အထူးတလည် ကျေးဇူး တင်ရှိခြင်း

Mr. MarGaMay 20, 20132min26925

အထူး တလည် ကျေးဇူး တင်ရှိခြင်း

ယခုကဲ့သို့ ပြည်သူပြည်သားများ အဆင်ပြေစေရန်အတွက် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ဈေးနှုန်း သက်သာစွာဖြင့် စေတနာရှေ့ထား ရောင်းချပေးပါသော

သမ္မတကြီး ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအား

ကျွန်ုပ်တို့ အသင်းအဖွဲ့များမှ

အထူးတလည် ကျေးဇူး တင်ရှိပါသည်။

ဆက်လက်၍လည်း ထိုကဲ့သို့ ပြည်သူပြည်သားများ အကျိုးရှိစေမည့် အစီအမံများကို ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ချောင်ကြိုချောင်ကြား မိတ္တူကူးလုပ်ငန်းများ အစုအဖွဲ့ နှင့်

ဟိုနားသည်နား ဓာတ်ပုံဆိုင်များ အသင်း

:kwi: :kwi: :kwi: :kwi: :kwi: :kwi:

:kwi: :kwi: :kwi: :kwi: :kwi:

:kwi: :kwi: :kwi: :kwi:

:kwi: :kwi: :kwi:

:kwi: :kwi:

:kwi:

:kwi: :kwi:

:kwi: :kwi: :kwi:

:kwi: :kwi: :kwi: :kwi:

:kwi: :kwi: :kwi: :kwi: :kwi:

:kwi: :kwi: :kwi: :kwi: :kwi: :kwi:

25 comments

  • အလင်း ဆက်

    May 20, 2013 at 7:57 pm

    ဆင်းကဒ်ကလည်း.
    တို ့ရပ်ကွက်ထဲမှာတော့..
    မဲပေါက်သူ နှစ်ယောက်ပဲရှ်ိတယ် ။

    🙁

    • Mr. MarGa

      May 20, 2013 at 8:23 pm

      ဒါဆို
      ကျန်တာတွေက ဘယ်ရောက်သွားတာလဲ ဟင် :kwi:

  • မောင် ပေ

    May 20, 2013 at 8:09 pm

    အိမ်ထောင်စုဇယား နဲ ့ မှတ်ပုံတင် ခဏ ရောင်းပေးတဲ့ သူတွေကရော ၊ ကျေးဇူး မတင်ကြဘူးတဲ့လား
    :kwi:

    • Mr. MarGa

      May 20, 2013 at 8:25 pm

      ဟီး……….
      အိုက်ဒါက သိပ် မသေချာလို့ပါ ကပေရေ :kwi:

  • TNA

    May 20, 2013 at 9:53 pm

    ဒီတခေါက် ခွဲတန်းကဒ်တသိန်းကို ကဒ် ၁ သောင်းကျော်လျှော့ပီးချပေးတယ်ဆိုလား။ အဲဒီကဒ်တသောင်းကျော်ဘယ်ရောက်သွား တယ်ဆိုတာလေးကိုဖြင့်တဆိတ်လောက်။

    • Mr. MarGa

      May 21, 2013 at 6:50 pm

      အစတုန်းက ကြေညာတာရှိတယ်လေ
      ခွဲတမ်းကို တန်းစီတဲ့အခါမှာ ရာအိမ်မှူးတို့ ဆယ်အိမ်ခေါင်းတို့ မပါဘူး ဆိုတာလေ
      သူတို့အတွက် နေမှာပေါ့
      (မှတ်ချက် သိကြား ပြောခြင်းမဟုတ်ပါ :mrgreen: )

  • kyeemite

    May 21, 2013 at 9:05 am

    တနေ့က လမ်းလျှောက်လာတုန်း
    လမ်းဘေးမှာ အမှိုက်သိမ်းနေတဲ့
    စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ယောက်
    အလုပ်လုပ်နေရင်း ဟန်းဖုန်း အိပ်ထဲကထွက်ကျလို့
    ကောက်တာတွေ့လိုက်တော့…
    အော်..ခေတ်ကြီးအတော်ပြောင်းသွားပါလားလို့တွေးမိတယ် 🙄
    ခုဆို ကျုပ်လမ်းထိပ်ကဆိုဒ်ကားဆရာလဲ ဟန်းဖုန်းနဲ့ဗျ…
    ကျုပ်အိမ်က မဒမ်မိုက်ဆိုဒ်ကားလိုရင် ဖုန်းဆက်ခေါ်လိုက်တာပဲ..ဟန်ကိုကျလို့…
    နောက်သူတို့ကိုကြည့်ရတာလဲ ကျေနပ်ပြုံးလေးတွေနဲ့ဆိုတော့
    ကိုယ်လည်းဝမ်းသာပီတိဖြစ်မိဂျောင်းပါ..ဆြာသဂျားရေ.. 😆

