Comment မှာ လူစည်ချင်ရင် (ယတြာ)

Aung Myat LinMay 22, 20131min30118

စိတ်တိုတာချရေး

ပေါက်ကွဲတာချရေး

ထမင်းစားပြီးတာချရေး

ရေချိုးပြီးတာရေး

ခရီးသွားနေတာရေး

ဟိုရောက် ဒီရောက်ရေး

ရင်ထဲမှာ ခံစားချက်ရှိရင်ရေး

မရှိလဲ ရေး

အသဲကွဲတာရေး

သူများကို ဝေဖန်တာရေး

တွေ့တာလေးတွေရေး

မြင်တာလေးတွေရေး

ထင်ကြေးနဲ့ရေး

ဗေဒင်ယောင်ယောင်ရေး

ဗိန္ဒောဆရာယောင်ယောင်ရေး

အိပ်မက်မက်တာရေး

သောကဖက်တာရေး

ဒေါသထွက်တာရေး

ရေးပြီးရင်ရေး

မရေးတတ်ရင်လဲရေး

အရေမရ အဖတ်မရရေး

အဲဒါဆို comment များများ ရနိုင်ပါကြောင်း

အကြံပေးအပ်ပါသည်။

😛

18 comments

  • Lutt Latt Thu

    May 22, 2013 at 7:38 am

    ကောမက် ရမရ မပြောလိုပါ မောင်သောကြာ ဆိုတာ သောက်ရင်ကြာလို့လား

  • Miss Crystalline

    May 22, 2013 at 8:16 am

    ကွန်မင့်က ကွန်နက်ရှင်နဲ ့လည်းဆိုင်မယ်ထင်တယ်… အရင်ကျမဖုန်းနဲ ့သုံးတာလို်င်းအရမ်းကောင်းတယ်.. page ၁ဝခုလောက်ဖွင့်ထားလည်းတက်တယ်..အခုနောက်ပိုင်းတန်ဖိုးနည်းဖုန်းတွေပေါ်ပြီး…လို်င်းမကောင်း
    တော့ဘူး.. log in လုပ်လဲကြာ… sumit long comment ဆိုလဲ အနည်းဆုံး သုံးမိနစ်လောက်ကြတယ်.. အဲတော့ Log in လည်းမလုပ်ဖြစ်တော့ဘူး.. အပြင်ကပဲကြည့်တယ်.. facebook တွေဘာတွေသုံးရင်း ဖွင့်ထားလိုက်တယ်..ပွင့်ရင်ဖတ်တယ်..မပွင့်ရင်မဖတ်တော့ဘူး. 🙂

    • ဦးကြောင်ကြီး

      May 22, 2013 at 9:10 am

      ခြစ်တယ်ကွာ.. ခရစ်စတယ်လေးကို… ကွန်နက်ရှင်ကောင်းကောင်း မကောင်းကောင်း ခြစ်မှာပဲ..

    • Foreign Resident

      May 22, 2013 at 10:44 am

      အပြော ခံရတော့မှာပေါ့ ။
      Crystalline ရဲ့ ရှေ့မှာ Miss သွားထည့်တော့ ၊
      အပျို မှန်း ဦးကြောင် သိသွားပြီကိုး ။

      • Miss Crystalline

        May 22, 2013 at 2:19 pm

        အဘရေ.. အဲဒီ Miss က ဘယ်ကအတောင်ပေါက်ပြီးရောက်လာလဲမသိဘူး.. သူ ့ဖာသာပြောင်းသွားတာ..

      • Foreign Resident

        May 23, 2013 at 12:30 pm

        ” အဘရေ.. အဲဒီ Miss က ဘယ်ကအတောင်ပေါက်ပြီးရောက်လာလဲမသိဘူး..
        သူ ့ဖာသာပြောင်းသွားတာ ”

        ဖစ်မှ ဖစ်ရလေကွယ် ။ ဟီ ဟိ ။
        ဟုတ်မယ် ။ အဘ လဲ သတိထားမိတယ် ။ အရင်က Miss မပါဘူး ။
        အဘ က သမီး တမင် ထပ်ထည့်လိုက်တယ် ထင်မိတာ ။

  • အေးရောကွာ အေးရော
    ကဲအခုတော့ ပြောခံရဘီ…
    တော်ဘီ အရမ်းမိုက်တဲ့ ပို.စ် တွေ ဘဲ ရွေးတင်တော့မယ်… အာဟိ

  • မင်းမင်း

    May 22, 2013 at 9:29 am

    ဒါပဲလေ
    ဒါပဲဖြစ်ရမှာပေါ့
    ဒါအမှန်ပဲလေ
    တခါမန့်
    ငါးမိနစ်နုံန်းနဲ့
    ပတ်ပတ်စက်စက်မန့်
    နေပါသည်။

  • ko pauk mandalay

    May 22, 2013 at 12:33 pm

    ပေးလိုက်ပြိကွာ ကော်မင်းတစ်ခု
    ရော့ ရော့ ရော့ ယုံ ရင်ယူ
    ရော့ ရော့ ရော့ ယုံ ရင်ယူ
    ရော့ ရော့ ရော့ ယုံ ရင်ယူ
    ရော့ ရော့ ရော့ ယုံ ရင်ယူ
    ရော့ ရော့ ရော့ ယုံ ရင်ယူ
    ရော့ ရော့ ရော့ ယုံ ရင်ယူ

  • ခင် ခ

    May 22, 2013 at 1:25 pm

    ရေးချင်ရာရေး ကွန်မန့်ပေးပေါ့ အဲလိုလား ပိုစ့်ဆရာရေ။

  • အရီးခင်လတ်

    May 22, 2013 at 2:21 pm

    Post မှာ လူစည်ချင်ရင် လို့ ပြောတာများလား။
    တစ်ခါတစ်လေ လဲ comment တစ်ခုပေါ် မှာ ဆက်ပြီး ပွါးသွားတာကို ပြောတာလား။

  • TNA

    May 22, 2013 at 4:14 pm

    ကဘုန်းကျော် လက်သစ်မှတ်တယ်။

  • Lutt Latt Thu

    May 22, 2013 at 5:30 pm

    လက်သစ်တော့ မကဘူးဗျ ကျွန်တော်က လက်သစ်ထက်ကြီးတယ် လက်သစ်ဆိုတာက မုဆိုးလက်သစ်လေ ကျွန်တော့်ညီပေါ့

  • သူကလေး

    May 22, 2013 at 6:18 pm

    အာ့လိုမျိုးတွေ
    တစ်ခုမှမရေးတတ်ဖူးရော်
    ဘယ်လိုလုပ်ရပါ့ 😀

  • အလင်း ဆက်

    May 22, 2013 at 7:43 pm

    ယတြာတော့ မယု့ဘူး ။
    ဒါဘေမယ့်.. ဝင်တော့ဖတ်လိုက်တယ် ။
    ဘာပဲပြောပြော….
    စာဖတ်ရတာ အမြတ် ။

  • Ma Ma

    May 23, 2013 at 7:58 am

    ကွန်မန့်ရချင်ရင် ယတြာချေရတယ်။
    ၄ လရှည်ကြာ ရွာထဲမှာ ဆိုတဲ့ ကိုမျိုးသန့်ရေးတဲ့ပိုစ့်မှာ
    ၄ လကို ၄ ဘဝ ထင်ရတယ်လို့ ရေးပြီး ယတြာချေထားတာ…
    ကိုကြီးမိုက်ကွန်မန့်ချည်းပဲ ၃-၄ ခု တက်သွားတယ်။ :kwi:

  • may july

    May 23, 2013 at 12:00 pm

    ဘယ်လိုအကြောင်းတွေပဲရေးရေး .. ဘာတွေပဲရေးရေး ..
    ရေးနိုင်သူတွေကို ချီးကျူးမိပါတယ် ..
    ဘာလို့လဲဆိုတော့ ကိုယ်တိုင်က ပိုစ်တစ်ပုဒ်တင်ဖို့ဆိုတာ ရေးဖို့ လက်မရဲသလို …
    အချိန်မရတာနဲ့ …ကိုယ်တင်တဲ့ပိုစ်က တင်ပြီးသားများဖြစ်နေမလားဆိုပြီး တွေးနေရတာနဲ့ ..
    တော်တော်ကို အချိန်ယူရလို့ပါ …

Leave a Reply