2013 at 4:20 pm

    ငါရှာပေးတာတောင် မစောင့်တော့ဘူးပေါ့လေ။

  • Ma Ma

    May 20, 2013 at 4:53 pm

    သူငယ်အံ လည်း ကြောင်ကြီးပြောတဲ့ တောင်း ပန်တော့မယ် ထင်တယ်။ :harr:

  • GaviaGirl

    May 20, 2013 at 4:57 pm

    အောင်လ ပေါ့လေ.. :mrgreen:

    တောင်းပန်တယ်ဆိုတာ အမှားလုပ်မှ တောင်းပန်ရတာဟဲ့… မမှားဘဲနဲ့ တောင်းပန်လို့ မရဝူး… ရွာထဲကလူတွေက နီ့ကို အမှားလို့ မမြင်မှတော့ နီတောင်းပန်လည်း ဘာမှဖစ်ဝူး…ကျားလား..ဆင်လား.. 🙂

  • TheWinner Getprize

    May 20, 2013 at 5:14 pm

    ဟယ်… တို့မောင်လေးက တကယ်တောင်းပန်တာပါဆိုမှ အားလုံးကလည်းနော်၊ ဆိုးလိုက်ကြတာ။
    ဟုတ်တယ်နော်… တကယ်အမှန်က…

    “””” ဒီနေ့ဟာ မဟာအန်ဇာကြီး လျှာခွဲစိတ်ပြီးနောက် စကားပြန်ပီသွားသောနေ့…””””

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 20, 2013 at 6:02 pm

    ဂဘါကျေရင်ကျေမယ် အကြွေးတွေကျေရင်ကျေမယ်
    ဥ မကျေဘူးကွ 👿

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 20, 2013 at 6:04 pm

      ဒေါသတွေ ချောင်းချောင်းထွက်လွန်းလို့
      ဥဒါန်းမကျေဘူးပြောဒါ
      ဥ မကျေဘူးဖြစ်သွားတယ်
      ဥ…. ဆိုဒါဂ မကျက်တစ်ကျက်လေးပြုပ်လိုက်ရင်
      ဟတ်ဘွိုင်းလို့ခေါ်တယ်
      အထဲက ဥ အနှစ်ကတော့ ကလေးသားသားလေးချီးလိုဘဲ

      • မောင် ပေ

        May 20, 2013 at 6:21 pm

        ပုံစံတောင် သိနေပြီ ဆိုမှတော့
        အရသာဘယ်လို လဲ ဆိုတာပါ ပြောကြားတော်မူပါ ကိုပုစ်

  • Traditional Medicine

    May 20, 2013 at 6:52 pm

    သမိုင်းစာမျက်နှာဆိုလို အင်တာနက်မှာလည်းရှာ post မှာလည်းရှာနဲ့ ဘာနေ့လည်းသိချင်တာ..မဆိုင်တာတွေပဲတွေ့တယ်..ရှာတာအချိန် တော်တော်ကုန် သွားတယ်..ပြန်လျော် တဲ့ အနေနဲ့ ဘာနေ့လဲပြောပါ…မွေးနေ့လား….ကြေးကွဲ စရာဖြစ်ဖို့များတယ်။

  • TNA

    May 20, 2013 at 9:50 pm

    အရင်တောင်းပန်ပြီးမှပြောမယ်ဆိုတော့ကာ ခပ်လန့်လန့်အေ။ ခွင့်လွှတ်တယ်ကြိုပြောထားပြီး ထိပ်လာခေါက်မှ ဘွာခတ်ရခက်အုံးမယ်။ ညီးကတော့ လုပ်ကရောမယ် ခြောက်ညက်နှာ ရယ်။

  • ဦးကြောင်ကြီး

    May 21, 2013 at 9:01 am

    တောင်းပန်
    မောင်းသံ
    ချောင်ကြံ
    စောင်းရန်
    ကောင်းမှန်
    တောင်းလှန်
    ဖောင်းကျန်
    ဂေါင်းဟန်..

  • ဒီနေ့ ဒီလို ဆုံတွေ့ရတာ မင်္ဂလာပါ
    ကျွန်တော်ကို စဉ်ဆက်မပြတ် အားပေးလာကြတဲ့ ပိတ်သတ်အပေါင်းကိုလည်း
    ဒီနေရာကနေ ကျေးဇူးတင်တဲ့ အကြောင်း ပြောချင်ပါတယ် ….
    ဟုတ်ကဲ့ … မင်္ဂလာပါ …
    အစီအစဉ် နောက်ဆုံးတစ်ပုဒ်အနေနဲ့ ဒီလောက်ထဲမှာ
    ကျွန်တော့်ရဲ့ ဘဝကို ပြောင်းလဲစေတဲ့ သီချင်းလေး တစ်ပုဒ်ကို ဆိုချင်ပါတယ် ….. :mrgreen:

    I.C ပွဲမှာ ကိုလေးဖြူ ပြောသွားခဲ့တာကို သတိရမိလို့ပါ ခညာ …
    ခုလို လာရောက် အားပေးကြတာ မင်္ဂလာပါ …
    ဒီလို အားပေးကြတဲ့ အတွက်လည်း ကျေးဇူး အထူးပဲ တင်ရှိပါအိ ….
    ((ပြောစရာ လူတွေတော့ မဟုတ်ပါဘူး))

