တစ်ခုသော လမ်းဘေးဘုံဆိုင်တစ်ခုတွင် တစ်စုသော ယောက်ျားလူငယ်တို့သည်

မိန်းမများ၏အကြောင်းကို တစ်ယောက်တစ်ပေါက်ဆူညံစွာဖြင့် ပြောဆိုနေကြလေကုန်၏

( အထူးသဖြင့် မိန်းမများကို ပမာမခန့်မလေးမစားပြောဆိုနေကြခြင်းဖြစ်ရလေတော့၏ )

ထိုအခိုက် ၄င်းတို့၏ဘေးနားရှိ ခပ်တောင့်တောင့်ခပ်ဖြောင့်ဖြောင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည်

သူ၏ သောက်စားခြင်းကျသင့်ငွေကို ရှင်းလင်းပြီးလျှင် ထိုလူငယ်တို့၏ ခုံဘေးသို့ အပရို့( ခ်ျ ) ချဉ်းကပ်ပြီးရပ်နေလိုက်လေသည်တွင်

လူငယ်တို့သည် ပြောဆိုခြင်းအမှု့တို့ရပ်သွားကြကာ ထိုပုဂ္ဂိုလ်ကြီးအားဝိုင်း၍ကြည့်နေကြလေကုန်၏

ထိုအခိုက်တွင်းဝယ် ဆိုင်အတွင်း၌လည်း အခိုက်တန့် တိတ်ဆိတ်သွားရလေတော့သည်

တိတ်ဆိတ်သည့်အခိုက်တန့်လေးတွင်ပင် ထို ခပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့် ပုဂ္ဂိုလ်ကြီးသည်

တစ်စုံတစ်ခုကို ပြောဆိုလိုက်လေပြီးပါလျှင် ဆိုင်ကိုကျောခိုင်း၍ တစ်ရွေ့ရွေ့ထွက်ခွါသွားလေသောအခါ

လူငယ်တစ်သိုက်တို့သည် အတွေးကိုယ်စီဖြင့်ကျန်ရစ်ခဲ့ကြကုန်လေးသတည်း။

ထိုပုဂ္ဂိုလ်ကြီးပြောသွားသောစကား၏မူရင်းကို လုံးဝပြင်ဆင်ခြင်းမပြုဘဲဖေါ်ပြလိုက်ရပါတော့သည်။

မိန်းမဆိုတာ ဆားလောက်လည်းမငံသလို ငပိလောက်လည်းမနံပါဘူးကွာ

( စကားချပ် ) အထက်ပါအကြောင်းအရာကိုပြောဆိုသွားသူမှာ www.myanmargazette.net ၏ နာမည်ကြီး ဆာယေးစယာ အကျော်အမော်

မိုကယ်ဂျော်နီအောင်ပု ပင်ဖြစ်လေ၏ ဆိုသည်ကို စာဖတ်သူများသိရှိကြလေကုန်မည် မဟုတ်ပါလော။

About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend