ပထမပိုင်း

“ ဆရာ …  ဧည် ့သည်တစ်ယောက်က တွေ ့ချင်လို့ တဲ့ ….အဲဒါ …”

ကျွန်ုပ်မှာ ယနေ့အဖို့ အလွန်အလုပ်ရှုပ်နေသဖြင့် ဧည့်သည်တွေ့ဆုံရန်ဝန်လေးနေမိသည် ။

သို့ပေမဲ့ ယနေ့တာဝန်မှူးကျသည်ဖြစ်၍ လက်ခံတွေ့ဆုံရပေတော့မည် ။ ထို့ကြောင့် သတင်းလာပို့သော

ရဲ တပ်သားလေးအား ခေါင်းငြိမ့်ပြလိုက်လေတော့၏ ။

“ဝင်ခွင့်ပြုပါ ရှင် ့ ….”

ကနွဲ ့ကယ လေယူလေသိမ်းဖြင့် ဝင်လာသူကိုမြင်လိုက်ရသဖြင့် ကျွန်ုပ်မှာ လွန်စွာ စိတ်ညစ်သွားရသည်။

အခြောက်(မိန်းမလျာ) တစ်ဦးဖြစ်နေပေရာ အခြောက်များကိုကြည့်ရအဆင်မပြေသူကျွန်ုပ်အဖို့ များစွာ

ဝဋ်ကြီးလှပေသည် ။ ကျွန်ုုပ်မှ ထိုင်ရန် ညွှန်ပြရင်း —–

“ကဲ  ဆိုပါဦး …ဘာများ အကူအညီပေးရမလဲ …”

အခြောက်မမှာ တရှုံ ့ရှုံ ့ငိုရင်းဖြင် ့ …

“ အမှုဖွင့်ချင်လို့ပါ  ဦးရဲ ကြီးရယ် …အဟင် ့ အဟင့် ….”

“ဘာအတွက်လဲဗျ …. ပြောပါ …”

“ ဒီလိုပါ ဦးရဲကြီးရယ် …. သများက နတ်ကနားစီးပါ … မနေ့ကညက သများတို့ကြည့်မြင်တိုင်မှာ ရိုးရာဖေါ်ပွဲ

ကရင်း ညဖက် သခိုးဝင်ခိုးသွားလို့ပါ …အဟင့် …..”

“ ပြောပါဦး …ဘာတွေများပါသွားသလဲဗျ …. ကာလတန်ဖိုး ဘယ်လောက်ဖိုးလောက်လဲ …”

“အင်း …. ပါသွားတာတော့ …. နတ်ရုပ်တု နှစ်ရုပ်ပါ …. တစ်ရုပ်ကိုတော့ မနက်က လမ်းထိတ်ကအမှိုက်ပုံမှာ

ခေါင်းပြတ်ရက်သား တွေ့ပါတယ် …. အဟင့် ….ဟီး …”

ကျွန်ုပ်မှာ ထိုနတ်ကတော် အခြောက်မစကားကြောင့် ရယ်ရအခက် ငိုရအခက်ဖြင့် ရှိနေစဉ် ၎င်းနတ်ကတော်မှာ

ငိုချင်းချလျှက်ရှိလေတော့၏ ။

 

ကျွန်ုပ်လည်း ဂတ်စာရေးကြီးကိုလှမ်းခေါ်ပြီးလျှင် ၎င်းအခြောက်မ၏ အမှုအားတိုင်ချက်ဖွင့်ခိုင်းလိုက်ရသေည် ။

အခြောက်မမှာ ဟန်အမူယာအမျိုးမျိုးဖြင့် ဂတ်စာရေးကြီးကိုပြောပြ၍ အမှုဖွင့်ပြီးပြန်သွားလေတော့သည် ။

ကျွန်ုပ်မှာ သစ်သားနတ်ရုပ်တုနှစ်ခုအတွက် တကူးတက အမှုလာဖွင့်သော နတ်ကတော်အကြောင်း စဉ်စားရင်း

ခေါင်းခါလိုက်မိစဉ် …………

“ ဘာတွေများ ခေါင်းရှုပ်နေလို့လဲ အိုင်အို ကြီးရဲ့ ့ …”

“ ဟာ..ကိုမြင့်ကျော် ..ခင်ဗျားလာတာ အတော်ဘဲဗျာ ….. ကျုပ်မှာ စောစောက နတ်ကတော် အရှုပ်ထုတ်

အမှုလာဖွင့်လို့ စိတ်ညစ်နေရတာ …. ကဲ အိပ်ချင်ပြေ လက်ဖက်ရည်လေး သွားသောက်ရအောင် ”

ပြောပြောဆိုဆိုဖြင့် ကျွန်ုပ်ကထ၍ ရုံးခန်းထဲမှ ထွက်လေရာ ကိုမြင့်ကျော်မှာ ထိုင်ပင် မထိုင်လိုက်ရသေးဘဲ

ကျွန်ုပ်နောက်မှ လိုက်လာလေတော့သည် ။ လက်ဘက်ရည်များ မှာကြားပြီးနောက် …. ကိုမြင့်ကျော် က

“လုပ်ပါဦးဗျ … နတ်ကတော်က ဘာအမှုဖြစ်လို့လဲ ”

“ ဟာဗျာ …ပြော ..မပြောချင်ပါဘူးကိုမြင့်ကျော်ရာ …မနေ့က ညက နတ်ကနားပွဲမှာ နတ်ရုပ်တုနှစ်ခု

အခိုးခံရလို့တဲ့ဗျ … အဲဒါ အမှုလာဖွင့်တာ …”

“ ဪ ….ဟား ဟား …. လူငယ်တွေနောက်တာနေမှာပေါ့ဗျာ… ” ကိုမြင့်ကျော်မှ ပြောရင်း စီးကရက်မီးညှိ

လိုက်လေသည် ။

“ ဟုတ်မယ်ဗျ … တော်တော်နောက်တဲ့ ကလေးတွေဗျာ ….နတ်ရုပ်ကိုခေါင်းဖြတ်ပြီး လမ်းထိတ်က အမှိုက်ပုံမှာ

ပစ်ထားသတဲ့ …. နတ်ကတော်အခြောက်မက ရင်ထုမနာပြောသွားတာဗျို ့ …. ” ဟု ကျွန်ုပ်က ပြောလိုက်ရာ

ဆေးလိပ်ဖွာနေသော ကိုမြင့်ကျော်မှာ .. … မျက်နှာအမူအယာ ပြောင်းသွားပြီး —-

“ ဘာတဲ့ အိုင်အို …. ခေါင်းဖြတ်ပြီး အမှိုက်ပုံမှာထားခဲ့တယ် …ဟုတ်လား ….”

“ ဟုတ်တယ် ကိုမြင့်ကျော် ….အဲ့အတိုင်း ပြောသွားတာဘဲဗျ …. ဘာများမသင်္ကာစရာရှိလို့လဲ ..”

