အမုန်းတွေဝေး အပြုံးတွေပေးမယ့် ဒီည…………………………..

ကာရံMay 20, 20131min996

ပြုံးပါ ပြုံးလိုက်ပါ အမုန်းမရှိတော့မယ့်ကမ္ဘာကြီးကို အပြုံးများနဲ့ဖလှယ်ရအောင်နော်

ကြည့်စမ်းပါဦး ပြုံးရယ်နေလိုက်ကြတာ အခုဆို ကလေးငယ်လေးတွေတောင် ငိုတက်အောင်သင်ပေးရတော့မယ်

မချစ်လို့ဘဲမုန်းမုန်း ပြစ်ခဲ့လို့ဘဲ ရှုံးရှုံး နောက်ဆုံး အပြုံးလေးကို မင်းမမေ့ပါနဲ့နော်

အတ္တတွေကို မင်းခဏမေ့ထားပါ လောဘတွေကို ခဏလောက်တော့စွန့်ခွာထားပါ

မရှိတော့တဲ့ သစ္စာတရားတွေ မေတ္တာတရားတွေကို ခင်တွယ်နေမယ့်အစား

မင်းပေးလိုက်တဲ့အြ့ပုံးတရားအောက်မှာ သူတို့လေးတွေ ဘယ်လောက်များ

ငတ်မွတ်တောင်းတနေမလဲလေ ပျော်တက်အောင်သင်ပေးပြီးကာမှ

ပြုံးရယ်ဖို့မေ့နေသေးတဲ့မင်းကို ငါလေ စကားလေးတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်

ကဲသူငယ်ချင်းတို့ရေ

တေးသီတဲ့ဌက်တွေပျော်မဆုံးပြီမို့

လင်းအာရုံ လေပြေကြားမှာ

ပြိုကျမယ့်မိုးစက်တွေနှင့်အတူ

လင်းလက်တော့မယ့် ကြယ်စင်ဘေးမှာ

လမင်းလေးရဲ့ ဝင်းပသည့်ဟန်

သူ့မာန်ကို အတုယူလို့

နေမင်းပမာ အလင်းဖြာစေကြောင်း

ချစ်သူငယ်ချင်းအပေါင်း

အပြုံးလက်ဆောင်ပေးခဲ့ပါရစေ

ချစ်ခင်ရပါသော သူတွေ

ပြီးပြည့်စုံပါလေစ

          ပိတောက်မိုး

6 comments

  • padauk moe

    May 20, 2013 at 10:22 pm

    ဲပြုံးရယ်ခြင်းဖြင့် ဘဝအမောတွေ ပြေပါစေနော် ချစ်ခင်ရပါသော သူငယ်ချင်းအပေါင်း

  • padauk moe

    May 20, 2013 at 10:22 pm

    ဲပြုံးရယ်ခြင်းဖြင့် ဘဝအမောတွေ ပြေပါစေနော်

  • အပေါ်ဂ လူလေး လိုဘဲ
    ပေးဒဲ့ ဆုဒွေနဲ့ ပေ့ဘာစေလို့ …
    ကျုပ်လည်း အားပေးတွားဘာအိ …
    ကဗျာလေး ရေးထားဒါ ကောင်းအိ …

  • မောင် ပေ

    May 21, 2013 at 8:25 pm

    ဖုန်းတွေပေးတော့မှာမို ့
    တစ်ညလုံး တန်းစီတာကို တွေ ့ခဲ့ရတဲ့ညကတော့
    19.5.2013 ညပါပဲ

  • padauk moe

    May 21, 2013 at 8:28 pm

    အနော်တွေ့လိုက်ဘူး တွေ့ချင်စမ်းပါဘိ အမေကပြောတယ် သားမဲပေါက်ဝူးတဲ့လေ ဟီးဟီး

Leave a Reply