ရှယ်အိုးအေ မြန်မာဗိုင်း အသံလွှင့်ဌာနဂျုပ်တွင် မြန်မာနိုင်ငံ သမ္မတ ဦးကြောင်ကြီးမှ တက်ရောက်လာသော ရွှေပွဲလာ ပရိတ်သတ် အစုံ၏ မေးဂွမ်းများအား ဖြေကြားရာ.. အဟမ်း..မေးဂျင်တာ ပွင့်ပွင့်လင်းလင်း မေးပါ.. ကျနော့်အနေနဲ့ အယင်ပွဲတုံးကလို ဟိုသွားစရာရှိဒယ် ဒီသွားစရာရှိဒယ်ဆိုပီး လစ်ထွက်မသွားတော့ပါဘူး.. တုတ်တုတ်ခြင်း လေလေခြင်း ရင်ဆိုင်သွားပါ့မယ်.. အဟွတ်.. မောင်ရဲထွက်ရေ.. သွေးကျဆေး တလုံးလောက် ပေးစမ်းပါအုံး..။ တပည့်ကျော်ပဲလှော်ပေးသော ဆေးလုံးအား ရေနှင့်မျှောချလိုက်ပီးနောက် ကဲ..ကဲ စနိုင်ပါပီ… ကိုသမ်းလျင်ထိုး…။ ကျေးဇူးတင်ပါဒယ် သမ္မတကြီး.. ပိတ်သက်ကြီးကလည်း သမ္မတကြီး ကျန်းမာရေး ငဲ့ညှာပြီး သက်ညှာစွာမေးဖို့ တောင်းပန်ပါရစေ.. ဖြေရင်းတန်းလန်း ဂန့်သွားရင် ဒွတ်ခ… ဒီရုံးမှာတော့ အသေခံနိုင်ဘူး.. ကြက်သရေမရှိ မင်္ဂလာမရှိ။

ပထမဆုံး မေးမည့်သူမှာ သူဌေးဂျီး ဦးပန်ကာ ဖြစ်ပါတယ်။ ခြစ်ခင်ရပါသော သမ္မတကြီးခင်ဗျား.. မြန်မာပြည်မှာ ဒမိုကရေစီ လုပ်ငန်းစဉ် တိုးတက်မှု အခြေအနေ သိလိုပါတယ်..။ ဟုတ်ကဲ့ မေးခွမ်းအတွက် ကျေးဇူးတင်ပါဒယ်၊ ကျနော်တို့ အစိုးရဟာ.. zzzzzz…..zzzzz….zzzz… zzz.. zz. z…… အောင်မြင်မှုများ ရရှိနေပါပီ….။

နောက်တဦးကတော့ မြန်မာပြည်မှ ထွက်ခွာလာတာ အနှစ်၈၀ ရှိပြီဖြစ်တဲ့ ဦးအာယု၊ မေးနိုင်ပါပြီ ဘိုးဘိုး…… ဦးကြောင်ကြီးကို မေးလိုတာ အန်တယ်တို့လို အပြီးပြန်လာချင်သူများအတွက် ဘယ်လို အစီအမံ ရှိပါသလဲ..။ ဟုတ်ကဲ့… စည်သာယာရေးကို ရေဝေးသုဿန်မှာ မီးသဂြိုလ်စက်သစ် ဆောက်လုပ်ဖို့ ရံပုံငွေ ချပေးထားလို့ ဖိုးဖိုး ပျံလာချိန်ဆို အဆင်သင့် ဖြစ်နေလောက်ပီ ပြောပါရစေ… ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ.. နမိတ်မရှိ နမာမရှိ တေဂျင်းဇိုး.. သောက်သမဒရဲ့ ငါမေးတာ.. မေးခွန်းအချိန် ပြည့်သွားလို့ ဒီဘဝ ဤမျှသာပါ ဖိုးဖိုး… တာ့တာ။

အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မိုက်ကယ်ဂျော်နီအောင်ဘုစ် မေးနိုင်ပါပီ..။ သင့်ခရု ဘဲဂျီးမ.. ဝှပ်သဟဲလ် ဟောင်းယူဒူးရင်း မစ္စတာဖရဲသီးတန့်.. အိုင်ဆေးပန်းကန် ယူနိုးနတ်သင်း စိုး အိုင်ဂိုးတူ စကူးဗိုင်ဘတ်စ်.. ဟိုး.. ဟိုး.. ကိုပု..  မြန်မာလိုမေးပေးပါ.. ခင်ဗျားဘိုလိုပြောတာ ဘယ်သူမှ နားမလည်ကြလို့….။ အိုး စိုး ဆောဒီး.. မြန်မာနိုင်ငံသား မဟုတ်တော့သူတွေအတွက် အမြဲတမ်းနေထိုင်ခွင့် ဘယ်တော့ ပေးမှာပါလဲခင်ဗျား..။ အခုဆို မြေဈေးတွေ စွတ်တက်.. ဟုတ်ဖူး မှားလို့.. တိုင်းပြည်တိုးတက်ဖို့ လဂေါင်းတွေ လိုနေတယ်ဆိုဒေါ့၊ ဒီအတွက် ပူပါနဲ့ ကိုအောင်ပု.. မကြာခင် အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ပီအာ ထုတ်ပေးပါတော့မယ်… ကြန့်ကြာနေတာ ပီအာကတ်ပေါ်မှာ  တရုတ်လို ရေးရနိုးနိုး ဘင်္ဂါလီလို ရေးရနိုးနိုး ဝေခွဲမရ ဖြစ်နေလို့ပါ..။