“ အင်း.. ထူးတော့ ထူးတယ်ဗျ ….လောလောဆယ်ဆယ်တော့ ဘာမှ မပြောနိုင်သေးဘူး …သို့ပေသိ

နောက်ထပ် အမှုများထပ်ဖြစ်လာခဲ့ရင်တော့ ……”

ကျွန်ုပ်မှ ကိုမြင့်ကျော်စကား ကြောင့် အံ့ဩမိသော်လည်း အကြောင်းတစ်ခုခု ရှီလိမ့်မည် ဟုကား ယုံကြည်

မိသည် ။ ကိုမြင့်ကျော်မှာ …. မီးခိုးများကို ဟူး ကနဲမှုတ်ထုတ်ပြီး လက်ဖက်ရည်အား တစ်ကျိုက်တည်း မော့၍

“ ကဲ အိုင်အိုရေ …သောက်ဗျာ ။ ပြီးရင် စာရေးကြီးဆီက အမှုတွဲကို ကြည့်ချင်သေးတယ်”

ထို့နောက် ကျွန်ုပ် နှင့်ကိုမြင့်ကျော်တို့လည်း စခန်းသို့ပြန်လာခဲ့လေတော့သည် ……။

xxxxxxxxxxxxxxxxx            xxxxxxxxxxxxxxxxxx

ကိုမြင့်ကျော်ပြန်သွားပြီးနောက် ကျွန်ုပ်လည်း သူ ့မှာကြားချက်အတိုင်း အခြားရဲစခန်းများသို ့နတ်ရုပ်တုနှင့်
ပတ်သက်၍ တိုင်ကြားမှုရှိ မရှိစုံစမ်းရလေသည် ။ တိုင်ကြားပါက ဆက်သွယ်အကြောင်းကြားရန် သတင်းပို ့
ထားရလေတော ့၏။ တစ်ပတ်ခန် ့ကြာသည်အထိ မထူးခြားလာသဖြင် ့
” ကိုမြင့်ကျော်ရေ … နတ်ရုပ်ကိစ္စကတော့ ဘာမှမဟုတ်ဖူးထင်ပါတယ် နော ့” ဟု ကျွန်ုပ်ကဆိုလိုက်လျှင်
” ဘာမှမဖြစ်ရင်တော ့ကောင်းတာပေါ့ အိုင်အိုရယ် ဖြစ်ရင်တော ့အတော်လေးကိုရှုပ်ထွေးဦးမှာ ”

” ခင်ဗျား ဘာတွေများ မြင်ထားလို ့လဲ ကိုမြင့်ကျော် ”
” အခုတော ့ တပ်အပ်မပြောနိုက်သေးပါဘူးဗျာ ဒါပေမဲ ့နောက်ထပ်အမှုတွေပေါ်ပေါက်လာရင်တော ့
ကျုပ်တွေးထားတဲ ့အတိုင်းမှန်ပြီပေါ ့”
ထို့ ့နောက်ကိုမြင့်ကျော်မှာ ကျွန်ုပ်အားနှုတ်ဆက်၍ပြန်သွားလေရာ ငါးရက်ခန့် ့မတွေ့ဖြစ်တော ့ပေ ။
ကျွန်ုပ်လည်း လွန်စွာအလုပ်များသဖြင် ့ထိုကိစ္စအား မေ့မေ့ပျောက်ပျောက်ပင်ရှိချေတော့သည် ။

တစ်နေ ့နံနက်၌ မိတ်ဆွေကြီးကိုမြင့်ကျော်မှာ ကျွန်ုပ်ထံသို ့အစောကြီးရောက်လာပြီးလျှင်…..
“လာဗျို ့အိုင်အို …. အိုင်တီကဖီးမှာ လက်ဘက်ရည်သောက်ရင်း ထူးတာလေးတွေပြောချင်လို ့”
“ကောင်းသားပဲ ကိုမြင့်ကျော် ကျုပ်လည်းခင်ဗျားကိုတွေ့ချင်နေတာ”

ကျွန်ုပ်လည်း ဝမ်းသာအားရပင် ကိုမြင့်ကျော်နှင့်တူ ကန်လမ်းအိုင်တီကဖီးသို ့ ထွက်လာခဲ့တော့သည်။
ကားမောင်းနေသော ကိုမြင့်ကျော်မှာ မည်သည့်စကားမျှမပြောသေးသော်လည်း ကျွန်ုပ်မှာ အလွန်သိချင်
သဖြင့် မေးမြန်းသော်လည်း သူ့ထုံးစံအတိုင်းပြုံးရုံသာပြုံပြ လေ၏။
ဆိုင်သို ့ရောက်ပြီး လက်ဘက်ရည်များမှာကြားပြီးနောက် စီးကရက်တစ်လိပ်အား နှစ်ဖွာသုံးဖွာခန် ့ ဖွာရှိုက်၍ …. အိပ်ကပ်ထဲမှစာရွက်လေးကိုထုတ်ပြီးလျှင် ကျွန်ုပ်အားပေးလေသည် ။

“ဘာတွေလဲဗျ ကိုမြင့်ကျော် ”
“ဖတ်ကြည် ့လေအိုင်အို …. အဲ့ဒါ အခုတလော နတ်ရုပ်တုအခိုးခံရတဲ ့နတ်ကနားအဖွဲ့တွေရဲ့စာရင်းပဲ
သူတို ့အားလုံးကနတ်ရုပ်တုအတွက် တိုင်ချက်မဖွင့်လေတော့ မသိရဘူးဖြစ်နေတာပေါ့ဗျာ …ကဲ စဉ်းစား
ကြည့်ပေတော ့ နတ်ရုပ်တွေကိုဘာလို ့လိုက်ခိုးနေလဲဆိုတာ”
ကိုမြင့်ကျော်မှာ ရောက်လာသော မုန့်ဟင်းခါးကိုငုံ ့စားနေသော်လည်း ကျွန်ုပ်သည်ကား ထိုစာရွက်ပါ
နတ်ကနား အဖွဲ ့နံမည်များကိုကြည် ့၍ မတွေးတတ်အောင်ပင်ရှိချေတော ့သည် ။
ထူးခြားဖြစ်စဉ်မှန်သော်လည်း ကျွန်ုပ်ညဏ်ဖြင် ့မတွေးနိုင်သဖြင့် ရှမ်းခေါက်ဆွဲကိုသာ အားပါးတရစားရင်း
ကိုမြင့်ကျော်မှရှင်းပြမည့်အချိန်ကိုစောင့်စားမိလေတော့၏ ။
” ထူးခြားဖြစ်စဉ်ဆိုတာတော ့ အိုင်အိုလည်းသိမှာပါ … လူတစ်စု သို ့မဟုတ် လူတစ်ယောက်ဟာနတ်ရုပ်တု
တွေကိုသဲသဲမဲမဲ လိုက်ရှာနေတယ် ပြီးတော့ ပျောက်ဆုံးသွားတဲ့ရုပ်တုတွေကလည်း ကိုကြီးကျော် နတ်ရုပ်တုနဲ့
မနှဲလေး နတ်ရုပ်တုတွေပဲဖြစ်တယ် …. ဆိုတော ့ …ဒီနတ်ရုပ်တုတွေမှာ ထူးခြားမှုတခုခုရှိနေပြီပေါ ့ …”
” ဟုတ်သားပဲ ကိုမြင့်ကျော်… ..ခင်ဗျားပြောမှသတိထားမိတယ်ဗျ။ အဲ့ဒီဖြစ်စဉ်တွေရဲ ့နောက်ကွယ်မှာ
အကြောင်းအရာ ကြီးကြီးတွေ ရှိနေပြီပေါ ့ ဟုတ်လား ”
“အစစ်ပဲ အိုင်အိုရေ အားမွေးထားပေတော ့ ကျုပ်တို ့နဲ့ကြုံလာရင် နွဲကြတာပေါ့ ”

ထိုအခိုက် ….
ကျွန်ုပ်၏ ခါးတွင်ချိတ်ထားသော လမ်းလျောက်စကားပြောစက်မှ အချက်ပေးသံမည်လာလေသည် ။ စခန်းမှ
စာရေးကြီးထံမှဖြစ်၍ အရေးကြီးပြီဟုသိလိုက်သည် ။ စာရေးကြီး၏ သတင်းပို ့ချက်အားလက်ခံပြီးနောက်
“ကိုင်း ကိုမြင် ့ကျော်ရေ ခင်ဗျားတော ့ပျင်းနေတာနဲ ့အတော်ပဲဗျ …..အုပ်ကျင်းဘူတာနဲ ့ သမိုင်းမြို ့သစ်ဘူတာ
ကြားထဲမှာ လူသေအလောင်း တစ်လောင်းတွေ့ထားလို ့တဲ ့ဗျ သွားရအောင်ဗျာ ” ဟု ကျွန်ုပ်ကပြောလိုက်ရာ
ကိုမြင် ့ကျော်မှာ အထူးပင်ကျေနပ်သွားဟန်ဖြင် ့ သွက်လက်စွာထလိုက် လေတော့သည် ။

ဒုတိယပိုင်း

 

ကျွန်ုပ်တို့ရောက်သွားသောအခါတွင်ဝိုင်းအုံကြည် ့နေသောလူအုပ်ကြီးနှင် ့ မီးရထားဝန်ထမ်းတစ်ဦး

အပြင်ရဲတပ်သားတစ်ဦးအား တွေ ့ရလေသည် ။ သေသူမှာ ရင်ဝ၌ချွန်ထက်သောအရာဖြင့်ထိုးသွင်း

ခံရပြီး သေးဆုံးခဲ ့ဟန်ရှိလေသည် ။ အခြား ဒဏ်ရာဟူ၍ သိသာထင်ရှားစွာမရှိချေ ။ ကျွန်ုပ်မှာ

သေသူ၏ အလောင်းအား စိတ်ပျက်စွာ ကြည့်နေရသော်လည်း မိတ်ဆွေကြီး ကိုမြင့်ကျော်မှာကား

စိမ်ပြေနပြေ အကျအနပင် လှန်လှော၍ ကြည့်ရှုနေလေ၏ ။

ထို့နောက် ကိုမြင့်ကျော်မှာ သေသူ၏ လွယ်အိပ်ကိုသွန်ချပြီး အတွင်းမှပစ္စည်းများကိုတစ်ခုခြင်းကြည်ရှုခြင်း၊

သေသူ၏အနီးတဝိုက်ရှိ ခြေရာများအား ကြည့်ခြင်း ၊ သေသူ၏ အနီးဝန်းကျင်မှ ပစ္စည်းများအားတစ်ခုခြင်း

ကောက်ယူကြည် ့ခြင်း တို့ဖြင် ့ စိတ်ဝင်တစား လေ့လာနေပေတော့သည် ။

အခင်းဖြစ်ပွားသောနေရာမှာ

အုတ်ကျင်းဘူတာနှင် ့ သမိုင်းမြို ့သစ်ဘူတာကြားရှိ မီးရထားလမ်းဘေး အုတ်တံတိုင်းအနီးတွင် ဖြစ်လေရာ

ဗဟိုလမ်းဘက်မှ ကြည့်ပါက အုတ်တံတိုင်း ကာရံထား၍ မမြင်နိုင်ပေ ။ အလောင်းမှာလည်း အုတ်တံတိုင်း

အတွင်းဘက်ရှိ သစ်ပင်အောက်တွင် တောင်ဘက်သို့ခေါင်းထိုး၍ လဲကျနေလေသည် ။ ကျွန်ုပ်  နှင့်

ကိုမြင့်ကျော်တို့လည်း အတန်ကြာသည်အထိ ကြည့်ရှုလေ့လာပြီးသောအခါ ပြန်ခဲ့ကြလေသည် ။

လမ်းတွင် ကျွန်ုပ်က

“ ကိုင်း …ကိုမြင့်ကျော်ရေ ….ဒူက္ခတော့များပြီထင်တယ်..။ သေသူကိုလည်း သိဖို့က ဒီအိုင်ဒီ လက်ဗွေဌာန

နဲ့ လူဝင်မှုကြီးကြပ်ရေးက တဆင့်ရှာရမှာ ….. သတ်သူကိုတော့ ဘယ်လိုဆက်ရှာရမှန်းမသိနဲ့ …ကျူပ်တော့

အထုခံရတော့မယ်ထင်တယ်ဗျာ …။”  ဟု ငြီးလိုက်လေရာ ကိုမြင့်ကျော်က ခတ်ပြုံးပြုံး နှင် ့

“ ဒီအမှု လိုက်လို့ပေါ်ရင် ရာထူးလေးဘာလေး တက်နိုင်တယ်လို့များ မထင်မိဘူးလား အိုင်အိုရဲ ့ ”

“ နေပါစတော့ ကိုမြင့်ကျော်ရယ် …. ရာထူးမတက်ချင်နေပါ  မပြုတ်ရင်ဘဲ တော်လှပါပြီ … ကျုပ်တော့

ဘယ်က ဘယ်လိုစလိုက်ရမယ်မှန်း မသိတော့ပါဘူး …” ဟု စိတ်ပျက်စွာ ပြောလိုက်မိလေသည် ။

ကိုမြင့်ကျော်က တိုးညှင်းစွာတစ်ချက်ရယ်လျှက် …..

“ ဘာမှ စိတ်မပူပါနဲ့ အိုင်အိုကြီးရယ် … ကျုပ်လည်း ပျင်းနေတာနဲ့အတော်ပဲ ဆိုတော့ ကျုပ်ဘဲ အစအဆုံး

ကူညီပါ ့မယ်ဗျာ ….  အခုချိန်မှာ နဲနဲလောက်ပြောနိုင်တာက … သေသူဟာ ရန်ကုန်ကမဟုတ်ဘူး ၊ ပြီးတော့

ကျောက်သွေးတဲ့ အသိုင်းအဝိုင်းကဖြစ်မယ်ထင်တယ် … ကျုပ်စိတ်ထင် မန္တလေးကျောက်သွေးတန်းက

ဖြစ်လိမ့်မယ.် …. ”

“ဟာ …ကျေးဇူးပါပဲ ကိုမြင့်ကျော်ရယ် … ခင်ဗျားဟာက လူကိုတိုက်ရိုက်သိနေသလိုပါဘဲ ” ဟု ကျွန်ုပ်ကပြော

လိုက်ရာ …

“ အင်း …ပြောရရင်တော့ သတ်သူနဲ့ သေသူဟာ နကိုကတည်းက ရင်းနှီးသူတွေ ဖြစ်ဟန်တူတယ် ….ပြီးတော့ သူတို့ ဟာ ခန် ့မှန်း နာရီဝက် သာသာလောက် စကားထိုင်ပြောခဲ့ပုံရတယ်…. ပြီးမှ ပြန်ဖို့ လမ်းခွဲခါနီးမှာ

သေသူကို ဓားနဲ့ တစ်ချက်တည်း ထိုးပြီးသတ်သွားတာပဲ …။ ရင်းနှီးတဲ့သူ မထင်ရသူဖြစ်လို့ ဘာမှ ခုခံ

ရှောင်တိမ်းချိန်မရခဲ့ဘူးဗျ …. ”

“ ကိုမြင် ့ကျော်ရယ် ..ခင်ဗျားဟာက ထိုင်ကြည့်နေတဲ ့အတိုင်းပါလား… လုပ်ပါဦး ဘာကြောင့်ဒီလိုပြောနိုင်

တာလဲဗျ ..”

ကိုမြင့်ကျော်မှာ ဆက်မပြောသေးဘဲစီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိရှိုက်ဖွာပြီးနောက် ………

“ ဒီလိုဗျ အိုင်အိုကြီးရ …. သေသူမှာမှတ်ပုံတင် သက်သေခံကဒ်ပြားမပါပေမဲ့ သူ့လွယ်အိပ်ထဲမှာ ငွေနဂါး

တံဆိပ် ဆေးပေါ့လိပ်နှစ်လိပ်ရယ် ပြီးတော့ ကျောက်သွေးတဲ့နေရာမှာသုံးတဲ့ ချိတ်ကပ်ထားတဲ့ ကျောက်တံ

နှစ်ချောင်းရယ်က ဒီဒေသကမဟုတ်ဘဲ အထက်အညာကဖြစ်နိုင်တယ်လို့ ကောက်ချက်ဆွဲနိုင်တယ် ..

ငွေနဂါးမြင်းခြံဆေးပေါ့လိပ်က ရန်ကုန်မှာမှမရှိဘဲ ..မန္တလေး မှာ အထူးနှစ်သက်တဲ့ ဆေးပေါ့လိပ်ပါ ။

ပြီးတော့ သူတို့နှစ်ဦး ဟာ နာရီဝက် သာသာလောက် စကားပြောခဲ့တယ်လို့ယူဆရတာကလည်း

သူတို့ရဲ ့ ထိုင်ပြီးစကားပြောခဲ့တဲ့နေရာမှာ ငွေနဂါး ဆေးပေါ့လိပ်တစ်တိုရယ် …. စီးကရက် နှစ်တိုရယ်ကို

တွေ့ခဲ့ရတယ် …. စီးကရက်သောက်သူနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောပုံထောက်တော့ သူတို့တွေဟာ

နကိုကတည်းက သိကျွမ်းသူတွေဖြစ်ပြီး အပေးအယူ သို့မဟုတ် ကိစ္စတစ်ခုကို ဆွေးနွေးခဲ့ပုံဘဲ ..ပြီးမှ စီးကရက်

သောက်သူက ပါလာတဲ့ဓားနဲ့ တစ်ချက်တည်း ထိုးသတ်ခဲ့တာ …. အခုထိတော့ဒီလောက်ဘဲပြောနိုင်

ပါသေးတယ် ..”

ဟု ရှည်လျားစွာရှင်းပြပြီး စီးကရက်ကို ရှိုက်ဖွာလိုက်လေတော့သည် ။ ကျွန်ုပ်လည်း

“ကဲဗျာ ….ကူညီလက်စနဲ့ အမှုပြီးအောင်သာကူညီပါ ကိုမြင့်ကျော်ရယ် … ကျုပ်တစ်ယောက်တည်းလိုက်ရရင်

ဆံဖြူသွားကျိုးတဲ့ထိအောင် ဖေါ်နိုင်မှာမဟုတ်ဘူး … ဒီတစ်ကြိမ်လည်း ခင်ဗျားကို အားကိုးပါတယ် …။”

မိတ်ဆွေကြီး ကိုမြင့်ကျော်မှာ မည်သို့မျှ ပြန်မပြောသော်လည်း ကူညီမည်ဟုကား ကျွန်ုပ် အတတ်သိနေ၏ ။

 

ကိုမြင့်ကျော်မှာ ကျွန်ုပ်အား နှုတ်ဆက်၍ လမ်းခွဲသွားလေရာ လအတော်ကြာသည်အထိ သတင်းမကြားရဘဲ

ပျောက်နေလေတော့သည်။ အခင်းဖြစ်ပွားသည့်နေ့မှ ရေတွက်သော် သုံးရက်မြောက်သောနေ့တွင် ကျွန်ုပ်ထံသို့

အီးမေးဖြင့် သေသူ၏အမည်နှင့် နေရပ်လိပ်စာကို ပေးပို့လိုက်လေရာ ကျွန်ုပ်တို့စုံစမ်းသည့်အခါတွင် မှန်ကန်

နေသည်ကို တွေ့ရလေတော့သည် ။ကိုမြင့်ကျော်ခန် ့မှန်းသွားသည့်အတိုင်းပင် မန္တလေးကျောက်သွေးတန်းမှ

ကျောက်သွေးဆရာတစ်ဦး ပင်ဖြစ်နေသည်။

 

ကျွန်ုပ်လည်း ထိုလူသတ်မှုကို တာဝန်ယူ၍ စုံစမ်းရသည်ဖြစ်ရာ အထက်လူကြီးများမှ တစ်ပတ်လျှင်နှစ်ကြိမ်မျှ

အမှုအကြောင်းကိုမေးမြန်းခြင်းခံရလေသည် ။ ကျွန်ုပ်မှာ မည်သို့မျှ အစမဖေါ်နိုင်သဖြင့် ကိုမြင့်ကျော်ကိုသာ

မျှော်လင့်ရင်း စောင့်စားမိလေတော့၏ ။ ကိုမြင့်ကျော်၏သတင်းကား မည်သို့မျှ မကြားရချေ ။ သားကောင်

နောက်ကိုလိုက်နေသော မုဆိုးပမာ တရားခံအား မရမနေ လိုက်နေသည်ဟု ခန့်မှန်းမိသည်နှင့်အမျှ အားတက်

ရလေသည်။ ကျွန်ုပ်မှာ နတ်ရုပ်များ ခိုးယူခြင်းနှင့် လူသတ်မှုကို မည်သို့မျှ ဆက်စပ်၍မရသကဲ့သို့ မည်သည့်

အကြောင်းဖြင့်သတ်သည်ဟု ပင် စဉ်းစားမရသဖြင့် အထက်လူကြီးများမေးမြန်းလျှင် အဆင်ပြေသလိုသာ

ဖြေကြားရလေသည် ။

တစ်နေ့ နံနက် တွင် ကျွန်ုပ်သည် အမှုအတွက် အစီရင်ခံစာများ ရေးသားနေခိုက် ….

တယ်လီဖုန်းသံမြည်လာသဖြင့် ကောက်ယူနားထောင်လိုက်လေရာ ကျွန်ုပ်အထူးမျှော်လင့်လျှက်ရှိသော

မိတ်ဆွေကြီးဖြစ်သူကိုမြင့်ကျော်၏အသံကိုကြားရလေတော့သည် ။

 

“ အိုင်အိုရေ …. အရေးကြီးတယ်ဗျို ့ …မန္တလေးကို လိုုက်လာခဲ့ပေတော့ ……”

“ ဗျာ …အခုချက်ခြင်းလားဗျ…..  ကားလက်မှတ်မလွယ်ဘူးထင်တယ် ..အခုချိန်က တောင်ပြုံးနတ်ပွဲ

ကျင်းပနေချိန်ဖြစ်နေတယ်ဗျ …”

“ ရတဲ့ နည်းနဲ့သာလာခဲ့ဗျာ …. အရေးကြီးနေလို့ …ဒါပဲဗျာ .. . ဟိုရောက်ရင် တိုက်ဂါးဟိုတယ်ကို လာခဲ့

ကျုပ်အခန်းယူပေးထားမယ်”

ပြောပြောဆိုဆိုဖြင့် ကိုမြင့်ကျော်မှာ ဖုန်းချသွားသောကြောင့် ကျွန်ုပ်လည်း အလျှင်အမြန်ပင် မန္တလေးကား

လက်မှတ်ကိုလှမ်း၍ စုံစမ်းလေရာ ကံကောင်းစွာဖြင့် ည (၉) နာရီထွက်မည့် မန္တလာထွန်းကားနှင့်လိုက်ခွင့်

ရလေသည်။

ဟိုတယ်သို့ရောက်လေသော် ကိုမြင့်ကျော်မှာ ကျွန်ုပ်အားအဆင်သင့်စောင့်နေသည်ကို တွေ့ရလေတော့သည။်

 

“ ကဲ  အိုင်အိုကြီး မင်္ဂလာပါ …. မနက်စာစားရင်း လက်ဘက်ရည်လေးဘာလေးသွားသောက်ကြစို့ …”

“ ဟာ …ကိုမြင့်ကျော် … ဝမ်းသာလိုက်တာဗျာ… အဆင်တော့ပြေပြီထင်တယ်…”

ဟု ကျွန်ုပ်မှာ အံဩစွာဖြင့် ပြောလိုက်ရာ

“  ဟုတ်တယ် အိုင်အို ..လုပ်စရာတွေတော့ အကုန်နီးပါး လုပ်ခဲ့ပြီ …. အိုင်အို့ အတွက်လည်း သတင်းကောင်း

ပြောနိုင်ပြီ .. ကဲဗျာ …လက်ဘက်ရည်သောက်ရင်းပြောကြတာပေါ ့ …”

“ သွားစို့ ဗျာ …ကျုပ်က ခင်ဗျားပြောမှာကို သိချင်လှပြီဗျ … ”

ကျွန်ုပ်တို့ နှစ်ယောက်လည်း မင်းသီဟ လက်ဘက်ရည်ဆိုင်သို့ ထွက်လာခဲ့လေတော့သည် ။ ကျွန်ုပ်လည်း

သိချင်လှသဖြင့်

“ ဘယ်လိုလဲဗျ …တရားခံ ဖမ်းလို့ရပြီလား …လုပ်စမ်းပါဦး ..”

“ ဖြေးဖြေးပေါ ့ အိုင်အိုရယ် … ပြောရမှာ ရှည်တယ်ဗျ …. မုန့်တီလေးစားပြီး လက်ဘက်ရည်ကျကျလေး

သောက်ပရစေဦး …ဟဲဟဲ ..”

ကျွန်ုပ်မှာ မစောင့်နိုင်လောက်အောင်ပင် ဖြစ်ရသဖြင့်

“ ဒါဆိုလည်း အဆင်ပြေမပြေ လေးတော့ သိပါရစေဗျာ .”

“ ဟား ဟား  ပြေပါတယ် အိုင်အိုရယ် ….”

လက်ဘက်ရည်ဆိုင်သို့ရောက်သောအခါ ကြိုမင့်ကျော်မှာ သုူအလွန်ကြိုက်တတ်သော မန္တလေးမုန့်တီ

နှင့် လက်ဘက်ရည် ကျကျတစ်ခွက်အားမှာယူသော်လည်း ကျွန်ုပ်မှာမူ စိတ်စောနေသဖြင့် မစားချင် မသောက်

ချင်ဖြစ်မိနေသေးသည် ။ ကိုမြင့်ကျော်လည်း နန်းကြီးသုပ်စားပြီး၍ ဆေးလိပ်နှစ်ဖွာမျှဖွာလျှက် ——-

“ ဒီလိုဗျ .. အိုင်အိုရဲ ့  —  အစကိုပြန်ကောက်ရင် အိုင်အိုတို့ဆီကို အခြောက်နတ်ကတော် တစ်ယောက်က

နတ်ရုပ်တုတွေပျောက်လို့လာတိုင်တာ မှတ်မိမှာပေါ ့ …”

“ မှတ်မိတယ် ကိုမြင့်ကျော် … ဆက်ပါဦး …”

“ ပုံမှန် ဖြစ်စဉ်မှာ နတ်ရုပ်တု အခိုးခံရတာဟာ မဆန်းပေမဲ့ —– ဆန်းနေတာက

(၁) နတ်ရုပ်တုကို ခေါင်းဖြတ်ပြီး အမှိုက်ပုံမှာစွန်ပစ်ထားတာ

(၂) ဆက်လက် စုံစမ်းတဲ့အခါမှာ နတ်ကနားပွဲတွေမှာ နတ်ရုပ်တွေဆက်တိုက်ပျောက်ဆုံးနေတာ

(၃) ပျောက်ဆုံးတဲ့ နတ်ရုပ်တွေကလည်းကိုကြီးကျော် နတ်ရုပ်တုနဲ့ မနှဲလေး နတ်ရုပ်တွေဘဲ ဖြစ်နေတာ

(၄) ပျောက်ဆုံးတိုင်း ပလာစတာ နတ်ရုပ်များမဟုတ်ဘဲ သစ်သားနဲ့ ထုလုပ်ထားတဲ့နတ်ရုပ်များသာ

ဖြစ်နေတာ …… ဆိုတော့ … ”        ကိုမြင့်ကျော်မှာ ခဏနား၍ ရေနွေးကြမ်း တစ်ခွက်အား

မော့ရင်း စီးကရက်အား တစ်ချက်မျှ ဖွာလိုက် လေသည်  ….။

“ ဒါကြောင့် ကျုပ်က နတ်ရုပ်တုတွေမှာ စွန့်စွန် ့ စားစား ခိုးယူနိုင်လောက်အောင် လျှို ့ဝှက်ချက်ရှိမယ်လို့ ယူဆ

ထားလိုက်တယ် ။  ဘာဖြစ်နိုင်သလဲ …. ဘယ်သူကခိုးယူနိုင်သလဲလို့ ဆက်ပြီးစဉ်းစားတဲ့အခါမှာ နတ်ရုပ်တု

တွေထဲမှာ တစ်ခုခု အဖိုးတန်တာ ဝှက်ထားနိုင်တယ်လို့ ကောက်ချက်ဆွဲမိပြန်တယ် . ..။ ဘယ်သူ ခိုးနိုင်သလဲ

လို့ ဆက်ပြီး တွေကြည့်တော့ ….. နတ်ရုပ်တုကို ခေါင်းဖြတ်ပြီး အမှိုက်ပုံမှာ စွန့်ပစ်ရဲသူပေါ ့ဗျာ ….

ကဲ …. အိုင်အိုရော ဘယ်လိုလူမျိုး ဖြစ်နိုင်မလဲလို့ မှန်းကြည့်ပါလား ……” ကျွန်ုပ်မှာ လက်ကာပြရင်း —-`

“ ကျုပ်ကို မနှိတ်စက် ပါနဲ့ ကိုမြင့်ကျော်ရယ် …..  မြန်မြန်သာ ပြောစမ်းပါ  ….”

“ ဟား ဟား ဟား  ပြောပါ ့မယ်ဗျာ …. နတ်ရုပ်တု ကိုခေါင်းဖြတ်ရဲသူက …….”

 

ဇတ်သိမ်းပိုင်း

“(၁)ဘာသာခြား

(၂)နတ်ကိုးကွယ်မှုကိုမယုံကြည်သူ

(၃) နတ်ရုပ်တွေကို ရုတ်တုမျှသာသဘောထားသူ

အဲ့လူတွေထဲက တစ်မျိုးမျိုးပေါ့ဗျာ …။ ဘာသာခြားကိုစဉ်းစားကြည့်တော့ သူတို့တွေက ဘုန်းကြီးကျောင်းသာ

မီးရှိ ့ချင်ရှိ ့မယ် နတ်စင်တော့ မီးနဲ့တိုက်တယ် မကြားမိဘူးဗျ။ နတ်ကိုင်မှာ ကြောက်ပုံရတယ် ဟဲဟဲ  ..

ဒါနဲ့ နတ်ကိုးကွယ်မှုမယုံသူကြပြန်တော့လည်း  ထိုနည်း၎င်းပါပဲ နတ်စင်နတ်ရုပ်တွေနဲ့ကင်းကင်းနေတဲ့သဘော

ဆိုပါတော့ …။ ဒီတော့ကျုပ်စဉ်းစားမိတာက နောက်ဆုံးအဖြေ ဖြစ်တဲ့ နတ်ရုပ်တွေကို ရုတ်တုမျှသာ သဘော

ထားသူပေါ့ဗျာ …ဘယ်သူလို့ထင်လဲအိုင်အို”

ကိုမြင့်ကျော်မှာ ရှည်လျားစွာရှင်းပြပြီး ကျွန်ုပ်အားမေးခွန်းထုတ်သည်တွင် ——-

“ ခင်ဗျားဗျာ …ကျုပ်ဘယ်စဉ်စားလို့ရမလဲ …လုပ်ပါ ခင်ဗျားကောက်ချက်လေးကို သိချင်နေပြီ ဗျ ..”

“ ဘယ်သူရှိမလဲ အိုင်အိုရယ် …..ပန်းပုဆရာတွေပေါ ့ …. အိုင်အိုလည်း တွေ ့ဖူးမှာပါ ရုပ်တု ထုတဲ့နေရာတွေမှာ

ဘုရား ရုပ်တုတွေ နတ်ရုပ်တုတွေကို ကျော်ခွ တက်နင်းနေကြတာလေ …အများစုကလည်း ဘုရားဆိုရင်

အနေကဇာတင်ပြီးမှ ကိုးကွယ်အပ်တယ်လို ့ထင်နေကြတာကိုး …ဒီတော့ နတ်ရုပ်ဆို သာဆိုးပေါ ့ဗျာ ….

ကျုပ်လည်း အမှန်အတိုင်းဝန်ခံရရင်  ဒီတစ်ခါတော့ ကံကောင်းစွာနဲ့စဉ်းစားတဲ့အတိုင်းဖြစ်လာတာပဲဗျ

ကျုပ်က နတ်ရုပ်တု ထုတဲ့သူလို့ကောက်ချက်ဆွဲလိုက်တယ်လေ …. ”

ပြောပြောဆိုဆိုဖြင့် ကိုမြင့်ကျော်မှာ လက်ဘက်ရည်ကိုမော့ရင်း စာပွဲထိုးလေးအားကျသင့်ငွေကို တွက်ခိုင်း

နေလေရာ ကျွန်ုပ်မှာ အံဩနေမိသေးတော့သည် ။

“ ကဲ …အိုင်အိုရေ …နောက်မှ ဆက်ရှင်းပြတာပေါ ့ …အချိန်ရှိတုန်းလေး တောင်ပြုံးပွဲသွားရအောင် ”

ကျွန်ပ်မှာ နားမလည်နိုင်စွာဖြင့် ……

“ ကိုမြင့်ကျော်ရယ် …ပွဲက ဒီနေ ့မှ စတာပါ …နောက်မှသွားလည်းမှီပါသေးတယ် …အမှုကိစ္စ အရင်ရှင်း

လိုက်ရင်မကောင်းဘူးလား ”

“ ဆောရီးအိုင်အိုရေ …. ကြိုမပြောမိတာ …အခုက တရားခံသွားဖမ်းမှာဗျ …အိုင်အို သေနတ်ပါရဲ ့မဟုတ်လား”

ကျွန်ပ်မှာ လွန်စွာ အားနာသွားမိသည် …။

ထို ့နောက် …. ငှားထားသောကားနှင့် တောင်ပြုံးပွဲကျင်းပရာသို့ထွက်လာလေတော့၏ ။ လမ်းတစ်လျာက်တွင်

အမှုအကြောင်းအားတစ်လုံးတစ်ပါဒမ မပြောခဲ့ပေ ။ ကျွန်ုပ်မှာ အကြောင်းသိသဖြင့် မေးမြန်းခြင်း မပြုသော်လည်း

သိချင်နေမိသည်မှာ တရွရွပင်ဖြစ်လေတော့သည် ။ လမ်းတွင် (၃၇)မင်းနတ်များအကြောင်းကို ကိုမြင့်ကျော်မှ

ရှင်းပြလာရင်း ……

“ ဒီမှာ အိုင်အိုရဲ ့ …ကျုပ်တို့ လူမျိုးတွေ ယခု ကိုးကွယ်နေတဲ့ ရွှေဖျင်းညီနောင်ကိုသိတယ်မှတ်လး ”

“သိတယ်လေဗျ…. ကိုဗျတ္တ နဲ့ မယ်ဝဏ္ဏ တို့ရဲ့ သားတွေမဟုတ်လား …”

“ ဟုတ်ပါ့ဗျာ ..အဲ့ ကိုဗျတ္တ နဲ့ ကိုဗျတ်ဝိ အကြောင်း ပြောချင်တာ …. သူတို့ကို သင်္ဘောပျက်ပြီးမျောလာတဲ့

ကုလားလူမျိုးဆိုပြီး သူတို့သားတော်တွေကို ကိုးကွယ်တဲ့သူများဝက်သားမစာရဘူး တဲ့ ဗျာ  … ။ အိုင်အိုပဲစဉ်းစား

ကြည့်လေ …  ပင်လယ်ရေကြောင်းသမိုင်းမှာ အင်မတန်မှ စွန့်စားသွားလာပြီး ကုန်သွယ်ခဲ့တာ ပေါ်တူဂီနဲ့

ဒတ်ချ် တို့မဟုတ်လားဗျ …သူတို့တွေက ရှေ ့ဆောင်လမ်းပြလေဗျာ ….. ပြီးတော့ ကျုပ်တို့ မြန်မာလူမျိုးများ

ကလည်း သူတို့တွေကို ကုလားလို့ပဲ အလွယ်ခေါ်ခဲ့ကြတာဗျ …. ရှေးကရေးခဲ့တဲ့ မွေ့နွန်းရကန်မှာ အထင်အရှား

ပါ …. ဒါပေသိ ကျုပ်တို့လူမျိုးများက ရှေးရိုးမပယ်ပဲ ထင်ရာစွတ်လုပ်တာကိုး ….”

ကိုမြင့်ကျော်၏ ထူးခြားသည့်အတွေးကို အံ့ဩစွာဖြင့် နားထောင်ရင်း …

“ဒါတော့ ဒါပေါ့ ကိုမြင့်ကျော်ရယ် ….. ရှေးထုံးကိုလည်းမပယ်နဲ့ လို ့ဆိုထားတယ်မဟုတ်လား …. ”

“ အဲ့ဒါခက်တာပေါ့ အိုင်အိုရယ် ….. မှားနေမှန်းသိပေမယ့်လို့ ရဲရဲတင်းတင်းမပြင်ရဲတော့ ကျုပ်တို့တွေ နောက်ကျ

နေတာပေါ ့ဗျာ …… ကုလားမဟုတ်သူကို ကုလားလုပ် ပြီးတော့ ကိုယ်ကျိ ုးအတွက် ဘုရားစင်ပေါ်တင်ပြီး

ကိုကွယ် နဲ့ ….အင်း …ဝက်သားမစားတဲ ့ ကုလားကိုမှ စင်ထိုးကိုးကွယ်နေတာ မစဉ်းစားမိပဲကိုးဗျ ….”

သို့နှင့် …. ကျွန်ုပ်တို့မှာ ပွဲတော်ကျင်းပရာသို့ ရောက်လာလေတော့သည် ။

 

ပွဲခင်းထဲသို့ရောက်သည်နှင် ့ အမွှေးတိုင်နံ့များနှင့် နတ်ဒိုးသံများကြားဝယ် ကျွန်ုပ်မှာ များစွာ စိတ်ညစ်နေရလေ၏ ။

ကိုမြင့်ကျော်မှာ နတ်ကတော်များ အခြောက်မများနှင့်နှုတ်ဆက်ပြုံးပျော် စနောက်နေသည်ကို တွေ့ရသဖြင့်လည်း

များစွာ အံ့ဩမိလေတော့သည် ။ ကျွန်ုပ်တို့သည် တည်းခိုးဆောင်များ နတ်နန်းများသို့ဝင်ထွက်သွားလာရင်း

ကိုမြင့်ကျော်မှ ရှာဖွေနေလေရာ နေ ့လည်ပိုင်းသို့ရောက်သည်တွင် …..

