ကျွန်ုပ်ရောက်ရှိခဲ့သော ကျတ်တို့ဌာနီ

ကျတ်ဆိုတာ ပြိတ္တာမျိုးနွယ်ဝင်တမျိုးလို့… ကြားဖူးပါတယ်…

ငယ်ငယ်တုန်းက လူကြီးသူမများပြောကြားဖူးတဲ့ ပုံပြင်တွေထဲမှာလို…

ဇာတ်ဆရာအိမ်ကို ညတွင်းချင်းဇာတ်လာငှား… လိုချင်တဲ့အခကြေးငွေကိုလဲပေးတော့…

အသင့်စီစဉ်ပေးထားတဲ့မြင်းကိုစီး… ဇာတ်ငှားတဲ့ရွာလဲရောက်ရော သေသေချာချာပြင်ဆင်ပေးထားတဲ့ ဇာတ်စင်ပေါ်မှာတက်က…

မောမောနဲ့အိပ်ပျော်သွားပြီး… နိုးလာတဲ့အချိန်လဲကျရော…

သင်္ဂျိုင်းကုန်းလိုနေရာက မြေကြီးပေါ်မှာအိပ်နေတာတွေ့ရတယ်ဆိုတဲ့… လူတွေကို ကျီစယ်တတ်တဲ့သူတို့ရဲ့အကြောင်းကို…

ငယ်ငယ်တုန်းက ကြားဖူးခဲ့တာကြာပါပြီ… အသက်လေးနဲနဲကြီးလာတော့လဲ သူတို့အကြောင်းကို စာအုပ်တွေထဲမှာ ထပ်ဆင့်ဖတ်ခဲ့ရဖူးတော့…

ဇာတ်စုံပေါ့…

 

ဒီနှစ်ပိုင်းထဲမှာ ခရီးသွားဖို့ကံဇာတာဓာတ်ကျနေတဲ့ ကျွန်တော့်အဖို့… အဲဒီကျတ်တို့နေထိုင်ရာနေရာကိုသွားရောက်ဖို့

အကြောင်းကဖန်လာပါတယ်…

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲမှာရှိတဲ့ ကျတ်တို့ဌာနီကိုသွားဖို့ ဗီဇာမလို… ပတ်စ်ပို့မလိုဘဲ…

အလုပ်ကမိတ်ဆွေတွေစုပေါင်းပြီး တစ်ယောက် (၃၀၀၀)နဲ့ ကားငှားသွားရင် ကျတ်တို့ဌာနီကိုရောက်မတဲ့လေ…

စိတ်မ၀င်စားဘဲမနေနိုင်တဲ့ ကျွန်တော်… ကျတ်တို့ဌာနီကို လိုက်ပါဖို့… သဘောတူလိုက်ပါတယ်…

အဲ့လိုနဲ့ နောက်တစ်နေ့မနက် (၆)နာရီထိုးတော့ ကျတ်ဌာနီလမ်းပြတစ်ဦးရဲ့အကူအညီနဲ့…

လွိုင်ကော်မြို့မှ (၇)မိုင်ခန့်ဝေးမယ်လို့ခန့်မှန်းရတဲ့ နေရာကို ကားနဲ့ခရီးဆန့်ခဲ့ပါတယ်…

တောင်ပေါ်လမ်းတို့ ထုံးစံအတိုင်းမိုးရွာထားပေမယ့် လမ်းကောင်းလေးကို ရာသီဥတုအေးအေးလေးနဲ့ ခရီးဆက်နိုင်ခဲ့ပါတယ်…

သာယာသောခရီးလမ်း

သာယာသောခရီးလမ်း

 

အဲဒီလမ်းလေးဆုံးပြန်တော့ မြေနီလမ်းလေးကိုလဲ ထပ်ဖြတ်ရပြန်ပါတယ်…

မြေနီလမ်းတို့လျှောက်ခဲ့တဲ့လမ်းလေးဆီ...

