ကွန်ပြူတာဖြင့် နေစဉ်ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိချွတ်ယွင်းခြင်း၊ အားနည်းခြင်းများကို ဘယ်လိုကာကွယ်ကျမလဲ။

Yin Nyine NwayJuly 28, 20101min550

ွန်ပြူတာဖြင့် နေစဉ်ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိချွတ်ယွင်းခြင်း၊ အားနည်းခြင်းများကို ကျွန်မ တို.ဘယ်လိုကာကွယ်ကျမလဲ။

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင်
နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ
ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်မ
တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကို လိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ
သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန် ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ
သင့်မျက်လုံးကနေ သင့်ရဲ. လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ. ၂ဝ ဒီဂရီအောက်
နိမ့် နေရပါမယ်။

အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ
screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်

Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသော
အရာမှ မှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က
သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses
ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂ဝ လောက် ကြာတိုင်း ခေါင်းကို ခဏ ဘေးကိုလှည့်ပြီး ပေ၂ဝ လောက်ဝေးတဲ.
အရာတခုခုကို ကြည့်ကြည့်ပေးပါ။ ဒါနည်းလမ်း ဟာ သင့်ရဲ. ပင်ပန်းနေတဲ့
မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂ဝ လောက် မျက်စိ အား
ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။
ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂ဝ လောက်လမ်းလျှောက်ခြင်းဖြင့်
သွေးလှည်ပတ် စေပါတယ်။

မျက်စဉ်း ခတ်ပေးပါ
လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ
မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား
ခြောက်ကပ်နေစေပါတယ်။ ထိုသို. ခြောက်ကပ် မနေအောင် မျက်စဉ်း
ခတ်ပေးနိုင်ပါတယ်။

လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင်.ရဲ.လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ.
သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။
သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို
လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ. ပင်ပန်းနေသော မျက်စိအား
သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင်. မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်း ခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည်.ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား
သင့်မျက်စိ တဖတ်စိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ
ပိုစားပေးပါ။

မျက်စိရောဂါ ကင်းဝေကြပါစေ။