တရုတ်သဗုံ အီတွန့်ဗွမ် (ခ) ကြေးမုံဂျီး အလှည့်ရောက်ပါပီ… လေစားအပ်ပါသော သမဒကြီးချမ့်..၊ သာမီးဂို မေးခွမ်းတထု မေးခွင့်ပုဗာ… ဝရေးနဲ့ ပတ်သက်ပီး ဘာပြောစရာ ချိဗာသလဲချမ့် ရှဲရှဲနီ..။ ဒီလိုပါ သာမီးလေး.. ဝတာ ကျန်းမာရေးကို ထိခိုက်ပါတယ်၊ ဒါကြောင့် မဝအောင် အအိပ်အစား လျှော့ပါလို့.. အကြံပြုချင်ပါတယ်… ဟုတ်ဖူးလေ သမ… ဆောတီးပါ တာမီး.. လူတဦး မေးခွမ်းတခုသာ ဖြေမယ်လို့ ပဋိညဉ် ရှိထားတယ်။ ငှင်း ငှင်း ငှင်း…

မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ စစ်ရေးအဆက်အသွယ်တွေ ရှိနေဆဲဆိုတဲ့ သတင်းအပေါ် သမ္မတကြီး…. အိပ်စကျုစ်မီ.. ဦးသမ်းလျင်ထိုး.. ကျနော် အီအီးပါချင်လို့ ခွင့်ပြုပါ..။ သမ္မတဦးကြောင်ကြီး မေးခွမ်း မဆုံးခင် အပြင်ထွက်သွားသည်..။ သူ့ကိုယ်စား ပေါရေးစိုဂွင့်ရှိသူ ဦရဲထွပ်မှ မရေမရာ အဖြေစကား ပေးသည်။ ဟော.. သမဒဂျီး ပျံလာပြီ…။ အဟမ်း.. အစောက မေးခွမ်း ဖြေပီးဖြစ်လို့ နောက်တခု ဖြေပါ့မယ်..။

သောက်လိုက်ကမ်းဇိုးမသိမေးခွန်းများကြောင့် သမတကြီးဦးကြောင် လက်မှိုင်ချနေရဗုံ.. သမတဦးကြောင်ကြီး လက်မှိုင်ချနေဗုံ

သောက်လိုက်ကမ်းဇိုးမသိ မေးခွန်းများကြောင့် သမတကြီးဦးကြောင် လက်မှိုင်ချနေဗုံ..

ကျုပ်ကတော့ ဧဝဒီဂျီး (ခ) ဘင်လာဒိန်.. ယိုဟမ်ဂျာ လွတ်မြောက်ရေးတပ်ဦး ခေါင်းဆောင်.. ပိတ်သက်ကြီး အတန်ငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ သမဒဂျီးအနေနဲ့ ရခိုင်နယ်စပ်ရှိ ယိုဟမ်ဂျာလူမျိုး တသန်းကျော်ကိစ္စ ဘယ်လိုဖြေရှင်းမှာလဲ သိပါရစေ..။ ပြသနာဇစ်မြစ်က ဒီလိုဗျ.. သိတဲ့အတိုင်း အုပ်စုနှစ်ခု မတဲ့တာကို နိုင်ငံရေး အမြတ်ထုတ်သူတွေ မီးလောင်ရာလေပင့်တော့.. မဖြစ်သင့်တာ ဖြစ်ကုန်တာ..။ ဒီတော့.. နေအုံးဗျာ.. သေးသွား ပေါက်လိုက်အုံးမယ်… ကိုရဲထွက် ဆက်ဖြေပါလိမ့်မယ်….

အခြေခံဥပဒေပြင်ဆင်ရေး…  နေအုံးဗျာ ဗိုက်နာလာပျံပီ..

ညူကလီးယားဗုံးကိစ္စ… ဒီတခါတော့ အံချင်လာတာဗျ.. အထက်လှန် အောက်လျှောများ ဖြစ်နေလား မသိ..

လက်ပံတောင်း စီမံကိန်းအပေါ်….. သွားလိုက်အုံးမယ်ဗျာ နောက်တခါ အိမ်သာကို… ကိုရဲထွပ် ခင်ဗျားဆက် ကြည့်ထိန်းလိုက်…

သမ္မတကြောင်ကြီး အပြင်ထွက်လိုက် ပျံဝင်လာလိုက် ပျံထွက်သွားလိုက်ဖြင့် ဝါရှိန်တမ်မြို့ ရှယ်အိုးအေဌာနဂျုပ် အမေးအဖြေ အစီအစဉ် အောင်မြင်စွာ ပြီးဆုံးလေရာ နောက်လုပ်မည့် ပွဲများတွင် သမ္မတကြီး လစ်မပြေးစေရန် အိမ်သာ၌ ဝိုင်ယာလက်စ် မိုက်ကရိုဖုန်းနှင့် စပီကာ တပ်ဆင်ပေးရန် အလောသုံးဆယ် စီမံရလေတော့သည်…။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး