ပြုံးပါ ပြုံးလိုက်ပါ အမုန်းမရှိတော့မယ့်ကမ္ဘာကြီးကို အပြုံးများနဲ့ဖလှယ်ရအောင်နော်

ကြည့်စမ်းပါဦး ပြုံးရယ်နေလိုက်ကြတာ အခုဆို ကလေးငယ်လေးတွေတောင် ငိုတက်အောင်သင်ပေးရတော့မယ်

မချစ်လို့ဘဲမုန်းမုန်း ပြစ်ခဲ့လို့ဘဲ ရှုံးရှုံး နောက်ဆုံး အပြုံးလေးကို မင်းမမေ့ပါနဲ့နော်

အတ္တတွေကို မင်းခဏမေ့ထားပါ လောဘတွေကို ခဏလောက်တော့စွန့်ခွာထားပါ

မရှိတော့တဲ့ သစ္စာတရားတွေ မေတ္တာတရားတွေကို ခင်တွယ်နေမယ့်အစား

မင်းပေးလိုက်တဲ့အြ့ပုံးတရားအောက်မှာ သူတို့လေးတွေ ဘယ်လောက်များ

ငတ်မွတ်တောင်းတနေမလဲလေ ပျော်တက်အောင်သင်ပေးပြီးကာမှ

ပြုံးရယ်ဖို့မေ့နေသေးတဲ့မင်းကို ငါလေ စကားလေးတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်

ကဲသူငယ်ချင်းတို့ရေ

တေးသီတဲ့ဌက်တွေပျော်မဆုံးပြီမို့

လင်းအာရုံ လေပြေကြားမှာ

ပြိုကျမယ့်မိုးစက်တွေနှင့်အတူ

လင်းလက်တော့မယ့် ကြယ်စင်ဘေးမှာ

လမင်းလေးရဲ့ ၀င်းပသည့်ဟန်

သူ့မာန်ကို အတုယူလို့

နေမင်းပမာ အလင်းဖြာစေကြောင်း

ချစ်သူငယ်ချင်းအပေါင်း

အပြုံးလက်ဆောင်ပေးခဲ့ပါရစေ

ချစ်ခင်ရပါသော သူတွေ

ပြီးပြည့်စုံပါလေစ

          ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..