“ ကိုင်း … အိုင်အိုရေ ….ထမင်းသာွးစားစို့ဗျာ …နတ်နန်းမှာ ကျုပ်တို့အတွက် အထူးစီစဉ်ထားတယ်ဗျ

ခင်ဗျားအကြိုုက်ပဲ… ”

ကျုွန်ုပ်တို့နှစ်ဦးလည်း နတ်နန်းရှိ အခန်းထဲသို့ ရောက်သော် စုံလင်လှစွာသော ထမင်းပွဲကြီးကိုအသင် ့တွေ ့ရလေတော့သည် ။

ဘဲကင် ၊ ကြက်ကြွတ်ကြော် နှင့် အမျိုးစုံလှသော ဘီယာဘူးများက ကျွန်ုပ်အား အထူးပင်

စွဲဆောင်နေလေ၏ ။ ကိုမြင့်ကျော်မှာ ထမင်းကို အမြန်စား၍ အသင် ့စောင့်နေသော အခြောက်မတစ်ယောက်

နှင့်လိုက်သွားလေတော့သည် ။ ကျွန်ုပ်အားလည်း ..

“အိုင်အို ဒီမှာ ဘီယာသောက်ရင်း စောင့်နေတော့ဗျာ ….. ကျုပ်ထူးခြားရင် လူလွှတ်ပြီးခေါ်ခိုင်းလိုက်မယ် ”

ထို့နောက် …ကျွန်ုပ်လည်း ဘဲကင်ဝါးလိုက် ဘီယာစုပ်လိုက်နှင့် ဖိမ်ကျနေလေသည်။ နောင်များအခါတွင်

သိရသည်မှာ …. ကျွန်ုပ်တို့အားကျွေးမွေးပြုစုသူမှာ နတ်မိဖုရားကြီးလေးဦးထဲမှ တစ်ဦးဖြစ်သည် ့

မြောက်ပြင်မှ အလွန်ချမ်းသာသော သူဌေးမကြီး တစ်ယောက်ပင်ဖြစ်လေတော့သည် ။

ကျွန်ုပ်မှာ ဘီယာတစ်ဘူးပြီးတစ်ဘူးသောက်နေသည်မှာ ညနေပိုင်းသို့ပင်ရောက်လာချေပြီ …………

ထိုစဉ် ….ရုတ်တရက် …ကိုမြင့်ကျော်နှင့်ပါသွားသော မိန်းမလျာအခြောက်မမှာ ပြေးဝင်လာပြီးလျှင် …..

“ ဟို  ဟို ..မှာ …ချကုန်ပြီ  ….ချကုန်ပြီ ….လုပ်ပါဦး …..”

ကျွန်ုပ်လည်း အလျှင်အမြန်ထ၍

“ ဘာဖြစ်တာလဲ ….ဘယ်မှာလဲ  ပြောစမ်း ….”

“လာ …လာ…သများနောက်လိုက်ခဲ့ ……”

ပြောပြောဆိုဆိုဖြင့်  ု အခြောက်မမှာ ကျွန်ုပ်၏လက်ကို ဆွဲ၍ပြေးရော …ကျွန်ုပ်မှာ ဒရောသောပါး နှင် ့

အခြောက်မဆွေဲခေါ်ရာသို့ ပါသွားလေတော့သည် ။

အခြောက်မသည် ကျွန်ုပ်အားမလွှတ်တမ်း ဆွဲပြီး ပြေးနေသဖြင့် ကျွန်ုပ်တို့ကို မြင်ရလေသော လမ်းသွားလမ်းလာ

တို့မှာ အူတက်မတတ် ရီမောနေလေတော့၏ ….။သို့နှင့်….  များမကြာမှီ အခင်းဖြစ်ပွားရာသို့ ရောက်

သွားလေတော့သည်။

 

ကျွန်ုပ်ရောက်သွားချိန်တွင် လက်လိမ်ချိုးထားသော အခြောက်မမှ ကျွန်ုပ်အားလှည့်ကြည့်ပြီး

  အိုင်အိုရေ … မြန်မြန် လက်ထိတ်ခတ်ဗျို ့ …. ဒါ သမိုင်းမှာ သတ်သွားတဲ့ တရားခံပဲဗျ …”

ကျွန်ုပ်မှာ အံ့ဩလွန်သဖြင့် ပါးစပ်အဟောင်းသားဖြစ်နေမိသည် ။ သို့သော် …. အလေ့အကျင့်အရ

အလျှင်အမြန်လက်ထိတ်ခတ်ပြီးဖမ်းဆီးလိုက်လေသည် ။

ထို့နောက် တွင်မူ ……. ပွဲခင်းလုံခြုံရေးများအကူအညီဖြင့် မန္တလေးတိုင်းဒေသကြီး ဒ/န ရုံးသို့

ခေါ်ဆောင်လာခဲ့သည်။ ညတွင်းခြင်းပင် အထက်အမိန့်အရ ဒ/န အဖွဲ့၏အစိအစဉ်ဖြင့် တရားခံကို

ရန်ကုန်သို့ ပို့ဆောင်လိုက်လေတော့သည် ။

 ကျွန်ုပ်နှင့် ကိုမြင့်ကျော် မှာ နံနက်မှပင် အထူးအစီအစဉ်အဖြစ် လေယဉ်ဖြင့်ပြန်ရမည်ဖြစ်သဖြင့်

ထိုနေ့ညအဖို့ မန္တလေးတွင် ညအိပ်ရတော့သည်။ ကျွန်ုပ်တို့နှစ်ဦးသား “ကောင်း”  အသားကင်ဆိုင်၌

မာလာဟင်းနှင့် ငါးကင်စားကြရင်း ကိုမြင့်ကျော်အား ရှင်းပြခိုင်းလေရာ …………..

“ ဒီလိုအိုင်အိုရေ ……. ကျွန်တော် ကောက်ချက်ဆွဲခဲ့သလို သေဆုံးသူကို စုံစမ်းတဲ့အခါမှာ ….

ကျောက်သွေးဆရာတစ်ယောက်ဖြစ်နေတာသိရတယ် … အဲ့မှာ တရားခံကိုလည်း အကြမ်းအားဖြင့်

နတ်ရုပ်ပန်းပု ထုတဲ့ အသိုင်းအဝိုင်းကလို့ မှန်းထားတာဆိုတော့ ဆက်ပြီး ပတ်သက်ရာပတ်သက်ကြောင်း

လေ့လာတဲ့အခါမှာ ညဏ်ဝင်း ဆိုတဲ့ ပန်းပုဆရာအကြောင်းဆက်ပြီးသိလာရတာပဲ …. ညဏ်ဝင်းက

သေဆုံးသူရဲ ့ သူငယ်ချင်းပါ …. ပြီးတော့ ထောင်ကျသွားတယ်လို့လည်းသိရတယ် ဗျ ။ အမှုကတော့

လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က ကသာဖက်မှာတိုက်ခဲ့တဲ့ ဓါးပြမှုနဲ့ ပတ်သက်ခဲ့လို့ပါပဲ … ”

ကိုမြင့်ကျော်မှာ ခဏစကားဖြတ်၍ စီးကရက်အားရှိုက်ဖွာလိုက်လေသည် …

“ အင်း…. ဆက်ပါဦးဗျ …”

“ ဒါနဲ့ ညဏ်ဝင်း အကြောင်းဆက်လိုက်တော့  ထောင်ကထွက်သွားပြီဆိုတာသိရတယ် …. ပြီးတော့

တစ်ခု ထူးခြားတာက ညဏ်ဝင်းဟာ ထောင်ကထွက်ပြီးမှ အခြောက်ဖြစ်ပြီး နတ်ကနေတယ် တဲ့ဗျာ …

ဒါနဲ့ ကျုပ်လည်း ကျောက်သွေးဆရာနဲ့ ညဏ်ဝင်းတို့ရဲ့ ပတ်သက်ပုံကို ဆက်လိုက်တာ့ လွန်ခဲ့တဲ့

(၃) နှစ်လောက်က မန္တလေးမှာ လုယက်မှုဖြစ်ပြီး ပျောက်ဆုံးသွားတဲ့ ပတ္တမြား(၃) လုံးနဲ့ဆက်စပ်နေပါရော ..