    ဒါ့ထက် … ဟိုနေ့စွဲက ဘာနေ့ ဘာရက်မို့လဲ ဆိုတာတော့ …
    အင်း … နောက်များ ရှုစားကြပါလို့ ….
    ((ဟုတ်ကဲ့ … အားလုံး မေ့လောက်တဲ့ အချိန်မှ ရေးပါ့မယ်)) :mrgreen:

    ခုလို လူသိရှင်ကြား တောင်းပန်လိုက်ရတဲ့ အတွက်လည်း
    ရင်ထဲမှာ ပေါ့ပါးသွားပါပြီ ….
    ကျန်တဲ့ ခွင့်မလွတ်ကြသူတွေတော့ မပြောတော့ပါဘူး …
    ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့ ….
    ထားပါတော့လေ … တကယ် ပြောလိုတာကတော့ …
    “အားပေးသူအပေါင်းကို ကျေးဇူးပါလို့”

    ချစ်တဲ့ …..
    မောင်အံ

  • Mobile13

    May 21, 2013 at 1:35 pm

    တောင်းပန်နေမှဒေါ့ခွင့်လွှတ်ပေးပါဒယ်။
    ဒါပေမယ့် ခညားနဲ့ ကျုပ်ကြားမှာ တောင်းပန်လို့မရ ခွင့်လွှတ်လို့ မရတဲ့ အကြောင်းကိစ္စတွေ ပေါ်လာလတံ့ အခြေအနေရှိတယ် အဲ့ဒီအတွက်ခညားးးကိုကျုပ်ဒီနေရာကနေပဲ စစ်ကြေညာလိုက်ပီ…
    ဒုံးကျီ နဲ့စပစ်မယ် ဒါမှမရရင် အနုမြူဗုံးကြဲးပစ်မယ်မှတ်ထားးး

  • ဟဲ့မောင်အံ ငါတို.မလဲ ဘာမှန်းမသိတဲ့ကိစ္စကို တောင်းပန်ခံနေရပါလားအေ………
    နင့်ဟာက ကိုယ့်ဟာကို အသုံးမကျလို. ကလေးမရတာကို ရွာထိပ် ညောင်ပင်စောင့် ရုက္ခစိုးကို သားဆုပန်သလိုဖြစ်နေပါပေါ့လား………

    အဲဒီတော့လဲ ငါလဲဘာမှန်းမသိ ခွင့်လွှတ်၏ ခွင့်လွှတ်၏ ပေါ့ကွယ်…………….

  • KZ

    May 21, 2013 at 2:41 pm

    2013 . 5. 20 ရက်ဆိုတဲ့ ဒီနေ့စွဲလေးက ကိုယ့်ချစ်တဲ့သူဆီမှာ သွားရေးသင့်တဲ့ နေ့စွဲလေးပေါ့။
    ကမာ္ဘမှာ နောက်တကြိမ် ပြန်မရနိင်မယ့် ချစ်ခြင်းရဲ့ သင်္ကေတ နေ့စွဲလေးလည်းဖြစ်ပါတယ်။

    “ 2013520 ” ကို
    တရုတ်လို အသံထွက်မယ်ဆိုရင် “ 愛你一生我愛你 ” လို့ အနီးစပ်ဆုံး အသံထွက်ပါတယ်။
    အဓိပ္ပါယ်ကတော့ “ ငါနင့်ကိုတသက်လုံးချစ်မယ်” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

    Credit to Myit Kyoe Inn
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဒါကို ပြောချင်သလားဟင်။
    ဒါမျိုးကို ပြောချင်တာလားဟင်။
    ဒီလို ဆိုလိုတာလားဟင်။
    :harr:

    • ရဲစည်(ခ)စောဖွပြေး

      May 21, 2013 at 6:21 pm

      ရှဇ်ဇိုင့် …. ဝေါ့ …. ကေးဝေါ်…. နီ….. အိုက် … ဘလာဘလာ
      တစ်လုံးဖြည့်ပေးလိုက်မယ် 。。。。。
      “ငါ နင့်ကို တသက်လုံးမြဲ ချစ်နေမယ် ” 。。。。

      ဟုတ်မဟုတ်တော့ မသိဘူး ဗယာကြော်ထုပ်တဲ့ စက္ကူထဲက တွေ့တာ … ခွိခွိ ..
      :kwi:

      • KZ

        May 21, 2013 at 8:24 pm

        ဂလိုုရေးရုို့ ရရား တိဝူးနော်။
        ဝေါ် အောလဝေ့ စ အိုုက် နီ။ :mrgreen:

  • သူကလေး

    May 22, 2013 at 10:29 am

    မတောင်းပန်နဲ့ … လက်မခံဘူး …. ရမ်းစိတ်ဆိုးလယ် .. ဒါဘဲ :kwi:

  • e tone

    May 22, 2013 at 10:51 am

    ရွာထဲမှာ … တောင်းပန်တယ်ဆိုတဲ့စကား 2012/13 အတွက် ဗန်းစကားလား …။(ညည်းကထုမှပျော့စ်ပေမယ့်) အရင်က ခဏခဏ .. မြင်ရလွန်းလို့ပါ … ကိုခြောက်မျက်နှာရယ် ။ :kwi:

Leave a Reply