မြေနီလမ်းတို့လျှောက်ခဲ့တဲ့လမ်းလေးဆီ…

 

အဲဒီမြေနီလမ်းလေးပြီးတော့ ကတ္တရာလမ်းလေးပေါ်ပြန်ရောက်ပြီး ကျတ်ဌာနီသို့ လမ်းညွှန်လေးကို တွေ့ရပါတော့တယ်…

ကျတ်ဌာနီသို့...

ကျတ်ဌာနီသို့…

 

ကျတ်ဌာနီသို့သွားရာလမ်းထဲကိုချိုးဝင်လိုက်တော့… ကားသွားနိုင်လောက်တဲ့အကျယ်အ၀န်းမရှိတာမို့…

လမ်းဆင်းလျှောက်ဖို့ အားလုံး ဆုံးဖြတ်ပြီး… စီးတော်ယာဉ်ကို အဲဒီနေရာမှာပဲ ထားခဲ့လိုက်ရပါတယ်…

ဒီလိုလမ်းလေးကို...

ဒီလိုလမ်းလေးကို…

 

အဲဒီလမ်းလေးကနေတဆင့် နာရီဝက်ခန့် မနားမနေလျှောက်လိုက်တဲ့အချိန်မှာတော့ တစ်ချိန်က ကျတ်တို့ပျော်စံရာ ကျတ်ဌာနီ (သို့) ကျတ်ဂူကို

အခုလို လှမ်းမြင်ရပါတော့တယ်…

 

ဘုရားဖြူဖြူ... တောင်ပေါ်ကဘုရား...

ဘုရားဖြူဖြူ… တောင်ပေါ်ကဘုရား…

 

ထုံးဖြူဖြူ သင်္ကန်းလေးနဲ့ တောင်ပေါ်ကဘုရားကိုရောက်ဖို့ ခပ်ကျဉ်းကျဉ်းတောင်တက်လမ်းလေးကို အင်တိုက်အားတိုက်တက်ခဲ့ရလို့…

ဓာတ်ပုံရိုက်ဖို့တောင်မေ့ခဲ့ပါတယ်… ကိုယ့်ပုံစံနဲ့ တောင်ပေါ်ကပြုတ်ကျလို့ ကျော်မကောင်းကြားမကောင်းဖြစ်မှာလဲ စိုးရိမ်ရသေးသကိုး…

အဲဒီလိုနဲ့ တောင်ပေါ်ရောက်တော့ သစ်သားလေးနဲ့ ဆောက်ထားတဲ့တောရကျောင်းလေးမှာ ရှမ်းသံဝဲ၀ဲနဲ့ဆရာတော်ကိုဖူးခဲ့ရပါတယ်…

ဝယ်လာခဲ့တဲ့ လှူဖွယ်ပစ္စည်းတွေကိုလှူဒါန်းပြီးနောက် ဆရာတော်ကိုဦးချရှိခိုး… ဆရာတော်ရဲ့ဆုံးမစကားကိုနာခံပြီး…

ကျတ်ဂူထဲကို ၀င်ဖို့စတင်ပြင်ဆင်ရပါတယ်…

ဆရာတော်

ဆရာတော်

 

ဒီနေရာမှာ ကျတ်ဂူအကြောင်းအနဲငယ်ပြောရမယ်ဆိုရင်…

ထုံးကျောက်လှိုဏ်ဂူပါပဲ… ပင်းတယလှိုဏ်ဂူလိုမျိုး၊ ပိတ်ချင်းမြှောင်လိုမျိုးပါပဲ…

ထူးခြားတာက လူသွားလူလာနည်းပါးတော့ ပြုပြင်ထားခြင်း၊ သွားလာရလွယ်ကူအောင် လျှောက်လမ်းလုပ်ထားခြင်း၊

လျှပ်စစ်မီးမရရှိခြင်းစတဲ့လိုအပ်ချက်တွေနဲ့မို့ ဂူထဲရောက်ဖို့ကို အတော်လေးခက်ခက်ခဲခဲ ကျောက်တုံးတွေကို ကုတ်ဖက်ပြီး

တွယ်တက်… တွယ်ဆင်းလုပ်ရတာပါ… အတွေ့အကြုံသစ်တစ်ခုပေါ့…

ဒီလမ်းလေးက အစ...