အဲ့ ပတ္တမြားတွေက ဟိုးအရင် နဝတ ပတ္တမြားကြီးထွက်ခဲ့တဲ့ ကျင်းကပါ တဲ့  … နေပြည်တော်

သန်းထိုက်ရဲ ့ တပည့်တစ်ဦးပိုင်တာဖြစ်ပါတယ် …. အရည်ထိတ်ဆုံးဖြစ်တဲ့ ကြက်လည်စီးရည်ဖြစ်ပြီး

အလေးချိန်က (၇) ကာရက်လောက်ရှိတယ်ဗျ …. တာပလာကွက် သွေးထားတာဖြစ်ပြီး တိုက်ဆိုင်တာက

အဲ့ ကျောက်တွေကိုသေဆုံးသူကျောက်သွေးဆရာက သွေးပေးခဲ့တာပေါ့ ….”

“ ဝယ်လက် အဆင့်ဆင့်ပြောင်းပြီး နောက်ဆုံး တရုပ်သဌေးတစ်ယောက်ဆီမှာ ရောက်နေတုန်း

အဲ့သဌေးကို ညဖက် ကာရာအိုကေကအပြန်မှာ လုယက်ကြရင်း ကျောက်သုံးလုံးပါတဲ့ ဘူးလေးက

ပျောက်သွားခဲ့တယ်ဗျ ….ဒီမှာ ကျောက်ဇတ်လမ်းက ပြတ်သွားတာပဲ …. ဒါပေမယ့် စဉ်းစားစရာက

ကျောက်သွေးဆရာဟာ  ညဏ်ဝင်းထောင်ကထွက်တဲ့အချိန်လောက်မှာပဲ သူ့ရဲ ့ အောင်မြင်နေတဲ့

ကျောက်သွေးလုပ်ငန်းကိုထားခဲ့ပြီး မကြာခဏ ခရီးထွက်တော့တာပဲဗျို ့ ….  

 

“ အင်း …ခင်ဗျားပြောသလောက်တာ့ နဲနဲ ရုပ်လုံးပေါ်လာပြီဗျ … သို့ သော်လည်း …ဘယ်လိုစုံစမ်းခဲ့

တယ်ဆိုတာလေး လုပ်ပါဦး …”

“ ဒီလိုနဲ့  ကျုပ်လည်း အဲ့ အချက်တွေပေါ်ကိမူတည်ပြီး ကောက်ချက်ဆွဲကြည်တာပေါ ့ဗျာ …. ဒီလိုဗျ …..

ညဏ်ဝင်းဟာ တစ်နည်းနည်းနဲ့ အဲ့ပတ္တမြားတွေကို ရလိုက်ပါလိမ့်မယ် … ဒါပေမဲ့ အမှုနဲ့ဆိုင်နေတဲ့

ပစ္စည်းဖြစ်လို့ ထုတ်မရောင်းသေးပဲ သိမ်းထားရင်း တနေ့မှာ သူ့ကိုအမှုဟောင်းနဲ့ ဖမ်းပါလေရော ..

အဲ့မှာ  ကတိုက်ကရိုက် နီးစပ်ရာ နတ်ရုပ်ခေါင်းထဲ လွန်နဲ့ဖေါက်ပြီး ဖွက်လိုက်တာပေါ ့ …….

ဒီအကြောင်းတွေကို အရင်းနှီးဆုံးဖြစ်တဲ့ ကျောက်သွေးဆရာကိုပြောပြပြီး နတ်ရုပ်တွေကို ယူခိုင်းပါ

လိမ့်မယ် ….ဒါပေမဲ့ နတ်ရုပ်တွေက အဲ့အချိန်မှာ ရောင်းလိုက်တာကြေင့် လိုက်ရ ခက်သွားတာပေါ့ဗျာ

ညဏ်ဝင်းလည်း ထောင်ကထွက်ရော အခြောက်အသွင်ယူပြီး နတ်ကနားတွေနဲ့လိုက်ပြီးနတ်ရုပ်

တွေအကြောင်း စုံစမ်းပါလေရော.. ….. တဖက်မှာလည်းကျောက်သွေးဆရာက ညဏ်ဝင်းနောက်ကို

နောက်ယောင်ခံပြီး လိုက်နေတယ်ပေါ့ဗျာ …. ”

“ ဆက်ပါဦးဗျ ….စိတ်ဝင်စားစရာတော့ ကောင်းလာပြီ ..”

ကိုမြင့်ကျော်မှာ ရေနွေးတစ်ချက်မော့သောက်ပြီး …

“ အခင်းဖြစ်မယ့်နေ ့မှာ ညဏ်ဝင်း တို့အဖွဲ့ သမိုင်းမြို ့သစ်ထဲမှာ က နေတုန်း ကျောက်သွေးဆရာနဲ့

သွားတွေ့ကြတယ် ….. ဒါနဲ့ပဲ ညသန်းကောင်လောက်မှာ ရထားလမ်းဘေးမှာချိန်းပြီး ညှိနှိုင်းကြရင်း

ညဏ်ဝင်းက ကျောက်သွေးဆရာကို နှုတ်ပိတ်လိုက်တယ်ပေါ ့ဗျာ …. မကြာခဏ နတ်ရုပ်တွေကို

ခိုးယူနေတာကလည်း ညဏ်ဝင်းပါဘဲ ….. ကဲ ..အိုင်အိုရေ …. ဆူးး စူးရင်ဘာနဲ့ထွင်သလဲဗျ …”

“ ဆူးနဲ့ပဲ ထွင်တာပေါ ့ဗျာ … ဘာများပတ်သက်လို့လဲ ကိုမြင့်ကျော်ရ ….”

“ဟဲ ဟဲ  မပြောရင်လည်းမဖြစ် …ပြောပြန်ရင်လည်း ရှက်လွန်းလို့ ပါဗျာ …. ဒီလိုဗျ … ကျုပ်လည်း

ဒီလိုဆက်စပ်မိရော တရားခံဖမ်းဖို့ အပူးတပြင်းလုပ်ရတာပေါ ့ဗျာ …သို့ပေသိ တရားခံက နတ်ကတော်

အခြောက်အသွင်ယူထားတော့ ခက်နေတာပေါ ့ ….  ဒါနဲ့ ကျုပ်လည်း အခြောက်ဟန်ဆောင်ပြီး

နတ်ကနား ပွဲတွေလိုက်ကရင်း စုံစမ်းရတာဗျို ့ …ဟား ဟား ဟား ……”

“ အောင်မလေးကိုမြင့်ကျော်ရယ် …ဖြစ်မှဖြစ်ရလေဗျာ …ဟား ဟား ဟား ….”

ကိုမြင့်ကျော်မှာ မျက်နှာကြီးနီလျှက် စီးကရက်သာ တွင်တွင် ရှိုက်ဖွာနေလေတော့သည် …..။

 

ကြိုးစားပါဦးမည်

ရာမည

About ရာမည

ရာမည has written 35 post in this Website..