မြန်မာတွေကွန်ပျုတာနည်းပညာမှာ    အမြန်ဆုံးတိုးတတ်ပြီးနိုင်ငံတကာကိုယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systemsထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့လက်မှတ်ဝိုင်းဝန်းရေးထိုးကူညီပေးနိုင်ရန်အောက်ပါလင့်သို့ဝင်ရောက်၍ကူညီပါခင်ဗျား။

ဆိုပြီး အီးမေးလ်ရတာမို့ အဲဒီအတိုင်းတင်ပေးလိုက်တာပါ။ ဆိုင်ရာဝက်ဘ်ဆိုက်သွားကြည့်တော့လည်းMyanmars.net  ဖြစ်ပြီး ၀င်းမြန်မာစာတွေ အလကားပေးခဲ့တဲ့ အဖွဲ့ ကဖြစ်တာမို့ ယုံရလောက်ပါတယ်။
ပြောရရင် သူတို့က ယူနီကုဒ်မြန်မာစာကို ထည့်သွင်းပေးနိုင်ဖို့ ကြိုးစားကြပုံလည်းဖြစ်ပြီး အားလုံးဝိုင်းလုပ်ရင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။

ဘာလို့ အခုလို ပြောရသလဲဆိုတော့ မိုက်ခရိုဆော့ဖ်က မြန်မာပြည်ကို ၀င်းဒိုးဆော့ဖ်ဝဲတွေ တရားဝင်ေ၇ာင်းတာ မရှိသလောက်ဖြစ်နေလို့ မို့ ငွေရေးကြေးရေးနဲ့ မားကက်တင်းအရ ဘယ်လိုမှ တွန်းအားမရနိုင်သမို့ လူထုအားနဲ့ အခုလို ၀ိုင်းတွန်းရတဲ့ဘ၀ ရောက်နေတယ်ပဲ လွယ်လွယ်ဆိုကြနိုင်ပါတယ်။
( ၀င်းဒိုး ၇ တခွေ တထောင်လောက်(ဗမာငွေ) ကုန်ကျခံပြီး ၀ယ်သုံးထားကြတယ်လို့တော့ မပြောလိုက်ကြနဲ့နော…)

ယူနီကုဒ်အစစ်ကြီး သွင်းမှာဆိုတော့ မန္တလေးဂေဇက်ကလည်း အားဖြည့်ပြီး ထောက်ခံကြောင်းပါ။
ထပ်ပြီး ရယ်စရာပြောရရင် မိုက်ခရိုဆော့ဖ်က မြန်မာစာယုနီကုဒ် သူ့ထဲထည့်ပေးလိုက်တာနဲ့ အခုဇော်ဂျီဖွန့် နဲ့ရိုက်ထားတဲ့ စာတွေ ဒေတာတွေ “ပလုံပလုံ”ဖြစ်မှာကလည်း…တကြောင်း…
ကိုယ့်ကိုယ်ကို စူစိုက်လုပ်(သေကြောင်းကြံ)သလိုဖြစ်နေမလား တွေးရတာကလည်း..တမုံ့ …
ဘာပဲဖြစ်ဖြစ်လေ..။ စံနှုန်းကတော့ စံနှုန်းပါပဲ။ နောင်လာနောက်သားများအတွက် ကောင်းသွားမှာပါ။
လင့်ကတဆင့်သွားရင် မူရင်းသတင်းတွေ့ရမှာဖြစ်ပြီး ယူနီကုဒ်နဲ့ရေးထားသမို့ လွယ်လွယ်ဖတ်လို့ ရမယ်တော့ မထင်ကြောင်းပါ။
kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.