ဒီလမ်းလေးက အစ…

 

အဲဒီလို သစ်သားတန်းလေးကိုင်ပြီး အောက်ထပ်ဆင်းရတယ်...

အဲဒီလို သစ်သားတန်းလေးကိုင်ပြီး အောက်ထပ်ဆင်းရတယ်…

 

ထုံးကျောက်လှိုင်ဂူဖြစ်တာမို့ ကျောက်ပန်းဆွဲတွေက အလွန်တရာလှပပါတယ်…

ခက်တာက ဂူအထဲမှာ အလင်းရောင်လုံလောက်အောင်မရှိတာပါပဲ…

ဂူထဲဝင်တဲ့လမ်းဟာ အစိုဓာတ်ရှိတာမို့ ချော်မလဲအောင်အထူးဂရုပြုရသလို… လူသွားလူလာနည်းပါတာကြောင့်…

မြွေ၊ ကင်းစတဲ့တိရိစ္ဆာန်တွေကိုလဲ ဂရုပြုရပါသေးတယ်…

ဂူအ၀င်ပထမအဆင့်က ပေ (၁၀၀)လောက်လျှောက်ပြီး ခိုင်ခိုင်ခံ့ခံ့သိပ်မဟုတ်တဲ့ သံလှေကားနဲ့ အောက်တစ်ဆင့်ကိုထပ်ဆင်းရပါတယ်…

သံလှေကားတဲ့... ဖင်ထိုင်လျက်ဆင်းခဲ့ရတာ...

သံလှေကားတဲ့… ဖင်ထိုင်လျက်ဆင်းခဲ့ရတာ…

 

လှိုဏ်ဂူရဲ့ဒုတိယအဆင့်ရောက်တဲ့အချိန်မှာတော့ အလင်းရောင်အတော်နည်းပါးသွားသလို…

အောက်စီဂျင်လုံလောက်မှုလဲလျော့သွားပါတယ်…

အဲဒီအတွက် အရင်ခေတ်အခါတုန်းက မီးတုတ်တွေနဲ့သွားလာရတဲ့အချိန်မှာ မီးတုတ်တွေငြိမ်းသွားနိုင်တဲ့အထိပါ…

ကျောက်နံရံတွေမှာ… ခေါင်းတလားလို သစ်တစ်လုံးထဲကိုထွင်းထားတဲ့ဟာတွေကိုတွေ့ခဲ့ရပါတယ်…

ဒီလိုတွေရှိတယ်...

ဒီလိုတွေရှိတယ်…

 

ဒေသခံတွေယုံကြည်ထားတာကတော့ ကျတ်တွေရဲ့ခေါင်းတလားတွေလို့ဆိုပါတယ်…

ကျွန်တော့်အမြင်ကတော့ ရှေးလူများရဲ့သဂြိုဟ်ရာသချိုင်းတစ်ခုလို့ထင်မြင်မိပါတယ်…

ဒေသအတွင်းရှိ လင်းနို့ချေးကျုံးယူသူတွေက ၀ါးလုံးရှည်များနဲ့ ထိုးချတာတွေရှိလို့ မူလနေရာကနေပြုတ်ကျပျက်စီးသွားတာတွေ

အတော်ကိုကုန်သလောက်ဖြစ်နေပါပြီ…

ဝိုးတိုးဝါးတား... လင်းနို့များ...

ဝိုးတိုးဝါးတား… လင်းနို့များ…

 

အပျက်အစီးများနဲ့ လင်းနို့များတွေ့မြင်ပြီးတော့ လမ်းတလျောက်တွေ့ရတဲ့ သဘာဝကျောက်ပန်းဆွဲများရဲ့အလှကိုလဲ ရှု့စားကြပါဦးခင်ဗျာ…

ဒီလိုလေးလဲလှတယ်...

ဒီလိုလေးလဲလှတယ်…

 

ကျောက်စက်ပန်းဆွဲ....

ကျောက်စက်ပန်းဆွဲ….

 

ဆီမီးလေးတောင်ပူဇော်သွားသေးတယ်...