    • Mr. MarGa

      May 21, 2013 at 6:51 pm

      ဝမ်းတော့ သာပါတယ်
      ကိုယ်တိုင်လဲ အဲ့ဒါလေး ကိုင်နေရတာကိုးဗျ
      ဒါပေသိ ကြားရတဲ့ အပြင်ပေါက်ဈေးရယ်
      မြင်ရတဲ့ ကြိတ်ကြိတ်တိုး မြင်ကွင်းတွေရယ်ကြောင့်
      ဒါကလေး ရေးမိတာပါဗျာ

  • ဦးကြောင်ကြီး

    May 21, 2013 at 9:46 am

    ဖုန်း ပေါတာတော့ မပြောနဲ့.. အခုဆို ရှေ့တန်းမှာ ဟိုဖက်ဒီဖက် စိတ်ဓာတ်စစ်ဆင်ရေး လုပ်တဲ့အခါ အယင်လို အော်လံကနေ တော်ကီမပွားတော့ဗူး.. တယ်လီဖုံး လှမ်းခေါ် ဝါဒဖြန်တဲ့ခေတ် ရောက်သွားပီ… :harr:

    • Mr. MarGa

      May 21, 2013 at 6:53 pm

      ဦးကြောင် ခေတ်နောက်ကျသွားပြီ
      အခုခေတ်က တယ်လီဖုန်းမသုံးတော့ဘဲ အင်တာနက်ပေါ်တင်စစ်တိုက်နေကြတာဗျ
      တွေ့ဘူးလား :harr:

  • ရာမည

    May 21, 2013 at 10:14 am

    မှောင်ခို ထုတ်တာပေါ ့
    အင်းလေ ရုပ်ရှင်လက်မှတ်တောင်မှောင်ခိုသေးတာပဲ

    • Mr. MarGa

      May 21, 2013 at 6:54 pm

      မှောင်ခို ဟူသည်ကား
      ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုကြောင့် ဖြစ်ပေါ်လာချေသည်တမုံ့။
      ဤသည်ကား သိကြားမင်း၏ သီအိုရီ ဖြစ်ပါသည် :kwi:

  • Ma Ei

    May 21, 2013 at 10:33 am

    လျှောက်လွှာ ရောင်းသူများ…
    တန်းစီ နေရာရောင်းသူများ…
    ဟန်းဆက်ရောင်းသူများ…
    ရပ်ကွက်ရုံးဘေးမှ လက်ဘက်ရည်ဆိုင်၊အသုပ်ဆိုင် ရှင်များ…
    မှလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထည့်ပေးပါဦးတဲ့ ….

    • Mr. MarGa

      May 21, 2013 at 7:07 pm

      ဟုတ်သား
      အဲဒါတွေလဲ ပါတာကို မေ့သွားတာ
      မပေးခင်ညက ရပ်ကွက်ထဲ တစ်ပတ်ပတ်တော့ လူအစည်ဆုံး နေရာတွေကိုပဲ သတိရသွားလို့ဗျ
      သူတို့ကိုလဲ ထည့်ရဦးမယ်
      ကျေးကျေး
      နောက်ပီး အပြင် ပြန်ရောင်းသူများရောလေ :mrgreen:

  • ဒင်းဂ အညိုးညိုးဘာလား …
    သူ့ကိုယ်သူ သဂျားလေး ဘာလေးနဲ့
    နောက်ဆုံး ဝံလိုက်ဒါဂ ….
    “” ချောင်ကြိုချောင်ကြား မိတ္တူကူးလုပ်ငန်းများ အစုအဖွဲ့ နှင့်
    ဟိုနားသည်နား ဓာတ်ပုံဆိုင်များ အသင်း “”
    က ဆိုဘဲ ……။
    :kwi: :kwi:

    • KZ

      May 21, 2013 at 2:37 pm

      သရုပ်မှန်တွေ ပေါ်ကုန်တာမျိုးပေါ့ ကွယ်။

      အဟမ်း။
      ဒီ ကိတ်စန ကလည်း ပြောရခက်သားလား တဂျားရယ်။

      ပြောင်ပြောင်ကတော့ ပြောင်ပြောင်ပါပဲလေ။
      :kwi:

      • Mr. MarGa

        May 21, 2013 at 7:13 pm

        အောက်က စာသားကို သဘောတူတယ်
        တကယ် ပြောင်လို့
        အပေါ်က စာသားကို ကန့်ကွက်ပါတယ်
        ကျုပ်က သူတို့အစား ခံစားပြီး ရေးပြတာဗျ
        သိကြားမင်းကိုများ စွပ်စွပ်စွဲစွဲနဲ့
        ဒီလူတွေတော့ နာတော့မယ်
        :kwi:

    • Mr. MarGa

      May 21, 2013 at 7:11 pm

      ဟဲ့ ဟဲ့
      ငါက သူတို့အစား ကျေးဇူးတင်မိလို့ တင်ပေးတာ
      ရှုပ်ရှုပ်ယှက်ယှက် ဘယ်တွေ ဆွဲထည့်နေတာလဲ
      ဒီ ခြောက်မျက်နှာတော့ ငါနဲ့ တွေ့တော့မယ်
      :mrgreen:

  • မန်းလေးမှာ တန်းစီတာ ၅ ယောက် မူးလဲပြီး ၁ ယောက်သေတယ်တဲ့… ရုံးက တစ်ယောက်က ဖတ်ပြတော့ နာဂ S4 တန်းစီတာလားဆိုတော့ မဟုတ်ဘူး.. ၁၅၀ဝ တန် ဖုန်းတဲ့… မန်းလေးက လူများ ကွန်ဖန်းပေးကြပါကုန်… 🙂

    • Mobile13

      May 22, 2013 at 4:30 am

      လုံဂလေးပြောတာ ဂယ်ဂျီးဆိုရင်တော့…………………………
      အူးမာဂ ပြောသလိုပါပဲ အထူးကိုကျေးဇူးတင်ထိုက်ပေစွ………………

    • Mr. MarGa

      May 22, 2013 at 5:34 pm

      ဖြစ်နိုင်ပါတယ်
      ဘာကြောင့်လဲဆိုတော့
      ရပ်ကွက် အတော်များများမှာ
      လူများလွန်းတာကြောင့်
      ရောင်းချပေးချိန် ကိုးနာရီလို့ သတ်မှတ်ထားပေမင့်
      ဘယ်လိုမှ မထိန်းနိုင်လို့ နေ့လည်ပိုင်းမှ ရောင်းတာဖြစ်ပါတယ်
      အညာမြေရဲ့ နေပူပူအောက်မှာ
      လူထူထူကြားထဲ အရိပ်မရှိ ဘာမရှိနဲ့
      အဲသလို တန်းစီရမှတော့
      မူးမလဲဘဲ နေမလား ဗျာတို့ရေ :buu:

  • Foreign Resident

    May 22, 2013 at 6:56 am

    ” ချောင်ကြိုချောင်ကြား မိတ္တူကူးလုပ်ငန်းများ အစုအဖွဲ့ နှင့်
    ဟိုနားသည်နား ဓာတ်ပုံဆိုင်များ အသင်း ”

    မိတ္တူကူးတာကိုတော့ သဘောပေါက်ပါတယ် ။
    ဓာတ်ပုံဆိုင် ဆိုတော့ လျှောက်လွှာမှာ ဓါတ်ပုံ ပါကပ်ရလို့လား ?????

    အစက ၊ အဘလဲ လျှောက်မလို့ဟာ ၊
    အခု CDMA 800 က အရင် CDMA 800 လိုမျိုး ၊
    CDMA 450 ကမ်းရိုးတမ်း Network မှာ သုံးလို့ မရဘူး ဆိုလို့ ၊
    မ လျှောက် ဖြစ်တော့ဘူး ။

    • Mr. MarGa

      May 22, 2013 at 5:35 pm

      ကပ်ရပါတယ် ဘဖောခင်ဗျ
      နှစ်ပုံလား သုံးပုံလားတော့မသိ
      ဒါကြောင့် ဓာတ်ပုံဆိုင်များလဲ ကြိတ်ကြိတ်တိုး သွားပါကြောင်း :harr:

  • အရီးခင်လတ်

    May 22, 2013 at 2:32 pm

    ရွာထဲ မှာ တောင်းပန်သူကတောင်းပန်၊ ကျေးဇူးစကားပြောသူကပြော နဲ့ တယ်ပြီး မင်္ဂလာ ရှိ နေကြပါလား ကွယ်တို့။ 😆

    • Mr. MarGa

      May 22, 2013 at 5:39 pm

      မင်္ဂလာ ရှိ ဆို
      မင်္ဂလာ ဆောင်တွေလဲ ဆက်သွားတာကိုး ဗျ :kwi:

Leave a Reply