ဆီမီးလေးတောင်ပူဇော်သွားသေးတယ်…


 

ကျောက်စက်နံရံ...

ကျောက်စက်နံရံ…

 

ထုံးကျောက်ရည်တစ်စက်တစ်စက်ကျနေသောပန်းဆွဲ...

ထုံးကျောက်ရည်တစ်စက်တစ်စက်ကျနေသောပန်းဆွဲ…

 

ကျောက်စက်ပန်းဆွဲတွေဖြစ်ဖို့ ဒီလိုကစခဲ့တယ်...

ကျောက်စက်ပန်းဆွဲတွေဖြစ်ဖို့ ဒီလိုကစခဲ့တယ်…

 

အဲဒီလိုနဲ့ လှိုဏ်ဂူထဲမှာ တစ်နာရီလောက် တောက်လျောက်ဝင်လာရင်း… မှောင်သထက်လဲမှောင်လာပါတယ်…

ဒေသခံတွေအဆိုအရတော့ လှိုဏ်ဂူဟာ ရှမ်းပြည်ထဲမှာလမ်းဆုံးသွားတယ်လို့ဆိုပါတယ်… ဒါပေမယ့် အလွန်တရာရှည်လျားခြင်း….

အောက်စီဂျင်မလောက်ငခြင်းတို့ကြောင့် ဘယ်သူမှအဆုံးအထိမသွားနိုင်ခဲ့ကြဘူးလို့လဲပြောကြပါတယ်…

နောက်ဆုံးတော့ လာလမ်းအတိုင်းပြန်ပြီး ကျွန်တော်တို့လှိုဏ်ဂူခရီးစဉ်ကို အဆုံးသတ်ဖို့ လှိုဏ်ဂူအပေါ်ကို ပြန်တက်လာခဲ့ပါတော့တယ်…

ဆွေမျိုးတွေ့ခြင်း...

ဆွေမျိုးတွေ့ခြင်း…

 

လှိုဏ်ဂူပေါ်ပြန်ရောက်တော့ ကယားပြည်နယ်ထဲက ဆွေမျိုးတစ်ဦးကို ပါလာတဲ့ငါးမုန့်ကြော်ကျွေးရင်း စကားတွေပြောဖြစ်ခဲ့ပါသေးတယ်…

မိတ်ဆွေများအတွက် အမှတ်တရ...

မိတ်ဆွေများအတွက် အမှတ်တရ…

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပြန်အတက်မှာတော့ ကျွန်တော်နဲ့အတူတူ ကျတ်ဌာနီကို ခရီးသွားခဲ့ကြတဲ့မိတ်ဆွေများအမှတ်တရဓာတ်ပုံလေးရိုက်ခဲ့ပါသေးတယ်…

နောင်တစ်ချိန်ကျရင် ပြန်ဆုံကြသေးတာပေါ့လို့လဲ ပြောခဲ့ပါတယ်…

နောက်တစ်ခါကျရင် မြန်မာတစ်နိုင်ငံလုံးရဲ့အားထားရာ လောပိတရေအားလျှပ်စစ်စက်ရုံကိုသွားလည်ဖို့ ကြိုးစားကြပါဦးမယ်…

အမောပြေ...

အမောပြေ…

 

အမှတ်တရခေါင်ရည်...

အမှတ်တရခေါင်ရည်…

 

နေ့လည် (၂)နာရီခန့်မှာတော့ လွိုင်ကော်မြို့ပေါ်ကို ပြန်လည်ရောက်ရှိပြီး…

နေ့လည်စာကို အမောပြေခေါင်ရည်လေးသောက်ရင်း… စေတီခရုစွတ်ပြုတ်လေးသောက်လို့…

ကျတ်ဌာနီခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျား….

ကယားဟင်းထုတ်...

ကယားဟင်းထုတ်…

 
 

(ယခုခရီးစဉ်ရှိဓာတ်ပုံများကို Apple iPhone 4 ဖြင့်ရိုက်ယူမှတ်တမ်းတင်ပါသည်…ခိခိ)

 

ခင်မင်လျက်-

ကြောင်ဝတုတ်

၂၀၁၃၊ မေလ

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...